ဘယ်အရာတွေဟာ အစာအိမ်ရောင်ရောဂါ ဖြစ်စေပါသလဲ
အပူအစပ်များစားခြင်း၊ ဆေးလိပ်သောက်ခြင်း
အရက်အလွန်အကျွံသောက်ခြင်း
နာတာရှည်အော့အန်ခြင်း၊ စိတ်ဖိစီးမှု
အကိုက်အခဲပျောက်ဆေး၊ စပ်ဆေးများ
စတာတွေကြောင့် အစာအိမ်နံရံများကို ထိခိုက် ရောင်ရမ်းစေပါတယ်။
ထို့ပြင် ဗက်တီးရီးယား ဥပမာ – H. pylori ပိုးဝင်ခြင်း၊ သည်းခြေရည်ပြန်ကန်တက်ခြင်း တို့ကြောင့်လည်းအစာအိမ်ရောင်စေနိုင်ပါတယ်။
ရောဂါလက္ခဏာများ
၁။ ပျို့ခြင်း၊ အန်ခြင်း
၂။ အစာမကြေခြင်း
၃။ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
၄။ ဗိုက်နာခြင်း
၅။ ရင်ညွန့် နဲ့ ဝမ်းဗိုက်တစ်ဝိုက် ပူလောင်ခြင်း
၆။ ကြို့ထိုးခြင်း
ရ။ ခံတွင်းပျက်ခြင်း
၈။ သွေးမည်းမည်းများ အန်ခြင်း
၉။ ကတ္တရာစေးကဲ့သို့ ဝမ်းမည်းမည်းများ သွားခြင်းတို့
ဖြစ်ပါတယ်။
အစာအိမ်ရောင်ရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ
နည်းလမ်းများအနေနဲ့
၁။ ဆီများသော အစာအသောက် ဥပမာ – ဆီကြော်များ၊ အပူအစပ်များ ရှောင်ပါ။
၂။ အစားစားပြီးချိန် ၂-၃ နာရီအတွင်း လှဲလျောင်းခြင်း၊ အိပ်စက်ခြင်း မပြုလုပ်ရပါ။
၃။ စိတ်ဖိစီးမှု လျှော့ချပါ။
၄။ ကော်ဖီလျှော့သောက်ပါ။
၅။ ဆေးလိပ်ဖြတ်ပါ။
၆။ အရက်ဖြတ်ပါ။ မဖြတ်နိုင်ရင် လျှော့သောက်ပါ။
ရ။ ဆရာဝန်ညွန်ကြားချက်မပါဘဲ
အကိုက်အခဲပျောက်ဆေးများ မသောက်သုံးသင့်ပါ။
အားလုံးကျန်းမာချမ်းသာကြပါစေ။