fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/06/2023
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဆိုတဲ့ စကားအတိုင်း ဝမ်းမချုပ်စေပဲ ဝမ်းမှန်စေဖို့ဟာ ကျန်းမာရေးအတွက်အလွန်အရေးကြီးပါတယ်။ ဝမ်းချုပ်တာက အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေထဲမှာ အဖြစ်အများဆုံးပြဿနာတစ်ခုဖြစ်ပါတယ်။ အရွယ်ရောက်သူများရဲ့ ၁၆ % နှင့် အသက်၆၀ကျော် လူကြီး ၃၃% ဟာ ဝမ်းချုပ်တဲ့ပြဿနာကို ခံစားနေကြောင်း လေ့လာချက်များအရ တွေ့ရှိရပါတယ်။ စားသောက်နေထိုင်မှုပုံစံ၊ opioid အကိုက်အခဲပျောက်ဆေးနှင့် သုံးစွဲသောဆေးများ၊ သံဓါတ်အားဆေးများ၊ ကိုယ်ဝန်ဆောင်ခြင်း၊ စိတ်ဖိစီးမှုများခြင်းနှင့် အခြားကျန်းမာရေး ပြဿနာအမျိုးမျိုးကြောင့် ဝမ်းချုပ်တဲ့ပြဿနာ ကြုံတွေ့ရတတ်ပါတယ်။

ဝမ်းချုပ်တဲ့ပြဿနာ ကြုံတွေ့တဲ့အခါ သဘာဝနည်းအတိုင်း မသွားနိုင်လို့ဝမ်းနှုတ်ဆေး၊ ဝမ်းပျော့ဆေးတွေကို အားကိုးပြီး အဖြေရှာတတ်ကြပါတယ်။ ဝမ်းပျော့ဆေးများ emollient laxative ဟာ ရေနဲ့အဆီများကို စုပ်ယူပေးခြင်းဖြင့် ဝမ်းအညစ်အကြေးများကို အစိုဓါတ်ဖြင့်ပျော့စေပြီး စွန့်ထုတ်ရလွယ်စေသဖြင့် ညစ်ထုတ်စရာမလိုပဲ ဝမ်းသွားရလွယ်ကူအောင် ကူညီပေးတဲ့ သောက်ဆေး oral စအိုအတွင်းထည့်ရတဲ့ဆေးများ rectal ဖြစ်ပါတယ်။

ဝမ်းချုပ်တဲ့ပြဿနာအတွက် ဝမ်းပျော့ဆေးတွေသုံးတာဟာ ရေတိုအတွက်ပဲ ထိရောက်ပြီး ဝမ်းပျော့ဆေး မကြာခဏသောက်ခြင်းကြောင့် ခန္ဓာကိုယ်အတွက် ဆိုးကျိုးများကိုသာ ပိုရရှိနိုင်ပါတယ်။ ဝမ်းပျော့ဆေးသောက်ခြင်းကြောင့် ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေ ကြုံရနိုင်ပါတယ်။ ဝမ်းသွားရန် ဆေးမကြာခဏသုံးမှုကြောင့် ဝမ်းလျှောသည့် ဝေဒနာ ခံစားရခြင်း bouts of diarrhoea၊ ခန္ဓာကိုယ်အတွင်းရှိ ဓါတ်များဆုံးရှုံးပြီး ကယ်လ်ဆီယမ် calcium၊ ကလိုရိုက် chloride၊ ပိုတက်ဆီယမ် potassium၊ မဂ္ဂနီဆီယမ် magnesium ၊ ဆိုဒီယမ် sodium စသည့် ဓါတ်ဆားမညီမျှမှု electrolyte imbalance များ ဖြစ်ပေါ်စေနိုင်ပါသည်။ နောက်ဆက်တွဲအနေဖြင့် နှလုံးခုန်နှုန်း စည်းချက် ပုံမမှန်ခြင်း၊ ခန္ဓာကိုယ် အားနည်းခြင်း၊ သတိလစ်မေ့မြောခြင်း၊ တက်ခြင်းကဲ့သို့ ပြင်းထန်သော အကျိုးဆက်များအထိ ခံစားရနိုင်ပါတယ်။

ဝမ်းနှုတ်ဆေး/ဝမ်းပျော့ဆေးတွေ မကြာခဏ အသုံးပြုတာများလာတဲ့အခါ အူလမ်းကြောင်း အစိတ်အပိုင်းတွေရဲ့ ညှစ်အားနဲ့ လှုပ်ရှားမှုတွေဟာ လျော့ကျသွားပြီး tolerance ဆေးမသောက်ရင် ဝမ်းသွားလို့ မရတော့တာထိ ဖြစ်နိုင်ပါတယ်။ ရေရှည်သုံးစွဲတာနဲ့အမျှ ဝမ်းပုံမှန်သွားရန် ဆေးကိုအသုံးပြုမှု တစ်ကြိမ်ထက်တစ်ကြိမ် ပိုလိုအပ်လာနိုင်ပါတယ်။

ဝမ်းပျော့ဆေးကို ဝမ်းမာပြီးသွားရန်ခက်ခဲသည့်အခါ ရေတိုသက်သာအောင် ပြုလုပ်ရန်အတွက်လည်းကောင်း၊ အားစိုက်ညစ်ရန် မသင့်လျော်ပဲ ဝမ်းပျော့ပျော့သွားရန်လိုသည့် လိပ်ခေါင်း hemorrhoids ၊ စအိုကွဲနာ anal fissures နှင့် အခြား အူလမ်းကြောင်းနှင့် စအိုတဝိုက်ခွဲစိတ်မှု ပြုလုပ်ပြီးစအချိန်များ၊ ကလေးမီးဖွားပြီးနှင့် နှလုံးရောဂါကဲ့သို့ အခြေအနေများတွင် ဆရာဝန်ညွှန်ကြားချက်များဖြင့်သာ သုံးစွဲသင့်ပါတယ်။

ဝမ်းပျော့ဆေးမသုံးပဲ ဝမ်းမချုပ်အောင် သဘာဝအတိုင်း ပြုလုပ်နိုင်တဲ့ နည်းများကတော့ စားသောက်နေထိုင်မှုပုံစံ ပြောင်းလဲမှုများဖြစ်တဲ့ အထိုင်မများအောင် ဂရုစိုက်ပြီး ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း၊ ဝမ်းသွားရလွယ်ကူအောင် အမျှင်ဓါတ်/ဖိုင်ဘာကြွယ်ဝတဲ့ အသီးအရွက်များများစားခြင်း၊ ရေများများသောက်ခြင်း၊ အူလမ်းကြောင်း အကျိုးပြု ပရိုဘိုင်အိုတစ် probiotics များ မှီဝဲခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ ပြင်းထန်မှုမရှိသော နာတာရှည် ဝမ်းချုပ်သည့်သူများတွင် ဘေးထွက်ဆိုးကျိုးနည်းသည့် ဝမ်းပျော့ဆေးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း အသုံးပြုနိုင်ပါသည်။

Author: Dr.Yee Mon

Previous Post

အအေးမိ၊ နှာစေး၊ ခေါင်းကိုက်၊ နှာရည်ယိုခြင်းတွေကို သက်သာစေမယ့် နည်းလမ်းများ

Next Post

မိုးရာသီမှာ အဖြစ်များတဲ့ရောဂါလက္ခဏာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.3k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
811

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
423

အစာမကြေဖြစ်စေတဲ့ အဓိကအကြောင်းအရင်းများ

2 years ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မိုးရာသီမှာ အဖြစ်များတဲ့ရောဂါလက္ခဏာများ

မယ်လတိုနင်ဆိုတာ ဘာလဲ?

မိုးရာသီမှာ သတိပြုစရာ နှာစေး၊ ချောင်းဆိုးဝေဒနာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.