fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုဗစ်ရောဂါ

ကလေးငယ်များ COVID-19 ကူးစက်ခံရနိုင်ခြေနှင့် ကာကွယ်ရန်နည်းလမ်းများ

316
VIEWS
Share on FacebookShare on TwitterShare on Linkedin
20/08/2021
in ကိုဗစ်ရောဂါ, မိခင်နှင့်ကလေးကျန်းမာရေး, အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
1 min read
A A

ကလေးတွေမှာ COVID ဖြစ်တာကို အတွေ့ရနည်းပေမဲ့ လူကြီးတွေနည်းတူ COVID ရောဂါကူးစက်ဖြစ်ပွားနိုင်ပါတယ်။ ကလေးတွေမှာ မွေးကင်းစကနေ ဆယ်ကျော်သက်အထိ အသက်အရွယ်မရွေး ကိုဗစ်ဖြစ်ပွားနိုင်သလို သူတို့ဆီကနေလည်း ရောဂါကူးစက်နိုင်ပါတယ်။

ကိုဗစ်ရောဂါပိုးကူးစက်ခံရတဲ့ ကလေးငယ်တော်တော်များများက လူကြီးတွေလို ပြင်းပြင်းထန်ထန် ဖျားလေ့မရှိပါ။ သာမန်ချောင်းဆိုး၊ နှာစေးလောက်ပဲဖြစ်တတ်တဲ့အပြင် တစ်ခါတလေမှာ ဘာလက္ခဏာမှ မပြတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါပေမဲ့ ကလေးငယ်တွေက ကိုဗစ်ကို ခံနိုင်ရည်ရှိတယ်လို့တော့ အမှတ်မမှားသင့်ပါ။

သတိပြုစရာအချက်တစ်ခုအနေနဲ့က ကလေးတွေမှာဖြစ်တတ်တဲ့ ကိုဗစ်ရဲ့ပြင်းထန်နောက်ဆက်တွဲ ပြဿနာတစ်ခုဖြစ်တဲ့ ခန္ဓာကိုယ်တွင်းစနစ်များ ရောင်ရမ်းရောဂါ (Multisystem Inflammatory Syndrome in Children – MIS-C) ပဲ ဖြစ်ပါတယ်။ အတွေ့ရနည်းလွန်းပေမဲ့ ဒီရောဂါကြောင့် ကလေးရဲ့နှလုံးအပါအဝင် တခြားကိုယ်တွင်းအင်္ဂါတွေ ရောင်ရမ်းရာကနေ ထိခိုက်ပျက်စီးလာပြီး အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် ကလေးတွေ ကိုဗစ်ဖြစ်တဲ့အခါမှာ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ကလေးငယ်များရဲ့ COVID-19 ကူးစက်နိုင်ခြေ

လူကြီးတွေနည်းတူ ကလေးတွေမှာ ကိုဗစ်ရောဂါပိုးကူးစက်နိုင်ခြေဟာ အတူတူပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်ထိတော့ ကလေးတွေမှာ ကိုဗစ်ရောဂါဖြစ်တာ အတော်ကိုနည်းပါသေးတယ်။

ကိုဗစ်ရောဂါပိုးရှိသူ ချောင်းဆိုး၊ နှာချေရာကတဆင့် အသက်ရှူလမ်းကြောင်းထဲက ဗိုင်းရပ်စ်ပိုးပါတဲ့ အစက်အမှုန်တွေကို တိုက်ရိုက်ထိတွေ့မိရင် ဒါမှမဟုတ် ရောဂါပိုးကပ်ငြိနေတဲ့ မျက်နှာပြင်တွေနဲ့ ထိတွေ့ရင် ကူးစက်နိုင်ပါတယ်။

ကိုဗစ်အတည်ပြုလူနာနဲ့အထိအတွေ့ရှိဖူးရင် (၆ ပေအတွင်း ၁၅ မိနစ်လောက် စကားပြောဆိုထိတွေ့ဖူးရင် ဒါမှမဟုတ် တစ်နေ့မှာ ၅ မိနစ်ခန့် စကားပြောဆိုထိတွေ့ချိန်ဟာ ၃ ကြိမ်နဲ့အထက် ရှိဖူးရင်) လည်း ရောဂါပိုးကူးစက်ခံရနိုင်ပါတယ်။

ကလေးတွေမှာ တွေ့ရနိုင်တဲ့ COVID ရောဂါလက္ခဏာများ

ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားတဲ့ ကလေးငယ်အများစုက သာမန်ချောင်းဆိုး၊ နှာစေးဝေဒနာလောက်ပဲ ခံစားရတတ်ပြီး မြန်မြန်သက်သာပျောက်ကင်းလာတတ်ပါတယ်။

အတွေ့ရများတဲ့ ရောဂါလက္ခဏာတွေက ချောင်းဆိုးတာ၊ နှာစေးနှာပိတ်တာ၊ ဖျားတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ ခေါင်းကိုက်တာ၊ အစားအသောက်နည်းလာတာ၊ ဂျီကျတာ၊ နုံးခွေနေတာတွေပဲ ဖြစ်ပါတယ်။

ပန်းနာရင်ကျပ်ရောဂါ၊ အဝလွန်ရောဂါ၊ မွေးရာပါနှလုံးရောဂါ စတဲ့ ရောဂါအခံရှိတဲ့ ကလေးတွေမှာတော့ အပြင်းအထန်ဖျားတတ်တဲ့အတွက် ပိုဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

တစ်နှစ်အောက် ကလေးငယ်တွေမှာလည်း ကိုယ်ခံအားစနစ်အားနည်းနေသေးတဲ့အတွက် အပြင်းအထန်ဖျားတတ်ပါတယ်။

အလွန့်အလွန်ကို ရှားပါးတဲ့အခြေအနေမှသာ ကိုဗစ်နောက်ဆက်တွဲပြဿနာဖြစ်တဲ့ MIS-C ရောဂါကို ခံစားရပြီး အသက်အန္တရာယ်စိုးရိမ်ရတတ်တာ ဖြစ်ပါတယ်။

ဘယ်လိုလက္ခဏာပြရင် MIS-C လို့ သံသယရှိရမလဲ

ကလေးက ရက်အတော်ကြာ ဖျားလာပြီး

– ခန္ဓာကိုယ်မှာ အနီစက်တွေထွက်လာရင်

– သာမန်ထက် ပိုဂျီကျ၊ ပိုနုံးလာရင်

– မျက်လုံးနီလာရင်

– ဗိုက်အောင့်ဗိုက်နာဖြစ်လာရင်

– အန်ရင် ဒါမှမဟုတ် ဝမ်းလျှောရင်

– လည်ပင်းအကြိတ် ကြီးလာ၊ ရောင်လာရင်

– ဇက်ပိုးနာလာရင်

– ကလေးရဲ့လျှာ ပုံမှန်ထက် ပိုနီရဲလာရင်၊ နှုတ်ခမ်းတွေ နီရဲပြီး ကွဲအက်လာရင်

– လက်တွေခြေတွေ ရောင်ရမ်းလာရင် နီးစပ်ရာ အထွေထွေရောဂါကုဆရာဝန် ဒါမှမဟုတ် ကလေးအထူးကုဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။

ကလေးငယ် COVID-19 မကူးစက်အောင် ကာကွယ်ရမယ့် နည်းလမ်းများ

ကိုယ့်ကလေးငယ် ကိုဗစ်ရောဂါမကူးစက်အောင် မိဘတွေက အောက်ပါနည်းလမ်းတွေကို စနစ်တကျနဲ့ လုပ်ဆောင်ပေးသင့်ပါတယ်။

၁။ အပြင်ခေါ်သွားဖို့လိုတဲ့အခါ အသက် ၂ နှစ်နဲ့အထက် ကလေးငယ်တွေကို Mask တပ်ခိုင်းပါ။ တခြားသူတွေနဲ့ ၆ ပေအကွာမှာ နေပါ။ အသက်၂ နှစ်အောက် ငယ်လွန်းတဲ့ကလေးတွေမှာတော့ လေပြွန်သေးငယ်သေးတာကြောင့် Mask တပ်ပေးမယ်ဆို အသက်ရှူကြပ်တာမျိုး ဖြစ်နိုင်တဲ့အတွက် ဒီလိုအခြေအနေမှာဆိုရင်တော့ ကလေးနဲ့အပြင်လုံးဝမထွက်တာ ဒါမှမဟုတ် လူဦးရေထူထပ်တဲ့နေရာကို ရှောင်ကြဉ်တာ စတာမျိုး လုပ်သင့်ပါတယ်။

၂။ ကလေးကို ဖျားနာသူနဲ့ ဝေးရာမှာ ထားပါ။ အိမ်မှာ ဖျားနေတဲ့သူ၊ ချောင်းဆိုးနေတဲ့သူရှိနေရင် ကလေးအနားမကပ်ခိုင်းပါနဲ့။ ချောင်းဆိုး၊ နှာချေရင် တံတောင်ဆစ်ကွေး ဒါမှမဟုတ် တစ်ရှူးနဲ့ဖုံးအုပ်ပါ။ သုံးပြီးသားတစ်ရှူးကို အဖုံးပါတဲ့အမှိုက်ပုံးထဲ စွန့်ပစ်ပါ။

၃။ မိဘတွေ ကလေးကို မချီခင်မှာ လက်ဆေးပါ။ ကလေးအသက်နည်းနည်းကြီးလာရင် လက်ဆေးတတ်တဲ့အကျင့်ကို မွေးမြူပေးပါ။ အပြင်က ပြန်လာတိုင်းနဲ့ အစားအသောက်မစားမီတိုင်း လက်ကို ဆပ်ပြာနဲ့ စနစ်တကျ ဆေးကြောတတ်အောင် လေ့ကျင့်ပေးပါ။

၄။ ကလေးငယ်လေးတွေမှာ တွေ့ရတတ်တဲ့ မျက်နှာကို လက်နဲ့ခဏခဏ ထိတတ်ကိုင်တတ်တဲ့အကျင့်ကို ထိန်းသိမ်းပြုပြင်ပေးပါ။ ဒီအကျင့်က ရောဂါပိုးကူးစက်ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေတဲ့အတွက်ဖြစ်ပါတယ်။ လက်ကို စနစ်တကျမဆေးကြောထားဘဲ မျက်နှာကို ကိုင်တွယ်ထိတွေ့တာမျိုးမလုပ်ဖို့ လေ့ကျင့်ပေးပါ။

၅။ အိမ်မှာရှိတဲ့ အထိအတွေ့၊ အကိုင်အတွယ်များတဲ့ ပစ္စည်းတွေ (ဥပမာ – တံခါးလက်ကိုင်၊ လှေကားလက်တန်း၊ စားပွဲ) စတာတွေကို သန့်ရှင်းရေးသုံးပိုးသတ်ဆေးရည်နဲ့ ပုံမှန်သန့်ရှင်းပေးပါ။

၆။ အာဟာရဓာတ်ပြည့်ဝတဲ့ အစားအသောက်တွေ ပုံမှန်ကျွေးမွေးပါ။ ကိုယ်ခံအားကောင်းမွန်နေရင် ရောဂါဖြစ်ပွားတဲ့အခါ ပိုခံနိုင်ရည်ရှိပြီး မြန်မြန်သက်သာပျောက်ကင်းလာနိုင်ပါတယ်။

ကလေးတွေ ကိုဗစ်ကာကွယ်ဆေးထိုးလို့ရသလား

လက်ရှိ ထိုးနေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေဟာ အသက် ၁၈ နှစ်နဲ့အထက်အတွက် ဖြစ်တာကြောင့် ကလေးငယ်တွေမှာ ထိုးလို့မရသေးပါဘူး။ အမေရိကန်နိုင်ငံမှာတော့ ကိုဗစ်ကာကွယ်ဆေးကို အသက် ၁၆ နှစ်နဲ့အထက်ထိုးဖို့ ခွင့်ပြုချက်ရထားပေမဲ့ အသက်ငယ်သေးတဲ့ကလေးတွေအတွက် ကိုဗစ်ကာကွယ်ဆေးက လက်ရှိမှာ စမ်းသပ်နေကြဆဲပဲ ဖြစ်ပါတယ်။

Author: ဒေါက်တာကောင်း (ဆေး – ၂)

Previous Post

အစာမကြေဖြစ်ခြင်းနှင့် နောက်ဆက်တွဲရောဂါပြဿနာများ

Next Post

လေထိုးလေအောင့်ဖြစ်ခြင်းကို သက်သာစေနိုင်မယ့်နည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vape Consumption and Lung Health

Vape သောက်သုံးခြင်းနှင့် အဆုတ်ကျန်းမာရေး

1 year ago
398
Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
264

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
322

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
837

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
summer rain, The reason for having a runny nose during the winter (3) seasons

နွေ၊ မိုး၊ ဆောင်း (၃)ရာသီလုံး နှာစေးရခြင်းအကြောင်း

2 years ago
690

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လေထိုးလေအောင့်ဖြစ်ခြင်းကို သက်သာစေနိုင်မယ့်နည်းလမ်းများ

ကိုဗစ်ကာကွယ်ဆေး မထိုးသင့်တဲ့သူတွေ

ဗိုက်အောင့်ဗိုက်နာဖြစ်လျှင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.