fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ဆံပင်ကျွတ်ခြင်း

242
VIEWS
Share on FacebookShare on TwitterShare on Linkedin
20/12/2016
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

(Zawgyi)

ဟယ္ ဆံပင္ေတြကလည္း ကြၽတ္လိုက္တာ။
ဒီေလာက္ေတာင္ကြၽတ္ေနရင္ ငါေတာ့ထိပ္ေျပာင္ေတာ့မွာပဲ။

ဆံပင္ေတြ ကြၽတ္တာမ်ားရင္ စိတ္ထဲမွာ အေႏွာင့္အယွက္ျဖစ္တတ္တယ္။
ဆံပင္ ဘာေၾကာင့္ကြၽတ္လဲ စဥ္းစားၾကည့္ရေအာင္။

အရင္ဆုံး ဆံပင္ကြၽတ္တဲ့အခါ ေခါင္းမွာအမာ႐ြတ္က်န္ခဲ့လား ၾကည့္ပါ။ အမာ႐ြတ္က်န္တယ္ဆိုရင္ မႈိ ေရာဂါလည္းျဖစ္ႏိုင္တယ္။ ဗိုင္းရပ္စ္ပိုးေၾကာင့္လည္း   ျဖစ္ႏိုင္တယ္။ ထိခိုက္ဒဏ္ရာ၊ အပူေလာင္တာ၊ ဓာတ္ကင္တာေတြေၾကာင့္လည္း ျဖစ္ႏိုင္တယ္။
အမာ႐ြတ္ မေပၚဘဲဒီအတိုင္းကြၽတ္ေနတာက ပိုေတြ႕ရတတ္တယ္။ အေခ်ာင္းလိုက္လည္း ကြၽတ္တတ္ တယ္။ အကြက္လိုက္လည္း ကြၽတ္တတ္တယ္။အမ်ိဳးသားေတြမွာေတာ့ ေဟာ္မုန္းေၾကာင့္ ဆံပင္ကြၽတ္ၿပီး ထိပ္ေျပာင္လာတတ္ၾကတယ္။ အသက္ႀကီး ပိုင္းပိုျဖစ္ေပမယ့္ တခ်ိဳ႕လည္း ငယ္ငယ္႐ြယ္႐ြယ္ျဖစ္တတ္တယ္။

အစားအစာေတြ အာဟာရဓာတ္ခ်ိဳ႕တဲ့ရင္လည္း ျဖစ္တတ္တယ္။ အဓိကက သံဓာတ္နဲ႔ဇင့္ (Zinc) ခ်ိဳ႕တဲ့တဲ့အခါမွာပါ။ တခ်ိဳ႕ေသာေဆးေတြ ေသာက္ေနရတဲ့သူေတြမွာလည္း ဆံပင္ေတြကြၽတ္တတ္တယ္။ ဥပမာ- ပဋိသေႏၶတားေဆးေတြ၊ ေသြးက်ဲေဆးေတြ၊ သိုက္႐ြိဳက္ေဆးေတြ၊ gout အတြက္ေဆးေတြ၊ ကင္ဆာေဆးဝါးေတြပါ။

ဆံပင္သားမေကာင္းတဲ့အခါလည္း ကြၽတ္တတ္တယ္။ ဆံပင္ကိုေဆးဆိုးတာ၊ ေျဖာင့္တာ၊ ေကာက္တာ စတာေတြခဏခဏလုပ္ရင္လည္း ကြၽတ္တတ္ တယ္။ ေခါင္းေလွ်ာ္ရည္ မတည့္ရင္ ဦးေရျပားေျခာက္ၿပီး ေဗာက္ထေနရင္လည္း ကြၽတ္တတ္တယ္။တခ်ိဳ႕စိတ္ဖိစီးမႈေတြမ်ားတဲ့အခါ ဆံပင္ကြၽတ္တတ္တယ္။ အလုပ္ေၾကာင့္၊ ေက်ာင္းစာေၾကာင့္၊ ပူပန္စ ရာမ်ားတာေၾကာင့္ျဖစ္တတ္တယ္။ တခ်ိဳ႕ကေလးအေမေတြ ကေလးေမြးၿပီးခါစမွာ ဆံပင္အမ်ားႀကီး ကြၽတ္တတ္တယ္။ဒါေတြက ဆံပင္အေခ်ာင္းလိုက္ကြၽတ္တတ္တာေတြပါ။

ကိုယ္ခံအားစနစ္ ေဖာက္ျပန္ေနရင္လည္း ဆံပင္ကြၽတ္တတ္တယ္။ တခ်ိဳ႕ေရာဂါေတြ ရွိတယ္။ တခ်ိဳ႕အ လိုလိုကြၽတ္တယ္။ အလိုလိုကြၽတ္တာေတြက တစ္ေခ်ာင္းခ်င္းစီကြၽတ္တာမဟုတ္ဘဲ အကြက္လိုက္ ကြၽတ္တာပါ။ မ်က္ေတာင္ေတြပါ ကြၽတ္တတ္တယ္။

ဆံပင္ကြၽတ္တဲ့အခါ ဘာေတြလုပ္ၾကမလဲ။
ကိုယ္ဘာေၾကာင့္ ကြၽတ္ရတယ္ဆိုတာျပန္စဥ္းစားပါ။

မလိုဘဲ ေဆးေတြစြဲမေသာက္ရပါဘူး။ အာဟာရျပည့္ဝေအာင္ စားပါ။ ေရလည္းမ်ားမ်ားေသာက္ပါ။ လိုအပ္ရင္အားေဆးကူပါ။ ဆံပင္သားကို ဂ႐ုစိုက္ပါ။ ပုံ မွန္ေခါင္းၿဖီးပါ။ ေခါင္းအုံးစြပ္၊ မ်က္ႏွာသုတ္ပုဝါ အခ်ိန္မွန္ေလွ်ာ္ပါ။ ဘီးပုံမွန္ေဆးပါ။ ေခါင္းေလွ်ာ္ရည္ အျပင္းေတြမသုံးပါနဲ႔။ လိုအပ္ရင္ ေခါင္းမေလွ်ာ္ ခင္ နာရီဝက္ေလာက္ သံလြင္ဆီေသခ်ာလိမ္းပါ။ ၿပီးမွေလွ်ာ္ပါ။ ဦးေရျပားမေျခာက္ဖို႔လည္း လိုတယ္။ Hair Drier ကအၿမဲမသုံးပါနဲ႔။ လိုအပ္ရင္ Hair Coat လိမ္းပါ။  စိတ္ဖိစီးမႈေတြေလ်ာ့ပါ။
ဆံပင္ကြၽတ္တာ အမ်ားစုကအလိုလိုျပန္ေကာင္းပါတယ္။ ကိုယ္ခံအားစနစ္ ေဖာက္ျပန္လို႔ကြၽတ္လည္း ဒီအတိုင္းထားလို႔ရတယ္။ ေနာက္ျပန္ေပါက္တယ္။ အခ်ိန္ေတာ့ေပးရပါတယ္။ ဆံပင္တုလည္းတပ္လို႔ရ ပါတယ္။

ေဆးကုခ်င္တယ္ ေဆးလိမ္းခ်င္တယဆိုရင္ေတာ့ အေရျပားအထူးကုေတြနဲ႔ တိုင္ပင္ေဆြးေႏြးလို႔ရပါ တယ္။

(Unicode)

ဟယ် ဆံပင်တွေကလည်း ကျွတ်လိုက်တာ။
ဒီလောက်တောင်ကျွတ်နေရင် ငါတော့ထိပ်ပြောင်တော့မှာပဲ။

ဆံပင်တွေ ကျွတ်တာများရင် စိတ်ထဲမှာ အနှောင့်အယှက်ဖြစ်တတ်တယ်။
ဆံပင် ဘာကြောင့်ကျွတ်လဲ စဉ်းစားကြည့်ရအောင်။

အရင်ဆုံး ဆံပင်ကျွတ်တဲ့အခါ ခေါင်းမှာအမာရွတ်ကျန်ခဲ့လား ကြည့်ပါ။ အမာရွတ်ကျန်တယ်ဆိုရင် မှို ရောဂါလည်းဖြစ်နိုင်တယ်။ ဗိုင်းရပ်စ်ပိုးကြောင့်လည်း   ဖြစ်နိုင်တယ်။ ထိခိုက်ဒဏ်ရာ၊ အပူလောင်တာ၊ ဓာတ်ကင်တာတွေကြောင့်လည်း ဖြစ်နိုင်တယ်။
အမာရွတ် မပေါ်ဘဲဒီအတိုင်းကျွတ်နေတာက ပိုတွေ့ရတတ်တယ်။ အချောင်းလိုက်လည်း ကျွတ်တတ် တယ်။ အကွက်လိုက်လည်း ကျွတ်တတ်တယ်။အမျိုးသားတွေမှာတော့ ဟော်မုန်းကြောင့် ဆံပင်ကျွတ်ပြီး ထိပ်ပြောင်လာတတ်ကြတယ်။ အသက်ကြီး ပိုင်းပိုဖြစ်ပေမယ့် တချို့လည်း ငယ်ငယ်ရွယ်ရွယ်ဖြစ်တတ်တယ်။

အစားအစာတွေ အာဟာရဓာတ်ချို့တဲ့ရင်လည်း ဖြစ်တတ်တယ်။ အဓိကက သံဓာတ်နဲ့ဇင့် (Zinc) ချို့တဲ့တဲ့အခါမှာပါ။ တချို့သောဆေးတွေ သောက်နေရတဲ့သူတွေမှာလည်း ဆံပင်တွေကျွတ်တတ်တယ်။ ဥပမာ- ပဋိသန္ဓေတားဆေးတွေ၊ သွေးကျဲဆေးတွေ၊ သိုက်ရွိုက်ဆေးတွေ၊ gout အတွက်ဆေးတွေ၊ ကင်ဆာဆေးဝါးတွေပါ။

ဆံပင်သားမကောင်းတဲ့အခါလည်း ကျွတ်တတ်တယ်။ ဆံပင်ကိုဆေးဆိုးတာ၊ ဖြောင့်တာ၊ ကောက်တာ စတာတွေခဏခဏလုပ်ရင်လည်း ကျွတ်တတ် တယ်။ ခေါင်းလျှော်ရည် မတည့်ရင် ဦးရေပြားခြောက်ပြီး ဗောက်ထနေရင်လည်း ကျွတ်တတ်တယ်။တချို့စိတ်ဖိစီးမှုတွေများတဲ့အခါ ဆံပင်ကျွတ်တတ်တယ်။ အလုပ်ကြောင့်၊ ကျောင်းစာကြောင့်၊ ပူပန်စ ရာများတာကြောင့်ဖြစ်တတ်တယ်။ တချို့ကလေးအမေတွေ ကလေးမွေးပြီးခါစမှာ ဆံပင်အများကြီး ကျွတ်တတ်တယ်။ဒါတွေက ဆံပင်အချောင်းလိုက်ကျွတ်တတ်တာတွေပါ။

ကိုယ်ခံအားစနစ် ဖောက်ပြန်နေရင်လည်း ဆံပင်ကျွတ်တတ်တယ်။ တချို့ရောဂါတွေ ရှိတယ်။ တချို့အ လိုလိုကျွတ်တယ်။ အလိုလိုကျွတ်တာတွေက တစ်ချောင်းချင်းစီကျွတ်တာမဟုတ်ဘဲ အကွက်လိုက် ကျွတ်တာပါ။ မျက်တောင်တွေပါ ကျွတ်တတ်တယ်။

ဆံပင်ကျွတ်တဲ့အခါ ဘာတွေလုပ်ကြမလဲ။
ကိုယ်ဘာကြောင့် ကျွတ်ရတယ်ဆိုတာပြန်စဉ်းစားပါ။

မလိုဘဲ ဆေးတွေစွဲမသောက်ရပါဘူး။ အာဟာရပြည့်ဝအောင် စားပါ။ ရေလည်းများများသောက်ပါ။ လိုအပ်ရင်အားဆေးကူပါ။ ဆံပင်သားကို ဂရုစိုက်ပါ။ ပုံ မှန်ခေါင်းဖြီးပါ။ ခေါင်းအုံးစွပ်၊ မျက်နှာသုတ်ပုဝါ အချိန်မှန်လျှော်ပါ။ ဘီးပုံမှန်ဆေးပါ။ ခေါင်းလျှော်ရည် အပြင်းတွေမသုံးပါနဲ့။ လိုအပ်ရင် ခေါင်းမလျှော် ခင် နာရီဝက်လောက် သံလွင်ဆီသေချာလိမ်းပါ။ ပြီးမှလျှော်ပါ။ ဦးရေပြားမခြောက်ဖို့လည်း လိုတယ်။ Hair Drier ကအမြဲမသုံးပါနဲ့။ လိုအပ်ရင် Hair Coat လိမ်းပါ။  စိတ်ဖိစီးမှုတွေလျော့ပါ။
ဆံပင်ကျွတ်တာ အများစုကအလိုလိုပြန်ကောင်းပါတယ်။ ကိုယ်ခံအားစနစ် ဖောက်ပြန်လို့ကျွတ်လည်း ဒီအတိုင်းထားလို့ရတယ်။ နောက်ပြန်ပေါက်တယ်။ အချိန်တော့ပေးရပါတယ်။ ဆံပင်တုလည်းတပ်လို့ရ ပါတယ်။

ဆေးကုချင်တယ် ဆေးလိမ်းချင်တယဆိုရင်တော့ အရေပြားအထူးကုတွေနဲ့ တိုင်ပင်ဆွေးနွေးလို့ရပါ တယ်။

Author – Dr. CST

Author – Dr. CST

Previous Post

ရွှေရင်မထိတ်အောင် ကြိုတင်ကာကွယ် ပဋိသန္ဓေတားနည်းအသွယ်သွယ်(၂) ရက်ရှောင်နည်း

Next Post

ကျန်းမာရေးကောင်းစေတဲ့ အိပ်ပုံအိပ်နည်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
550
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
810

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကျန်းမာရေးကောင်းစေတဲ့ အိပ်ပုံအိပ်နည်း

အမျိုးသမီးများ၏ လျှို့ဝှက်ချက်များ

စိတ်ပညာနှင့်အိပ်မွေ့ချပညာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.