fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အရိုးလေးဘက်နာရောဂါ

3.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/01/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

လူတစ္ေယာက္တြင္ျဖစ္ေသာ ေလးဘက္နာေတြက ၃ မ်ိဳးေလာက္ရွိပါတယ္။ ပိုးေလးဘက္နာေရာဂါ၊ ႏွလံုးေလးဘက္နာႏွင့္ အရိုးေလးဘက္နာေရာဂါေတြပါ။ အဲထဲကမွ အရိုးေလးဘက္နာအေၾကာင္း ေျပာခ်င္ပါတယ္။ အရိုးေလးဘက္နာဟာ အၿမဲအဆစ္အျမစ္ ေရာင္ရမ္းတဲ့ ေရာဂါတစ္မ်ိဳးပါဘဲ။ ဒီေရာဂါကို လူမည္း အာဖရိကန္ႏွင့္ တရုတ္ေတြမွာ သိပ္ခံစားရေလ့မရွိပါဘူး။ အမ်ိဳးသားႏွင့္ အမ်ိဳးသမီးမွာလည္း အမ်ိဳးသမီးေတြက အမ်ိဳးသားေတြထက္ ၃ ဆပိုျဖစ္ပါတယ္။ ဒီေရာဂါခံစားရတာလည္း အခ်ိန္ၾကာတယ္။ တခ်က္တခ်က္ပိုဆိုးသြားႏိုင္သလို ခဏခဏလည္း ျပန္ျဖစ္တတ္ပါတယ္။ ဒီေရာဂါရွိသူေတြရဲ႕ ၄၀ ရာခိုင္ႏႈန္းဟာ ၃ ႏွစ္အတြင္းမွာ မသန္စြမ္းျဖစ္ႏိုင္ၾကသလို ၈၀ ရာခိုင္ႏႈန္းေလာက္က ႏွစ္ ၂၀ အတြင္း ေတာ္ေတာ္ေလး မသန္စြမ္းျဖစ္သြားႏိုင္ၾကပါတယ္။

ဒီေရာဂါခံစားေနစဥ္ ဒီေရာဂါရဲ႕ ေနာက္ဆက္တြဲ အလားအလာ ေကာင္းမေကာင္းဆိုတာက စခံစားရခ်ိန္ မသန္စြမ္းရွိမရွိ၊ အမ်ိဳးသမီးလား၊ အမ်ိဳးသားလား၊ ေျခမအရင္း အဆစ္ပါမပါ၊ စခံစားခ်ိန္ ဓာတ္မွန္ရိုက္လို႔ အရိုးထိခိုက္မႈရွိမရွိ၊ ေဆးလိပ္ေသာက္မေသာက္၊ ေသြးတြင္း အရိုးေလးဘက္နာဟု ျပသေသာဓာတ္ျဖစ္တဲ့ RF ႏွင့္ ACPA ဓာတ္ေတြရွိမရွိေပၚ မူတည္ပါတယ္။ အဲဒီအခ်က္ေတြရွိေနရင္ေတာ့ ေရာဂါရဲ႕ ေနာက္ဆက္တြဲ အလားအလာ သိပ္မေကာင္းပါဘူး။

ဒီေရာဂါကို ျပန္ေလ့လာၾကည့္တဲ့အခါ မ်ိဳးရိုးဗီဇ၊ ပတ္ဝန္းက်င္ အခ်က္ေတြက အဓိကပါဝင္ပါတယ္။ ေလ့လာခ်က္ေတြအရ ဒီေရာဂါဟာ ေရာဂါပိုးတစ္ခုခုေၾကာင့္ ပိုဆိုးတယ္လို႔ ယူဆၾကေပမယ့္ ဘာပိုးေၾကာင့္လဲဆိုတာ မသိရွိေသးပါ။ အၾကမ္းအားျဖင့္ ခံတြင္းရွိပိုးေတြ၊ အူလမ္းေၾကာင္းရွိပိုး၊ ဗိုင္းရပ္စ္ေတြလို႔ ယူဆၾကပါတယ္။ ခႏၶာကိုယ္ရွိ ခုခံအားဆဲလ္ေတြေၾကာင့္ ေနာက္ဆံုးအရိုးအဆစ္ကို အုပ္ထားေသာ အေျမွးပါးကို ေရာင္ရမ္းေစပါတယ္။ ၿပီးလွ်င္ ႏူးည့ံတစ္သွ်ဴးႏွင့္ အရြတ္မ်ားကို ထိခိုက္ပ်က္စီးေစပါေတာ့တယ္။ ေလးဘက္နာျဖစ္ရာ အဆစ္သည္ ေအာက္ဆီဂ်င္ဓာတ္နည္းသြားၿပီး ေသြးေၾကာအသစ္ျဖစ္ေပၚေစပါတယ္။ ဒီေရာဂါတြင္ အဆစ္ေတြမွာ အလံုးေတြျဖစ္ေပၚလာပါတယ္။ ထိုအလံုးကို ေလးဘက္နာအလံုး (Rheumatoid nodule) လို႔ေခၚပါတယ္။ ဒီလိုမ်ိဳးအလံုးကို အဆုတ္၊ ႏွလံုး၊ မ်က္လံုးေတြလည္း ေတြ႕ရႏိုင္ပါတယ္။

အရိုးေလးဘက္နာ ခံစားေနရၿပီဆိုလွ်င္ သူဟာ နာက်င္ျခင္း၊ အဆစ္ေရာင္ျခင္း၊ ေျခဆစ္၊ လက္ဆစ္ႏွင့္ လက္ေကာက္ဝတ္ အဆစ္မ်ား ေတာင့္တင္းေနတတ္ပါတယ္။ အဆစ္ႀကီးေတြမွာလည္း ျဖစ္တတ္ပါတယ္။ တခါတေလ လူနာဟာ ေရာဂါရုတ္တရက္ႀကီး ထခံစားႏိုင္ရသလို မနက္ထလွ်င္ အဆစ္ေတာင့္ျခင္း၊ အဆစ္မ်ားစြာ ေရာင္ရမ္းျခင္းႏွင့္ ေဖာေရာင္ျခင္းေတြ ခံစားရတတ္ပါတယ္။ တစ္ခ်ိဳ႕က် ၾကြက္သားေတာင့္တင္းတတ္ပါတယ္။ တခါတေလ ထိုလကၡဏာမ်ား ခဏခဏခံစားရေလ့ရွိၿပီး နာရီအနည္းငယ္ကေန ရက္ေတြေလာက္အထိ ၾကာတတ္ပါတယ္။

လူနာကခံစားရတဲ့ အဆစ္ေတြဟာ ၂ ဖက္ၿပိဳင္တူျဖစ္ပါတယ္။ ေရာင္ရမ္းရာ အဆစ္သည္ ဖိလိုက္လွ်င္ နာပါတယ္။ အဆစ္ကို အျခားသူက လႈပ္ရွားရင္ေတာင္ နာတတ္ပါတယ္။ ေရာဂါဟာၾကာလာၿပီး ေသခ်ာမထိန္းဘူးဆိုလွ်င္ ပံုပ်က္သြားပါမယ္။ ငန္းလည္ပင္းပံုစံမ်ိဳး၊ Z ပံုစံလိုမ်ိဳးေတြ ပံုပ်က္သြားပါတယ္။ ဒါက လက္မွာျဖစ္တာပါ။ ေျခေထာက္မွာလည္း ေျခဆစ္ေတြ ပံုပ်က္သြားပါတယ္။ ဒူးဆစ္မွာျဖစ္လွ်င္ အိတ္တည္တတ္ပါတယ္။ ဒူးအေကြးအဆန္႔ေၾကာင့္ အိတ္ကေပါက္သြားၿပီး အဆစ္ထဲ အရည္ဝင္သြားႏိုင္ပါတယ္။ ထိုအခါ ေျခသလံုးၾကြက္သားနာျခင္း၊ ေရာင္ရမ္းျခင္း ျဖစ္တတ္ပါတယ္။ ထိုအခါ ေျခေထာက္ေသြးေၾကာ ပိတ္ဆို႔ျခင္းေရာဂါနဲ႔ မွားတတ္ပါတယ္။

အရိုးေလးဘက္နာက အရိုးထိခိုက္ရံုတင္မက ခႏၶာကို္ယ္တစ္ခုလံုးကို ထိခို္က္ပါေသးတယ္။ လူနာဟာ အဖ်ားဝင္လာမယ္။ ပိန္လာမယ္။ ႏုန္းမယ္။ ၾကြက္သားေတြ သိမ္လွီလာမယ္။ အရိုးပြမယ္။ ေသြးအားနည္းမယ္။ ေဘလံုးႀကီးလာမယ္။ မ်က္လံုးရိွ မ်က္ၾကည္လႊာေရာင္ျခင္း၊ ေသြးေၾကာမ်ား မေကာင္း၍ အနာေတြျဖစ္လာပါမယ္။ ႏွလံုးေရာင္ျခင္း၊ ႏွလံုးေသြးေၾကာမ်ား ေရာင္ျခင္း၊ ေလျပြန္ေရာင္ျခင္း၊ အဆုတ္ထဲ ေရဝင္ျခင္း၊ အာရံုေၾကာမ်ားထိခိုက္ျခင္း စတာေတြပါ ခံစားလာရပါတယ္။

အရိုးေလးဘက္နာလို႔ေျပာဖို႔ စံသတ္မွတ္ခ်က္ေတြရွိပါတယ္။ အမွတ္တြက္ရပါတယ္။ အရိုးအဆစ္ႀကီး တခုထိလွ်င္ ၀ မွတ္၊ အဆစ္ႀကီး ၂ – ၁၀ ခုထိလွ်င္ ၁ မွတ္၊ အဆစ္ေသး ၁ – ၃ ခုထိလွ်င္ ၂ မွတ္၊ အဆစ္ေသး ၄ – ၁၀ ခုထိလွ်င္ ၅ မွတ္၊ ေသြးတြင္း RF ႏွင့္ ACPA ဓာတ္မရွိလွ်င္ ၀ မွတ္၊ နည္းနည္းရွိလွ်င္ ၂ မွတ္၊ သိသိသာသာတက္ေနလွ်င္ ၃ မွတ္၊ လကၡဏာဟာ ၆ ပတ္ေလာက္ပဲ ၾကာေသးတယ္ဆို ၀ မွတ္၊ ၆ ပတ္ေက်ာ္ၾကာေနလွ်င္ ၁ မွတ္၊ တျခားေသြးစစ္ထားေသာ CPR ႏွင့္ ESR စစ္ေဆးခ်က္ ပံုမွန္ဆို ၀ မွတ္၊ ပံုမွန္ဆို ၁ မွတ္ဆိုၿပီး အမွတ္သတ္မွတ္ထားပါတယ္။ ထိုအမွတ္ကိုက္လွ်င္ ေပါင္းလိုက္လို႔ ၆ မွတ္ႏွင့္အထက္ဆို သတ္မွတ္စဥ္းစားပါတယ္။

တျခားစစ္ေဆးခ်က္လည္းလိုပါတယ္။ အရိုးထိခိုက္မႈရွိမရွိ ပ်က္ဆီးမႈရွိမရွိကုသဖို႔တြက္ အရိုးဓာတ္မွန္၊ အာထရာေစာင္း၊ သံလိုက္ဓာတ္မွန္ ထိရိုက္လို႔ရပါတယ္။ ဒါဟာ ကုသေနစဥ္ အရိုးေရာဂါရဲ႕ ထိခိုက္မႈကို ေစာင့္ၾကည့္ရာမွာလည္း သံုးရပါတယ္။ ဒီေရာဂါအတြက္ ေဆးေသာက္တဲ့အခါ ေဆးရဲ႕လံုၿခံဳစိတ္ခ်ဖို႔အတြက္ ဆီးစစ္ျခင္း၊ ေသြးပမာဏစစ္ျခင္း၊ ေက်ာက္ကပ္၊ အသည္းအလုပ္လုပ္ျခင္းစစ္ေဆးျခင္းေတြ လုပ္ရပါတယ္။

ဒီေရာဂါကုသဖို႔အတြက္က အဓိကေဆးအုပ္စုႀကီး ရိွပါတယ္။ DMARD လို႔ေခၚပါတယ္။ ထိုေဆးအုပ္စုႀကီးတြင္ ေဆး ၇ မ်ိဳးေလာက္ပါဝင္ပါတယ္။ ထိုေဆးေတြ ေသာက္ရပါတယ္။ ထိုထဲမွ ၅ မ်ိဳးေလာက္က ေန႔တိုုင္းေသာက္ရပါတယ္။ ၁ မ်ိဳးက ၁ ပတ္ ၁ ခါေသာက္ရၿပီး က်န္ ၁ မ်ိဳးကိုေတာ့ ၁ လ ၁ခါအသားေဆးထိုးရပါတယ္။ ထိုေဆးအုပ္စုအျပင္ စတီးရြိဳက္ပါေသာေဆးကိုေတာ့ ေရာဂါသက္သာၿပီး ျပန္ျဖစ္လွ်င္ေသာက္ရတတ္ပါတယ္။ ထိုေဆးေတြအျပင္ တျခားကုသမႈေတြလည္း ရွိပါေသးတယ္။ အဲဒါကေတာ့ ဇီဝေဗဒဆိုင္ရာကုထံုး၊ ခြဲစိတ္ျခင္းနည္းေတြလည္း ရွိပါတယ္။ ေဆးေတြ တျခားနည္းေတြ ကုသာတာအျပင္ ေယဘုယ်ျပဳလုပ္သင့္တဲ့ အရာေတြလည္းရွိပါတယ္။ အနားယူျခင္း၊ အကိုက္အခဲေပ်ာက္ ေဆးေသာက္ျခင္း၊ အရိုးအဆစ္ေလ့က်င့္ခန္းျပဳလုပ္ျခင္း၊ ေရေႏြးအိတ္ကပ္ျခင္း ျပဳလုပ္ျခင္းျဖင့္ လူနာခံစားရတဲ့ လကၡဏာမ်ားကို အနည္းနဲ႔အမ်ား သက္သာေစပါတယ္။

Author: ေဒါက္တာဇြဲေကာင္းခ်စ္, Healthcare Journal Vol 8,no 47 (8.12.17) Pg 11

Unicode

လူတစ်ယောက်တွင်ဖြစ်သော လေးဘက်နာတွေက ၃ မျိုးလောက်ရှိပါတယ်။ ပိုးလေးဘက်နာရောဂါ၊ နှလုံးလေးဘက်နာနှင့် အရိုးလေးဘက်နာရောဂါတွေပါ။ အဲထဲကမှ အရိုးလေးဘက်နာအကြောင်း ပြောချင်ပါတယ်။ အရိုးလေးဘက်နာဟာ အမြဲအဆစ်အမြစ် ရောင်ရမ်းတဲ့ ရောဂါတစ်မျိုးပါဘဲ။ ဒီရောဂါကို လူမည်း အာဖရိကန်နှင့် တရုတ်တွေမှာ သိပ်ခံစားရလေ့မရှိပါဘူး။ အမျိုးသားနှင့် အမျိုးသမီးမှာလည်း အမျိုးသမီးတွေက အမျိုးသားတွေထက် ၃ ဆပိုဖြစ်ပါတယ်။ ဒီရောဂါခံစားရတာလည်း အချိန်ကြာတယ်။ တချက်တချက်ပိုဆိုးသွားနိုင်သလို ခဏခဏလည်း ပြန်ဖြစ်တတ်ပါတယ်။ ဒီရောဂါရှိသူတွေရဲ့ ၄၀ ရာခိုင်နှုန်းဟာ ၃ နှစ်အတွင်းမှာ မသန်စွမ်းဖြစ်နိုင်ကြသလို ၈၀ ရာခိုင်နှုန်းလောက်က နှစ် ၂၀ အတွင်း တော်တော်လေး မသန်စွမ်းဖြစ်သွားနိုင်ကြပါတယ်။

ဒီရောဂါခံစားနေစဉ် ဒီရောဂါရဲ့ နောက်ဆက်တွဲ အလားအလာ ကောင်းမကောင်းဆိုတာက စခံစားရချိန် မသန်စွမ်းရှိမရှိ၊ အမျိုးသမီးလား၊ အမျိုးသားလား၊ ခြေမအရင်း အဆစ်ပါမပါ၊ စခံစားချိန် ဓာတ်မှန်ရိုက်လို့ အရိုးထိခိုက်မှုရှိမရှိ၊ ဆေးလိပ်သောက်မသောက်၊ သွေးတွင်း အရိုးလေးဘက်နာဟု ပြသသောဓာတ်ဖြစ်တဲ့ RF နှင့် ACPA ဓာတ်တွေရှိမရှိပေါ် မူတည်ပါတယ်။ အဲဒီအချက်တွေရှိနေရင်တော့ ရောဂါရဲ့ နောက်ဆက်တွဲ အလားအလာ သိပ်မကောင်းပါဘူး။

ဒီရောဂါကို ပြန်လေ့လာကြည့်တဲ့အခါ မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင် အချက်တွေက အဓိကပါဝင်ပါတယ်။ လေ့လာချက်တွေအရ ဒီရောဂါဟာ ရောဂါပိုးတစ်ခုခုကြောင့် ပိုဆိုးတယ်လို့ ယူဆကြပေမယ့် ဘာပိုးကြောင့်လဲဆိုတာ မသိရှိသေးပါ။ အကြမ်းအားဖြင့် ခံတွင်းရှိပိုးတွေ၊ အူလမ်းကြောင်းရှိပိုး၊ ဗိုင်းရပ်စ်တွေလို့ ယူဆကြပါတယ်။ ခန္ဓာကိုယ်ရှိ ခုခံအားဆဲလ်တွေကြောင့် နောက်ဆုံးအရိုးအဆစ်ကို အုပ်ထားသော အမြှေးပါးကို ရောင်ရမ်းစေပါတယ်။ ပြီးလျှင် နူးညံ့တစ်သျှူးနှင့် အရွတ်များကို ထိခိုက်ပျက်စီးစေပါတော့တယ်။ လေးဘက်နာဖြစ်ရာ အဆစ်သည် အောက်ဆီဂျင်ဓာတ်နည်းသွားပြီး သွေးကြောအသစ်ဖြစ်ပေါ်စေပါတယ်။ ဒီရောဂါတွင် အဆစ်တွေမှာ အလုံးတွေဖြစ်ပေါ်လာပါတယ်။ ထိုအလုံးကို လေးဘက်နာအလုံး (Rheumatoid nodule) လို့ခေါ်ပါတယ်။ ဒီလိုမျိုးအလုံးကို အဆုတ်၊ နှလုံး၊ မျက်လုံးတွေလည်း တွေ့ရနိုင်ပါတယ်။

အရိုးလေးဘက်နာ ခံစားနေရပြီဆိုလျှင် သူဟာ နာကျင်ခြင်း၊ အဆစ်ရောင်ခြင်း၊ ခြေဆစ်၊ လက်ဆစ်နှင့် လက်ကောက်ဝတ် အဆစ်များ တောင့်တင်းနေတတ်ပါတယ်။ အဆစ်ကြီးတွေမှာလည်း ဖြစ်တတ်ပါတယ်။ တခါတလေ လူနာဟာ ရောဂါရုတ်တရက်ကြီး ထခံစားနိုင်ရသလို မနက်ထလျှင် အဆစ်တောင့်ခြင်း၊ အဆစ်များစွာ ရောင်ရမ်းခြင်းနှင့် ဖောရောင်ခြင်းတွေ ခံစားရတတ်ပါတယ်။ တစ်ချို့ကျ ကြွက်သားတောင့်တင်းတတ်ပါတယ်။ တခါတလေ ထိုလက္ခဏာများ ခဏခဏခံစားရလေ့ရှိပြီး နာရီအနည်းငယ်ကနေ ရက်တွေလောက်အထိ ကြာတတ်ပါတယ်။

လူနာကခံစားရတဲ့ အဆစ်တွေဟာ ၂ ဖက်ပြိုင်တူဖြစ်ပါတယ်။ ရောင်ရမ်းရာ အဆစ်သည် ဖိလိုက်လျှင် နာပါတယ်။ အဆစ်ကို အခြားသူက လှုပ်ရှားရင်တောင် နာတတ်ပါတယ်။ ရောဂါဟာကြာလာပြီး သေချာမထိန်းဘူးဆိုလျှင် ပုံပျက်သွားပါမယ်။ ငန်းလည်ပင်းပုံစံမျိုး၊ Z ပုံစံလိုမျိုးတွေ ပုံပျက်သွားပါတယ်။ ဒါက လက်မှာဖြစ်တာပါ။ ခြေထောက်မှာလည်း ခြေဆစ်တွေ ပုံပျက်သွားပါတယ်။ ဒူးဆစ်မှာဖြစ်လျှင် အိတ်တည်တတ်ပါတယ်။ ဒူးအကွေးအဆန့်ကြောင့် အိတ်ကပေါက်သွားပြီး အဆစ်ထဲ အရည်ဝင်သွားနိုင်ပါတယ်။ ထိုအခါ ခြေသလုံးကြွက်သားနာခြင်း၊ ရောင်ရမ်းခြင်း ဖြစ်တတ်ပါတယ်။ ထိုအခါ ခြေထောက်သွေးကြော ပိတ်ဆို့ခြင်းရောဂါနဲ့ မှားတတ်ပါတယ်။

အရိုးလေးဘက်နာက အရိုးထိခိုက်ရုံတင်မက ခန္ဓာကိုယ်တစ်ခုလုံးကို ထိခိုက်ပါသေးတယ်။ လူနာဟာ အဖျားဝင်လာမယ်။ ပိန်လာမယ်။ နုန်းမယ်။ ကြွက်သားတွေ သိမ်လှီလာမယ်။ အရိုးပွမယ်။ သွေးအားနည်းမယ်။ ဘေလုံးကြီးလာမယ်။ မျက်လုံးရှိ မျက်ကြည်လွှာရောင်ခြင်း၊ သွေးကြောများ မကောင်း၍ အနာတွေဖြစ်လာပါမယ်။ နှလုံးရောင်ခြင်း၊ နှလုံးသွေးကြောများ ရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ အဆုတ်ထဲ ရေဝင်ခြင်း၊ အာရုံကြောများထိခိုက်ခြင်း စတာတွေပါ ခံစားလာရပါတယ်။

အရိုးလေးဘက်နာလို့ပြောဖို့ စံသတ်မှတ်ချက်တွေရှိပါတယ်။ အမှတ်တွက်ရပါတယ်။ အရိုးအဆစ်ကြီး တခုထိလျှင် ၀ မှတ်၊ အဆစ်ကြီး ၂ – ၁၀ ခုထိလျှင် ၁ မှတ်၊ အဆစ်သေး ၁ – ၃ ခုထိလျှင် ၂ မှတ်၊ အဆစ်သေး ၄ – ၁၀ ခုထိလျှင် ၅ မှတ်၊ သွေးတွင်း RF နှင့် ACPA ဓာတ်မရှိလျှင် ၀ မှတ်၊ နည်းနည်းရှိလျှင် ၂ မှတ်၊ သိသိသာသာတက်နေလျှင် ၃ မှတ်၊ လက္ခဏာဟာ ၆ ပတ်လောက်ပဲ ကြာသေးတယ်ဆို ၀ မှတ်၊ ၆ ပတ်ကျော်ကြာနေလျှင် ၁ မှတ်၊ တခြားသွေးစစ်ထားသော CPR နှင့် ESR စစ်ဆေးချက် ပုံမှန်ဆို ၀ မှတ်၊ ပုံမှန်ဆို ၁ မှတ်ဆိုပြီး အမှတ်သတ်မှတ်ထားပါတယ်။ ထိုအမှတ်ကိုက်လျှင် ပေါင်းလိုက်လို့ ၆ မှတ်နှင့်အထက်ဆို သတ်မှတ်စဉ်းစားပါတယ်။

တခြားစစ်ဆေးချက်လည်းလိုပါတယ်။ အရိုးထိခိုက်မှုရှိမရှိ ပျက်ဆီးမှုရှိမရှိကုသဖို့တွက် အရိုးဓာတ်မှန်၊ အာထရာစောင်း၊ သံလိုက်ဓာတ်မှန် ထိရိုက်လို့ရပါတယ်။ ဒါဟာ ကုသနေစဉ် အရိုးရောဂါရဲ့ ထိခိုက်မှုကို စောင့်ကြည့်ရာမှာလည်း သုံးရပါတယ်။ ဒီရောဂါအတွက် ဆေးသောက်တဲ့အခါ ဆေးရဲ့လုံခြုံစိတ်ချဖို့အတွက် ဆီးစစ်ခြင်း၊ သွေးပမာဏစစ်ခြင်း၊ ကျောက်ကပ်၊ အသည်းအလုပ်လုပ်ခြင်းစစ်ဆေးခြင်းတွေ လုပ်ရပါတယ်။

ဒီရောဂါကုသဖို့အတွက်က အဓိကဆေးအုပ်စုကြီး ရှိပါတယ်။ DMARD လို့ခေါ်ပါတယ်။ ထိုဆေးအုပ်စုကြီးတွင် ဆေး ၇ မျိုးလောက်ပါဝင်ပါတယ်။ ထိုဆေးတွေ သောက်ရပါတယ်။ ထိုထဲမှ ၅ မျိုးလောက်က နေ့တိုုင်းသောက်ရပါတယ်။ ၁ မျိုးက ၁ ပတ် ၁ ခါသောက်ရပြီး ကျန် ၁ မျိုးကိုတော့ ၁ လ ၁ခါအသားဆေးထိုးရပါတယ်။ ထိုဆေးအုပ်စုအပြင် စတီးရွိုက်ပါသောဆေးကိုတော့ ရောဂါသက်သာပြီး ပြန်ဖြစ်လျှင်သောက်ရတတ်ပါတယ်။ ထိုဆေးတွေအပြင် တခြားကုသမှုတွေလည်း ရှိပါသေးတယ်။ အဲဒါကတော့ ဇီဝဗေဒဆိုင်ရာကုထုံး၊ ခွဲစိတ်ခြင်းနည်းတွေလည်း ရှိပါတယ်။ ဆေးတွေ တခြားနည်းတွေ ကုသာတာအပြင် ယေဘုယျပြုလုပ်သင့်တဲ့ အရာတွေလည်းရှိပါတယ်။ အနားယူခြင်း၊ အကိုက်အခဲပျောက် ဆေးသောက်ခြင်း၊ အရိုးအဆစ်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ရေနွေးအိတ်ကပ်ခြင်း ပြုလုပ်ခြင်းဖြင့် လူနာခံစားရတဲ့ လက္ခဏာများကို အနည်းနဲ့အများ သက်သာစေပါတယ်။

Author: ဒေါက်တာဇွဲကောင်းချစ်, Healthcare Journal Vol 8,no 47 (8.12.17) Pg 11

Previous Post

အမျိုးသမီး သံဓာတ်ချို့တဲ့ခြင်း

Next Post

သတိထားရမည့် မေးခိုင်ရောဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
852
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သတိထားရမည့် မေးခိုင်ရောဂါ

ဂျင်းကောင် မဟုတ်တဲ့ သုတ်ကောင်

ကျန်းမာရေးနှင့် ညီညွတ်အောင် တစ်ပါတ်ကို ပေါင် ဘယ်လောက်ချမလဲ????

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.