fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

1.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/05/2023
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

အစစအရာရာ ကုန်စျေးနှုန်းတွေတက်လို့ ချင့်ချိန်သုံးစွဲနေကြရတဲ့ ကာလမှာ မှိုတက်တဲ့အစားအစာတွေက အိမ်ရှင်မတွေအတွက် စိန်ခေါ်မှု တစ်ခုပါပဲ။ မှိုတက်နေတဲ့ အသားခြောက်တွေ၊ မှိုတက်နေတဲ့ ပေါင်မုန့်တွေကို မှိုတွေကို ခြစ်ချပြီး၊ လှီးထုတ်လိုက်ပြီး စားရင် မရဘူးလားလို့ နှမျောတသစွာနဲ့ မေးကြတာကို တွေ့နေရပါတယ်။ တချို့က တကယ်လည်း စားနေကြပါတယ်။
မှိုတက်တဲ့ အစားအစာတွေကို စားတာက လတ်တလောနဲ့ ရေရှည်မှာ ဘာပြဿနာတွေ ဖြစ်နိုင်လဲဆိုတာ သိနိုင်ဖို့ ဒီဆောင်းပါးလေးကို အဆုံးထိ ဆက်ဖတ်လိုက်ကြရအောင်နော်။

မှိုဆိုတာ ဘာလဲ?
Fungus လို့ခေါ်တဲ့ မှိုတွေဟာ အပင်တွေ၊ အသားတွေနဲ့ အစားအစာတွေမှာ ကပ်ငြိနေနိုင်ပြီး အဏုကြည့်မှန်ပြောင်းနဲ့ ကြည့်မှသာ သေချာတွေ့ရနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ မှိုအမျိုးအစားပေါင်း သုံးသိန်းကျော်ခန့် ရှိပြီး အများစုဟာ အပ်ချည်မျှင်ပုံသဏ္ဍာန် ရှိပါတယ်။ မှိုအများစုမှာ အစားအစာတွေထဲကို ထိုးဖောက်ဝင်ရောက်နေတဲ့ အမြစ်ပိုင်း (root)၊ အစားအစာတွေမှာ တွေ့ရတဲ့ ရိုးတံပိုင်း (stalk) နဲ့ ရိုးတံရဲ့အဆုံးမှာ ရှိတဲ့ မျိုးမှုန်ပိုင်း (spores) ဆိုပြီး သုံးပိုင်းပါဝင်ပါတယ်။ မျက်စိနဲ့မြင်နေရတဲ့ မှိုရဲ့အရောင်ဟာ မျိုးမှုန်တွေကြောင့် ဖြစ်ပြီး မျိုးမှုန်တွေဟာ လေ၊ ရေနဲ့ အင်းဆက်တွေကတဆင့် တစ်နေရာကနေ တစ်နေရာကို သယ်ဆောင် ရောက်ရှိသွားနိုင်ပါတယ်။

မှိုတွေကို ခြစ်ချ၊ ဖြတ်ထုတ်ပြီး စားရင် အန္တရာယ်ကင်းလား?
မျက်စိနဲ့မြင်နေရတာက မှိုရဲ့ ရိုးတံပိုင်းနဲ့ မျိုးမှုန်တွေသာ ဖြစ်ပြီး အမြစ်ပိုင်းကိုတော့ အဏုကြည့်မှန်ပြောင်းနဲ့ ကြည့်မှသာ မြင်ရတာ ဖြစ်ပါတယ်။ အမြစ်တွေဟာ နက်ရှိုင်းစွာ တွယ်ကပ်နေတတ်သလို မှိုတက်နေတဲ့ အစားအစာတွေမှာ မမြင်ရတဲ့ ဘက်တီးရီးယားတွေလည်း ပေါက်ဖွားနေတတ်တာမို့ မှိုတက်နေရင် မစားတာက အကောင်းဆုံးပါပဲ။

မှိုတက်တဲ့ အစားအစာတွေကို စားမိတဲ့အခါ မှိုကနေ ထုတ်တဲ့ mycotoxin အဆိပ်ကြောင့်
• မူးဝေအော့အန်ပြီး ဗိုက်နာတာ
• ဝမ်းသွားတာ
• အသည်းရောဂါတွေ ဖြစ်တာ
• မှိုတွေ မကြာခဏ စားမိတဲ့အခါ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် အားနည်းလာပြီး ကင်ဆာရောဂါ ဖြစ်တာတွေ ဖြစ်နိုင်ပါတယ်။
အထူးသဖြင့် ပြောင်းဖူး၊ မြေပဲနဲ့ ငရုတ်သီးတွေမှာ တွေ့ရတတ်တဲ့ aflatoxin အဆိပ်က အသည်းကင်ဆာ ဖြစ်စေပါတယ်။ မှိုပါတဲ့ ငရုတ်သီးကို ကြိတ်ထားတဲ့ ငရုတ်သီးမှုန့်တွေ၊ မှိုပါတဲ့ မြေပဲကို ကြိတ်ထားတဲ့ မြေပဲဆီတွေ စားသုံးမိရင် အသည်းကင်ဆာ ဖြစ်နိုင်ခြေ များပါတယ်။

မှိုမတက်အောင် ဘယ်လို ကာကွယ်မလဲ?
• အစားအစာတွေကို ပမာဏ နည်းနည်းပဲ ဝယ်ယူပြီး မြန်မြန်စားသုံးတာက မှိုတက်ချိန် မရှိအောင် ကာကွယ်ပေးမှာပါ။
• ချက်ပြီးတဲ့ အစားအစာတွေ၊ လှီးဖြတ်ပြီးသား သစ်သီးတွေ၊ ဟင်းရွက်တွေကို ဖုံးအုပ်ထားတဲ့အခါ လေထုထဲကနဲ့ အင်းဆက်တွေက တဆင့် ရောက်ရှိလာမယ့် မှိုတွေကို တားဆီးရာ ရောက်ပါတယ်။
• စည်သွပ်ဘူးတွေကို ဖွင့်ပြီးတဲ့အခါ အဖုံးအအုပ်ရှိတဲ့ ခွက်ထဲကို ပြောင်းထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပါ။ ဖွင့်ပြီးသား စည်သွပ်ဘူးတွေကို အခန်းအပူချိန်မှာ ၂ နာရီထက် ပိုပြီးမထားသင့်ပါဘူး။ ရေခဲသေတ္တာထဲထည့်ပြီးရင် ၃-၄ ရက်အတွင်း ကုန်အောင် စားသင့်ပါတယ်။
• ရေခဲသေတ္တာကို လစဉ်သန့်ရှင်းရေးလုပ်ပါ။ Baking soda ကို ရေနဲ့ဖျော်ပြီး အဝတ်နဲ့စွတ်ကာ ရေခဲသေတ္တာကို တိုက်ပေးပြီး အခြောက်ခံထားပါ။
• မှိုတွေပါနေနိုင်တဲ့ ငရုတ်သီးမှုန့်နဲ့ မြေပဲ စတာတွေကို သတိထားပြီး စားသုံးပါ။ မှိုပါ၊မပါ မသေချာရင် လျော့စားတာ သို့မဟုတ် ရှောင်ကြဉ်တာက အကောင်းဆုံးပါ။
• မှိုဟာ စိုစွတ်ပြီး ပျော့တဲ့ အစားအစာတွေ၊ အငန်ဓာတ်များတဲ့ အစားအစာတွေမှာ ပေါက်ဖွားလွယ်ပြီး အောက်ဆီဂျင် ရှိနေသရွေ့ ရှင်သန်နိုင်ပါတယ်။ ဒါကြောင့် လေစုပ်အိတ်ပိတ်တွေနဲ့ ထည့်ထားတဲ့ အစားအစာတွေက မှိုတက်ဖို့ အလားအလာ ပိုနည်းပါတယ်။

မှိုတက်နေတဲ့ အစားအစာတွေကို နမ်းရှူကြည့်ခြင်း မလုပ်ရပါဘူး။ နမ်းလိုက်ရှူလိုက်တဲ့အခါ မှိုတွေက အသက်ရှူလမ်းကြောင်းထဲကို ဝင်ရောက်သွားပြီး ဓာတ်မတည့်တာ၊ ရင်ကြပ်ရောဂါရှိရင် ပိုဆိုးလာတာမျိုး ဖြစ်နိုင်ပါတယ်။
မှိုတက်နေတဲ့ အစားအစာကို စက္ကူ သို့မဟုတ် ပလတ်စတစ်နဲ့ သေချာလုံအောင် ထုပ်ပြီးမှ ကလေးတွေနဲ့ တိရိစ္ဆာန်တွေ လက်လှမ်းမမီတဲ့ နေရာမှာ စွန့်ပစ်သင့်ပါတယ်။

မှိုတက်နေတဲ့ အစားအစာတွေကို ပစ်လိုက်တာက နှမြောစရာကောင်းပေမယ့် ကျန်းမာရေးနဲ့ အသက်က ပိုပြီး အရေးကြီးပါတယ်။ ဒါကြောင့် မှိုမတက်အောင် ဂရုတစိုက် ကာကွယ်သင့်သလို မှိုတက်နေတဲ့ အစားအစာတွေကို စားသုံးခြင်းမှလည်း ရှောင်ကြဉ်ခြင်းဖြင့် ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

Author: Dr.Yee Mon

Previous Post

Paracetamol သို့မဟုတ် Acetaminophen အကြောင်း

Next Post

အသည်းရောင် စီပိုးရှိသူတွေ ဆောင်ရန်၊ ရှောင်ရန်အချက်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
795

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
419

အစာမကြေဖြစ်စေတဲ့ အဓိကအကြောင်းအရင်းများ

2 years ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အသည်းရောင် စီပိုးရှိသူတွေ ဆောင်ရန်၊ ရှောင်ရန်အချက်များ

အအေးမိ၊ နှာစေး၊ ခေါင်းကိုက်၊ နှာရည်ယိုခြင်းတွေကို သက်သာစေမယ့် နည်းလမ်းများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.