fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

၀မ်းပျက် ဝမ်းလျှောပြီဆိုတာနဲ့ ဝမ်းပိတ်ဆေး တန်းသောက်သင့်လား။

39
VIEWS
Share on FacebookShare on Twitter
16/09/2019
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
စာဖတ်ရန်ကြာချိန် 1 မိနစ်
A A
0 0

၀မ်းပျက် ဝမ်းလျှောပြီဆိုတာနဲ့ ဝမ်းပိတ်ဆေး တန်းသောက်သင့်လား။

ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဖြစ်များတဲ့ ရောဂါတွေထဲက
တခုဖြစ်ပါတယ်။

ဝမ်းလျှောခြင်းဆိုသည်မှာ ၂၄ နာရီ တရက်အတွင်း အရည်ဝမ်းများ ၃ ကြိမ်နဲ့အထက် သွားခြင်းလို့ ဆေးစာအုပ်မှာ သတ်မှတ်ထားပါတယ်။

ဝမ်းအမာများ ခဏခဏသွားခြင်းကို ဝမ်းလျှောခြင်းလို့ မသတ်မှတ်ပါ။

ဝမ်းပျက်ဝမ်းလျှောရောဂါက ရောဂါပိုးတွေကြောင့်အပြင် Disaccharidase deficiency လို့ခေါ်တဲ့ စားတဲ့ အစားသောက်တွေထဲမှာ ပါတတ်တဲ့ Lactose ကို မချေဖျက်နိုင်တဲ့ ရောဂါရှိရင်သော်လည်းကောင်း ပိုးသေဆေးတွေ၊ အစာအိမ်ဆေးတွေ အသောက်များလို့ ဘေးထွက်ဆိုးကျိုးအနေနဲ့သော်လည်းကောင်း ရောဂါတခုခုရဲ့ နောက်ဆက်တွဲအနေနဲ့သော်လည်းကောင်း လည်းဖြစ်နိုင်တယ်ဆိုပေမယ့် ဝမ်းပျက်ဝမ်းလျှောဖြစ်ရခြင်း အကြောင်းအများစုကတော့ ရောဂါပိုးတွေကြောင့် ဖြစ်တာပါ။

ဝမ်းလျှောခြင်းကို ဖြစ်စေတဲ့ ရောဂါပိုးတွေကတော့

– ဘက်တီးရီးယား (Bacteria) ပိုးမှာဆိုရင် အီးကိုလိုင် (E.coli)၊ ဆာမွန်နဲလား (Salmonella)၊ ရှီဂဲလား (Shigella)၊ ကော်လာရာ (Vibrio Cholerae)

– ဗိုင်းရပ်စ်ပိုး (Virus) မှာဆိုရင် ရိုတဗိုင်းရပ်စ် (Rota Virus)

– ကပ်ပါးပိုး (Parasites) မှာဆိုရင် အမီးဘားပိုး (E.histolytica)

– မှိုပိုး (Fungi) မှာဆိုရင် ကန်ဒီဒါ (Candida) စသဖြင့် အများကြီးရှိပါတယ်။

လူအတော်များများအနေနဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင် ဆေးခန်းမပြသေးဘဲ ဝမ်းပိတ်ဆေးအရင်ဝယ်သောက်လေ့ ရှိတတ်ပါတယ်။

ဒါဟာ မှားပါတယ်။

ဝမ်းပိတ်ဆေးအမျိုးအစားတွေ သုံးလေးမျိုးရှိတဲ့အနက် Loperamide ကို အခြေခံထုတ်ထားသော ဝမ်းပိတ်ဆေးအမျိုးအစားတွေ ဖြစ်တဲ့ Dicotil,Immodium လို ဝမ်းပိတ်ဆေးတွေဟာ အသုံးများတဲ့ ဝမ်းပိတ်ဆေးတွေ ဖြစ်ပါတယ်။

ဝမ်းပိတ်ဆေးတွေဟာ ဝမ်းပျက်ဝမ်းလျှောရောဂါကို မကုသနိုင်ပါဘူး။

ဆိုလိုတာက ဝမ်းပျက်ဝမ်းလျှောရောဂါပိုးကို မသတ်နိုင်ပါဘူး။

သို့ပေမယ့် ဝမ်းပိတ်ဆေးမှာ အူလမ်းကြောင်းရဲ့ မြန်နေတဲ့လှုပ်ရှားမှုကို လျှော့ချပေးတဲ့ အာနိသင်ရှိတာကြောင့် ဝမ်းသွားတဲ့အကြိမ်ရေနဲ့ သွားတဲ့ပမာဏကို နည်းသွားစေနိုင်ပါတယ်။

ဒါကြောင့် ခံစားနေရတဲ့ ဝမ်းသွားခြင်းကို သက်သာစေနိုင်ပါတယ်။

အရေးပေါ်သွားလာစရာရှိတဲ့ သူတွေအနေနဲ့တော့ ခဏအဆင်ပြေနိုင်ပါတယ်။

သို့ပေမယ့် ဒါဟာခေတ္တခဏပဲ ဖြစ်ပါတယ်။

ဝမ်းလျှောတယ်ဆိုတာဟာ အူလမ်းကြောင်းထဲ ဝင်ရောက်ကူးစက်တဲ့ပိုးကို အူနံရံက ရေများများနဲ့ခန္ဓာကိုယ်အပြင်ဘက် ထွက်အောင် ပြန်စွန့်ပစ်နေတာ ဖြစ်ပါတယ်။

အဲ့လိုလုပ်နေတဲ့အချိန်မှာ ဝမ်းရပ်အောင် ဝမ်းပိတ်ဆေးသောက်လိုက်ရင် ဝမ်းသွားတာခဏရပ်သွားလို့
သက်သာသယောင်ထင်ရပေမယ့် ဆေးအရှိန်ပြယ်လျှင် ပိုးရှိသေးတဲ့အတွက် ထပ်သွားအုံးမှာဖြစ်ပါတယ်။

ဝမ်းပိတ်ဆေးသောက်ခြင်းကြောင့် ဝမ်းသွားတာ ခဏသက်သာသွားပေမယ့် အူလမ်းကြောင်းထဲမှာ ပိုးကကျန်နေတာကြောင့် အပြင်မထွက်နိုင်တာကြောင့် ဝမ်းသွားရမယ့် ရက်ကြာရှည်သွားနိုင်ပါတယ်။

ဒါ့အပြင် အူလမ်းကြောင်းထဲမှာ ကျန်နေတဲ့ပိုးကနေထွက်တဲ့ အဆိပ်တောက်ဓါတ်ပစ္စည်းတွေဟာလည်း အပြင်ကိုမထွက်နိုင်တာကြောင့် အခန့်မသင့်ရင် ပိုးဆိပ်ပြန့်ပြီး သွေးပေါင်ကျတာ၊ သတိလစ်တာတွေပါ ဖြစ်နိုင်ပါတယ်။

ဝမ်းပိတ်ဆေးဟာ ဘေးထွက်ဆိုးကျိုးအနေနဲ့လည်း ဝမ်းချုပ်တာ၊ လေပွတာ၊ ခေါင်းမူးခေါင်းကိုက်တာ၊ ဝမ်းဗိုက်နာတာ၊ အော့အန်တာတွေကို ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်တိုင်း ဝမ်းပိတ်ဆေးတွေကို စွတ်မသောက်သင့်ပါ။

ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေ၊ အသည်းရောဂါအခံရှိသူတွေ၊ အူရောင်ရောဂါအခံရှိတဲ့သူတွေ ဆိုရင် မသုံးခင်ဆရာဝန်နဲ့ ပြသဖို့လိုပါတယ်။

အထူးသဖြင့် ၄ နှစ်အောက် ကလေးငယ်တွေမှာဆိုရင် ဝမ်းပိတ်ဆေးမသုံးရပါ။

ဝမ်းပျက်ဝမ်းလျှောတဲ့အခါမှာ ချက်ချင်းသောက်သုံးရမယ့် အရာကတော့ ဓါတ်ဆားရည်ဖြစ်ပါတယ်။

ဝမ်းနဲ့အတူ ဆုံးရှုံးသွားတဲ့ ရေဓါတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့ ဖြစ်ပါတယ်။

ဓါတ်ဆားရည် အပြင် ထမင်းရည်၊ စွပ်ပြုတ်ရည်၊ ရေသန့်၊ ဟင်းရွက်ပြုတ်ရည် (ဟင်းချို)၊ အချိုမပါဘဲ မိမိအိမ်တွင် သန့်ရှင်းစွာဖျော်သော သစ်သီးဖျော်ရည် တွေတိုက်နိုင်ပါတယ်။

မတိုက်သင့်တဲ့ အရည်တွေကတော့ ဂတ်စ်ပါတဲ့ အချိုရည်ဘူးများ ပုလင်းများ၊ အပြင်ဆိုင်က သစ်သီးဖျော်ရည်များနဲ့ လက်ဖက်ရည် ကော်ဖီတွေပါ။

ဒီလိုတွေလုပ်ရင်းနဲ့ ၃ ရက်နေလို့မှ မသက်သာရင် သို့မဟုတ် ဝမ်းပျက်ဝမ်းလျှောဖြစ်တာနဲ့အတူ ဖျားတာ၊ အန်တာ၊ အစာအရည်မဝင်တော့တာ၊ ဝမ်းထဲသွေးပါတာတွေဖြစ်လာရင်တော့ ချက်ချင်းဆေးခန်းပြသဖို့လိုပါတယ်။

Dr 528

Previous Post

ကြွက်တက်ခြင်းကို သက်သာစေနိုင်သည့် နည်းလမ်းများ

Next Post

အချိန်အခါမဟုတ် ရာသီသွေးဆင်းခြင်း

39
VIEWS
Share on FacebookShare on Twitter

ဆက်စပ် ဆောင်းပါးများ

ခြောက်သွေ့တဲ့ အသားအရေအတွက် အသားအရေထိန်းသိမ်းနိုင်မယ့်နည်းလမ်းများ

5 hours ago

ကလေးများ ဖွံ့ဖြိုးကြီးထွားမှုဆိုတာ

6 hours ago

ကလေးများ ဉာဏ်ရည်ထက်မြက်စေတဲ့ အစားအစာများ

7 hours ago

သွေးပေါင်ချိန်ကို လျော့ချပေးနိုင်မယ့် အစားအစာများ

1 day ago

‌အရက်ကြောင့်ဖြစ်ရသော အသည်းရောဂါ။

1 day ago

မျက်နှာအရေပြားအဆီပြန်ခြင်းကို သက်သာစေနိုင်သည့် နည်းလမ်းများ။

1 day ago

ကျန်းမာရေးအမျိုးအစားအလိုက် ခေါင်းစဉ်များ

  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • သွေးတိုးရောဂါရှင်များအတွက်ဆောင်ရန်/ရှောင်ရန် ( ၁၀ )ချက်

    0 shares
    Share 0 Tweet 0
  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ကြည်လင်ဝင်းပသော အသားအရေရရှိစေဖို့ လိုအပ်သောဗီတာမင်နှင့် သတ္တုဓာတ်များ။

    0 shares
    Share 0 Tweet 0
  • ဆီးချိုဘာကြောင့်မကျတာလဲ

    0 shares
    Share 0 Tweet 0
  • ခန္ဓာကိုယ်တွင် သံဓာတ်လွန်ကဲခြင်း အကြောင်းအရင်းများနှင့် ရောဂါလက္ခဏာများ

    0 shares
    Share 0 Tweet 0
  • အနာမြန်မြန်ကျက်စေမဲ့ ပျားရည်

    0 shares
    Share 0 Tweet 0
  • စအိုဖြင့် လိင်ဆက်ဆံခြင်းကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ

    0 shares
    Share 0 Tweet 0
  • ဘယ်လိုအစားအစာတွေက သံဓါတ်စုပ်ယူမှုကို တားဆီးနိုင်သလဲ

    0 shares
    Share 0 Tweet 0
  • သံဓာတ်လွန်ကဲနေသော သူများတွင် သံဓာတ်လျှော့ချဖို့ ဘာတွေစားသင့်သလဲ။

    0 shares
    Share 0 Tweet 0
  • သံဓါတ်လွန်ကဲခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများနှင့် ကုသနည်းများ

    0 shares
    Share 0 Tweet 0
Next Post

အချိန်အခါမဟုတ် ရာသီသွေးဆင်းခြင်း

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f
Youtube
Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms below to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Subscribe For Latest Updates

Sign up to best of business news, informed analysis and opinions on what matters to you.
Invalid email address
We promise not to spam you. You can unsubscribe at any time.
Thanks for subscribing!