fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အစာအိမ်ကင်ဆာ

157
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/01/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အစာအိမ္ကင္ဆာ

ကင္ဆာလုိ႔ ေျပာလုိက္ရင္ လူေတာ္ေတာ္မ်ားမ်ား ေၾကာက္လန္႔သြားတတ္ၾကတယ္။ ကင္ဆာဆုိတာ ဘယ္အသက္အရြယ္မဆုိ ျဖစ္တတ္သလုိ ျဖစ္လာခဲ့ရင္လည္း အသက္အႏၱရာယ္ ရွိလုိ႔ လူတုိင္း ေၾကာက္လန္႔ၾကတာလည္း မဆန္းပါဘူး။

ျပီးေတာ့ မ်ားေသာအားျဖင့္ ကင္ဆာေရာဂါေတြက ေရာဂါလကၡဏာ သိသိသာသာ ထင္ထင္ရွားရွား မျပတတ္ၾကဘူး။ မသိလုိက္ မသိဘာသာနဲ႔ပဲ အဆင့္ေတြလြန္မွ သိရတာမ်ားေတာ့ ကုသဖုိ႔လည္း ေႏွာင့္ေႏွးရတာမ်ဳိးေတြ ျဖစ္တတ္တယ္။ အခ်ိန္လြန္မွ သိတဲ့အတြက္ အသက္ေတြလည္း မဆုံးရႈံးသင့္ဘဲ ဆုံးရႈံးေနရတယ္။ ဒါေၾကာင့္ အခုေနာက္ပုိင္းမွာ အရင္ကထက္ ျဖစ္ပြားတာ မ်ားလာတဲ့ အစာအိမ္ကင္ဆာ အေၾကာင္းေလး ေျပာျပခ်င္ပါတယ္။

အစာအိမ္ကင္ဆာဆုိတာ အသက္အရြယ္မေရြး က်ားမ မေရြး ျဖစ္ပြားႏုိင္တဲ့ ေရာဂါတစ္ခုပါ။ မ်ားေသာအားျဖင့္ အမ်ဳိးသားေတြမွာ ပုိျဖစ္တတ္ပါတယ္။ အသက္ ၅၀ နဲ႔ အထက္မွာပုိ ျဖစ္တတ္ေပမယ့္ ငယ္ရြယ္တဲ့ သူေတြမွာလည္း ျဖစ္တာေတြ ေတြ႔ေနရပါတယ္။ ေဆးလိပ္ေသာက္တတ္သူေတြနဲ႔ မိဘမ်ဳိးရုိး ရွိတဲ့ သူေတြမွာ ပိုျဖစ္တတ္ပါတယ္။ လူမ်ဳိးအေနနဲ႔ကေတာ့ ပူပူစပ္စပ္ေတြ အရမ္းစားတတ္တဲ့ ကုိရီးယားလူမ်ဳိးေတြ ဂ်ပန္လူမ်ဳိးေတြ တရုတ္လူမ်ဳိးေတြမွာ ပုိျဖစ္တာ ေတြ႔ရပါတယ္။

အငန္ေတြ တာရွည္ခံေအာင္ ျပဳလုပ္ထားတဲ့ အစားအစာေတြ ( ဥပမာ ဆီသြပ္ဗူးေတြ ၊ ယမ္းစိမ္းပါတဲ့ အစားအစာေတြ ) ကုိ အစားမ်ားတဲ့သူေတြမွာလည္း သူမ်ားေတြထက္စာရင္ အစာအိမ္ကင္ဆာ ျဖစ္ဖုိ႔ အႏၱရာယ္ ပုိမ်ားပါတယ္။ အရက္ေသာက္တတ္တဲ့သူေတြ အစားေတြ အမ်ားၾကီးကုိ တစ္ခါတည္း စားတတ္သူေတြမွာလည္း ပိုျဖစ္ႏုိင္ပါတယ္။ အကင္ေတြ အစားမ်ားတာ၊ အသားစိမ္း ငါးစိမ္းေတြ အစားမ်ားတာ အစားအစာကုိ ေသခ်ာ မခ်က္ျပဳတ္တာေတြကလည္း အျဖစ္မ်ားေစတဲ့ အေၾကာင္းအရင္းေတြပါပဲ။

ေရာဂါေတြ အေနနဲ႔ကေတာ့ အစာအိမ္နဲ႔ အူလမ္းေၾကာင္းမွာ အဖု အက်ိတ္ေတြ ရွိတာ ၊ H pylori လုိ႔ ေခၚတဲ့ ပုိးရွိတာေတြကလည္း ေရရွည္မွာ အစာအိမ္ကင္ဆာကုိ ျဖစ္ပြားေစႏုိင္ပါတယ္။ ေသြးအုပ္စုအေနနဲ႔ဆုိရင္ ေအေသြးေတြက ပိုအျဖစ္မ်ားပါတယ္။ အဝလြန္တဲ့သူေတြ ကုိယ္အေလးခ်ိန္မ်ားတဲ့သူေတြမွာလည္း ျဖစ္ႏုိင္ေခ် မ်ားပါေသးတယ္။

အစာအိမ္ကင္ဆာက စစျဖစ္ပြားျခင္းမွာဆုိ ေရာဂါ လကၡဏာ ျပေလ့မရွိပါဘူး။ မ်ားေသာအားျဖင့္ ေရာဂါရင့္မွသာ လကၡဏာျပေလ့ရွိပါတယ္။ တခ်ဳိ႔လူေတြမွာေတာ့ ရင္ပူတာ ၊ အခ်ဥ္ရည္ေတြ ျပန္တက္တာ ၊ ေလခ်ဥ္တက္တာေတြ ခံစားရတတ္ပါတယ္။ ေလပြေနတာ ၊ ပ်ဳိ႔တာ အန္တာမ်ဳိးေတြလည္း ရွိတတ္ပါတယ္။ နည္းနည္းေလး စားရုံနဲ႔ ဗုိက္ၾကီးတင္းသြားတာ ၊ အရမ္းၾကီး ပင္ပန္းႏြမ္းလ်သလုိ ခံစားေနရတာမ်ဳိးေတြလည္း ရွိတတ္တယ္။

ဗုိက္ေအာင့္ ဗုိက္နာတတ္တယ္။ အစာအိမ္ကင္ဆာေၾကာင့္ျဖစ္တဲ့ ဗုိက္ေအာင့္တာေတြကက် အစားစားျပီးတဲ့ အခ်ိန္ေတြမွာ ပိုနာတတ္တယ္။ အစာစားခ်င္စိတ္ေတြ မရွိေတာ့တာမ်ဳိး ကုိယ္အေလးခ်ိန္ေတြ ရုတ္တရက္ ထုိးက်သြားတာမ်ဳိးေတြ ျဖစ္တတ္တယ္။

ကင္ဆာဆဲလ္ေတြ အစာအိမ္နံရံေတြ ၊ ေသြးေၾကာေတြကုိ ထုိးေဖာက္သြားတာမ်ဳိး ရွိရင္ေတာ့ ေသြးအန္တာေတြ ၊ ေသြးဝမ္းသြားတာေတြကုိ ခံစားရႏုိင္ပါတယ္။ ေသြးအန္တယ္ဆုိတဲ့ ေနရာမွာ စစခ်င္း ေသြးေရာင္ရဲရဲေတြ ပါခ်င္မွ ပါမွာပါ။ ေကာ္ဖီေဖ်ာ္လုိက္ရင္ ေအာက္မွာအနည္က်တဲ့ ေကာ္ဖီအႏွစ္ေရာင္ေတြ အန္တတ္ပါတယ္။ ျပီးမွ ေသြးရဲရဲေတြ ပါလာတတ္ပါတယ္။ ဒီလုိပါပဲ ေသြးဝမ္းသြားတယ္ဆုိတဲ့ ေနရာမွာ ကတၱရာေစးလုိ ဝမ္းမဲမဲေတြ သြားတာပါ။ ပုံမွန္ဝမ္းထက္ ပုိနံျပီးေတာ့ ဝမ္းေပ်ာ့ေပ်ာ့ပုံမ်ဳိး ရွိတတ္ပါတယ္။ ဒီလုိ ဝမ္းမ်ဳိးက ေရေလာင္းခ်လုိက္ရင္ ရဲခနဲ ျဖစ္သြားတတ္ပါတယ္။

အသည္းကုိ ပ်ံ႔တဲ့အခါ အသားဝါတာ ၊ မ်က္လုံးဝါတာေတြ ျဖစ္တတ္သလုိ အရုိးကုိ ပ်ံ႔တဲ့အခါ အရုိးေတြ နာက်င္ကုိက္ခဲတာ၊ ခါးနာခါးကုိက္တာေတြ ျဖစ္တတ္ပါတယ္။ အဆုတ္ေတြ ၊ ဦးေႏွာက္ေတြကုိ ပ်ံ႔တာမ်ဳိးေတြလည္း ရွိပါတယ္။ ေစာေစာသိရင္ ခြဲစိတ္ကုသလုိ႔ ရေပမယ့္ တျခားေနရာေတြကုိ ပ်ံသြားမွသိရင္ေတာ့ အခ်ိန္လြန္သြားတတ္ပါတယ္။

ဒါေၾကာင့္ မိမိမွာ မသကၤာစရာ ေရာဂါ လကၡဏာတစ္ခုခု ခံစားလာရျပီဆုိ တတ္ကၽြမ္းနားလည္တဲ့သူေတြနဲ႔ တုိင္ပင္ေဆြးေႏြးသင့္ပါတယ္။ ကင္ဆာေရာဂါမျဖစ္ပြားေစဖုိ႔ ၾကဳိတင္ကာကြယ္တဲ့ အေနနဲ႔ ကုိယ္အေလးခ်ိန္ကုိ ထိန္းတာ ၊ ေဆးလိပ္ျဖတ္တာေတြ လုပ္သင့္ပါတယ္။ အဆီအစိမ့္ေတြ ေလ်ာ့စားျပီး ဟင္းသီးဟင္းရြက္ မ်ားမ်ား စားသင့္ပါတယ္။ ကုိယ္လက္ လႈပ္ရွားမႈ တစ္ခုခုကုိ ပုံမွန္ ျပဳလုပ္ေပးျခင္းျဖင့္ ကင္ဆာေရာဂါသာမကဘဲ ေရာဂါေတာ္ေတာ္မ်ားမ်ားကုိလည္း ကာကြယ္ရာ ေရာက္တဲ့အေၾကာင္း ေျပာရင္း ဒီေဆာင္းပါးေလးကုိ နိဂုံးခ်ဳပ္အပ္ပါတယ္ရွင္။

Author : Dr. ေမ

အစာအိမ်ကင်ဆာ

ကင်ဆာလို့ ပြောလိုက်ရင် လူတော်တော်များများ ကြောက်လန့်သွားတတ်ကြတယ်။ ကင်ဆာဆိုတာ ဘယ်အသက်အရွယ်မဆို ဖြစ်တတ်သလို ဖြစ်လာခဲ့ရင်လည်း အသက်အန္တရာယ် ရှိလို့ လူတိုင်း ကြောက်လန့်ကြတာလည်း မဆန်းပါဘူး။

ပြီးတော့ များသောအားဖြင့် ကင်ဆာရောဂါတွေက ရောဂါလက္ခဏာ သိသိသာသာ ထင်ထင်ရှားရှား မပြတတ်ကြဘူး။ မသိလိုက် မသိဘာသာနဲ့ပဲ အဆင့်တွေလွန်မှ သိရတာများတော့ ကုသဖို့လည်း နှောင့်နှေးရတာမျိုးတွေ ဖြစ်တတ်တယ်။ အချိန်လွန်မှ သိတဲ့အတွက် အသက်တွေလည်း မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေရတယ်။ ဒါကြောင့် အခုနောက်ပိုင်းမှာ အရင်ကထက် ဖြစ်ပွားတာ များလာတဲ့ အစာအိမ်ကင်ဆာ အကြောင်းလေး ပြောပြချင်ပါတယ်။

အစာအိမ်ကင်ဆာဆိုတာ အသက်အရွယ်မရွေး ကျားမ မရွေး ဖြစ်ပွားနိုင်တဲ့ ရောဂါတစ်ခုပါ။ များသောအားဖြင့် အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက် ၅၀ နဲ့ အထက်မှာပို ဖြစ်တတ်ပေမယ့် ငယ်ရွယ်တဲ့ သူတွေမှာလည်း ဖြစ်တာတွေ တွေ့နေရပါတယ်။ ဆေးလိပ်သောက်တတ်သူတွေနဲ့ မိဘမျိုးရိုး ရှိတဲ့ သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ လူမျိုးအနေနဲ့ကတော့ ပူပူစပ်စပ်တွေ အရမ်းစားတတ်တဲ့ ကိုရီးယားလူမျိုးတွေ ဂျပန်လူမျိုးတွေ တရုတ်လူမျိုးတွေမှာ ပိုဖြစ်တာ တွေ့ရပါတယ်။

အငန်တွေ တာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအစာတွေ ( ဥပမာ ဆီသွပ်ဗူးတွေ ၊ ယမ်းစိမ်းပါတဲ့ အစားအစာတွေ ) ကို အစားများတဲ့သူတွေမှာလည်း သူများတွေထက်စာရင် အစာအိမ်ကင်ဆာ ဖြစ်ဖို့ အန္တရာယ် ပိုများပါတယ်။ အရက်သောက်တတ်တဲ့သူတွေ အစားတွေ အများကြီးကို တစ်ခါတည်း စားတတ်သူတွေမှာလည်း ပိုဖြစ်နိုင်ပါတယ်။ အကင်တွေ အစားများတာ၊ အသားစိမ်း ငါးစိမ်းတွေ အစားများတာ အစားအစာကို သေချာ မချက်ပြုတ်တာတွေကလည်း အဖြစ်များစေတဲ့ အကြောင်းအရင်းတွေပါပဲ။

ရောဂါတွေ အနေနဲ့ကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ အဖု အကျိတ်တွေ ရှိတာ ၊ H pylori လို့ ခေါ်တဲ့ ပိုးရှိတာတွေကလည်း ရေရှည်မှာ အစာအိမ်ကင်ဆာကို ဖြစ်ပွားစေနိုင်ပါတယ်။ သွေးအုပ်စုအနေနဲ့ဆိုရင် အေသွေးတွေက ပိုအဖြစ်များပါတယ်။ အဝလွန်တဲ့သူတွေ ကိုယ်အလေးချိန်များတဲ့သူတွေမှာလည်း ဖြစ်နိုင်ချေ များပါသေးတယ်။

အစာအိမ်ကင်ဆာက စစဖြစ်ပွားခြင်းမှာဆို ရောဂါ လက္ခဏာ ပြလေ့မရှိပါဘူး။ များသောအားဖြင့် ရောဂါရင့်မှသာ လက္ခဏာပြလေ့ရှိပါတယ်။ တချို့လူတွေမှာတော့ ရင်ပူတာ ၊ အချဉ်ရည်တွေ ပြန်တက်တာ ၊ လေချဉ်တက်တာတွေ ခံစားရတတ်ပါတယ်။ လေပွနေတာ ၊ ပျို့တာ အန်တာမျိုးတွေလည်း ရှိတတ်ပါတယ်။ နည်းနည်းလေး စားရုံနဲ့ ဗိုက်ကြီးတင်းသွားတာ ၊ အရမ်းကြီး ပင်ပန်းနွမ်းလျသလို ခံစားနေရတာမျိုးတွေလည်း ရှိတတ်တယ်။

ဗိုက်အောင့် ဗိုက်နာတတ်တယ်။ အစာအိမ်ကင်ဆာကြောင့်ဖြစ်တဲ့ ဗိုက်အောင့်တာတွေကကျ အစားစားပြီးတဲ့ အချိန်တွေမှာ ပိုနာတတ်တယ်။ အစာစားချင်စိတ်တွေ မရှိတော့တာမျိုး ကိုယ်အလေးချိန်တွေ ရုတ်တရက် ထိုးကျသွားတာမျိုးတွေ ဖြစ်တတ်တယ်။

ကင်ဆာဆဲလ်တွေ အစာအိမ်နံရံတွေ ၊ သွေးကြောတွေကို ထိုးဖောက်သွားတာမျိုး ရှိရင်တော့ သွေးအန်တာတွေ ၊ သွေးဝမ်းသွားတာတွေကို ခံစားရနိုင်ပါတယ်။ သွေးအန်တယ်ဆိုတဲ့ နေရာမှာ စစချင်း သွေးရောင်ရဲရဲတွေ ပါချင်မှ ပါမှာပါ။ ကော်ဖီဖျော်လိုက်ရင် အောက်မှာအနည်ကျတဲ့ ကော်ဖီအနှစ်ရောင်တွေ အန်တတ်ပါတယ်။ ပြီးမှ သွေးရဲရဲတွေ ပါလာတတ်ပါတယ်။ ဒီလိုပါပဲ သွေးဝမ်းသွားတယ်ဆိုတဲ့ နေရာမှာ ကတ္တရာစေးလို ဝမ်းမဲမဲတွေ သွားတာပါ။ ပုံမှန်ဝမ်းထက် ပိုနံပြီးတော့ ဝမ်းပျော့ပျော့ပုံမျိုး ရှိတတ်ပါတယ်။ ဒီလို ဝမ်းမျိုးက ရေလောင်းချလိုက်ရင် ရဲခနဲ ဖြစ်သွားတတ်ပါတယ်။

အသည်းကို ပျံ့တဲ့အခါ အသားဝါတာ ၊ မျက်လုံးဝါတာတွေ ဖြစ်တတ်သလို အရိုးကို ပျံ့တဲ့အခါ အရိုးတွေ နာကျင်ကိုက်ခဲတာ၊ ခါးနာခါးကိုက်တာတွေ ဖြစ်တတ်ပါတယ်။ အဆုတ်တွေ ၊ ဦးနှောက်တွေကို ပျံ့တာမျိုးတွေလည်း ရှိပါတယ်။ စောစောသိရင် ခွဲစိတ်ကုသလို့ ရပေမယ့် တခြားနေရာတွေကို ပျံသွားမှသိရင်တော့ အချိန်လွန်သွားတတ်ပါတယ်။

ဒါကြောင့် မိမိမှာ မသင်္ကာစရာ ရောဂါ လက္ခဏာတစ်ခုခု ခံစားလာရပြီဆို တတ်ကျွမ်းနားလည်တဲ့သူတွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ကင်ဆာရောဂါမဖြစ်ပွားစေဖို့ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ကိုယ်အလေးချိန်ကို ထိန်းတာ ၊ ဆေးလိပ်ဖြတ်တာတွေ လုပ်သင့်ပါတယ်။ အဆီအစိမ့်တွေ လျော့စားပြီး ဟင်းသီးဟင်းရွက် များများ စားသင့်ပါတယ်။ ကိုယ်လက် လှုပ်ရှားမှု တစ်ခုခုကို ပုံမှန် ပြုလုပ်ပေးခြင်းဖြင့် ကင်ဆာရောဂါသာမကဘဲ ရောဂါတော်တော်များများကိုလည်း ကာကွယ်ရာ ရောက်တဲ့အကြောင်း ပြောရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်အပ်ပါတယ်ရှင်။

Author : Dr. မေ

Previous Post

မေ့ပြီးတားဆေး မသောက်မိသည် ရှိသော်

Next Post

ရှက်ရှက်မှာ ပေါက်တဲ့ ရေယုန်အကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
843
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
842
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရှက်ရှက်မှာ ပေါက်တဲ့ ရေယုန်အကြောင်း

ကလေးရသွားနိုင်တဲ့ရက်တွေ

အိမ်ထောင်ရေးဖောက်ပြန်မှု ယုံတမ်းစကားတွေ အပိုင်း (၁)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.