fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

အူလှုပ်ရှားမှုပုံမှန်မဟုတ်သောဝေဒနာ

1.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
27/04/2020
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

-အူလှုပ်ရှားမှုပုံမှန်မဟုတ်သောဝေဒနာ(IBS)ဟာ အဖြစ်များတဲ့ အူလမ်းကြောင်းရောဂါလက္ခဏာစု တစ်ခုဖြစ်တယ်။အူမကြီးရဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။

-ယေဘုယျအားဖြင့် သင်မကြာခဏ လေထိုးခြင်း၊ဗိုက်နာခြင်း၊ဗိုက်ကယ်ခြင်း၊လေပွခြင်း နှင့် ဝမ်းလျှောခြင်း (သို့)ဝမ်းပျက်ခြင်း (သို့) နှစ်မျိုးလုံး ဖြစ်ပေါ်ခံစားရပါလျှင် အူလှုပ်ရှားမှုပုံမှန်မဟုတ်ခြင်းကြောင့် ဖြစ်လာသောဝေဒနာ(IBS)ခံစားနေရတာဖြစ်နိုင်ပါတယ်။

-၎င်းဝေဒနာဟာ နာတာရှည် အခြေအနေတစ်ခုအထိဖြစ်နိုင်ပြီး ရေရှည်ဂရုစိုက်ကုသရန်လိုအပ်နိုင်သော်လည်း အူလမ်းကြောင်းထိခိုက်ပျက်စီးခြင်း နှင့် အူမကြီးကင်ဆာဖြစ်စေခြင်းတို့ မဖြစ်စေနိုင်ပါဘူး။

-လူနာ အနည်းစုကပဲဆိုးဆိုးရွားရွားလက္ခဏာပြလေ့ရှိပါတယ်။

အမျာစုကတော့ အစားအသောက်၊နေထိုင်မှုပုံစံ၊စိတ်ဖိစီးမှု ထိန်းချုပ်ခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။

-ဆိုးရွားစွာခံစားရလျှင်တော့ ဆေးဖြင့်ကုသရန် နှင့် ဆွေးနွေးတိုင်ပင်မှုများလုပ်ရန် လိုအပ်ပါတယ်။

 


Q.IBS ဖြစ်နိုင်ခြေလက္ခဏာများ

-၆လ ထက်ပိုပြီး ဗိုက်မအီမသာဖြစ်ခြင်း၊ဗိုက်ပွခြင်း (သို့)

ဝမ်းသွားသည့်အလေ့အထပြောင်းနေခြင်း

-၃လအတွင်း တစ်လကို အနည်းဆုံး၃ရက်ခန့်နီးပါး မကြာခဏဗိုက်နာခြင်း၊ဗိုက်မအီမသာဖြစ်ခြင်း

နှင်အတူ အောက်ပါလက္ခဏာများထဲမှအနည်းဆုံး၂ချက်နှင့်တိုက်ဆိုင်နေခြင်း

၁.ဝမ်းသွားလိုက်သည်နှင့်လက္ခဏာများသက်သာသွားခြင်း

၂.လက္ခဏာစသည်နှင့်ဝမ်းသွားသည့်အကြိမ်ပြောင်းသွားခြင်း

၃.လက္ခဏာစသည်နှင့် ဝမ်းပုံစံအနေအထားပြောင်းခြင်း

Q.အန္တရာယ်ရှိသော လက္ခဏာများ

1.အကြောင်အရင်းမရှိပဲ ကိုယ်အလေးချိန်ကျလာလျှင်

2.စအိုမှသွေးကျလျှင်

3.မိသားစုထဲတွင် အူလမ်းကြောင်းကင်ဆာနှင် မျိုးဥအိမ်ကင်ဆာဖြစ်ဖူးလျှင်

4.အသက်၆၀နှစ်အထက်လူကြီးသူမများတွင် ၆ပတ်ထက်ပိုပြီး ဝမ်းသွားသည့်အလေ့အထပြောင်းလဲနေလျှင်

5.သွေးအားနည်းလျှင်

6.ဗိုက်(သို့)ဝမ်းအိမ်တွင် အလုံးအကျိတ်စမ်းမိလျှင်

7.သွေးထဲတွင်ရောင်ရမ်းမှုကိုပြသော စစ်ဆေးမှုရလာဒ်မြင့်နေလျှင်

Q.ဘယ်သူတွေပိုပြီးအူလှုပ်ရှားမှုပုံမှန်မဟုတ်သောဝေဒနာ(IBS)ပိုခံစားရနိုင်တာလဲ?

-အမျိုးသမီးများ(နှစ်ဆဖြစ်နှုန်းပိုများသည်)

-အသက်၅၀အောက်(အများဆုံးမှာ အသက်၂၀ နှင့်၃၀ကြား)

-မိသားစုတွင် IBS ရှိနေသူ

-စိတ်ပူပန်မှုလွန်ကဲတတ်သူများ

-စိတ်ဓာတ်ကျနေသူများ

-လိင်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ၊ခံစာချက်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရဖူးသူများ

Q.ဖြစ်စေသောအကြောင်းအရင်းများ

တိကျသေချာသောအကြောင်းအရင်းမရှိပါ။

1.အူလမ်းကြောင်းတွင်းရှိကြွက်သားလှုပ်ရှားမှု ပုံမှန်စည်းချက်အတိုင်းမရှိခြင်း

(အားကောင်းပြီးမြန်လျှင်-လေပွခြင်း၊ဗိုက်ကယ်ခြင်းနှင့်ဝမ်းလျှောခြင်း။

နှေးလျှင်-ဝမ်းချုပ်ခြင်း)

2.အူလမ်းကြောင်းအတွင်းရှိအာရုံကြောစနစ်မှ လွန်ကျူးစွာအာရုံခံသတင်းပို့ခြင်း

3.အူယောင်ခြင်း

4.အူလမ်းကြောင်းပိုးဝင်ခြင်း

5.အူလမ်းကြောင်းအကျိုးပြုပိုးလေးများ(Microflora)အပြောင်းအလဲဖြစ်ခြင်း

Q.ပိုဆိုးစေနိုင်သောအရာများ

1.စိတ်ဖိစီးမှုများ

2.ဟော်မုန်းအခြေအနေ

(ရာသီစက်ဝန်းအနားတစ်ဝိုက်တွင်ပိုခံစားရလေ့ရှိပါတယ်)

3.အစားအသောက်များ

အချို့အစားအသောက်မျာဟာ IBS ကို ပိုဆိုးစေပါတယ်။

ယေဘုယျအားဖြင့်ရှောင်သင့်သောအစားအစာများ

*ဂျုံနှင့်လုပ်ထားသောအစာများ

*နို့နှင့်နို့ထွက်ပစ္စည်းများ

*ကြက်သွန်နီ၊ကြက်သွန်ဖြူ

*ပဲအမျိုးမျိုး

*ပန်းဂေါ်ဖီ

*ဂတ်စ်ပါသောအချိုရည်များ

*ပျားရည်

*ပန်းသီး၊သစ်တော်သီး

*ပျားရည်

*မှို


Q.ကုသခြင်း

1.အစားအသောက်အနေအထိုင်

-မိမိနှင့်မတည့်သော ၊လက္ခဏာပိုဆိုးစေသော အစားအသောက်များကိုရှောင်ပါ။

-အချိန်မှန်မှန်စားပါ။

-ရေများများသောက်ပါ။

-အိပ်ရေဝအောင်အိပ်ပါ။

-ကိုယ်လက်လှုပ်ရှားမှုပိုလုပ်ပါ။

-စိတ်အပန်းပြေအောင်နေပါ။

-စိတ်ပူပန်မှုကိုလျော့ချပါ။

2.ဆေးဝါးများ

-ခံစားရသောလက္ခဏာ များ ၊ပြင်ထန်မှုပေါ်မူတည်ပါတယ်။

-သုံးလေ့ရှိသောဆေးများ

*အူလှုပ်ရှားမှုနှေးစေသောဆေးများ

*အူလှုပ်ရှားမှုမြန်စေသောဆေးများ

*ဝမ်းနှုတ်ဆေး

*စိတ်ပူပန်မှုလျော့ချသည့်ဆေးများ

*စိတ်ကျရောဂါသက်သာဆေးများ

*အာရုံကြောရောင်ခြင်သက်သာစေသောဆေးများ

3.အခြား

*အူလမ်းကြောင်းအကျိုးပြုပိုးလေးများပါသောဆေးများ(probiotics)

*အပ်စိုက်ကုသခြင်း

*စိတ်ပူပန်မှုလျော့ချခြင်းနည်းလမ်းများ

Dr.Yin Yin Win

M.B.,B.S (YGN)

Dip.Med.Sc(Family Medicine)

Previous Post

ခုလိုကပ်ရောဂါကာလမှာ ကလေးတစ်ယောက်ဖျားရင် ဘယ်လိုလုပ်မလဲ

Next Post

ကလေးနေမကောင်းဖြစ်ရင် ဘာကျွေးရမလဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.4k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
813

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
426

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးနေမကောင်းဖြစ်ရင် ဘာကျွေးရမလဲ?

အလွှာခြားတာ ပြဿနာတစ်ခုလား?

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ အတွက် မရှိမဖြစ် ခံတပ်များ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.