fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

သားငယ်သမီးငယ်လေးတွေ ထမင်းသိပ်မစားလို့ စိတ်ညစ်နေရင်

if you are upset that your children are not eating enough
314
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/05/2022
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

မေမေတို့အိမ်မှာ သားငယ်သမီးငယ်လေးတွေ ထမင်းသိပ်မစားလို့ စိတ်ညစ်နေရင် ဒီနည်းလမ်းလေးတွေ သုံးကြည့်ပါ။

(၁) ကလေးတွေက စူးစမ်းချင်တဲ့စိတ် အရမ်းများတဲ့အတွက် သူတို့လေးတွေကို ကိုယ်တိုင် ထိတွေ့ကိုင်တွယ်စားခိုင်းပါ။ ဒါပေမယ့် ကိုင်စားမည့် လက်တွေ၊ ဇွန်းတွေကိုတော့ သန့်ရှင်းအောင် ဆေးကြောပေးဖို့တော့လိုပါမယ်။ ဒါမှလည်း ကလေးက ကိုယ့်အားကိုယ်ကိုးတတ်လာပြီး ပိုပြီးလည်း ထမင်းစားပိုဝင်တယ်လို့ သုတေသနတွေ့ရှိချက်များက ရေးသားထားပါတယ်။

(၂) ကလေးတွေ ထမင်းစားနေရင် ဘေးကနေ မေမေ၊ ဖေဖေတို့က သူစားနေတာ ဘာအသား၊ ဘာအရွက် အဲ့ဒါစားရင် သူ့အတွက် ဘယ်လိုအကျိုးရှိတယ်ဆိုတာလေးကို ပြောပြပေးခြင်းအားဖြင့် ကလေးတွေဟာ သူတို့အတွက် ဗဟုသုတ အသစ်အသစ်တွေ ရရှိစေတဲ့အပြင် မိသားစုနွေးထွေးမှုကိုပါ ခံစားရတဲ့အတွက် ထမင်းစားပိုဝင်ကြပါတယ်။

(၃) ကလေးတွေအတွက် ထမင်းပန်းကန်ပြင်တဲ့အခါမှာ သူတို့ ကုန်နိုင်မည့် ပမာဏကိုပဲ ထည့်ပေးသင့်ပါတယ်။ ဒူးလောက်တင်မှ ရင်လောက်ကျဆိုပြီး ကလေးစားနိုင်တဲ့ ပမာဏထက်အများကြီး ပန်းကန်ထဲထည့်ပေးလိုက်ရင် ကလေးတွေရဲ့ စိတ်ထဲမှာ ဒါသူတို့ မကုန်နိုင်လောက်ဘူးဆိုပြီး စစားကတည်းက စိတ်မပါ လက်မပါ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် သူတို့ ကုန်နိုင်လောက်တဲ့ ပမာဏပဲ ထည့်ပေးခြင်းဟာ ကလေးငယ်တွေစိတ်ထဲ သူတို့ စားလို့ ဖြစ်နိုင်တယ်လို့ ယူဆကြတဲ့အတွက် သူတို့လေးတွေက ပိုပြီးတော့တောင် စားချင်စိတ် ဖြစ်လာတတ်ကြပါတယ်။

(၄) ကလေးတွေကို ပြင်ဆင် ချက်ပြုတ်ပေးတဲ့အခါမှာလည်း သူတို့ စိတ်ဝင်စားမည့် ပုံလေးတွေ ပုံဖော်ပြီးကျွေးတာ၊ အလှပုံလေးတွေ ပုံဖော်ပြီးကျွေးတာကလည်း ကလေးငယ်တွေကို အစာစားချင်စိတ် ဖြစ်ပေါ်စေပါတယ်။

(၅) နောက်ဆုံး အရေးကြီးတာတစ်ခုက ကလေးတွေက ဗိုက်ပြည့်သွားပြီ ဆက်မစားချင်တော့ဘူးလို့ ပြောနေချိန်မှာ မေမေတို့အနေနဲ့ အတင်းဇွတ်ကျွေးတာ၊ အမျိုးမျိုးကြိမ်းမောင်းပြီး ကျွေးတာမျိုးက အရမ်းမှားပါတယ်။ ကလေးတွေဟာ လူကြီးတွေနှင့် မတူတဲ့အချက်က သူတို့က အားနာစာ၊ နှမြောစာရယ်ဆိုပြီး ဗိုက်ပြည့်သွားလည်း ဆက်စားတာမျိုးမရှိတဲ့အတွက် သူတို့ ဗိုက်ဝနေတဲ့အချိန်မှာ စိတ်ချမ်းသာအောင် ဆက်မကျွေးပါနဲ့။ သေချာပါတယ် နည်းနည်းပဲ စားထားတဲ့ ကလေးက ခဏနေတာနဲ့ ဗိုက်ဆာတယ် တန်းပြောမှာပါ။ အဲ့လိုမျိုး သူတို့ ဗိုက်ဆာမှ ကျွေးကျွေးပေးတာမျိုးကလည်း ကလေးတွေကို စားဝင်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့စိတ်ထဲမှာ သူတို့ စားချင်သလောက်ပဲ စားလို့ရတယ်။ မကုန်ရင်လည်း အပြစ်ပေးတာ ဆူတာတွေ မရှိတော့ဘူးဆိုပြီး သူတို့စားချင်တဲ့အချိန်တိုင်း မေမေတို့ကိုပြောဖို့ ဝန်မလေးတော့တဲ့ အတွက်ကြောင့်ပါ။

ဒါကြောင့် အထက်ပါ ဖော်ပြထားတဲ့ ကလေးငယ်များ အစားစားချင်စိတ်ကို ဖြစ်စေတဲ့ စိတ်ပိုင်းဆိုင်ရာ နည်းလမ်းများကို အသုံးပြုပြီး ကလေးငယ်များ အစားကောင်းကောင်း စားအောင် ဖေဖေ၊ မေမေတို့ ကြိုးစားကြည့်ပါ။

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်

Previous Post

သွေးမလှူခင် ဘာတွေသိထားပြင်ဆင်ထားသင့်လဲ?

Next Post

ပျောက်ဖို့ခက်တဲ့ ဝက်ခြံအမာရွတ်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Keep your child away from mosquito bites

သင့်ကလေးကို ခြင်မကိုက်​အောင်

2 months ago
144
Whooping cough What can be done for children with constipation and malnutrition?

ချောင်းဆိုး၊ ချွဲကျပ်ပြီး အစာမဝင်တဲ့ ကလေးတွေအတွက် ဘယ်လိုတွေ လုပ်ပေးနိုင်မလဲ?

2 months ago
275
illnesses common in children during the rainy season

ကလေးတွေ မိုးရာသီမှာ အဖြစ်များတဲ့ ဝေဒနာများ

3 months ago
289
about pediatric tb

ကလေးတီဘီရောဂါအကြောင်း

3 months ago
313

အဖျားကြီးပြီး တက်တတ်သောကလေး

4 months ago
192

ကလေးငယ်တွေ အဖျားရှိတဲ့လက္ခဏာများ

5 months ago
277

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ကူးစက်မြန်မျိုးဗီဇပြောင်းကိုဗစ်အကူးခံရလျှင် ဖြစ်တတ်သည့်လက္ခဏာများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Acne scars that are difficult to cure

ပျောက်ဖို့ခက်တဲ့ ဝက်ခြံအမာရွတ်များ

Skin problems caused by intense sunlight

ပြင်းထန်တဲ့ နေရောင်ခြည်ကြောင့်ဖြစ်သော အရေပြားပြဿနာများ

beautiful and healthy banana

လှပကျန်းမာစေတဲ့ ငှက်ပျောသီး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.