fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

အစာအိမ်ရောင်ရမ်းခြင်းတွင် မစားသင့်သော အစားအစာများ

115
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/10/2020
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

အစာအိမ်ရောင်ရမ်းခြင်းဆိုသည်မှာ အစာအိမ်၏ အနားသတ်နံရံများ ရောင်ရမ်းခြင်းဖြစ်နေသော မည့်သည့်အခြေအနေကိုမဆို ခေါ်ဆိုခြင်းဖြစ်သည်။
ထိုသို့ အစာအိမ်ရောင်ရမ်းသော အခြေအနေကို သက်သာစေရန်နှင့် ကုသမှုပြုလုပ်ရာတွင် အရေးကြီးသော အချက်တစ်ချက်မှာ စားသောက်သော အစားအစာများကို ဂရုစိုက်ရန် ဖြစ်ပါသည်။
အချို့သောအစားအစာများသည် အစာအိမ်ရောင်ရမ်းခြင်းကို ပိုမိုဆိုးရွားစေသလို အချို့သောအစားအစာများသည် အစာအိမ်ရောင်ရမ်းခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါသည်။
ယေဘူယျအားဖြင့် အစာအိမ်ရောင်ရမ်းခြင်း၏ လက္ခဏာများမှာ အစာမကြေခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း၊
ပျို့အန်ခြင်းနှင့် ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းတို့ဖြစ်ကြပါသည်။
အစာအိမ်ရောင်ရမ်းခြင်းဖြစ်ကြသူအများစုတွင် အစာအိမ်ရောင်ရမ်းခြင်းသည် သာမန်မျှသာဖြစ်၍ ဆေးကုသမှုခံယူပြီးသောအခါမှာ လျှင်မြန်စွာပျောက်ကင်းသွားတတ်ကြသည်။ သို့သော် အချို့သော အစာအိမ်ရောင်ရမ်းမှုများသည် အစာအိမ်အနာနှင့် အစာအိမ်ကင်ဆာဖြစ်ခြင်းတို့ကို ဦးတည်စေနိုင်ပါသည်။
အထက်တွင် ဖော်ပြခဲ့ပြီးသည့်အတိုင်း မှန်ကန်သော နည်းစနစ်များဖြင့် အစာစားသုံးခြင်းသည် အစာအိမ်ကျန်းမာရေးကို များစွာအကျိုးသက်ရောက်စေနိုင်ရုံသာမက ခန္ဓာကိုယ်၏ အခြားစနစ်များအပေါ်ပါ အကျိုးသက်ရောက်မှုရှိပါသည်။ အစာအိမ်ရောင်ရမ်းသော အခြေအနေတွင်လည်း အစာအိမ်နှင့်တည့်သော တစ်နည်းအားဖြင့် အစာအိမ်ရောင်ရမ်းမှုကိုသက်သာစေသော အစားအစာများစားပေးခြင်းအားဖြင့် လည်းကောင်း၊ အစာအိမ်နှင့် မတည့်သော အစားအစာများကို ရှောင်ကြဉ်ခြင်းဖြင့် လည်းကောင်း အစာအိမ်ရောင်ရမ်းမှု ဝေဒနာများကို လျှင်မြန်စွာသက်သာပျောက်ကင်းစေနိုင်ပါသည်။

အောက်ပါအစားအစာများကိုစားခြင်းအားဖြင့် အစာအိမ်ရောင်ရမ်းမှု ဝေဒနာကို ပိုမိုဆိုးရွားစေနိုင်ပါသည်။
– ကော်ဖီ၊ လက်ဖက်ရည်
– အရက်
– ပူသောစပ်သောအစားအစာများ
– ငြုတ်ကောင်းမှုန့်
– အဆီများသောအစားအစာများ၊
– အဆီဓာတ်များသော နို့ထွက်ပစ္စည်းများ၊
– ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ စပျစ်သီးနှင့် ဘယ်ရီသီးကဲ့သို့ ချဉ်သောအသီးအနှံများ
– ဆီကြော်အစားအစာများ၊
– ဝက်အူချောင်း၊ ကြက်အူချောင်း ကဲ့သို့ ကြာရှည်ခံအောင်ပြုလုပ်ထားသောအစားအစာများ
– ကာဗွန်ဒိုင်အောက်ဆိုက်များစွာပါဝင်သော ရှတတ အရသာရှိသည့်အချိုရည်အအေးဘူးများ စသည်တို့ဖြစ်ပါသည်။ အထက်ပါဖော်ပြထားသောအစားအစာများအပြင် အချို့သောအစားအစာသည် မိမိတစ်ဦးတစ်ယောက်ထဲအတွက် အစာအိမ်ရောင်ရမ်းခြင်းဝေဒနာကို ပိုမိုဆိုးရွားလာသည်ဟု သတိပြုမိပါက ထိုအစားအစာကို သတိပြုရှောင်ကြဉ်ရန်လိုအပ်ပါသည်။

အစာအိမ်ရောင်ရမ်းခြင်းကို သက်သာစေသောနောက်ထပ်နည်းလမ်းတစ်ခုမှာ အစားအစာများကို ပမာဏ နည်းနည်းဖြင့် မကြာခဏစားပေးခြင်းဖြစ်ပါသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့်လည်း အစာအိမ်ရောင်ရမ်းမှု ဝေဒနာများကို သက်သာ ပျောက်ကင်းစေနိုင်ပါသည်။
အသက်ကို ဉာဏ်စောင့်ဆိုသကဲ့သို့ မိမိတို့၏ နေထိုင်စားသောက်မှုပုံစံများသည် မိမိတို့ ခံစားရသော ရောဂါများနှင့် ကျန်းမာရေးကို များစွာ အကျိုးသက်ရောက်မှုဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် အစာအိမ်ရောင်ရမ်းမှု ဝေဒနာနှင့် မတည့်သော အစားအစာများကို ရှောင်ကြဉ်ခြင်းအားဖြင့် အစာအိမ်ရောင်ရမ်းမှု ဝေဒနာကို အမြန်ဆုံး ပျောက်ကင်းသက်သာပါစေကြောင့်း ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။

Author . Dr. CK

Previous Post

ကောင်းမွန်တဲ့အိပ်စက်ခြင်းကို ရရှိစေသည့် နည်းလမ်း ၇ သွယ်

Next Post

Covid-19 ကာလအတွင်း သားသားမီးမီးတို့အတွက် ဖေဖေမေမေတို့က စံပြလုပ်ဆောင်ပြရမည့် ကျန်းမာပျော်ရွှင်သော နေထိုင်မှုဘဝပုံစံ။ 

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.4k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
812

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
424

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

Covid-19 ကာလအတွင်း သားသားမီးမီးတို့အတွက် ဖေဖေမေမေတို့က စံပြလုပ်ဆောင်ပြရမည့် ကျန်းမာပျော်ရွှင်သော နေထိုင်မှုဘဝပုံစံ။ 

လှပပြီး ဆွဲဆောင်မှုရှိသော အသားအရေကိုရရှိစေသည့် အသီးအနှံ ၄ မျိုး

Covid-19 ကူးစက်ရောဂါကာလအတွင်း ဖြစ်ပေါ်လာနိုင်သော ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုပြဿနာများကို လျှော့ချခြင်း  

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.