fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ယောကျ်ားမှန်ရင် သိကိုသိထားရမယ့်အချက် ၅ ချက်

6.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/09/2021
in အမျိုးသားကျန်းမာရေး
1 min read
A A

၁။ယောကျာ်းတစ်ယောက်ရဲ့ ငယ်ပါဟာ ကျိုးနိုင်သလား

ကျိုးနိုင်ပါတယ်။ သူ့မှာက အရိုးမရှိတဲ့အတွက် အရိုးကျိုးသလိုတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ တောင်မတ်ခြင်းဖြစ်နိုင်စေဖို့ရာ အရမ်းကို သန်မာတဲ့အလွှာတစ်ခုနဲ့ ဖုံးအုပ်ထားတာပဲ ဖြစ်ပါတယ်။ လိင်ဆက်ဆံတဲ့အချိန်မှာ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံမိလို့ ဒါမှမဟုတ် အခန့်မသင့်လို့ ဒီအလွှာကိုပြုလုပ်ထားတဲ့ တစ်ရှုးအမာတွေစုတ်ပြတ်ကျိုးပဲ့သွားတာမျိုးကို လိင်တံကျိုးတယ်လို့ ခေါ်ပါတယ်။

လိင်တံဆိုတဲ့အမျိုးက ထောင်မတ်နေတဲ့အချိန်မှာ သွေးတွေအားကောင်းကောင်းနဲ့ စီးဆင်းနေတာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ထောင်မတ်နိုင်တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကျိုးသွားခဲ့ရင် သွေးတွေအများကြီး ထွက်လာမှာပါ။ ဖျောင်းခနဲအသံခပ်ကျယ်ကျယ်နဲ့အတူတူ အလွန်အမင်းလည်း နာကျင်မှုကို ခံစားရတယ်လို့ဆိုပါတယ်။လိင်တံဟာ အညိုအမဲစွဲပြီး ရောင်ကိုင်းလာပါလိမ့်မယ်။အရေးပေါ်ခွဲစိတ်ကုသမှု ခံယူဖို့လိုအပ်ပါလိမ့်မယ်။

၂။ပုံမှန်သုက်ရည်အရောင်က ဘယ်လိုမျိုးလဲ၊ ဘယ်အချိန် စိတ်ပူသင့်သလဲ

ပုံမှန်သုက်ရည်အရောင်က ဖြူပြီးတော့ ပျစ်ပါတယ်။ တစ်ခါတလေ သုက်ရည်ထဲ သွေးပါတတ်တာမျိုး ရှိနိုင်ပေမဲ့ ကာလအတန်ကြာ ပါနေတယ်ဆိုရင်တော့ ဆီးကျိတ်ပြဿနာတစ်ခုခုတော့ ရှိနေနိုင်ပါတယ်။သုတ်ရည်လွှတ်တဲ့အချိန်မှာ နာလည်းနာတယ် အနံ့လည်း မကောင်းဘူးဆိုရင်တော့ ပိုးကူးစက်ခံထားရတာမျိုး ဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ပြသပြီး စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။

၃။လူငယ်အရွယ်ပဲ ရှိသေးရက်နဲ့ လိင်တံဘာလို့ မတောင်မတ်နိုင်ရတာလဲ၊ ပုံမှန်ရော ဟုတ်ရဲ့လား

အသက် ၅၀ အောက်မှာ လိင်တံတောင်မတ်မှုမရှိနိုင်တဲ့ပြဿနာက ၅ % အောက်ပဲ ရှိပါတယ်။ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ခုလိုခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်ဆီပြေးတာ အကောင်းဆုံးပါပဲ။ အခုလို ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကတော့  ထိခိုက်ဒဏ်ရာရဖူူးတာ  သွေးကြောပြဿနာ နဲ့ သွေးတိုးဆီးချိုပြဿနာတွေပဲ ဖြစ်ပါတယ်။ဒါ့အပြင် မူးယစ်ဆေးသုံးတာ နဲ့ ဆေးလိပ်သောက်တာတွေကလည်း လိင်တံတောင်မတ်ခြင်းကို ထိခိုက်စေနိုင်ပါသေးတယ်။

၄။ပုံမှန်လိင်တံအရွယ်အစားက ဘယ်လောက်လဲ၊ ကြီးလာအောင် လုပ်လို့ရလား

ပုံမှန်အားဖြင့်တော့  သုံးလက်မခွဲ နဲ့ ခုနစ်လက်မခွဲကြားပါ။ များသောအားဖြင့် ငါးလက်မခွဲလောက်တော့ ရှိတတ်ကြပါတယ်။တကယ်လို့ သင့်လိင်တံက ပုံမှန်အရွယ်အစားမှာ ရှိနေတယ်ဆိုရင်တော့ ပိုကြီးလာအောင် မလုပ်ဖို့ အကြံပေးပါရစေ။ဘာလို့လည်းဆိုတော့ အဲ့လိုကြီးလာအောင်လုပ်တဲ့ ဘယ်နည်းလမ်းကမှ စိတ်မချရလို့ပါပဲ။

၅။အရေပြားထိပ်ကို ဖြတ်သင့်သလား မဖြတ်သင့်ဘူးလား

ကျန်းမာရေးရည်ရွယ်ချက်နဲ့ အရေပြားထိပ်ဖြတ်ခြင်းဟာ ကောင်းသလား မကောင်းဘူးလားဆိုတာ အခုထိ ငြင်းခုန်နေရဆဲကိစ္စတစ်ခုပါ။ ဒါက ကိုယ်ပိုင်ဆုံးဖြတ်ချက်လို့ ပြောရင် ပိုမှန်ပါမယ်။ဘယ်ဆရာဝန်ကမှတော့ ခင်ဗျားကို အသားလွတ်ကြီး အရေပြားထိပ်ဖြတ်ပါလို့ ပြောမှာ မဟုတ်ပါဘူး။ အရွယ်ရောက်ပြီးသားတွေမှာ များသောအားဖြင့် ထိပ်ဖြတ်ရလေ့ရှိတဲ့အကြောင်းရင်းတွေကတော့ လိင်တံထိပ်အရေပြားဖုံးအုပ်ပြီး ဆီးသွားရန်ခက်ခဲခြင်း နှင့် လိင်တံတွင်ရောဂါပိုးဝင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

Author: Dr. KG

Previous Post

ရှင်သန်ခွင့်အတွက် ကိုဗစ်ကိုအရှုံးမပေးခဲ့သူ

Next Post

ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို အမြန်ဆုံးသက်သာစေမယ့်နည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

6 days ago
30
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 weeks ago
319

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 months ago
439

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

3 months ago
407

ဘယ်လိုလူတွေမှာ ဆီးကျိတ်ရောဂါအဖြစ်များလဲ?

3 months ago
1.3k

သွေးလည်ပတ်မှုအားကောင်းစေမယ့် Korean Ginseng အကြောင်း

4 months ago
276

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို အမြန်ဆုံးသက်သာစေမယ့်နည်းလမ်းများ

အစာမကြေဖြစ်ခြင်းကို သက်သာစေမယ့် အိမ်တွင်းနည်းလမ်းများ

ကျွန်တော်တို့တစ်မိသားစုလုံး ကိုဗစ်ကိုအလူးအလဲခံခဲ့ရတယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.