fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

အသက်ကြီးတဲ့သူတွေမှာအစာမကြေ လေထိုးလေအောင့်ဖြစ်ရတဲ့ အကြောင်းအရင်းများ

1.2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/05/2022
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

အစာမကြေ လေထိုးလေအောင့်ဖြစ်ခြင်းဟာ အစားအသောက်စားပြီးနောက် ဝမ်းဗိုက်အပေါ်ပိုင်းတွင် မသက်မသာခံစားရခြင်း၊ ဗိုက်နာဗိုက်အောင့်ခြင်း လက္ခဏာဖြစ်ပါသည်။ အစာမကြေခြင်းသည် မကြာခဏဖြစ်တတ်သော ပြင်းထန်မှုမရှိသည့် အခြေအနေတစ်ခုဖြစ်ပါသည်။ အသက်ကြီးတဲ့ သူတွေမှာ အစာမကြေ လေထိုးလေအောင့် ဖြစ်ရတဲ့ အများဆုံး အကြောင်းအရင်းမှာ အစာအိမ်ထဲရှိ အက်ဆစ်အချဉ်ဓါတ် ထုတ်လုပ်မှုများပြီး အပေါ်ဖက် အစာရေမျိုပြွန်ထဲသို့ ပြန်တက်ခြင်း/စားချဉ့်ပြန်ရောဂါ ( Gastroesophageal reflux disease- GERD) ကြောင့်ဖြစ်သည်။

အသက်ကြီးသူတွေမှာ အစာရေမျိုပြွန်အောက်ဖက် ကြွက်သားများ lower esophageal sphincter အားလျော့လာမှုကြောင့် အစာနှင့်အက်ဆစ်ဓါတ်များ အပေါ်တို့ပြန်တက်ကာ အစောချေစနစ်ထိခိုက်ပြီး အစာမကြေ လေထိုးလေအောင့်ဖြစ်ရပါသည်။ စားချဉ့်ပြန်ရောဂါသည် ဝသောသူများတွင် ပိုဖြစ်ပွါးမှုများတတ်သည်။ အသက်ကြီးလာသည်နှင့်အမျှ ခန္ဓာကိုယ် အလေးချိန် မြင့်တက်ပြီး အဝလွန်ခြင်းဖြစ်လာကာ အစာအိမ်အချဉ်ပြန်ခြင်းနှင့် အစာမကြေသည့် ဝေဒနာကို ပိုခံစားလာရတတ်ပါသည်။ သွေးတိုးနှင့်ဆီးချိုကဲ့သို့ ရောဂါအခံများသည် ဇီဝဖြစ်စဉ်များကို ထိခိုက်စေသည့်အတွက် အစာမကြေခြင်းကို ပိုဖြစ်စေသည်။

ဆီများများဖြင့်ကြော်ထားသော ဆီကြော်များ၊ အဆီဓါတ်နှင့် ကစီဓါတ်များသည့် အစားအစာများ၊ ကောက်ညှင်းဆန်ကဲ့သို့ အစာချေဖျက်ရန်ခက်သည့် အစားအစာများ၊ ကော်ဖီ၊ လက်ဖက်ရည်၊ ဘီယာ၊ အရက်ယမကာများ၊ ဂတ်စ gas ပါသော carbonated အချိုရည်များ၊ လက်လုပ်ချဉ်များ၊ ပူသောစပ်သော အစားအသောက်များသည် အစာမကြေခြင်းကို ဖြစ်စေနိုင်သောကြောင့် အသက်ကြီးတဲ့သူတွေအနေဖြင့် ဆင်ခြင်စားသင့်ပါသည်။

အခြားသောရောဂါများဖြစ်သည့် အစာအိမ်ပိုး H.pylori ကြောင့် အစာအိမ်ယောင်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ အူယောင်ခြင်း၊ အူလမ်းကြောင်းကင်ဆာ၊ အလုံးအကြိတ်၊ အစာအိမ်နှင့် အူလမ်းကြောင်း ခွဲစိတ်ထားခြင်း၊ အူလမ်းကြောင်း နာတာရှည် ယောင်ရမ်သော ရောဂါများ၊ နာတာရှည် အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုမမှန်သောရောဂါ Irritable bowel syndrome ၊ ရေဖျဉ်းစွဲခြင်း၊ ဝမ်းဗိုက်အတွင်းရှိ ကိုယ်တွင်းအဂ်ါများတွင် ကင်ဆာအကြိတ်ဖြစ်ခြင်းနှင့် အခြားရောဂါများကြောင့်လည်း အစာမကြေ လေထိုးလေအောင့်ဖြစ်တတ်သည်။

အသက်ကြီးတဲ့သူတွေမှာ အဖြစ်များတဲ့ ဒူးနာခါးနာဝေဒနာတွေကြောင့် အက်စပရင် aspirin, ibuprofen, naproxen စသည့် အကိုက်အခဲပျောက်ဆေးများ သောက်ခြင်း၊ နိုက်ထရိုက်ပါသော သွေးကျဆေးများ၊ စတီးရွိုက်ဆေးများ၊ သံဓါတ်ပါဝင်သော ဆေးများ၊ ရင်ကြပ်ပျောက်ဆေးများ၊ ပဋိဇီဝ ပိုးသတ်ဆေးများ၊ စိတ်ကျရောဂါ ကုသဆေးများ၊ ပရဆေးနှင့် တိုင်းရင်းဆေးများကြောင့်လည်း အစာမကြေ လေထိုးလေအောင့်ဖြစ်တတ်ပါသည်။

အစာမကြေခြင်းသည် အသက်ကြီးသူတွေမှာ အဖြစ်များတဲ့ ဝေဒနာဖြစ်သောကြောင့် အစားအသောက်နေထိုင်မှု ပုံစံကိုဂရုစိုက်ရန်လိုအပ်ပါသည်။ အစာကြေလွယ်သော အစားအစာများကို ပမာဏနည်းနည်းနှင့် မကြာမကြာစားပေးခြင်း၊ အပြင်စာများရှောင်ခြင်း၊ ညအိပ်ယာဝင်ခါနီးမှ အစာစားခြင်းရှောင်ခြင်း၊ ကော်ဖီ၊ အရက်၊ ဆေးလိပ်၊ အကိုက်အခဲပျောက်ဆေးများ ရှောင်ခြင်း၊ အစာမကြေ လေထိုးလေအောင့် သက်သာဆေးများ မှီဝဲခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါသည်။

အသက်ကြီးသူတွေမှာ အစာမကြေ လေထိုးလေအောင့်ဖြစ်ခြင်း အဖြစ်များသော်လည်း တစ်ပါတ်အတွင်း နှစ်ကြိမ်ထက်ပို၍ အစာမကြေရင်ပူခြင်း heartburn ကို ခံစားရလျှင်၊ မကြာခဏ အစာအိမ်နာ ဗိုက်အောင့်တတ်လျှင်၊ ကိုယ်အလေးချိန် သိသိသာသာကျဆင်းခြင်း၊ ညဖက်တွင် တနေကုန်စားထားသမျှ အစာများပြန်အန်ခြင်း၊ အန်လျှင်သွေးပါခြင်း၊ သွေးဝမ်းသွားခြင်း၊ ဗိုက်တွင် အလုံးအကြိတ် စမ်းမိခြင်း ၊ အစာအိမ်ကင်ဆာမျိုးရိုးရှိလျှင် သက်ဆိုင်ရာဆရာဝန် အထူးကုများနှင့် တိုင်ပင်ဆွေးနွေးပြီး မှန်ပြောင်းကြည့်ခြင်း၊ အစာအိမ်ပိုး စစ်ဆေးခြင်းနှင့် အခြားလိုအပ်သော စစ်ဆေးကုသမှုများ ခံယူသင့်ပါသည်။

Author : Dr.Yee Mon

Previous Post

အစားများပြီး အစာမကြေတဲ့အခါ

Next Post

အသက်ကြီးသူများ ကြုံတွေ့ရသည့် ဒူးကျီးပေါင်းကြောင့် ဒူးနာခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.3k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
812

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
424

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အသက်ကြီးသူများ ကြုံတွေ့ရသည့် ဒူးကျီးပေါင်းကြောင့် ဒူးနာခြင်း

What should you know and prepare before donating blood?

သွေးမလှူခင် ဘာတွေသိထားပြင်ဆင်ထားသင့်လဲ?

if you are upset that your children are not eating enough

သားငယ်သမီးငယ်လေးတွေ ထမင်းသိပ်မစားလို့ စိတ်ညစ်နေရင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.