fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

လေထိုးလေအောင့်ဖြစ်ခြင်းကို သက်သာစေနိုင်မယ့်နည်းလမ်းများ

2.6k
VIEWS
Share on FacebookShare on TwitterShare on Linkedin
20/08/2021
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

ယနေ့ခေတ် လူတို့၏နေထိုင်စားသောက်မှုပုံစံအရ လူအများစုသည် အစားစားချိန်မမှန်ခြင်း ၊ အလုပ်အကိုင်များတွင် စိတ်ဖိစီးမှုများခြင်း ၊ အလွယ်တကူ အသင့်စားသုံးနိုင်သည့် အစားအသောက်များအား စားသုံးလေ့ရှိကြခြင်းတို့ကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတစ်ခုဖြစ်သည့် လေထိုးလေအောင့်ခြင်းကို ခံစားနေ‌ကြရကြောင်း တွေ့ရှိရပါသည်။

လေထိုးလေအောင့်ခြင်းသည် အချို့သော အစားအစာများကို စားသုံးခြင်းကြောင့် ဖြစ်နိုင်သကဲ့သို့ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြင်းထန်သည့် ရောဂါအခြေအနေအချို့၏ လက္ခဏာအနေဖြင့်လည်း တွေ့ရှိနိုင်ပါသည်။

လေထိုးလေအောင့်ဖြစ်ခြင်းကို ပိုမိုဆိုးရွားစေနိုင်သည့် အစားအစာများ

-ဘရိုကိုလီ၊ ဂေါ်ဖီပွင့် ၊ ဂေါ်ဖီထုပ် ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ပဲအမျိုးမျိုး စသည့် ဟင်းသီးဟင်းရွက်များ
-ဂျုံ နှင့် အုတ် ( Oat ) စသော အစားအစာများ
-နို့နှင့်နို့ထွက်ပစ္စည်းများ
-ပေါင်မုန့်
-သီဟိုဠ်စေ့ စသည့်အစားအစာများသည် လေထိုးလေအောင့်ဖြစ်ခြင်းကို အားပေးသည့်အစားအစာများဖြစ်သဖြင့် လေပွလေအောင့်တတ်သောသူများအနေဖြင့် ရှောင်ကြဉ်သင့်သည့် အစားအစာများဖြစ်ကြပါသည်။

ထို့ပြင် နို့နှင့် ဓာတ်မတည့်သောရောဂါရှိသူများ၊ Celiac Disease ( ပရိုတင်းဓာတ်တစ်မျိုးနှင့် ဓာတ်မတည့်သောကြောင့် ဖြစ်သော ရောဂါတစ်မျိုး ) ၊ အမျှင်ဓာတ်ပါသော အစားအစာများကို အလွန်အကျွံစားသုံးသူများနှင့် အချိုရည်အအေးများကို မကြာခဏသောက်သုံးသည့် အလေ့အထရှိသောသူများတွင်လည်း လေထိုးလေအောင့်ဖြစ်နိုင်ခြေများကြောင်း တွေ့ရှိရပါသည်။

လေထိုးလေအောင့်ခြင်းကို ပိုမိုဆိုးရွားစေနိုင်သည့် အခြေအနေများ
-Crohn’s disease, Ulcerative Colitis , Diverticulitis စသော အူလမ်းကြောင်းဆိုင်ရာရောဂါများ ၊ အူလမ်းကြောင်းကင်ဆာရောဂါများ
-သည်းခြေတွင်ကျောက်တည်ခြင်း ၊ သည်းခြေရောင်ရမ်းခြင်း ရောဂါများ
-ဝမ်းချုပ်ခြင်း
-အစာအိမ်အူလမ်းကြောင်းတွင် ရောဂါပိုးဝင်၍ ရောင်ရမ်းခြင်း
-ပဋိဇီ၀ပိုးသတ်ဆေးများသောက်သုံးခြင်း
-ဝမ်းနုတ်ဆေးများ သောက်သုံးခြင်း စသည့် အခြေအနေများကြောင့်လည်း လေထိုးလေအောင့်ဖြစ်ခြင်းကို ပိုမိုဆိုးရွားပြင်းထန်စေနိုင်ပါသည်။

လေထိုးလေအောင့်ခြင်းကို သက်သာစေနိုင်မည့် နည်းလမ်းများ

-အစားအစာများကို တစ်ချိန်တည်းတွင် ပမာဏအများကြီး မစားဘဲ ပမာဏနည်းနည်းနှင့် အကြိမ်အရေအတွက် များများစားပေးပါ။
-အစာခြေဖျက်ခြင်းဖြစ်စဉ်သည် ပါးစပ်မှနေ၍ စတင်ခြင်းဖြစ်သဖြင့် အစားအစာများကို ကြေညက်စွာ ဖြည်းဖြည်းစားသောက်ပေးပါ။
-ပီကေစားခြင်း နှင့် Gas ပါသော အချိုရည်များကို သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။
-ဆေးလိပ်သောက်ခြင်း နှင့် အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ။
-Lactose ဓာတ်များသောအစားအစာများကို စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။
-ပဲအမျိုးမျိုး ၊ ဟင်းသီးဟင်းရွက်များကို အလွန်အကျွံစားသုံးခြင်းမှ ရှောင်ကြဉ်ပါ။
-ပူလွန်း စပ်လွန်းသော အစားအစာများကို စားခြင်းမှ ရှောင်ကြဉ်ပါ။
-ရေနွေးဖြင့် ရေချိုးခြင်း ၊ ဝမ်းဗိုက်နေရာကို ရေနွေးအိတ်ကပ်ထားခြင်း ပြုလုပ်ပေးပါ။
-Simethicone ပါဝင်သော အစာအိမ်လေဆေးများကို သောက်သုံးပေးခြင်းဖြင့်လည်း လေထိုးလေအောင့်ခြင်းကို သက်သာစေနိုင်မည်ဖြစ်ပါသည်။
-လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် အစာခြေလမ်းကြောင်းဆိုင်ရာလုပ်ငန်းများကို ပိုမိုကောင်းမွန်စေနိုင်သဖြင့် လေပွလေအောင့်ခြင်းကို သက်သာစေရန် ပုံမှန်လေ့ကျင့်ခန်းများကို ပြုလုပ်ပေးပါ။
-Probiotic ကဲ့သို့သော အစာအိမ်အူလမ်းကြောင်းအကျိုးပြုဗက်တီးရီးယားများကို ပေါက်ပွားစေသော ဖြည့်စွက်စာဆေးဝါးများကို သောက်သုံးပေးပါ။

အထက်ပါ ဆောင်ရန်ရှောင်ရန်နည်းလမ်းများကို လိုက်နာခြင်းဖြင့် လေထိုးလေအောင့် ဖြစ်ခြင်းကို သက်သာပျောက်ကင်းစေနိုင်မည် ဖြစ်ကြောင်း အကြံပြုအပ်ပါသည်။

သို့သော် သတိပြုရန် အချက်မှာ အထက်ဖော်ပြပါ နည်းလမ်းများကို လိုက်နာသော်လည်း သက်သာခြင်းမရှိသည့်အပြင် အလွန်အမင်း ဗိုက်ထိုးအောင့်လာခြင်း ၊ အဖျားဝင်လာခြင်း ၊ ဝမ်းထဲတွင် သွေးပါခြင်း စသည့် ရောဂါလက္ခဏာများဖြစ်လာလျှင် ဆရာဝန်နှင့် အမြန်ဆုံး စနစ်တကျ တိုင်ပင်ပြသသင့်ပါသည်။

Author: Dr. မိုး ( ဆေး ၁ )

Previous Post

ကလေးငယ်များ COVID-19 ကူးစက်ခံရနိုင်ခြေနှင့် ကာကွယ်ရန်နည်းလမ်းများ

Next Post

ကိုဗစ်ကာကွယ်ဆေး မထိုးသင့်တဲ့သူတွေ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.3k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
796

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
419

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုဗစ်ကာကွယ်ဆေး မထိုးသင့်တဲ့သူတွေ

ဗိုက်အောင့်ဗိုက်နာဖြစ်လျှင်

အစာအိမ်အချဉ်ပေါက်တယ်ဆိုတာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.