fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

ဝမ်းချုပ်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာများ

3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/11/2021
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

“ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူး” ဆိုသော ဆိုရိုးအတိုင်း ဝမ်းပုံမှန်မသွား၊ ဝမ်းချုပ်ခြင်းနောက်ဆက်တွဲအနေဖြင့် ခန္ဓာကိုယ်အတွက် ပြဿနာများစွာ ရှိပါတယ်။ ပုံမှန်အားဖြင့် လူ့ခန္ဓာကိုယ်မှ အစာအာဟာရများကို စုပ်ယူပြီး အူမှတစ်ဆင့် ကျန်အစာဟောင်း အညစ်အကြေးများကို အများဆုံးတစ်နေ့သုံးကြိမ်မှ အနည်းဆုံးတစ်ပတ်သုံးကြိမ်အတွင်း  ဝမ်းအဖြစ်စွန့်ပစ်ပါသည်။ ထို့ကြောင့်ဝမ်းသွားခြင်းသည် ခန္ဓာကိုယ်ရှိ အညစ်အကြေး အဆိပ်အတောက်များ ဖယ်ရှာပေးသော ဇီဝကမ္မဖြစ်စဥ်တစ်ခုဖြစ်ပါသည်။ လူတစ်ဦးနှင့်တစ်ဦး အူလမ်းကြောင်းလှုပ်ရှားမှု Bowel Movement နှင့် အခြားစားသောက်နေထိုင်မှုများ အပေါ်မူတည်ပြီး ဝမ်းသွားသည့်အကြိမ် ပုံသေမရှိပဲ ကွာခြားတတ်ပါသည်။

တစ်ပတ်တွင် ၃ကြိမ်ထက်နည်းပြီး ဝမ်းသွားခြင်း၊ ဝမ်းပုံမမှန်မာခြင်း၊ ဝမ်းပမာဏ ပုံမှန်ထက်နည်းခြင်း၊ ဝမ်းကျန်သလိုခံစားရခြင်း၊ ဝမ်းသွားလျှင် အားစိုက်ပြီး ညှစ်ရခြင်း၊ ဝမ်းဗိုက်ပေါ်မှ ဖိနှိပ်ပေးရခြင်း၊ နာကျင်ခြင်း၊ အစာဟောင်းအိမ်မှ ပေါက်ဆို့နေသောဝမ်းအမာများကို လက်ဖြင့်နှိုက်ရခြင်း စသည်တို့ခံစားရခြင်းကို ဝမ်းချုပ်ခြင်းဟုခေါ်ဆိုပါသည်။ အဆိုပါလက္ခဏာများအနက် အနည်းဆုံးနှစ်ခုကို ကာလအားဖြင့်သုံးလကြာ ခံစားနေရလျှင် ကာလတာရှည်ဝမ်းချုပ်ခြင်းဟု သတ်မှတ်နိုင်ပါသည်။

ဝမ်းချုပ်ခြင်းဟာ အသက်အရွယ်မရွေး လူတိုင်းနီးပါး ကြုံဖူးလေ့ရှိသည့် ပြဿနာတစ်ခုဖြစ်ပါသည်။ အသက်အရွယ်ကြီးသူများ၊ အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်များ၊ ကိုယ်လက်လှုပ်ရှားမှုနည်းသူများ၊ ဝမ်းသွားချင်သည့်အချိန် ပုံမှန်မသွားဘဲ အောင့်ထားခြင်း၊ ရေသောက်နည်းခြင်း၊ အမျှင်ဓာတ်စားသုံးမှုနည်းခြင်း၊ စိတ်ကျရောဂါရှိသူ၊ စိတ်ဖိစီးမှုများသူများ၊ စားသောက်မှုဆိုင်ရာ ပုံမှန်မဟုတ်တဲ့ရောဂါ Eating Disorder ရှိသူများ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါရှိသူများတွင် ဝမ်းချုပ်ခြင်းဝေဒနာခံစားရနိုင်ပါသည်။ သံဓာတ်အားဆေး၊ စိတ်ကျရောဂါဆေး၊ အနာသက်သာဆေးအချို့၊ သွေးကျဆေးနှင့် နှလုံးခုန်နှုန်းထိန်းညှိဆေး စသည့်သောက်သုံးနေသော ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဝမ်းချုပ်ခြင်းဖြစ်တတ်ပါသည်။

ဝမ်းချုပ်ခြင်းသည် အစားအသောက် အနေအထိုင်ကြောင့် ဖြစ်လေ့ရှိသော်လည်း မပေါ့ဆသင့်သော လက္ခဏာတစ်ခုလည်းဖြစ်ပါသည်။ အထူးသဖြင့် အစာအိမ်အူလမ်းကြောင်းရှိ အလုံးအကြိတ်များ၊ ပိတ်ဆို့မှုဖြစ်စေသော မြစ်ပွားနာ ကင်ဆာအလုံးအကြိတ်များ၊ အူလမ်းကြောင်းလှုပ်ရှားမှုကို ပိတ်ဆို့ထားသော ဝမ်းဗိုက်အတွင်းပိုင်း အင်္ဂါများရှိ အလုံးအကြိတ်များနှင့် အခြားသော သိုင်းရွိုက်၊ ဆီးချိုကဲ့သို့ ဟော်မုန်းမညီမျှသော ရောဂါများကြောင့်လည်း ဝမ်းချုပ်တတ်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် မိမိ၏ပုံမှန် ဝမ်းသွားသည့် အလေ့အထ ရုတ်တရက်ပြောင်းလဲမှုရှိလျှင် သို့မဟုတ် အခြားရောဂါလက္ခဏာများနှင့် ပူးတွဲခံစားလာရရလျှင် မပေါ့ဆပဲ စစ်ဆေးသင့်သည်။

ဝမ်းချုပ်ခြင်းကို ကြာရှည်စွာခံစားလာရသောအခါ နေ့စဉ်လူမှုဘဝနေထိုင်မှု အရည်အသွေး ထိခိုက်လာခြင်း (Poor Quality of Life)၊ အသားအရည် ကျန်းမာမှုမရှိဘဲ အဖုအပိန့် ဝက်ခြံပေါက်ခြင်း၊ စအိုတစ်ဝိုက်ရှိ အရည်ပြားကွဲနာ Anal Fissures၊ စအိုရှိသွေးပြန်ကြောများ ရောင်ရမ်းလာသဖြင့် လိပ်ခေါင်းရောဂါ၊ မာခြောက်နေသော ဝမ်းများက အစာဟောင်းအိမ်၊ စအိုတို့တွင်ပိတ်ဆို့ပြီး စမျဉ်းခံခြင်း၊ စမျဉ်းပိတ်ခြင်းကြောင့် အရည်ဝမ်းများ တောက်လျှောက်စိမ့်ပြီး ဝမ်းမထိန်းနိုင်ခြင်း Overflow Incontinence၊ ဝမ်းချုပ်ခြင်းကို အားစိုက်ညှစ်ရသဖြင့် အစာဟောင်းအိမ် စအိုမှအပြင်သို့ ကျွံကျခြင်းကဲ့သို့ နောက်ဆက်တွဲပြဿနာများ ကြုံတွေ့ရနိုင်ပါသည်။ ထို့ပြင် တာရှည်ဝမ်းချုပ်ခြင်း ခံစားရသူများအနေဖြင့် အိမ်သုံးဝမ်းပျော့ဆေး၊ ဝမ်းနှုတ်ဆေး၊ ဝမ်းချူခြင်းစသည်တို့ အသုံးပြုခြင်းအပေါ် အလွန်အကြွံ မှီခိုခြင်းဖြစ်လာကာ သုံးစွဲတဲ့ ပမာဏလိုတာထက် ပိုလာနိုင်ပြီး ခန္ဓာကိုယ်တွင်း ရေဓာတ်ခန်းခြောက်ခြင်း ဓာတ်ဆားများဆုံးရှုံးခြင်းမှ  ကိုယ်တွင်းအင်္ဂါများ ထိခိုက်ခြင်းထိ ဖြစ်တတ်ပါသည်။

ထို့ကြောင့် ဝမ်းချုပ်ခြင်း၏ နောက်ဆက်တွဲ ပြဿနာများမှကင်းဝေးစေရန် ကျန်းမာသော နေ့စဉ်စားသောက်နေထိုင်မှုပုံစံ ပြောင်းလဲခြင်း Lifestyle Changes နှင့် ဝမ်းပုံမှန်သွားသည့် အလေ့အထကို လေ့ကျင့်ယူခြင်းတို့ ပြုလုပ်ပေးသင့်ပါသည်။ ဝမ်းချုပ်ခြင်းအပြင် ဝမ်းသွားလျှင်သွေးပါခြင်း၊ ၂ပတ်ထက်ကြာပြီး ဝမ်းမသွားဘဲ ၀မ်းချုပ်ခြင်း၊ ကိုယ်အလေးချိန် သိသိသာသာကျဆင်းလာခြင်း၊ ခန္ဓာကိုယ်အားမရှိသကဲ့သို့ ဆက်တိုက်ခံစားရခြင်းစသည့် လက္ခဏာများ ရှိလာလျှင် ဝမ်းနှုတ်ဆေးများ မိမိအလိုအလျောက် သောက်သုံးခြင်းမပြုဘဲ တတ်ကျွမ်းသောဆရာဝန် သမားတော်များ၏ ရောဂါရာဇဝင်မေးမြန်း စစ်ဆေးစမ်းသပ်ခြင်းကို ချက်ချင်းခံယူရန်လိုအပ်ကြောင်း ရေးသားမျှဝေလိုက်ပါတယ်။

Author: Dr. Ye Mon

Previous Post

ဝိတ်အမြန်ကျချင်ရင် ဒါတွေရှောင်၊ ဒါတွေဆောင်ပါ

Next Post

သံဓာတ်ချို့တဲ့သော မိခင်များတွင်တွေ့ရသော ရောဂါလက္ခဏာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.4k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
812

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
424

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သံဓာတ်ချို့တဲ့သော မိခင်များတွင်တွေ့ရသော ရောဂါလက္ခဏာများ

သွေးကင်ဆာက မျိုးရိုးလိုက်တတ်သလား

ဆောင်းရာသီမှာ အစာမကြေဖြစ်ခြင်း ကင်းဝေးအောင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.