fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို အမြန်ဆုံးသက်သာစေမယ့်နည်းလမ်းများ

8.7k
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/09/2021
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

တစ်ခါတစ်ရံ အစားစားပြီးချိန်မှာ ရင်ထဲမှာမရှင်းသလို အီလည်လည်ကြီး ဖြစ်နေသလို ခံစားချက်မျိုး လူ‌တော်တော်များများ ကြုံရဖူးမှာပါ။ ရင်ပြည့်ရင်ကယ်ဖြစ်တယ်လို့ ‌ဆိုလို့လဲရပါတယ်။

ရင်ပြည့်ရင်ကယ်ခြင်းဟာ အစာမကြေခြင်းရဲ့ လက္ခဏာ တစ်မျိုးဖြစ်ပါတယ်။ အချို့သောသူတွေမှာ  ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းနဲ့အတူ လေချဉ်တက်ခြင်း၊ လေပွခြင်း၊ ပျို့အန်ခြင်းတွေပါ ခံစားရနိုင်ပါတယ်။

 

ရင်ပြည့်ရင်ကယ် ဘာကြောင့် ဖြစ်ရသလဲ

  • အစားအလွန်အကျွံ စားမိရာမှဖြစ်ခြင်း
  • အစားအစာကြောင့် ရင်ပြည့်ခြင်း (ဥပမာ- အဆီများသော အစားအစာများ)
  • အစာအိမ် အူလမ်းကြောင်းနှင့်ဆိုင်သော ရောဂါများ ( GERD အစာအိမ်အချဉ်ပြန်ရောဂါ၊ အစာအိမ်နှင့် အူအနာဖြစ်ခြင်း၊ IBS ခေါ် အူလမ်းကြောင်း ရောင်ယမ်းရောဂါများ- Crohn’s Disease, Ulcerative Colitis ၊ အစာအိမ်ကင်ဆာ)
  • စိတ်ပိုင်းဆိုင်ရာ ပြဿနာများဖြစ်သည့် စိတ်ကျရောဂါ၊ အစိုးရိမ်လွန်ကဲ ရောဂါ စတာတွေမှာ ဖြစ်နိုင်ပါတယ်။

အပေါ်မှာ ပြောခဲ့တဲ့အချက်တွေထဲမှာ ရောဂါအခံတွေကြောင့်လည်း ဖြစ်နိုင်ပေမဲ့ အများစုကတော့  အစားအသောက်တစ်ခုခုကြောင့် သို့မဟုတ် စိတ်ပူပန်နေချိန်နဲ့  စိတ်ဖိစီးနေချိန်တွေမှာ အတွေ့ရများတတ်ပါတယ်။

 

ရင်ပြည့်ရင်ကယ်ခြင်းကို ဘယ်လိုအမြန်ဆုံး သက်သာအောင် လုပ်ရမလဲ

  • ကိုယ်လက် လှုပ်ရှားပေးပါ

အစားစားပြီးတဲ့အခါမှာ အချိန်အကြာကြီးဆက်ပြီး ထိုင်နေရင် ရင်ပြည့်ရင်ကယ် ဖြစ်တတ်ပါတယ်။ ကိုယ်လက်လှူပ်ရှားရာမှာ အပြင်းအထန် လေ့ကျင့်ခန်းတွေကို ဆိုလိုတာ မဟုတ်ဘဲ  လမ်းလျှောက်တာလိုမျိုး နည်းနည်းစီ လှုပ်ရှားပေးကြည့်ပါ။

  • သံပရာရည်

သံပုရာရည် သောက်ပေးရင် သံပုရာသီးမှာပါဝင်တဲ့အက်စစ်ဓာတ်သဘာဝ‌ကြောင့် အစာခြေအား‌ ကောင်းမွန်စေပြီး အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်းကို သက်သာစေနိုင်ပါတယ်။

  • လှဲအိပ်ခြင်းကို ရှောင်ပါ

ပက်လက်အနေအထားဖြစ်နေတဲ့အခါ အစာအိမ် အက်စစ်တွေဟာ အစာရေမျိုပြွန်ထိ ပြန်တက်လာပြီး ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို ပိုမိုဆိုးရွားလာစေနိုင်ပါတယ်။

  • ရေနွေးကို အသုံးချပါ

ကြက်သီးနွေးရေနဲ့ ရေချိုးပေးခြင်း၊ ဒါမှမဟုတ် ဝမ်းဗိုက်ပေါ် ရေနွေးအိတ်လေး ကပ်ပေးမယ်ဆိုရင် သွေးလှည့်ပတ်မှုကောင်းမွန်စေပြီး အစာကြေမြန်စေတဲ့အတွက် ‌ရင်ပြည့်ရင်ကယ်ခြင်းကို အမြန် သက်သာစေပါလိမ့်မယ်။

  • မုန့်ဖုတ်ဆိုဒါ

နေရာအတော်များများမှာ အသုံးဝင်တဲ့ Baking Soda ဟာလည်း ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို သက်သာစေနိုင်ပါတယ်။ Baking Soda အနည်းငယ်ကို သံပရာရည်ထဲမှာ ထည့်သောက်တဲ့အခါ ထွက်လာတဲ့ Carbonic Acid ဒြပ်ပေါင်းဟာ အစာမကြေ ရင်ပြည့်ရင်ကယ် လက္ခဏာတွေကို လျော့နည်းစေနိုင်ပါတယ်။

  • ရေများများသောက်ပါ

အစာအိမ်နဲ့အူလမ်းကြောင်းဟာ ရေဓာတ်ပြည့်ဝနေမှ အာဟာရဓာတ်တွေကို ကောင်းမွန်စွာ စုပ်ယူပြီး အစာခြေ‌ဖျက်အားကောင်းစေမှာပါ။ ခန္ဓာကိုယ်မှာ ရေဓာတ်နည်းနေရင်လည်း အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်တတ်ပါတယ်။ တစ်နေ့ကို ရေ ၂ လီတာမှ ၃ လီတာအထိ သောက်သုံးသင့်ပါတယ်။

  • ချင်းပြုတ်ရည်

ချင်း(ဂျင်း)မှာ ပါဝင်တဲ့ Gingerol ဒြပ်ပေါင်းဟာ ရင်ပြည့်ရင်ကယ် အစာမကြေလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ ချင်းပြုတ်ရည်ထဲကို ထန်းလျက်၊ ဒါမှမဟုတ် ပျားရည် ရောပြီး သောက်သုံးနိုင်ပါတယ်။

  • ပူစီနံ

ပူစီနံရွက်ကို ရေနွေးကြမ်း လုပ်သောက်လို့ ရသလို ဖျော်ရည်အဖြစ်လည်း သောက်နိုင်ပါတယ်။ ပူစီနံဟာ အစာအိမ်အူလမ်းကြောင်းမှာရှိတဲ့ ကြွက်သားတွေကို ပြေလျော့စေတဲ့အစွမ်းရှိတာကြောင့် ဗိုက်အောင့်ဝေဒနာကို သက်သာစေတဲ့အပြင် လေပွခြင်း၊ အစာမကြေ ရင်ပြည့်ရင်ကယ်ခြင်းတွေကိုပါ သက်သာစေပါတယ်။

 

ရင်ပြည့်ရင်ကယ်မဖြစ်အောင် ဘာတွေလုပ်လို့ရလဲ

  • အဆီများသော အစားအစာများ၊ အလွန်မာသော အစားအစာများ ခဏခဏစားခြင်းကိုရှောင်ပါ။
  • အစားစားပြီးတိုင်း လမ်းနည်းနည်းလျှောက်ပေးပါ။
  • ဆေးလိပ်နဲ့ အရက် ကို တတ်နိုင်သလောက်ရှောင်ကျဉ်ပါ။
  • အစားအစာကိုတစ်ခါတည်း အလွန်အကျွံမစားပဲ ဗိုက်ဝရုံသာ စားပေးပါ။

 

Author: Dr. Aye Myat

Previous Post

ယောကျ်ားမှန်ရင် သိကိုသိထားရမယ့်အချက် ၅ ချက်

Next Post

အစာမကြေဖြစ်ခြင်းကို သက်သာစေမယ့် အိမ်တွင်းနည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.3k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
810

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
423

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အစာမကြေဖြစ်ခြင်းကို သက်သာစေမယ့် အိမ်တွင်းနည်းလမ်းများ

ကျွန်တော်တို့တစ်မိသားစုလုံး ကိုဗစ်ကိုအလူးအလဲခံခဲ့ရတယ်

အသားတွေကို ကျက်အောင်ချက်မစားလျှင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.