အသက်ရူရခက်တယ်၊ဘာကြောင့်လဲ ဟူသောမေးခွန်းကလည်း Ondrမှာအမေးများပါတယ်။
သင့်မှာ ပန်းနာရင်ကျပ်ရောဂါ၊ဓာတ်မတည့်မူရောဂါနှင့်အဆုတ်ရောဂါရှိခဲ့ရင် ထိုဝေဒနာကိုခံစားရလေ့ရှိပါတယ်။အသက်ရူရခက်တဲ့ဝေဒနာဖြစ်စေတဲ့အကြောင်းရင်းများစွာရှိပါတယ်။
(1)အဖြစ်များသောရောဂါများမှာ
-ထိပ်ကပ်နာဖြစ်ခြင်း
-ဓာတ်မတည့်မူဖြစ်ခြင်း
-ပန်းနာရင်ကျပ်ဖြစ်ခြင်းတို့ဖြစ်ပါတယ်။
အသက်ရူကျပ်ခြင်းအပြင် နှာစေး၊နှာပိတ်၊နှာရည်ယိုခြင်း၊ယားခြင်း၊ရင်ဘတ်ကျပ်ခြင်း၊ချောင်းဆိုးခြင်း၊တရွှီရွှီမြည်ခြင်းနှင့်အသက်ရူမြန်ခြင်းတို့လည်းဖြစ်နိုင်ပါတယ်။
နှာခေါင်းမှတဆင့် ဓာတ်မတည့်ခြင်းနှင့် ဗိုင်းရပ်စ်ပိုးများဝင်ရောက်ကာ နှာခေါင်းအခေါင်းပေါက်ရောင်ရမ်းခြင်နှင့်အဆုတ်ရောဂါများဖြစ်သည်အထိ ဆိုးရွားနိုင်ပါတယ်။
အခြားသောအသက်ရူရခက်တဲ့အဆုတ်ဝေဒနာများကတော့
-ဆေလိပ်ကြောင့်အသက်ရူပိတ်ခြင်း
-ပြည်တည်နာဖြစ်ခြင်း
-လေ ပြွန်ရောင်ခြင်း
-အဆုတ်ပွခြင်း
-တီဘီရောဂါနှင့် အဆုတ်ကင်ဆာစသည်တို့ကြောင့် ဖြစ်နိုင်ပါတယ်။
(2)ရောဂါရှာဖွေခြင်း
အသက်ရူရခက်စေသောရောဂါများကို ဆရာဝန်နဲ့သေချာရှာဖွေကုသသင့်ပါတယ်။
-Spirometry လို့ခေါ်တဲ့အဆုတ်ထဲလေအဝင်အထွက်တိုင်းခြင်း
-ဓာတ်မှန်ရိုက်ခြင်း
-CTရိုက်ခြင်း
-ဓာတ်မတည့်မူစမ်းသပ်ခြင်း
-သလိပ်စစ်ခြင်း
-သွေးစစ်ခြင်းစသည်ဖြင့်ရောဂါရှာဖွေသင့်ပါတယ်။
(3)ကုသခြင်း
-ပန်းနာရင်ကျပ်ခြင်းနှင့်ဓာတ်မတည့်မူကြောင့်အသက်ရူရခက်ပါက မိမိပတ်ဝန်းကျင်တွင် ဖုန်မူန့်၊အမူန်အမွှားများကာကွန်ရန် နှာခေါင်းစည်းတပ်ပါ။
အိမိမွှေးတိရစ္ဆာန်အမွေးများ၊အနံ့များ မရူမိအောင်ရှောင်ပါ။
-အသက်ရူရခက်ပါက Antihistamines ဥပမာ စီထရင်းကဲ့သို့ ဓာတ်မတည့်မူသက်သာစေသောဆေးများသောက်သုံးရျ်ရသကဲ့သို့နှာခေါင်းဖြန်းဆေးလည်း အသုံးပြုရျ်ရပါတယ်။
-ဆိုးရွားစွာအသက်ရုူရခက်ပါက နီးစပ်ရာဆရာဝန်ဆီအမြန်ဆုံးကုသမူခံယူပါ။
-ပန်းနာရင်ကျပ်ရှိသူများသည်အအေးမိခြင်း၊ပန်းဝတ်မူန်များ၊တိရစ္ဆာန်အမွှေးများ၊မိူပိုးများ၊ဖုန်မူန့်များ၊ပိုးဟပ်များ၊အနံ့များ၊ရေမွှေးများနှင့်အစာအစားများကြောင့်ပိုမိုဆိုးရွားစွာ အသက်ရူရခက်လာတတ်ပါတယ်။
လူအများစုသည် အသက်ရူရခက်သောပြဿနာကို ရက်ရှည်ခံစားရမှာသာအာရုံစိုက် ကုသရန်စဉ်းစားကြပါတယ်။ထိုအခါ မိမိစတင်ကုသရန်အချိန်တွင်အလျင်အမြန်ပျောက်ရန် မလွယ်ကူတော့ပါ။သေချာတဲ့အောက်ခံရောဂါအကြောင်းရင်းရှာဖွေကုသရန် အရေး ကြီးပါတယ်။လိုအပ်တဲ့ဆေးဝါးကုသမူကိုလည်းနားလည်တတ်ကျွမ်းတဲ့ဆရာနဲ့သေချာကုသရပါမယ်။အသက်ရူရခက်တဲ့ပြဿနာသည် ရေရှည်ကုသရန်လိုအပ်သကဲ့သို့မကုသပါကလည်း နောက်ဆက်တွဲဆိုးကျိုးများလှပါတယ်။ထို့ကြောင့် ပေါ့ပေါ့တန်တန်မထားသင့်ပါ။