fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အသံတိတ္ တီဘီ Latent TB infection

269
VIEWS
Share on FacebookShare on TwitterShare on Linkedin
10/01/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အသံတိတ္ တီဘီ Latent TB infection
ဇီဝကတို႔လို ဖြံ႕ၿဖိဳးဆဲ ႏိုင္ငံေတြမွာ ကူးစက္ေရာဂါေတြက အင္မတန္ျဖစ္ပြားၾကပါတယ္။ ဒီအထဲမွာ တီဘီေရာဂါဟာလည္း ကပ္ေရာဂါ အသြင္ ရာစုႏွစ္တစ္ခုနီးပါး ၿခိမ္းေျခာက္ေနဆဲပါ။ လူေနထူထပ္လာတဲ့အျပင္ ၊ က်န္းမာေရးအသိ ခ်ိဳ႕တဲ့ၾကလို႔ တီဘီေရာဂါခံစားေနရသူေတြ လူၾကားထဲသြားလည္း ႏွာေခါင္းစည္းမတပ္၊ လက္ကိုင္ပုဝါနဲ႔ အုပ္ၿပီး ေခ်ာင္းမဆိုးတတ္ၾကတာေရာ ၊ အစားအေသာက္ ခ်ိဳ႕တဲ့
ဆင္းရဲတာေတြကပါ တီဘီေရာဂါကို လက္ယက္ ေခၚေနသလို ျဖစ္ေနပါတယ္။ ဒါ့အျပင္ အိပ္ခ်္အိုင္ဗြီေရာဂါေတြကလည္း ထူေျပာလာတဲ့အတြက္ ကိုယ္ခံအားနည္းလာေတာ့ တီဘီေတြ ပိုမိုျဖစ္ပြားလာပါတယ္။

ဒါေၾကာင့္ လူတိုင္းနီးပါးဟာ မိမိ ပတ္ဝန္းက်င္ ေလထုထဲမွာ ရွိတဲ့ တီဘီပိုးကို မသိလိုက္ မသိဘာသာ ရွဴမိလ်က္သား ျဖစ္မွာပါ။ ဒါေၾကာင့္ မိမိ ခႏၶာကိုယ္ထဲမွာ ရွိေနတဲ့ အသံတိတ္ တီဘီပိုးကို တီဘီမျဖစ္ခင္ ႀကိဳတင္ ရွာေဖြ ကုသထားႏိုင္ရင္ အေကာင္းဆုံးပါ။

Latent TB သည္ အသံတိတ္ဆိုတဲ့အတိုင္း ကိုယ္ခံအားေကာင္းေနေသးသေ႐ြ႕ ဒုကၡမေပး ၊ေရာဂါလကၡဏာလည္း မျပ ၊သူမ်ားကိုလည္းမကူးစက္ႏိုင္ပါ။ ဒါေပမယ့္ ကိုယ္ခံအားက်လာရင္ တစ္ခ်ိန္ခ်ိန္မွာ ကူးစက္တတ္တဲ့ တီဘီေရာဂါအျဖစ္ တီဘီလကၡဏာမ်ား ျပလာပါလိမ့္မယ္။

တီဘီပိုးကို ရွဴမိထားတဲ့ အသံတိတ္ တီဘီသမားေတြမွာ ၁၀ရာခိုင္ႏႈန္းေလာက္ဟာ တီဘီ ေရာဂါ ျဖစ္ပြားႏိုင္ပါတယ္။ ဘယ္သူေတြမွာ တီဘီ လကၡဏာျပလာမလဲ

-ကိုယ္ခံအားက်ဆင္းသူေတြ (အိပ္ခ်္အိုင္ဗြီေရာဂါသည္မ်ား ၊စတီး႐ြိဳက္ေဆးမ်ား ေသာက္သုံးေနသူေတြ ၊ကင္ဆာေဆးမ်ား ေသာက္ေနရသူေတြ)
-ေက်ာက္ကပ္ ေဆးေနရသူေတြ
-အဆုတ္ တီဘီသမားနဲ႔ ထိေတြ႕ ေနထိုင္ခဲ့သူေတြ
-ကိုယ္တြင္း အဂၤါ အစားထိုး လဲလွယ္ထားသူေတြ

ဘယ္သူေတြကို အသံတိတ္ တီဘီ Latent TB ရွိ ၊မရွိ စစ္မလဲ
-က်န္းမာေရး ဝန္ထမ္းမ်ား
-တီဘီေရာဂါ ထူေျပာတဲ့ ႏိုင္ငံက လာေရာက္တဲ့ ခိုလႈံသူေတြ
-အက်ဥ္းသားမ်ား
-အိမ္ေျခယာမဲ့မ်ား
-မူးယစ္ေဆး အေၾကာထဲထိုးသြင္း အသုံးျပဳသူမ်ား

ဘာနည္းလမ္းေတြနဲ႔ စစ္ေဆးႏိုင္မလဲ
-အေရျပားမွာ အပ္ကေလးနဲ႔ ေဆးရည္ထိုးၿပီး စစ္ေဆးတဲ့နည္းလမ္း
Tuberculin Skin Test
-ေသြးစစ္ျခင္း Interferon Gamma Release Assay Tests

Latent TB အသံတိတ္ တီဘီ ရွိေနရင္ ဘာဆက္လုပ္မလဲ
-ကူးစက္လြယ္တဲ့ ေရာဂါႂကြလာမယ့္ တီဘီ ပိုး ဟုတ္၊မဟုတ္ သလိပ္စစ္တာ ဓာတ္မွန္႐ိုက္တာမ်ား လုပ္ရပါလိမ့္မယ္။
-အဆိုပါတီဘီပိုး ရွိရင္ ပုံမွန္အတိုင္း တီဘီေဆးမ်ားကို ေသာက္ရမယ္ ။
-မရွိရင္ေတာ့ အသံတိတ္တီဘီကို တီဘီေဆး၂မ်ိဳးျဖစ္တဲ့ Isoniazid နဲ႔ Rifampicin
တို႔နဲ႔ ၃လ တိတိျဖစ္ေစ ၊Isoniazid တစ္မ်ိဳးတည္းဆိုရင္ ၆လ တိတိျဖစ္ေစ ေသာက္ျခင္းျဖင့္ ေပ်ာက္ကင္းေအာင္ ကုသႏိုင္ပါတယ္။

Author : ေခတ္သစ္ ဇီဝက

အသံတိတ် တီဘီ Latent TB infection
ဇီဝကတို့လို ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ကူးစက်ရောဂါတွေက အင်မတန်ဖြစ်ပွားကြပါတယ်။ ဒီအထဲမှာ တီဘီရောဂါဟာလည်း ကပ်ရောဂါ အသွင် ရာစုနှစ်တစ်ခုနီးပါး ခြိမ်းခြောက်နေဆဲပါ။ လူနေထူထပ်လာတဲ့အပြင် ၊ ကျန်းမာရေးအသိ ချို့တဲ့ကြလို့ တီဘီရောဂါခံစားနေရသူတွေ လူကြားထဲသွားလည်း နှာခေါင်းစည်းမတပ်၊ လက်ကိုင်ပုဝါနဲ့ အုပ်ပြီး ချောင်းမဆိုးတတ်ကြတာရော ၊ အစားအသောက် ချို့တဲ့
ဆင်းရဲတာတွေကပါ တီဘီရောဂါကို လက်ယက် ခေါ်နေသလို ဖြစ်နေပါတယ်။ ဒါ့အပြင် အိပ်ချ်အိုင်ဗွီရောဂါတွေကလည်း ထူပြောလာတဲ့အတွက် ကိုယ်ခံအားနည်းလာတော့ တီဘီတွေ ပိုမိုဖြစ်ပွားလာပါတယ်။

ဒါကြောင့် လူတိုင်းနီးပါးဟာ မိမိ ပတ်ဝန်းကျင် လေထုထဲမှာ ရှိတဲ့ တီဘီပိုးကို မသိလိုက် မသိဘာသာ ရှူမိလျက်သား ဖြစ်မှာပါ။ ဒါကြောင့် မိမိ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အသံတိတ် တီဘီပိုးကို တီဘီမဖြစ်ခင် ကြိုတင် ရှာဖွေ ကုသထားနိုင်ရင် အကောင်းဆုံးပါ။

Latent TB သည် အသံတိတ်ဆိုတဲ့အတိုင်း ကိုယ်ခံအားကောင်းနေသေးသရွေ့ ဒုက္ခမပေး ၊ရောဂါလက္ခဏာလည်း မပြ ၊သူများကိုလည်းမကူးစက်နိုင်ပါ။ ဒါပေမယ့် ကိုယ်ခံအားကျလာရင် တစ်ချိန်ချိန်မှာ ကူးစက်တတ်တဲ့ တီဘီရောဂါအဖြစ် တီဘီလက္ခဏာများ ပြလာပါလိမ့်မယ်။

တီဘီပိုးကို ရှူမိထားတဲ့ အသံတိတ် တီဘီသမားတွေမှာ ၁၀ရာခိုင်နှုန်းလောက်ဟာ တီဘီ ရောဂါ ဖြစ်ပွားနိုင်ပါတယ်။ ဘယ်သူတွေမှာ တီဘီ လက္ခဏာပြလာမလဲ

-ကိုယ်ခံအားကျဆင်းသူတွေ (အိပ်ချ်အိုင်ဗွီရောဂါသည်များ ၊စတီးရွိုက်ဆေးများ သောက်သုံးနေသူတွေ ၊ကင်ဆာဆေးများ သောက်နေရသူတွေ)
-ကျောက်ကပ် ဆေးနေရသူတွေ
-အဆုတ် တီဘီသမားနဲ့ ထိတွေ့ နေထိုင်ခဲ့သူတွေ
-ကိုယ်တွင်း အင်္ဂါ အစားထိုး လဲလှယ်ထားသူတွေ

ဘယ်သူတွေကို အသံတိတ် တီဘီ Latent TB ရှိ ၊မရှိ စစ်မလဲ
-ကျန်းမာရေး ဝန်ထမ်းများ
-တီဘီရောဂါ ထူပြောတဲ့ နိုင်ငံက လာရောက်တဲ့ ခိုလှုံသူတွေ
-အကျဉ်းသားများ
-အိမ်ခြေယာမဲ့များ
-မူးယစ်ဆေး အကြောထဲထိုးသွင်း အသုံးပြုသူများ

ဘာနည်းလမ်းတွေနဲ့ စစ်ဆေးနိုင်မလဲ
-အရေပြားမှာ အပ်ကလေးနဲ့ ဆေးရည်ထိုးပြီး စစ်ဆေးတဲ့နည်းလမ်း
Tuberculin Skin Test
-သွေးစစ်ခြင်း Interferon Gamma Release Assay Tests

Latent TB အသံတိတ် တီဘီ ရှိနေရင် ဘာဆက်လုပ်မလဲ
-ကူးစက်လွယ်တဲ့ ရောဂါကြွလာမယ့် တီဘီ ပိုး ဟုတ်၊မဟုတ် သလိပ်စစ်တာ ဓာတ်မှန်ရိုက်တာများ လုပ်ရပါလိမ့်မယ်။
-အဆိုပါတီဘီပိုး ရှိရင် ပုံမှန်အတိုင်း တီဘီဆေးများကို သောက်ရမယ် ။
-မရှိရင်တော့ အသံတိတ်တီဘီကို တီဘီဆေး၂မျိုးဖြစ်တဲ့ Isoniazid နဲ့ Rifampicin
တို့နဲ့ ၃လ တိတိဖြစ်စေ ၊Isoniazid တစ်မျိုးတည်းဆိုရင် ၆လ တိတိဖြစ်စေ သောက်ခြင်းဖြင့် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။

Author : ခေတ်သစ် ဇီဝက

Previous Post

ရောဂါပိုးမွှားတွေ ဘယ်လိုဝင်ရောက်လာသလဲ?

Next Post

လက်မောင်းအရေပြားအောက်ထည့် သားဆက်ခြားပစ္စည်းဆိုတာ ဘာလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
854
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လက်မောင်းအရေပြားအောက်ထည့် သားဆက်ခြားပစ္စည်းဆိုတာ ဘာလဲ

အမျိုးသမီး သံဓာတ်ချို့တဲ့ခြင်း

အရိုးလေးဘက်နာရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.