fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အရိုးအကြောနှင့် လေးဖက်နာ

အရိုးကျိုးသွားတဲ့အခါမြန်မြန်ပြန်ဆက်စေဖို့လိုက်နာသင့်တဲ့အချက်များ

384
VIEWS
Share on FacebookShare on TwitterShare on Linkedin
30/01/2023
in အရိုးအကြောနှင့် လေးဖက်နာ
1 min read
A A

လူ့ခန္ဓာကိုယ်ရဲ့ထောက်တိုင်သဖွယ် ဆောင်ရွက်ပေးတဲ့အရိုးများ တဆက်ထဲဖြစ်ရာမှပျက်စီးခြင်းကို အရိုးကျိုးခြင်း fracture လို့ခေါ်ပါတယ်။အရိုးကျိုးတဲ့အခါ ဒါဏ်ရာရပြီး ပြင်ပသို့ အရိုးကျိုးပြီးထွက်လာခြင်းမှအပ သာမာန်မျက်စိဖြင့် မသိနိုင်ဘဲ အရိုးဓါတ်မှန်ရိုက်ခြင်းဖြင့် စစ်ဆေးစမ်းသပ်မှသာ သိရှိနိုင်ပါတယ်။ အရိုးကျိုးတဲ့အခါ ကျိုးတဲ့နေရာ အစိတ်အပိုင်း၊ခန္ဓာကိုယ်ပြင်ပသို့ ပေါက်ပြဲထွက်မှု open fracture ရှိ၊မရှိပေါ်မူတည်ပြီး ကုသသောနည်းလမ်းများ ကွာခြားပါတယ်။ ကျောက်ပါတ်တီးစီးခြင်း၊ ခွဲစိတ်ကုသခြင်း၊ စတီးချောင်း၊ စတီးပလိတ်ပြားများ ထည့်သွင်းကုသမှုနည်းများဟာ အရိုးကျိုးတဲ့အခါ ပြန်ဆက်အောင်ပြုလုပ်ပေးသော ကုသနည်းများဖြစ်ပါတယ်။

အရိုးကျိုးပြီးနောက်ပြန်ဆက်ရန်ကြာချိန် ပျမ်းမျှအားဖြင့်၆ပါတ်-၈ပါတ်ကြားကြာတတ်ပါတယ်။ တစ်ဦးတစ်ယောက်ခြင်းစီရဲ့ အသက်၊ ဒါဏ်ရာပြင်းထန်မှု၊ စားသောက်နေထိုင်မှုပုံစံ၊ ခန္ဓာကိုယ်ဖွဲ့စည်းမှု၊ ဇီဝဖြစ်စဉ်နှင့်အရိုးကျိုးပြီးနောက် မှန်ကန်သောကုသနည်း၊လေ့ကျင့်ခန်းများပေါ် မူတည်ပြီးအရိုးပြန်ဆက်တဲ့အချိန် ကွာခြားလေ့ရှိပါတယ်။

ခန္ဓာကိုယ်ရှိအရိုးများဟာ ကော်လာဂျင် collagen protein၊ကယ်လ်ဆီယမ် calcium နဲ့ဖော့စဖိတ် phosphate ဓါတ်တို့ဖြင့်အဓိကပါဝင်ဖွဲ့စည်းထားပြီး ဗီတာမင်ဒီသည်ကယ်လ်ဆီယမ် စုပ်ယူမှုကောင်းစေသော အစွမ်းရှိပါတယ်။ ထို့ကြောင့်အရိုးပြန်ဆက်နှုန်း ကောင်းမွန်စေရန်ဗီတာမင်ဒီ vitamin D၊ကယ်လ်ဆီယမ် calcium နှင့်အသားဓါတ် protein၊ သံဓါတ် Iron ကြွယ်ဝသော အနီရောင်အသား၊ ဆယ်လ်မွန်၊ တူနာငါးနှင့်ငါး/ဥအမျိုးမျိုး၊ ဇင့်ဓါတ်ကြွယ်ဝသော ပင်လယ်စာများ၊အစိမ်းရောင် အသီးအရွက်များ၊ပန်းပွင့်စိမ်း ဘရိုကိုလီ broccoli၊ နို့နှင့်နို့ထွက်ပစ္စည်း၊ ဒိန်ချဉ် yogurt၊ အစေ့အဆန် nuts and seeds များ မှီဝဲသင့်ပါတယ်။

အရိုးပြန်ဆက်မှု အားပေးသောအစားအစာများအပြင် ဓါတ်တိုးဆန့်ကျင်ဓါတ် antioxidants ကြွယ်ဝသော အစားအစာများ၊ ဗီတာမင်၊ သတ္တုဓါတ် စသဖြင့်အာဟာရဓါတ် လုံလောက်အောင်စားသုံးပေးသင့်ပါတယ်။ ဆိုဒီယမ်ဓါတ် လွန်ကဲသော အသင့်စားအစာများ၊ စတီးရွိုက်ပါသောဆေးများ၊ အရိုးဆက်အောင် ထောက်ပံ့သည့် သွေးလည်ပါတ်မှုကို ထိခိုက်စေသော ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းတို့ကို ရှောက်ကျဉ်သင့်ပါတယ်။ သံဓါတ်စုပ်ယူမှုကို ဟန့်တားသော ကဖင်းဓါတ် မှီဝဲမှုကိုလည်း ဂရုပြုသင့်ပါတယ်။

အရိုးကျိုး၍ ကျောက်ပါတ်တီး စည်းထားတဲ့အခါ အရိုးအထူးကု၊ဆရာဝန်ညွှန်ကြားချက်အတိုင်းဂရုစိုက်နေပြီး သတ်မှတ်ထားသည့်အချိန်အတိုင်းအတာအထိ မဖြည်ဘဲစည်းထားသင့်ပါတယ်။ ကျောက်ပါတ်တီး တင်းကြပ်လွန်း ၊ ဒါဏ်ရာနာကျင်မှု မခံမရပ်နိုင်အောင် ဖြစ်လာလျှင်၊ ခြေလက်ထုံကျင် ပြာနှမ်းလာလျှင်၊ လှုပ်ရှား၍မရလာလျှင်သော်လည်းကောင်း နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်ပြသသင့်ပါတယ်။

အရိုးပြန်ဆက်ဖို့ အဓိကထောက်ပံ့သော ဓါတ်များကို အစားအစာများမှ ဖြည့်တင်း၍ရသကဲ့သို့ ပရိုတင်းဖြည့်စွက် အာဟာရများ၊ ကော်လာဂျင် ဖြည့်စွက်ဆေးများ၊ ဗီတာမင်နှင့် သတ္တုဓါတ်များ ပါဝင်သည့် ဖြည့်စွက်အားဆေးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း တိုင်ပင်ပြီးမှီဝဲနိုင်ပါတယ်။ အရိုးကျိုးလျှင် ဆေးရုံဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပြသရန် လိုအပ်သလို အထက်ပါဆောင်ရန်၊ ရှောင်ရန် အချက်များကို လိုက်နာဆောင်ရွက်မှသာ အရိုးအသစ်ဖြစ်ပေါ်မှုကို အားပေးပြီး အရိုးမြန်မြန်ဆက်မှာပဲဖြစ်ပါတယ်။

Author: Dr.Yee Mon

Previous Post

ခေါင်းတစ်ခြမ်းကိုက်ခြင်း အကြောင်းအရင်းများ

Next Post

အနာကျက်မြန်စေမယ့် ဗီတာမင် C အကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဒူးနာ၊ ခါးနာသမားများအတွက် အသင့်တော်ဆုံးဖြည့်စွက်အာဟာရ

3 months ago
482
women and knee pain

အမျိုးသမီးနှင့် ဒူးနာဝေဒနာ

1 year ago
599

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အနာကျက်မြန်စေမယ့် ဗီတာမင် C အကြောင်း

ဗီတာမင် C ချို့တဲ့ရင် နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်လဲ?

လည်ပင်းကျီးပေါင်းရောဂါအကြောင်း သိကောင်းစရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.