fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးငယ်များနှင့် လေထိုးလေအောင့်ပြဿနာ

523
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/08/2020
in မိခင်နှင့်ကလေးကျန်းမာရေး, အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

မိခင်ဖြစ်ခွင့်ရတာဟာ အမျိုးသမီးတစ်ဦးအတွက်တော့ ဂုဏ်ယူစရာပါလား..သည်လို ကိုယ့်သားသမီးကို အရိပ်တကြည့်ကြည့်လေးနဲ့ ‌ကြည့်နေရတာကိုက ကြည်နူးစရာပါလားနော်..ဒါပေမယ့် သည်လိုလေးအရိပ်တကြည့်ကြည့်နေဖို့ဆိုတာ သူတို့လေးတွေမကြီးလာခင်အထိပဲရမှာပေါ့လေ…ကိုယ်တွေကတော့ သည်အတိုင်းလေးပဲ ကိုယ့်ကလေးလေးကိုတစ်သက်လုံး စောင့်ရှောက်သွားချင်မိတော့တယ်…
မနက်နှစ်နာရီ။

မဖြိုး တစ်ယောက် လသားအရွယ်ကလေးလေးကို သူ့ဘေးမှာထားပြီး ကလေးလေးမျက်နှာကို ကြည့်နေရှာတယ်။အတွေးပေါင်းများစွာနဲ့ အိပ်လို့ကလည်းညမပျော်သေး။ ကလေးထိန်းပြီး သည်လို ညဘက် ညဘက် ကလေးကို စိတ်မချလို့ အိပ်မရခဲ့တဲ့ညတွေ ဆိုတာက သည်ကလေးလေး အသက်နှစ်လတောင် ကျော်သွားပြီ။သားဦီးဆိုတော့ပိုလို့တောင် ဆိုးနေသေး။အမျိုးသားက အလုပ်နဲ့နယ်မှာ။အဘွားဖြစ်သူကတော့ထိန်းပေးရှာပါတယ်။ဒါပေမယ့် အမြဲတစေတော့ဘယ်ဟုတ်မှာလဲ။ ကိုယ်က အမေပဲ။ကိုယ်သာအဓိကကြည့်ရမှာပေါ့။ သည်လို ကြည့်နေမှပဲ စိတ်ချတော့တယ်။ကိုယ့်ကလေးကို။အင်း..ခက်တာပါပဲ။ကလေးက ညနေမိုးချုပ်ခါနီးထဲက ထထငိုနေပါလား။ခုမှပိုပိုငိုလာသလိုပဲ။ဗိုက်ဆာလို့များလား။နို့တိုက်တော့လည်း အဆင်မပြေ။ပိုတောင်ဆိုးသွားသလားပဲ။ စိတ်တွေလည်း ညစ်ပါတယ်။မေမေ့ကလေးလေး ဘာကိုအလိုမကျလို့ငိုနေတာပါလိမ့်။

မဖြိုး တစ်ယောက် ကလေးလေး သည်လိုငိုသည်ကို အရင်က မကြုံဖူး၍ အလွန်စိုးရိမ်လာသည်။

မဖြစ်သေးဘူး…ငါဆရာဝန်သွားပြမှ ဖြစ်တော့မယ်။

ကလေး‌လေးကို ချီကာဆေးရုံသို့ အမြန်ပြေးတော့သည်။အမေတစ်ယောက်ဖြစ်ရသည်က တာဝန်ကြီးလွန်းလှသည်။ကိုယ့်သားသမီးကို မျက်ခြေမပြတ်စောင့်ကြည့်နိုင်ကာမှ တော်ရုံကျမည်။အခုတော့ တခြားမည်သည့်အရာကိုမှ ထည့်မတွေးနိုင်တော့။ မိမိကလေးတစ်ခုခုဖြစ်နေမှာပင် စိုးရိမ်နေမိသည်။ငိုလို့လာပြတာဆိုပြီး ဆရာဝန်‌ဆရာမတွေ ရယ်ချင်လဲရယ်ပါစေ။ မိမိကလေးလေး တစ်ခုခု မှားနေသည်ကိုတော့ မိမိ၏ မသိစိတ်က ခန့်မှန်းလို့ရ‌သည်။ ဘာဖြစ်ဖြစ် စိတ်ချရအောင် ဆေးရုံတော့ ရောက်အောင် သွားမှဖြစ်မည်။

ဆေးရုံသို့ရောက်သော်-

ကလေးအမေ ကလေး ဘာများဖြစ်လို့တုန်း

ဆရာဝန်က မေးလိုက်သည်။

ဆရာရယ် ကလေးကလေ ဒီနေ့ညမှ တအားငိုနေတယ်။ဘာဖြစ်တာလဲလဲမသိဘူး။

ငိုတာ တစ်ခုပဲလား တခြားဘာဖြစ်သေးလဲ…။

ဘာမှမဖြစ်ဘူးဆရာ မနက်ကရော အရင်နေ့ကရော အကောင်းပဲ ဒီညမှပဲ ငိုနေတာ…။

ဟုတ်လား တစ်ချက် ပြပါဦီး ကလေးကို…။

ဆရာဝန်မှ ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့် စမ်းသပ်နေသည်။

‌ကဲ မေမေ ဒီမှာထိုင် ဆရာရှင်းပြမယ်။

ဟုတ်ကဲ့ပါ ဆရာ…။

ကလေးတွေ ဒီလို ရုတ်တရက် အကြောင်းမရှိပဲ ညဘက်ထငိုတယ်ဆိုတာ လေထိုးလေအောင့်တာကြောင့် က အဓိကပဲ။

မဖြိုးတစ်ယောက် ‌မျက်လုံးလေးကလယ်ကလယ်နှင့် စိတ်ဝင်စားစွာ နားထောင်နေရှာသည်။

ကလေးငယ်များနှင့် လေထိုးလေအောင့်ပြဿနာ

  • မွေးကင်းစကလေးငယ် အများစုဟာ ဗိုက်ဆာရင်ဖြစ်ဖြစ် သူတို့လေးတွေ diaperမလဲရသေးတဲ့အခါမှာဖြစ်ဖြစ်ငိုနေတတ်ပါတယ်။ ဒါပေမယ့် အကြောင်းမရှိပဲ ငိုနေတာဆိုရင်တော့ ဗိုက်နာနေတာလို့ ယူဆလို့ရပါတယ်။ကလေးငယ်တွေ မျက်နှာတွေနီလာမယ်၊ လက်သီးဆုပ်ထားတယ်၊ ‌ကော့ကော့ထိုးပြီး ငိုနေတာဆိုတဲ့ အချက်တွေကို ကြည့်ပြီး အကဲခတ်လို့ရပါတယ်။
  • မွေးကင်းစအရွယ်ကလေးငယ်တွေမှာ မွေးမွေးပြီးချင်း ရက်သတ္တပတ်အနည်းငယ်ကနေ သုံးလလေးလအရွယ်လောက်ထိ လေထိုးလေအောင့်ပြဿနာ အဖြစ်များပါတယ်။
  • ကလေးအများစု ဖြစ်လေ့ဖြစ်ထရှိတတ်တာမို့ စိတ်ပူရန် မလိုပါဘူး။
  • လေထိုးတာဟာ ရက်သတ္တပတ်အနည်းငယ်သာ ဖြစ်ပွားတတ်ပြီး သူ့ဘာသာသူ ပျောက်သွားနိုင်ပါတယ်။
  • ကလေးငယ်ကို နို့တိုက်ပုံ နို့တိုက်နည်းမမှန်တာကြောင့်လဲ လေထိုးတာမျိုးဖြစ်နိုင်ပါတယ်။
  • ကလေးငယ်တွေ ငိုနေချိန်မှာ လေလည်တာမျိုးရှိမယ်ဆို လေထိုးတာကြောင့် ဖြစ်တယ်လို့ယူဆလို့ရပါတယ်။
  • ငိုတာအပြင် တခြားလက္ခဏာတွေဖြစ်တဲ့ ဝမ်းသွားခြင်း၊ ဝမ်းထဲသွေးပါခြင်း စတာတွေရှိခဲ့ရင်တော့ ဆေးရုံဆေးခန်းသွားပြသင့်ပါတယ်။
  • ဆေးလိပ်သောက်တဲ့မိခင်‌တွေရဲ့ ကလေးတွေမှာ ပိုအဖြစ်များတတ်ပါတယ်။
  • ကလေးဟာ အမေနို့မဟုတ်ပဲ တခြားနို့တွေတိုက်မယ် ဆိုရင်သတိထားရပါမယ်။ဓာတ်မတည့်တာမျိုး‌ကြောင့် လေထိုးလေအောင့်တာလဲဖြစ်နိုင်လို့ပါ။

လေထိုးလေအောင့် မဖြစ်အောင် ဘယ်လိုလုပ်ရမလဲ?

  • ကလေးငယ်ကို နို့တိုက်ပြီးတိုင်း ကလေးကိုထောင်ထားပြီး ကျောကုန်းကို အသာပုတ်ပြီး ၁၀မိနစ်ခန့် ကြာအောင် လေထုတ်ပေးရပါမယ်။ကလေးပါးစပ်မှ လေတက်တဲ့အထိလုပ်ပေးသင့်ပါတယ်။
  • နို့နှင့်နို့ထွက်ပစ္စည်းတွေကို အမေကိုယ်တိုင်ရော ကလေးကိုပါ တိုက်ခြင်းမျိုး ရှောင်သင့်ပါတယ်။
  • အမေမှ ကော်ဖီ လက်ဖက်ရည် စသည့် ကဖိန်းဓာတ်တွေပါတာမျိုးကို ရှောင်ရင် ပိုကောင်းပါတယ်။
  • လူကြီးတွေသောက်သလို ဆေးတွေ ကိုယ့်သဘောနဲ့တိုက်တာမျိုးလဲ မလုပ်သင့်ပါဘူး။လေဆေးတစ်မျိုးတည်း တိုက်နိုင်ရင် လုံလောက်ပါတယ်။
  • အရွက်ပြုတ် ဆေးမြီးတို တိုက်တာမျိုးတွေက မသက်သာတဲ့အပြင် ကလေးငယ်ကို အန္တရာယ်ရှိစေနိုင်လို့ လုံးဝမပြုလုပ်သင့်ပါဘူး။
  • ကလေးငယ်ကို သက်တောင့်သက်သာရှိအောင် ထားပေးရပါမယ်။

ဆရာဝန်က ရှင်းပြပြီးသောအခါ မဖြိုးတစ်ယောက် သက်ပြင်းချနိုင်ခဲ့ပါပြီ။ သည်လိုဆောင်ရန်ရှောင်ရန် အချက်တွေကိုသာ သိပြီးရင်တော့ ကလေးကို အကောင်းဆုံးကာကွယ်ပေးလို့ရပြီပေါ့။

ကျေးဇူးတင်ပါတယ် ဆရာရယ်….။

 

ကဲ ကလေးအမေ..အခု ကလေးကို လေဆေးလေးပေးထားလိုက်မယ်။ဆရာပြောသလို ကလေးကို လေသေချာထုတ်ပေးရမယ်နော်။

ကလေး လေထိုးရင် သည်လိုဖြစ်တတ်တာကို အိမ်က မိသားစုဝင်တွေကိုပါ ပြောပြထားဦီးမှပါပဲ။

မဖြိုးတစ်ယောက် အခုမှပဲ စိတ်ချလက်ချအိမ်ပြန်နိုင်တော့သည်။

Author : Dr.AM

Previous Post

ဉာဏ်ရည်ထက်မြက်ပြီး လိမ္မာယဥ်ကျေးတဲ့ သားသမီးဖြစ်ဖို့ မေမေတို့ ဘယ်လိုပြုစုပျိုးထောင်သင့်လဲ?

Next Post

ဗီတာမင်ဘီ ကြွယ်ဝသော သဘာဝအစားအစာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
259

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.4k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဗီတာမင်ဘီ ကြွယ်ဝသော သဘာဝအစားအစာများ

ကျန်းမာရေးအန္တရာယ်အချိုရည်စုံကိုကလေးတို့မစွဲလန်းစေချင်ပါ

ဝမ်းပျက်ဝမ်း‌လျှောတိုင်း ဝမ်းပိတ်ဆေးသောက်သင့်သလား??

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.