fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

အစာမကြေဖြစ်ခြင်းနှင့် နောက်ဆက်တွဲရောဂါပြဿနာများ

1.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/08/2021
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

“အစာမကြေခြင်း ဝေဒနာခံစားရသောသူများတွင် အစာအိမ်အက်ဆစ်ချဉ်ရည်များသည် အစာရည်မျိုပြွန်သို့ဆန်တက်ခြင်းကြောင့် အစာရည်မျိုပြွန်နံရံများကို အက်ဆစ်တိုက်စားသည့်အတွက် အစာရည်မျိုပြွန်လမ်းကြောင်းကျဉ်းကျုံ့သွားခြင်းရောဂါကို နောက်ဆက်တွဲပြဿနာအဖြစ် တွေ့ရှိရပါသည်။”

အစာမကြေဖြစ်ခြင်းရောဂါဝေဒနာသည် ယေဘုယျအားဖြင့် အောက်ပါရောဂါရှိသောသူများတွင် တွေ့ရလေ့ရှိသည့် ရောဂါလက္ခဏာတစ်ရပ်ဖြစ်ပါသည်။ ၎င်းတို့မှာ

-အစာအိမ်မှ အက်ဆစ်များ အစာရည်မျို‌ပြွန်သို့ ပြန်လည်ဆန်တက်သောရောဂါ   (GERD)

-အစာအိမ်နှင့် အူသိမ်ဦးပိုင်းတွင် အနာဖြစ်သောရောဂါ

-သည်းခြေရောဂါများ စသည်တို့ဖြစ်ကြပါသည်။

 

အစာမကြေဖြစ်ခြင်း၏ ရောဂါလက္ခဏာများ

            -ဝမ်းဗိုက်အထက်ပိုင်း သို့မဟုတ် အစာအိမ်နေရာတွင် ပူလောင်သည့် ဝေဒနာကို ခံစားရခြင်း

-ဗိုက်အောင့်ခြင်း

-ဝမ်းဗိုက်တွင် လေထိုးလေအောင့်ဖြစ်ခြင်း

-ပျို့ခြင်း

-အန်ခြင်း

-ခံတွင်းချဉ်ခြင်း

စသည့် ရောဂါလက္ခဏာများသည် အစာမကြေဖြစ်ခြင်းဝေဒနာ ခံစားနေရသောသူများတွင် တွေ့ရှိရတတ်သည့် ရောဂါလက္ခဏာများ ဖြစ်ကြပါသည်။

အစာမကြေဖြစ်ခြင်း ဝေဒနာကို ဖြစ်စေနိုင်သည့် အကြောင်းရင်း အချက်များ

  အောက်ဖော်ပြပါအချက်များသည် အစာမကြေဖြစ်ခြင်း ရောဂါဝေဒနာကို ဖြစ်စေနိုင်ကြောင်း လေ့လာချက်များအရသိရှိရပါသည်။

-အရက်အလွန်အကျွံ သောက်သုံးခြင်း

-အကိုက်အခဲပျောက်ဆေးများ ၊ ပဋိဇီ၀ပိုးသတ်ဆေးများ၊ သိုင်းရွိုက်လည်ပင်းကြီးရောဂါ ဆေးဝါးများ၊ ကိုယ်ဝန်တားသည့် ဆေးဝါးများ စသည့် ဆေးဝါးများကို အချိန်ကာလကြာရှည်စွာ သောက်သုံးမှီဝဲရခြင်း

-အစာအိမ်အူလမ်းကြောင်းတွင် အခြေခံရောဂါရှိနေခြင်း

-စိတ်သောကများသော ရောဂါ၊ စိတ်ကျရောဂါအစရှိသော စိတ်ပိုင်းဆိုင်ရာရောဂါပြဿနာ များရှိခြင်း

-ဆေးလိပ်သောက်ခြင်း

-စိတ်ဖိစီးမှုများခြင်း

-အဆီဓာတ်များသော အစားအစာများကို မကြာခဏစားသုံးခြင်း

စသည့် အချက်များသည် အစာမကြေဖြစ်ခြင်းကို ဖြစ်စေနိုင်သော အကြောင်းရင်းများအဖြစ် တွေ့ရှိရပေသည်။

အစာမကြေဖြစ်ခြင်း၏ နောက်ဆက်တွဲရောဂါပြဿနာများ

( ၁ )     အစာရည်မျိုပြွန်လမ်းကြောင်း ကျဉ်းမြောင်းသွားခြင်း (  Oesophageal Stricture )

အစာမကြေခြင်း ဝေဒနာခံစားရသောသူများတွင် အစာအိမ်အက်ဆစ်ချဉ်ရည်များသည် အစာရည်မျိုပြွန်သို့ဆန်တက်ခြင်းကြောင့် အစာရည်မျိုပြွန်နံရံများကို အက်ဆစ်တိုက်စားသည့်အတွက် အစာရည်မျိုပြွန်လမ်းကြောင်းကျဉ်းကျုံ့သွားခြင်းရောဂါကို နောက်ဆက်တွဲပြဿနာအဖြစ် တွေ့ရှိရပါသည်။

၎င်းရောဂါတွင်တွေ့ရှိရသော ရောဂါလက္ခဏာများမှာ

-အစာမျိုရန်ခက်ခဲခြင်း

-အစားအစာများသည် လည်ချောင်းတွင် တစ်ဆို့နေခြင်း

-ရင်ဘတ်အောင့်ခြင်း စသည်တို့ဖြစ်ကြပါသည်။

( ၂ )     အစာအိမ်၏ Pylorus အစိတ်အပိုင်းတွင် ကျဉ်းမြောင်းနေခြင်း ( Pyloric Stenosis )

အစာမကြေဖြစ်ခြင်းရောဂါတွင် အစာအိမ်အက်ဆစ်ရည်များ ဆန်တက်ရာမှ အစာအိမ်၏ Pylorus အစိတ်အပိုင်းနေရာအား အက်ဆစ်တိုက်စားသဖြင့်  ကျဉ်းမြောင်းသွားသည့် နောက်ဆက်တွဲ ရောဂါပြဿနာကိုလည်း တွေ့ရှိနိုင်ပါသည်။

 ( ၃ )     ( Barrett’s  Oesophagus ) အစာရည်မျိုပြွန်ကင်ဆာရောဂါအဖြစ်ပြောင်းလဲနိုင်သည့် ရောဂါပြဿနာကို ဖြစ်စေခြင်း

 ၎င်းရောဂါပြဿနာသည် အစာအိမ်၏ အက်ဆစ်ချဉ်ရည်များ ဆန်တက်ခြင်းကြောင့် အစာရည်မျိုပြွန်နံရံရှိ ဆဲလ်များ ပြောင်းလဲမှုများဖြစ်လာသည့် ရောဂါအခြေအနေတစ်ခု ဖြစ်ပါသည်။

ထိုရောဂါပြဿနာတွင် အစာရည်မျိုပြွန်ဆဲလ်များသည် ကင်ဆာအဆင့်သို့ ပြောင်းလဲခြင်း မရှိသေးသော်လည်း နောင်တစ်ချိန်တွင် ကင်ဆာရောဂါဖြစ်နိုင်ခြေများကြောင်း လေ့လာချက်များအရ သိရှိရပါသည်။

အထက်ပါ ဆိုးရွားပြင်းထန်သည့် နောက်ဆက်တွဲပြဿနာများရှိခြင်းကြောင့် အစာမကြေဖြစ်ခြင်း ဝေဒနာကို ကာကွယ်နိုင်ရန် အောက်ဖော်ပြပါဆောင်ရန်ရှောင်ရန် အချက်များကို ဖော်ပြအပ်ပါသည်။

-အစားအစာများကို တစ်ကြိမ်တည်းတွင် ပမာဏများများစားခြင်းမှ ရှောင်ကြဉ်ခြင်း

-အစားစားရာတွင် ကြေညက်စွာ ဝါး၍ စားသုံးခြင်း

-အချဉ်ဓာတ်များသော အစားအစာများ၊ ပူလွန်း စပ်လွန်းသော အစားအစာများကို လွန်ကဲစွာ စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း

-ကဖင်းဓာတ်များသော အစားအစာများကို ရှောင်ကြဉ်ခြင်း

-စိတ်ဖိစီးမှုလျော့နည်းစေရန် ယောဂလေ့ကျင့်ခန်းများကျင့်ခြင်း ၊ ဝိပဿနာရှုမှတ်ခြင်း စသည်တို့ကို ပုံမှန်လုပ်ဆောင်ပေးခြင်း

-ဆေးလိပ်သောက်ခြင်း ၊ အရက်ဘီယာသောက်ခြင်းမှ ရှောင်ကြဉ်ခြင်း

စသည့် အချက်များကို လိုက်နာခြင်းဖြင့် အစာမကြေဖြစ်ခြင်းနှင့် ၎င်း၏ နောက်ဆက်တွဲ ပြဿနာများကို ရှောင်ကြဉ်နိုင်မည် ဖြစ်ကြောင်း အကြံပြုအပ်ပါသည်။

 

Author: Dr မိုး  ( ဆေး  -၁ )

Previous Post

ပါးစပ်ထဲမှာ ခါးခါးနေတာ ဘာလို့လဲ

Next Post

ကလေးငယ်များ COVID-19 ကူးစက်ခံရနိုင်ခြေနှင့် ကာကွယ်ရန်နည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.3k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
796

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
419

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးငယ်များ COVID-19 ကူးစက်ခံရနိုင်ခြေနှင့် ကာကွယ်ရန်နည်းလမ်းများ

လေထိုးလေအောင့်ဖြစ်ခြင်းကို သက်သာစေနိုင်မယ့်နည်းလမ်းများ

ကိုဗစ်ကာကွယ်ဆေး မထိုးသင့်တဲ့သူတွေ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.