fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

လေပွခြင်းဖြစ်ရတဲ့ အကြောင်းအရင်း

ondoctor-antigas-causes-of-flatulence
2.6k
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/04/2022
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

ခန္ဓာကိုယ်ရှိ အစာအိမ်အူလမ်းကြောင်း၏ ပုံမှန်ဇီဝကမ္မ အစာချေဖျက်လုပ်ငန်း လုပ်ဆောင်မှုကြောင့် ပုံမှန်ဂတ်စ gas လေများထွက်လာပါသည်။ အစာစားပြီးနောက် ဗိုက်ပြည့်တင်းပြီး အစာအိမ်အူလမ်းကြောင်းတွင် လေများပြည့်ကာ မအီမသာဖြစ်ခြင်းကို လေပွခြင်းဟုခေါ်ပါသည်။ အစာအိမ်အူလမ်းကြောင်းရှိ ဘက်တီးရီးယားများ၏ ကာဘိုဟိုက်ဒရိတ်ကို ချေဖျက်ခြင်း fermentation ဖြစ်စဉ်အရ အူလမ်းကြောင်းအတွင်း လေများထွက်လာသည်။ နေ့စဉ်စားသုံးနေသော အစားအစာအချို့သည်လည်း အစာအိမ် အူလမ်းကြောင်းအတွင်း gas ထုတ်လုပ်သောကြောင့် လေပွခြင်း ဖြစ်ရသည်

ပုံမှန်ကျန်းမာသောသူများ၏ ၁၀-၂၅ ရာခိုင်နှုန်းခန့်တွင် လေပွခြင်းပြဿနာကို တခါတရံကြုံတွေ့ရနိုင်သည်။
အစားစားသောက်စဉ် စကားပြော၍စားခြင်း၊ ပီကေ chewing gum ဝါးခြင်း၊ မိမိသွားနှင့် သေချာအံမကိုက်ညီသော အံကပ်တပ်ဆင်ထားခြင်း တို့ကြောင့် အစာအိမ်ထဲသို့ လေများဝင်ရောက်ပြီး လေပွခြင်းဖြစ်တတ်သည်။ ပုံမှန်စားနေကျ ပမာဏထက်ပိုပြီး အလွန်အကြွံစားခြင်းကြောင့်လည်း ပြည့်အင်ပြီးအစာကောင်းကောင်းမချေဖျက်နိုင်ပဲ လေပွခြင်းခံစားရတတ်သည်။ အစာစားလျှင် ကြေညက်စွာမဝါးပဲ အမြန်စားလျှင် အစာကောင်းစွာမကြေပဲ လေပွတတ်သည်။ အမျိုးသမီးများ၏ ၇၅ရာခိုင်နှုန်းခန့်သည် လစဉ်ဓမ္မတာမဖြစ်ခင်နှင့် ရာသီလာနေစဉ်အချိန်၊ သွေးဆုံးခါနီး အမျိုးသမီးများတို့တွင် ဟော်မုန်းပြောင်းလဲမှုများကြောင့် လေပွခြင်းဖြစ်တတ်သည်။

အဆီများသောအသားများ၊ ကစီဓါတ်များသည့် အစားအစာ၊ ဆီများများဖြင့်ကြော်ထားသော ဆီကြော်များ၊ ကောက်ညှင်းဆန်ကဲ့သို့ အစာချေဖျက်ရန်ခက်သည့် အစားအစာများ၊ ကော်ဖီ၊ လက်ဖက်ရည်၊ ဘီယာ၊ အရက်ယမကာများ၊ ဂတ်စ gas ပါသော အချိုရည်များ၊ စပ်သော အစားအသောက်များသည် အစာမကြေလေပွခြင်းဖြစ်စေနိုင်သည်။လက်တို့စ်နှင့် ဖရက်စတို့စ် သကြားဓါတ်တို့ကို မချေဖျက်နိုင်သော၊ အူနံရံမှမစုပ်နိုင်ရောဂါ lactose & fructose intolerance ရှိသူများတွင် နို့ထွက်ပစ္စည်းနှင့် အခြားအသီးအနှံ၊ ပဲအမျိုးမျိုးနှင့် ဂျုံစသည့်အစားအစာအချို့ကို မချေဖျက်နိုင်ပဲ အစာမကြေလေပွတတ်သည်

အစာအိမ်အူလမ်းကြောင်း ရောဂါအခံရှိသူများ၊ အစာမကြေဖြစ်တတ်သူများ၊ နာတာရှည် အူလမ်းကြောင်း လှုပ်ရှားမှုမမှန်သည့်ရောဂါ Irritable bowel syndrome ရှိသူများ၊ ဦးနှောက်နှင့်အူလမ်းကြောင်း ဆက်စပ်ပေးသော အာရုံကြောအဖွဲ့အစည်းများ တုံ့ပြန်မှုအားကောင်းသောသူများ visceral hypersensitivity နှင့် အစာအိမ်အူလမ်းကြောင်း ခွဲစိတ်ကုသမှုခံယူထားသူများတွင်လည်း လေပွခြင်းပြဿနာကို မကြာခဏ ကြုံတွေ့ရတတ်သည်။ ဝမ်းချုပ်တတ်သူများသည် အူမကြီးအတွင်းရှိ အစာဟောင်းများစွန့်ရန် ခက်ခဲသောကြောင့် ချေဖျက်ပြီးအစာများသည် အူများတလျှောက် အချိန်ကြာရှည်စွာရှိနေခြင်းမှ လေပွခြင်းဖြစ်လာတတ်သည်။

ကိုယ်အလေးချိန် သိသိသာသာ တက်လာသူများတွင်လည်း ရေများခန္ဓာကိုယ်တွင်းရှိနေခြင်း၊ အစာချေစနစ် ထိခိုက်ခြင်းတို့ကြောင့် လေပွတတ်သည်။ အခြားသောရောဂါအခံများဖြစ်သည့် အူလမ်းကြောင်းကင်ဆာ၊ အလုံးအကြိတ်၊ အူကျဉ်းခြင်း၊ အူကျွံခြင်း၊ ခွဲစိတ်မှူပြုလုပ်ထားခြင်း၊ အူလမ်းကြောင်း နာတာရှည်ယောင်ရမ်းသောရောဂါများ၊ ရေဖျဉ်းစွဲခြင်း၊ အစာအိမ်ယောင်ခြင်း၊ အူယောင်ခြင်း၊ ဝမ်းဗိုက်အတွင်းရှိ ကိုယ်တွင်းအဂ်ါများတွင် ကင်ဆာအကြိတ်ဖြစ်ခြင်းနှင့် အခြားရောဂါများကြောင့်လည်း လေပွခြင်းဖြစ်တတ်သည်။

လေပွခြင်း မကြာခဏဖြစ်ခြင်း၊ တပါတ်ထက်ပိုကြာ ခံစားရခြင်း၊ ပုံမှန်လုပ်ငန်းဆောင်တာများ မလုပ်ဆောင်နိုင်အောင် ဆိုးလာခြင်း၊ နာကျင်မှုပါခံစားလာရခြင်း၊ ဖျားနာ၊ဝမ်းလျော၊ အန်၊ သွေးယိုစီးမှုစသည့် လက္ခဏာများပါ တွဲတွေ့လာရလျှင် ဆေးရုံဆေးခန်းသို့ သွားရောက်စမ်းသပ် အဖြေရှာကုသရပါမည်။

Author: Dr. Yee Mon

Previous Post

အဆုတ်အားနည်းရင် ဖြစ်တတ်တဲ့လက္ခဏာတွေ

Next Post

သွေးတွင်းအဆီဓါတ်များခြင်းရဲ့နောက်ဆက်တွဲပြဿနာတွေ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

7 days ago
269

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

3 weeks ago
428

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

1 month ago
387

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 months ago
184

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 months ago
209

အစာမကြေဖြစ်စေတဲ့ အဓိကအကြောင်းအရင်းများ

3 months ago
680

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သွေးတွင်းအဆီဓါတ်များခြင်းရဲ့နောက်ဆက်တွဲပြဿနာတွေ

အသားရေခြောက်သွေ့လို့ စိတ်ညစ်နေလား

အာသီးရောင်ခြင်း သက်သာအောင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.