fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အာရုံကြောအားနည်းခြင်း

804
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/01/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Unicode)

မင်္ဂလာပါဆရာ။ သမီးမေမေက ခြေချောင်းလေးတွေ မကြာခဏ ကျင်သလိုထုံနေသလို ခံစားနေရပါတယ် ဆရာ။ ဆရာဝန်ညွှန်ကြားတဲ့အတိုုင်း အနာသက်သာတဲ့ဆေးနဲ့ အာရုံကြောဆေးသောက်နေပါတယ် ဆရာ။ ဒါပေမဲ့ ခဏပဲသက်သာပြီး ပြန်ပြန်ဖြစ်ပါတယ်ဆရာ။ အနာသက်သာဆေးကိုလည်း ရေရှည်သောက်ရင် အစာအိမ်ထိခိုက်မှာလည်း စိုးရိမ်မိပါတယ်ဆရာ။ ကျေးဇူးပြုပြီး သမီးဘာဆက်လုပ်သင့်လဲဆိုတာ အကြံပေးပါအုံးဆရာ။
ဖြစ်တဲ့သူအသက် မသိရပါ။ ဆီးချိုရှိ-မရှိ မသိရပါ။ ရာသီအခြေအနေ မသိရပါ။

ဟုတ်ကဲ့ပါဆရာ အသက် ၆၀ ပါ။ ဆီးချိုမရှိပါဘူးဆရာ။ လေးဘက်နာလည်း မရှိပါဘူးဆရာ။ ခဏပဲသက်သာပြီး ပြန်ပြန်ဖြစ်ပါတယ် ဆရာ။

အာရုံကြော အားနည်းခြင်းဆိုတာ အဖျားအနားအာရုံကြောတွေမှာ ဖြစ်တယ်။ အာရုံကြောစနစ်ကို ဗဟိုနဲ့ အဖျားပိုင်းလို့ ခွဲခြားလေ့လာရတယ်။ ဗဟိုဆိုတာ ဦးနှောက်နဲ့ ခါးရိုးမကြီးထဲက အာရုံကြောကြီးတွေကို ခေါ်တယ်။ ဒါကြောင့် အာရုံကြောအားနည်းတဲ့ရောဂါကို Peripheral neuropathy လို့တိတိကျကျခေါ်တယ်။ အာရုံကြောလေးတွေရဲ့ Nerve axons ဆိုတဲ့ နေရာမှာ ထိခိုက်လို့ဖြစ်ရတာ များတယ်။ အမေရိကားမှာ လူ သန်း ၂၀ ခံစားနေရတယ်။

အာရုံကြော ၂ မျိုးရှိတယ်။ Motor nerves တွေက ကြွက်သားတွေ အလုပ်လုပ်စေအောင် ကူညီတယ်။ Sensory nerves တွေက နာတာ၊ ပူတာတွေကိုသိစေတယ်။ နောက်တစ်မျိုးလဲ ရှိသေးပြန်တယ်။ Autonomic neuropathy ခေါ်တယ်။ ကိုယ်အတွင်းအင်္ဂါတွေမှာ ဖြစ်တယ်။ နှလုံး၊ သွေးကြော၊ ဆီးအိမ်၊ အူ၊ စတာတွေ။
• Mononeuropathy အာရုံကြောတစ်ခုတည်းမှာဖြစ်တာ၊ ဥပမာ Carpal tunnel syndrome, Ulnar nerve palsy, Radial nerve palsy နဲ့ Peroneal nerve palsy တွေဖြစ်တယ်။
• Multiple mononeuropathy အာရုံကြောတခုမကဖြစ်တယ်။
• Polyneurpathy အထွေထွေခြုံဖြစ်တယ်။ ဥပမာ Diabetic neuropathy ဆီးချိုနဲ့ Guillain-Barre syndrome ရောဂါတွေဖြစ်တယ်။
ခြေလက်တွေမှာ နာတာနဲ့ ထုံတာ၊ ကျင်တာနဲ့ ပူတာတွေကို ခံစားရမယ်။
• Diabetic neuropathy ဆီးချိုကနေဆက်ဖြစ်တာ ၃၀ ရာခိုင်နှုန်းက ဖြစ်တယ်။ ဆီးချိုရှိသူတဝက်မှာ ခံစားနေကြရတယ်။ (စာတပုဒ်ရေးထားပါတယ်။)
• Idiopathic neuropathy ဘာဖြစ်မလဲမသိတာမျိုးလဲ ၃၀ ရာခိုင်နှုန်းမှာ ရှိတယ်။
• Nutriton အာဟာရ (ဗီတာမင်ဘီ) လိုလို့လဲဖြစ်တယ်။
• ထိထားခံရလို့နဲ့ ထိခိုက်ဒဏ်ရာရလို့လဲ ဖြစ်တယ်။
• Alcoholism အရက်စွဲသောက်သူတွေ၊
• Lupus, Rheumatoid arthritis, Gullian-Barre syndrome (အော်တိုအင်မြူး) ရောဂါတွေ၊
• Tumors ကင်ဆာအကျိတ်၊ kidney disease, Liver disease, Lyme disease, HIV/AIDS, Hypothyroidism ရောဂါတွေ၊
• Charcot-Marie-Tooth disease နဲ့ Amyloid polyneuropathy တွေက မွေးရာပါ မျိုးရိုးအရဖြစ်တယ်။
• Heavy metals အဆိပ်သင့်တာ၊
• Cancer treatments ကင်ဆာဆေးတွေကနေ ဖြစ်နိုင်တယ်။

ဖြစ်နိုင်တဲ့အကြောင်းခံကို ကုသပေးရတယ်။ ဒါ့အပြင် ဆေးနည်းတွေရှိပါတယ်။
• Tricyclics နဲ့ SNRI’s စိတ်မကျ ဆေးတွေကလဲ အသုံးကျတယ်။
• Anticonvulsants အတက်သက်သာဆေးတွေကိုလဲ သုံးတယ်။
• Opioid narcotic treatments ဘိန်းကနေထုတ်တဲ့ဆေးလဲ ပေးတာရှိတယ်။
• Post-herps neuralgia ရေယုံဖြစ်ပြီးနောက် နာနေတာမျိုးကို Lidocaine ထုံဆေးလိမ်းစေတယ်။ Capsaicin ငရုပ်ပွ ပလာစတာကိုလဲ ကပ်ပေးနိုင်တယ်။

အစဉ်အလာမဟုတ်တဲ့ ကုသနည်းတွေကတော့
• Cannabinoids ဆေးခြောက်တမျိုး၊
• Botox (ဘိုတောက်) ထိုးဆေး၊
• Ketamine မေ့ဆေးတမျိုး၊
• Alpha lipoic နဲ့ Benfotiamine အားဆေး၊
• Chiropractic massages နှိပ်ခြင်း၊
• Yoga ယောဂ၊
• Meditation တရားထိုင်ခြင်း၊
• Cognitive therapy စိတ်ကုသနည်းနဲ့
• Acupuncture အပ်စိုက်ကုသနည်းတွေ ဖြစ်တယ်။

Author: ဒေါက်တာတင့်ဆွေ, Healthcare Journal, Vol 8,no 47 (8.12.17) Pg 16

Zawgyi

မဂၤလာပါဆရာ။ သမီးေမေမက ေျခေခ်ာင္းေလးေတြ မၾကာခဏ က်င္သလိုထုံေနသလို ခံစားေနရပါတယ္ ဆရာ။ ဆရာဝန္ၫႊန္ၾကားတဲ့အတိုုင္း အနာသက္သာတဲ့ေဆးနဲ႔ အာ႐ုံေၾကာေဆးေသာက္ေနပါတယ္ ဆရာ။ ဒါေပမဲ့ ခဏပဲသက္သာၿပီး ျပန္ျပန္ျဖစ္ပါတယ္ဆရာ။ အနာသက္သာေဆးကိုလည္း ေရရွည္ေသာက္ရင္ အစာအိမ္ထိခိုက္မွာလည္း စိုးရိမ္မိပါတယ္ဆရာ။ ေက်းဇူးျပဳၿပီး သမီးဘာဆက္လုပ္သင့္လဲဆိုတာ အႀကံေပးပါအုံးဆရာ။
ျဖစ္တဲ့သူအသက္ မသိရပါ။ ဆီးခ်ိဳရွိ-မရွိ မသိရပါ။ ရာသီအေျခအေန မသိရပါ။

ဟုတ္ကဲ့ပါဆရာ အသက္ ၆၀ ပါ။ ဆီးခ်ိဳမရွိပါဘူးဆရာ။ ေလးဘက္နာလည္း မရွိပါဘူးဆရာ။ ခဏပဲသက္သာၿပီး ျပန္ျပန္ျဖစ္ပါတယ္ ဆရာ။

အာ႐ုံေၾကာ အားနည္းျခင္းဆိုတာ အဖ်ားအနားအာ႐ုံေၾကာေတြမွာ ျဖစ္တယ္။ အာ႐ုံေၾကာစနစ္ကို ဗဟိုနဲ႔ အဖ်ားပိုင္းလို႔ ခြဲျခားေလ့လာရတယ္။ ဗဟိုဆိုတာ ဦးေႏွာက္နဲ႔ ခါး႐ိုးမႀကီးထဲက အာ႐ုံေၾကာႀကီးေတြကို ေခၚတယ္။ ဒါေၾကာင့္ အာ႐ုံေၾကာအားနည္းတဲ့ေရာဂါကို Peripheral neuropathy လို႔တိတိက်က်ေခၚတယ္။ အာ႐ုံေၾကာေလးေတြရဲ႕ Nerve axons ဆိုတဲ့ ေနရာမွာ ထိခိုက္လို႔ျဖစ္ရတာ မ်ားတယ္။ အေမရိကားမွာ လူ သန္း ၂၀ ခံစားေနရတယ္။

အာ႐ုံေၾကာ ၂ မ်ိဳးရွိတယ္။ Motor nerves ေတြက ႂကြက္သားေတြ အလုပ္လုပ္ေစေအာင္ ကူညီတယ္။ Sensory nerves ေတြက နာတာ၊ ပူတာေတြကိုသိေစတယ္။ ေနာက္တစ္မ်ိဳးလဲ ရွိေသးျပန္တယ္။ Autonomic neuropathy ေခၚတယ္။ ကိုယ္အတြင္းအဂၤါေတြမွာ ျဖစ္တယ္။ ႏွလုံး၊ ေသြးေၾကာ၊ ဆီးအိမ္၊ အူ၊ စတာေတြ။
• Mononeuropathy အာ႐ုံေၾကာတစ္ခုတည္းမွာျဖစ္တာ၊ ဥပမာ Carpal tunnel syndrome, Ulnar nerve palsy, Radial nerve palsy နဲ႔ Peroneal nerve palsy ေတြျဖစ္တယ္။
• Multiple mononeuropathy အာ႐ုံေၾကာတခုမကျဖစ္တယ္။
• Polyneurpathy အေထြေထြၿခဳံျဖစ္တယ္။ ဥပမာ Diabetic neuropathy ဆီးခ်ိဳနဲ႔ Guillain-Barre syndrome ေရာဂါေတြျဖစ္တယ္။
ေျခလက္ေတြမွာ နာတာနဲ႔ ထုံတာ၊ က်င္တာနဲ႔ ပူတာေတြကို ခံစားရမယ္။
• Diabetic neuropathy ဆီးခ်ိဳကေနဆက္ျဖစ္တာ ၃၀ ရာခိုင္ႏႈန္းက ျဖစ္တယ္။ ဆီးခ်ိဳရွိသူတဝက္မွာ ခံစားေနၾကရတယ္။ (စာတပုဒ္ေရးထားပါတယ္။)
• Idiopathic neuropathy ဘာျဖစ္မလဲမသိတာမ်ိဳးလဲ ၃၀ ရာခိုင္ႏႈန္းမွာ ရွိတယ္။
• Nutriton အာဟာရ (ဗီတာမင္ဘီ) လိုလို႔လဲျဖစ္တယ္။
• ထိထားခံရလို႔နဲ႔ ထိခိုက္ဒဏ္ရာရလို႔လဲ ျဖစ္တယ္။
• Alcoholism အရက္စြဲေသာက္သူေတြ၊
• Lupus, Rheumatoid arthritis, Gullian-Barre syndrome (ေအာ္တိုအင္ျမဴး) ေရာဂါေတြ၊
• Tumors ကင္ဆာအက်ိတ္၊ kidney disease, Liver disease, Lyme disease, HIV/AIDS, Hypothyroidism ေရာဂါေတြ၊
• Charcot-Marie-Tooth disease နဲ႔ Amyloid polyneuropathy ေတြက ေမြးရာပါ မ်ိဳး႐ိုးအရျဖစ္တယ္။
• Heavy metals အဆိပ္သင့္တာ၊
• Cancer treatments ကင္ဆာေဆးေတြကေန ျဖစ္ႏိုင္တယ္။

ျဖစ္ႏိုင္တဲ့အေၾကာင္းခံကို ကုသေပးရတယ္။ ဒါ့အျပင္ ေဆးနည္းေတြရွိပါတယ္။
• Tricyclics နဲ႔ SNRI’s စိတ္မက် ေဆးေတြကလဲ အသုံးက်တယ္။
• Anticonvulsants အတက္သက္သာေဆးေတြကိုလဲ သုံးတယ္။
• Opioid narcotic treatments ဘိန္းကေနထုတ္တဲ့ေဆးလဲ ေပးတာရွိတယ္။
• Post-herps neuralgia ေရယုံျဖစ္ၿပီးေနာက္ နာေနတာမ်ိဳးကို Lidocaine ထုံေဆးလိမ္းေစတယ္။ Capsaicin င႐ုပ္ပြ ပလာစတာကိုလဲ ကပ္ေပးႏိုင္တယ္။

အစဥ္အလာမဟုတ္တဲ့ ကုသနည္းေတြကေတာ့
• Cannabinoids ေဆးေျခာက္တမ်ိဳး၊
• Botox (ဘိုေတာက္) ထိုးေဆး၊
• Ketamine ေမ့ေဆးတမ်ိဳး၊
• Alpha lipoic နဲ႔ Benfotiamine အားေဆး၊
• Chiropractic massages ႏွိပ္ျခင္း၊
• Yoga ေယာဂ၊
• Meditation တရားထိုင္ျခင္း၊
• Cognitive therapy စိတ္ကုသနည္းနဲ႔
• Acupuncture အပ္စိုက္ကုသနည္းေတြ ျဖစ္တယ္။

Author: ေဒါက္တာတင့္ေဆြ, Healthcare Journal, Vol 8,no 47 (8.12.17) Pg 16

Previous Post

ဗိုက်တာမင် ဒီ

Next Post

အစာလည်းဆေး ဆေးလည်းအစာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
851
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အစာလည်းဆေး ဆေးလည်းအစာ

အိပ်ရာဝင် လိင်ဆက်ဆံခြင်း အခက်အခဲရှိသူများ

ဦးနှောက်သွေးယိုခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.