fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 11,631 Total Cases
😥 256 Deaths
😇 3,073 Recovered

သွေးကင်ဆာက မျိုးရိုးလိုက်တတ်သလား??

သွေးကင်ဆာက မျိုးရိုးလိုက်တတ်သလား??

ကင်ဆာရောဂါဟာ ယနေ့ခေတ်မှာ အရမ်းအဖြစ်များတဲ့ လူသတ်လက်နက်ပါ။ ကင်ဆာတော်တော်များများဟာလည်း မိသားစုထဲမှာ ဖြစ်ဖူးရင် မျိုးရိုးလိုက်တတ်ပါတယ်။ ဒီထဲမှာမှ သွေးကင်ဆာက မျိုးရိုးလိုက်တတ်သလားပေါ့??

သွေးကင်ဆာဆိုတာ “ဆောင်းဦးရွက်ကြွေ ချစ်သက်သေ” ဆိုတဲ့ ကိုးရီးယားကားမှာ အွန်စောဆိုတဲ့ မင်းသမီးလေးစမိတ်ဆက်ပေးလိုက်တယ်ဆိုရင်လည်း မမှားပါဘူး။ 

သွေးကင်ဆာဆိုတာ မျိုးရိုးဗီဇ gene နဲ့ ဆိုင်ပါတယ်။ ဒီလိုဆိုင်လို့ မျိူးရိုးလိုက်တတ်သလားဆိုရင် အမြဲ မလိုက်တတ်ပါဘူးရှင်။ အကြမ်းအားဖြင့်တော့ ပင်မသွေးဆဲလ်တွေ ထုတ်လုပ်တဲ့ ရိုးတွင်းခြင်ဆီမှာရှိတဲ့ gene တွေ ပုံပြောင်းသွားရခြင်းကြောင့် သွေးကင်ဆာဆိုတာ ဖြစ်လာပါတယ်။ ကိုယ့်မိသားစုထဲမှာ ဒီလို gene မျိုးပါလာပြီဆိုရင်တော့ ရောဂါဖြစ်ကိုဖြစ်ရမယ် ဆိုတာမျိုးထက် ဖြစ်ဖို့အလားလာ ရှိတယ်ဆိုရင် ပိုမှန်ပါတယ်ရှင်။ 

သွေးကင်ဆာက gene ပါတိုင်းလဲ ဖြစ်လေ့မရှိပါဘူး။ သူ့ကိုဖြစ်အောင် လှုံ့ဆော်ပေးတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ 

အဲ့ဒါတွေကတော့…

-မိသားစုအရင်းချာထဲမှာ သွေးကင်ဆာဖြစ်တဲ့သူရှိတာ. မိဘ၊မောင်နှမအရင်းထဲမှာ သွေးကင်ဆာဖြစ်ဖူးတာ ဒါဆိုရင်တော့ သာမန်လူထက် ဖြစ်ဖို့အလားလာပိုရှိပါတယ်

-အသက်အရွယ်

-လိင်

အမျိုးသားတွေက အမျိုးသမီးတွေထက် ယဘုယျအားဖြင့် သွေးကင်ဆာဖြစ်ဖို့ အလားလာ ပိုရှိပါတယ်

-လူမျိုး

လူဖြူတွေက လူမည်းတွေ အာရှသားတွေထက် သွေးကင်ဆာ ပိုဖြစ်တတ်ပါတယ်

-genetic မျိုးရိုးဗီဇ ရောဂါအခံရှိသူတွေ

ဥပမာ ဒေါင်းရောဂါ၊ မွေးရာပါ သွေးရောဂါရှိသူတွေဟာ သွေးကင်ဆာ ဖြစ်ဖို့ အခွင့်လမ်း ပိုများပါတယ်ရှင်

-နောက်ဆုံးအနေနဲ့ကတော့ ပတ်ဝန်းကျင် အကျိုးသက်ရောက်မှု

လူနေမှုပုံစံ

အစားအသောက်

အလုပ်အကိုင်

ဓာတုပစ္စည်းထိတွေ့မှု

အနီအောက်ရောင်ခြည်ထိတွေ့မှု 

စတာတွေက မျိုးရိုးလိုက်တာထက် ပိုအန္တရရယ်များတဲ့ သွေးကင်ဆာဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်ရှင်။ 

မျိုးရိုးလိုက်မှာလားဆိုတာကို ကြောက်နေတာထက် မိသားစုရဲ့ရောဂါရာဇဝင်ကို သိရှိနားလည်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ လူနေမှုပုံစံကို ပြောင်းလဲနေထိုင်ဖို့ တိုက်တွန်းချင်ပါတယ်ရှင်။

Scarlette (ဆေး၁)