fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

လည်ပင်းကြီးရောဂါလို့ ပြောကြရာဝယ်

851
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/01/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

လည္ပင္းႀကီးေရာဂါ ဆိုတာ လူသိမ်ားလာတဲ့ေရာဂါတစ္ခုပါပဲ။ လည္ပင္းႀကီးေရာဂါက ေျပာေတာ့တာ တစ္ခုတည္းလိုလိုနဲ႔ တကယ္တမ္းေတာ့ အမ်ားႀကီးပါ။ လည္ပင္းႀကီးေရာဂါက လည္ပင္းမွာရွိေနတဲ့ သိုက္႐ြက္ဂလင္းရဲ႕ ျပႆနာပါ။

သိသိသာသာ လည္ပင္းႀကီးႀကီးေနတာလည္း ျဖစ္ႏိုင္တယ္။ လည္ပင္းမႀကီးဘဲ ေဟာ္မုန္းျပႆနာလည္းျဖစ္ႏိုင္တယ္။ ေဟာ္မုန္း နည္းလည္းျဖစ္ႏိုင္တယ္။ ေဟာ္မုန္းပုံမွန္ျဖစ္ၿပီး လည္ပင္းႀကီးေနတာလည္းျဖစ္ႏိုင္တယ္။ ေဟာ္မုန္းမ်ားေနတာလည္းျဖစ္ႏိုင္တယ္။

လည္ပင္းႀကီးေရာဂါက Autoimmune ေရာဂါေတြထဲကတစ္ခုပါ။ ဒါေၾကာင့္ ဒီေရာဂါက သူတစ္ခုတည္းလည္းျဖစ္ႏိုင္တယ္။ တစ္ျခားေသာ Autoimmune ေရာဂါေတြနဲ႔လည္း တြဲၿပီးျဖစ္ႏိုင္ပါတယ္။ လူတစ္ေယာက္မွာ လည္ပင္း သိသိသာသာႀကီးေနတာမ်ိဳးမဟုတ္ဘဲ ျပည့္ေနသလိုျဖစ္ေနတာေတြဆို ေရေသာက္ခိုင္းၾကည့္တတ္ၾကပါတယ္။ ေရေသာက္လို႔ၿမိဳခ်တဲ့အခါ ျပည့္ေနတာက ၿမိဳခ်တာနဲ႔ အတူ အေပၚေအာက္ေ႐ြ႕ ေနတယ္ဆို သိုက္႐ြက္ဂလင္း က ျဖစ္ဖို႔မ်ားပါတယ္။ ေသခ်ာေအာင္ေတာ့ နီးစပ္ရာေဆးခန္းမွာ စမ္းသပ္လို႔ရပါတယ္။

သိုက္႐ြက္ဂလင္းက လိပ္ျပာပုံစံေလးအေနနဲ႔ လည္ပင္းရဲ႕ အလယ္ေလာက္ အေရွ႕ဘက္မွာရွိေနတာပါ။သိုက္႐ြက္ဂလင္းႀကီးေနတာမွာ ဒီလိပ္ျပာပုံစံႀကီးတစ္ခုလုံး ညီညီမွ်မွ် ႀကီးတာလည္းျဖစ္ႏိုင္တယ္။ တစ္ေနရာတည္းကပဲ တစ္လုံးတည္းလိုႀကီးေနလည္းျဖစ္ႏိုင္တယ္။ သိုက္႐ြက္ဂလင္းတစ္ခုလုံးကေန အလုံးေတြအမ်ားႀကီးျဖစ္ၿပီး မညီမညာႀကီးလာတာလည္းျဖစ္ႏိုင္တယ္။

သိုက္႐ြက္ဂလင္းႀကီးတယ္ဆိုတာနဲ႔ စမ္းသပ္စစ္ေဆးၿပီး သိုက္႐ြက္ေဟာ္မုန္းစစ္ဖို႔လိုပါတယ္။ တစ္ခ်ိဳ႕ေတြမွာ ေဟာ္မုန္းေတြကပုံမွန္ပဲျဖစ္ေနတတ္တယ္။ Free T3 T4, TSH ကိုစစ္ရတာပါ။ T3 ထက္ စာရင္ T4 က ပို ေသခ်ာပါတယ္။ တစ္ခ်ိဳ႕ေတြမွာ T4 က ပုံမွန္ရွိရမွာထက္မ်ားၿပီး TSH က နည္းေနတတ္ပါတယ္။ ဒါမ်ိဳးျဖစ္တာကို သိုက္႐ြက္ေဟာ္မုန္းမ်ားတယ္လို႔ေျပာၾကပါတယ္။ Hyperthyroid ပါ။ တစ္ခ်ိဳ႕ေတြမွာေတာ့ T4ကပုံမွန္ရွိရမွာထက္နည္းေနၿပီး TSH ကပိုမ်ားေနတတ္ပါတယ္။ ဒါမ်ိဳးကေတာ့ဟသိုက္႐ြက္ေဟာ္မုန္းနည္းတယ္ေျပာပါတယ္။ Hypothyroid ပါ။

တစ္ခါတစ္ေလမွာေတာ့ T4 ကပဲ ပုံမွန္ထက္ နည္းမ်ားတာေတြျဖစ္ၿပီး TSH က ပုံမွန္ထဲမွာပဲျဖစ္ေနတတ္တယ္။ ဒါမ်ိဳးေတြကိုေတာ့ Subclinical အေျခအေနလို႔ ေျပာပါတယ္။ လူနာမွာဘာေရာဂါလကၡဏာမွမျပေသးရင္ ေနာက္ ၆လ ၾကာရင္တစ္ခါျပန္စစ္ၾကည့္ဖို႔ပဲေျပာပါတယ္။ တစ္ခ်ိဳ႕ေတြမွာေတာ့ လည္ပင္းကပုံမွန္ျဖစ္ေနၿပီး ေဟာ္မုန္းအနည္းအမ်ား လကၡဏာေတြပဲ ခံစားေနရတာေၾကာင့္ ေသြးစစ္ၾကည့္ရင္း ေရာဂါရွာေဖြၾကရပါတယ္။

လည္ပင္းႀကီးေရာဂါကိုကုတဲ့အခါ ေဟာ္မုန္းအနည္းအမ်ားအလိုက္လိုအပ္တဲ့ ေဆးေတြ ေသာက္ရပါတယ္။ ေဟာ္မုန္းပမာဏပုံမွန္ျဖစ္မွ ခြဲစိတ္ကုလို႔ရပါတယ္။ ေဟာ္မုန္းပမာဏဘယ္လိုမွ ထိန္းလို႔မရတဲ့အခါေတြမွာေတာ့ ေရဒီယိုသတၱိႂကြ ေဆးေတြပါ ေသာက္ၾကရတာလည္း ရွိပါတယ္။ လည္ပင္းႀကီး ေရာဂါျဖစ္တဲ့ လူနာေတြဟာ အေထြေထြသမားေတာ္ ခြဲစိတ္သမားေတာ္ ဂလင္းသမားေတာ္ေတြကို လိုသလို ျပၾကရမွာပါ။

Author : Dr. CST

Unicode

လည်ပင်းကြီးရောဂါ ဆိုတာ လူသိများလာတဲ့ရောဂါတစ်ခုပါပဲ။ လည်ပင်းကြီးရောဂါက ပြောတော့တာ တစ်ခုတည်းလိုလိုနဲ့ တကယ်တမ်းတော့ အများကြီးပါ။ လည်ပင်းကြီးရောဂါက လည်ပင်းမှာရှိနေတဲ့ သိုက်ရွက်ဂလင်းရဲ့ ပြဿနာပါ။

သိသိသာသာ လည်ပင်းကြီးကြီးနေတာလည်း ဖြစ်နိုင်တယ်။ လည်ပင်းမကြီးဘဲ ဟော်မုန်းပြဿနာလည်းဖြစ်နိုင်တယ်။ ဟော်မုန်း နည်းလည်းဖြစ်နိုင်တယ်။ ဟော်မုန်းပုံမှန်ဖြစ်ပြီး လည်ပင်းကြီးနေတာလည်းဖြစ်နိုင်တယ်။ ဟော်မုန်းများနေတာလည်းဖြစ်နိုင်တယ်။

လည်ပင်းကြီးရောဂါက Autoimmune ရောဂါတွေထဲကတစ်ခုပါ။ ဒါကြောင့် ဒီရောဂါက သူတစ်ခုတည်းလည်းဖြစ်နိုင်တယ်။ တစ်ခြားသော Autoimmune ရောဂါတွေနဲ့လည်း တွဲပြီးဖြစ်နိုင်ပါတယ်။ လူတစ်ယောက်မှာ လည်ပင်း သိသိသာသာကြီးနေတာမျိုးမဟုတ်ဘဲ ပြည့်နေသလိုဖြစ်နေတာတွေဆို ရေသောက်ခိုင်းကြည့်တတ်ကြပါတယ်။ ရေသောက်လို့မြိုချတဲ့အခါ ပြည့်နေတာက မြိုချတာနဲ့ အတူ အပေါ်အောက်ရွေ့ နေတယ်ဆို သိုက်ရွက်ဂလင်း က ဖြစ်ဖို့များပါတယ်။ သေချာအောင်တော့ နီးစပ်ရာဆေးခန်းမှာ စမ်းသပ်လို့ရပါတယ်။

သိုက်ရွက်ဂလင်းက လိပ်ပြာပုံစံလေးအနေနဲ့ လည်ပင်းရဲ့ အလယ်လောက် အရှေ့ဘက်မှာရှိနေတာပါ။သိုက်ရွက်ဂလင်းကြီးနေတာမှာ ဒီလိပ်ပြာပုံစံကြီးတစ်ခုလုံး ညီညီမျှမျှ ကြီးတာလည်းဖြစ်နိုင်တယ်။ တစ်နေရာတည်းကပဲ တစ်လုံးတည်းလိုကြီးနေလည်းဖြစ်နိုင်တယ်။ သိုက်ရွက်ဂလင်းတစ်ခုလုံးကနေ အလုံးတွေအများကြီးဖြစ်ပြီး မညီမညာကြီးလာတာလည်းဖြစ်နိုင်တယ်။

သိုက်ရွက်ဂလင်းကြီးတယ်ဆိုတာနဲ့ စမ်းသပ်စစ်ဆေးပြီး သိုက်ရွက်ဟော်မုန်းစစ်ဖို့လိုပါတယ်။ တစ်ချို့တွေမှာ ဟော်မုန်းတွေကပုံမှန်ပဲဖြစ်နေတတ်တယ်။ Free T3 T4, TSH ကိုစစ်ရတာပါ။ T3 ထက် စာရင် T4 က ပို သေချာပါတယ်။ တစ်ချို့တွေမှာ T4 က ပုံမှန်ရှိရမှာထက်များပြီး TSH က နည်းနေတတ်ပါတယ်။ ဒါမျိုးဖြစ်တာကို သိုက်ရွက်ဟော်မုန်းများတယ်လို့ပြောကြပါတယ်။ Hyperthyroid ပါ။ တစ်ချို့တွေမှာတော့ T4ကပုံမှန်ရှိရမှာထက်နည်းနေပြီး TSH ကပိုများနေတတ်ပါတယ်။ ဒါမျိုးကတော့ဟသိုက်ရွက်ဟော်မုန်းနည်းတယ်ပြောပါတယ်။ Hypothyroid ပါ။

တစ်ခါတစ်လေမှာတော့ T4 ကပဲ ပုံမှန်ထက် နည်းများတာတွေဖြစ်ပြီး TSH က ပုံမှန်ထဲမှာပဲဖြစ်နေတတ်တယ်။ ဒါမျိုးတွေကိုတော့ Subclinical အခြေအနေလို့ ပြောပါတယ်။ လူနာမှာဘာရောဂါလက္ခဏာမှမပြသေးရင် နောက် ၆လ ကြာရင်တစ်ခါပြန်စစ်ကြည့်ဖို့ပဲပြောပါတယ်။ တစ်ချို့တွေမှာတော့ လည်ပင်းကပုံမှန်ဖြစ်နေပြီး ဟော်မုန်းအနည်းအများ လက္ခဏာတွေပဲ ခံစားနေရတာကြောင့် သွေးစစ်ကြည့်ရင်း ရောဂါရှာဖွေကြရပါတယ်။

လည်ပင်းကြီးရောဂါကိုကုတဲ့အခါ ဟော်မုန်းအနည်းအများအလိုက်လိုအပ်တဲ့ ဆေးတွေ သောက်ရပါတယ်။ ဟော်မုန်းပမာဏပုံမှန်ဖြစ်မှ ခွဲစိတ်ကုလို့ရပါတယ်။ ဟော်မုန်းပမာဏဘယ်လိုမှ ထိန်းလို့မရတဲ့အခါတွေမှာတော့ ရေဒီယိုသတ္တိကြွ ဆေးတွေပါ သောက်ကြရတာလည်း ရှိပါတယ်။ လည်ပင်းကြီး ရောဂါဖြစ်တဲ့ လူနာတွေဟာ အထွေထွေသမားတော် ခွဲစိတ်သမားတော် ဂလင်းသမားတော်တွေကို လိုသလို ပြကြရမှာပါ။

Author : Dr. CST

 

Previous Post

ကလေးသူငယ်များနဲ့ ဘေးအန္တရာယ်ကင်းသော ပတ်ဝန်းကျင်

Next Post

အသားအရေ လှအောင်ဘာတွေစားကြမလဲ????

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အသားအရေ လှအောင်ဘာတွေစားကြမလဲ????

ထပ်ခါထပ်ခါပြန်သုံးနေတဲ့ ဆီတွေ က ဘယ်လောက် အန္တရာယ်များလဲ????

ရင်သားရောင်ရမ်းခြင်းနဲ့ ပြည်တည်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.