fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

Coma

467
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/04/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

Coma ကိုမာ ဝင္တယ္ဆိုတာ နီးစပ္ရာေဆြမ်ိဳးေတြမွာ ၾကားဖူးတာလည္း ျဖစ္ႏိုင္တယ္။ ႐ုပ္ရွင္ေတြထဲမွာ ျမင္ဖူးတာလည္းျဖစ္ႏိုင္တယ္။

Coma ကိုမာ ဝင္တယ္ဆိုတာ သတိလစ္ေနတဲ့ အေျခအေနတစ္ခုကို ေရာက္သြားတာပါ။ သတိလစ္ေနတာက အခ်ိန္ၾကာႏိုင္တယ္။ အျပင္ကၾကည့္ရင္အိပ္ေနသလိုပဲ။ ဒါေပမယ့္ ျပန္ႏႈိးလို႔မရဘူး။ ဘယ္လိုလႈပ္ႏႈိးႏႈိး ခံစားလို႔ရတဲ့ အသိခံစားမႈေတြ မရွိေတာ့ဘူး။ နာက်င္ေအာင္လုပ္လည္း မသိႏိုင္ေတာ့တဲ့ အေျခအေနမ်ိဳးပါ။

Coma ကိုမာ ဘာေၾကာင့္ျဖစ္တာလဲ ဦးေႏွာက္ကို တစ္နည္းနည္းနဲ႔ထိခိုက္ေစတာေတြေၾကာင့္ပါ။ ေခါင္းထိခိုက္ဒဏ္ရာရတာ ေသြးဖိအားမ်ားတာ ေအာက္ဆီဂ်င္နည္းတာ သၾကားဓာတ္ နဲ႔ တစ္ျခားေသာ ဓာတ္ေတြမညီမွ်တာ စတာေတြေၾကာင့္ ျဖစ္တတ္ပါတယ္။ Coma ဝင္တယ္ဆိုရင္ ျဖစ္တဲ့အေၾကာင္းေပၚမူတည္ၿပီး ခဏတျဖဳတ္လည္းျဖစ္ႏိုင္တယ္။ တစ္သက္လုံးေတာက္ေလွ်ာက္ျဖစ္သြားတာလည္း ရွိတတ္ပါတယ္။

အဓိကကေတာ့ ဦးေႏွာက္ထဲမွာရွိတဲ့ RAS လို႔ေခၚတဲ့ Reticular Activating System ဆိုတဲ့ေနရာကိုထိခိုက္သြားတာပါ။ ဒီေနရာကလူတစ္ေယာက္ကို အျပင္ေလာကနဲ႔ခ်ိတ္ဆက္ေပးတဲ့ အာ႐ုံခံစားမႈေတြကိုထိန္းခ်ဳပ္ေပးထားတဲ့ အသိရွိေစတဲ့ ေနရာအစိတ္အပိုင္းျဖစ္ပါတယ္။

ေခါင္းထိခိုက္ဒဏ္ရာရတဲ့အခါေတြမွာ ဦးေႏွာက္ထဲမွာ ေသြးယိုစီးမႈေတြျဖစ္လာတာကေနတစ္ဆင့္ ေသြးေတြက ဦးေႏွာက္ကို ျဖည္းျဖည္းခ်င္းဖိလာၿပီး ေအာက္ဘက္ကို တြန္းလိုက္တာကေန Brainstem ထဲမွာရွိတဲ့ RAS မွာသြားဖိႏိုင္ပါတယ္။ ထိခိုက္ဒဏ္ရာမဟုတ္ဘဲ ေသြးေၾကာေပါက္တာတို႔ဦးေႏွာက္ထဲေသြးယိုစီးတာေတြကေနလည္း Coma ကိုမာဝင္ႏိုင္ပါတယ္။ ေသြးကဖိတာမဟုတ္ဘဲ ဦးေႏွာက္ေရာင္ေစတဲ့ အေၾကာင္းတစ္ခုခုေၾကာင့္လည္း Coma ကိုမာရေစႏိုင္ပါတယ္။

ဦးေႏွာက္ကို ေအာက္ဆီဂ်င္ေကာင္းေကာင္းမရေတာ့ဘူးဆိုရင္ ဦးေႏွာက္တစ္သွ်ဴးေတြ ပ်က္စီးလာပါတယ္။ ဦးေႏွာက္ထဲသြားေနတဲ့ ေသြးစီးဆင္းမႈေတြရပ္သြားတဲ့အေျခအေနျဖစ္တဲ့ ႐ုတ္တရက္ႏွလုံးေသြးေၾကာပိတ္တာေတြ မွာျဖစ္တတ္တယ္။ အသက္ရွဴလမ္းေၾကာင္းကေန ေအာက္ဆီဂ်င္မရတဲ့ အျခအေနေတြမွာ ျဖစ္တတ္တယ္။ ေရနစ္တာတို႔ အစာလမ္းေၾကာင္းမွားၿပီးအဆုတ္ထဲဝင္တာတို႔ ကာဗြန္မိုေနာဆိုဒ္ အဆိပ္သင့္တာတို႔မွာ ျဖစ္တတ္ပါတယ္။

ဦးေႏွာက္ထိေစတဲ့ ေရာဂါပိုးေတြေၾကာင့္လည္း ဦးေႏွာက္ေရာင္ေစပါတယ္။ ဗိုင္းရပ္စ္ပိုးေတြ ဘက္တီးရီးယားေတြ ငွက္ဖ်ားပိုးေတြ မႈိေရာဂါပိုးေတြေၾကာင့္လည္း ျဖစ္ႏိုင္တယ္။ ဒီလိုေရာဂါပိုးေတြေၾကာင့္ဆို Coma မဝင္ခင္မွာ ေခါင္းကိုက္တာ ဖ်ားတာ အန္တာ ဇက္ေတာင့္တာေတြ ခံစားရတတ္ပါတယ္။

အျပင္ကအဆိပ္သင့္တာမ်ိဳးမဟုတ္ဘဲ ကိုယ္ခႏၶာထဲမွာျဖစ္ေနတဲ့ ေရာဂါအခံတစ္ခုခုေၾကာင့္လည္း ဓာတ္တစ္ခုခုလိုအပ္တာထက္ပိုမ်ားၿပီးအဆိပ္သင့္သလိုျဖစ္လာေစတတ္တာကေနတစ္ဆင့္လည္း Coma ကိုမာရတတ္ပါတယ္။ အသည္းမေကာင္းတာကေနတစ္ဆင့္ ammonia မ်ားတာ ပန္းနာရင္က်ပ္သမားေတြမွာ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ေတြ မ်ားလာတာနဲ႔ ေက်ာက္ကပ္မေကာင္းတာကေန urea မ်ားတာေတြမွာလည္းျဖစ္တတ္ပါတယ္။

ဆီးခ်ိဳေရာဂါသည္ေတြမွာ သၾကားဓာတ္ပမာဏ လိုတာထက္အဆမတန္မ်ားေနတာေရာ သၾကားဓာတ္ နည္းလြန္းေနတာေရာမွာ Coma ကိုမာ ရသြားေစႏိုင္ပါတယ္။ မၾကာခဏတက္တတ္တဲ့ လူနာေတြမွာလည္း Coma ကိုမာဝင္တာမ်ိဳးျဖစ္ႏိုင္တယ္။ တစ္ႀကိမ္ႏွစ္ႀကိမ္တက္တာက သိပ္မျဖစ္တတ္ေပမယ့္ အခ်ိန္အၾကာႀကီးေတာက္ေလွ်ာက္တက္ေနတယ္ဆိုရင္ ဦးေႏွာက္ကိုထိခိုက္ေစႏိုင္တတ္ပါတယ္။

Coma ကိုမာဝင္ၿပီဆို စျဖစ္ကာစအခ်ိန္ဟာ အေရးေပၚအေျခအေနပါပဲ။ အဲ့ဒီအခ်ိန္မွာ ဘာေၾကာင့္ျဖစ္တယ္ဆိုတာသိတာနဲ႔ ခ်က္ခ်င္းျပန္လည္ကုသလို႔ရလိုက္တာေတြရွိပါတယ္။ ဥပမာ သၾကားဓာတ္နည္းသြားတာ ကာဗြန္မိုေနာဆိုဒ္ အဆိပ္သင့္တာ ေခါင္းထိခိုက္ထားတာေတြ ဆို လိုအပ္တာကိုခ်က္ခ်င္းကုႏိုင္ပါတယ္။ လတ္တေလာလူနာကိုအသက္ကယ္ႏိုင္ဖို႔ကိစၥကို စဥ္းစားရပါတယ္။ ေအာက္ဆီဂ်င္ေပးထားဖို႔လိုတတ္ပါတယ္။

Coma ကိုမာစျဖစ္ၿပီးဆိုတာနဲ႔ ဒီလူနာ ဘာလုပ္ေနရင္း ျဖစ္သြားတာလဲ ဘာေရာဂါအခံရွိလဲ ဘာေၾကာင့္ျဖစ္တာလဲ ဆိုတာ သိဖို႔ အရမ္းအေရးႀကီးပါတယ္။ ဒါေၾကာင့္ လိုအပ္တဲ့ ေသြးဆီးဓာတ္မွန္ေတြ လုပ္ဖို႔လိုပါတယ္။

တစ္ခ်ိဳ႕ coma ဝင္တဲ့သူေတြမွာ သတိလစ္ေနတာကလြဲလို႔အကုန္ပုံမွန္ပဲ။ လူနာကိုယ္တိုင္အသက္ရွႉႏိုင္တယ္။ တစ္ခ်ိဳ႕က်ေတာ့ အသက္ေတာင္ကိုယ္တိုင္ရွဴလို႔မရေတာ့လို႔ စက္ေတြတပ္ၿပီးအသက္ဆက္ရွင္ေနရတယ္။ ဒါမ်ိဳးဆို ျပန္ေကာင္းဖို႔ေတာ္ေတာ္ခက္ပါတယ္။

Coma ကိုမာဝင္ၿပီးျပန္ေကာင္းႏိုင္လားဆိုတာလည္း သိခ်င္တတ္ၾကတယ္။ ျဖစ္ေစတဲ့အေၾကာင္းတရားေပၚအမ်ားႀကီးမူတည္ပါတယ္။ မ်ားေသာအားျဖင့္ျဖစ္ျဖစ္ခ်င္းအေၾကာင္းကိုရွာသိလိုက္တယ္ဆို ကုလိုက္လို႔ျပန္ေကာင္းပါတယ္။ Coma ကိုမာဝင္ထားတဲ့အခ်ိန္ၾကာလာတာနဲ႔အမွ်ေတာ့ ျပန္ေကာင္းဖို႔ အခြင့္အေရး နည္းလာတတ္ပါတယ္။ ဒါေပမယ့္လည္း တစ္ခ်ိဳ႕ေတြေတာ့အၾကာႀကီး Coma ကိုမာဝင္ထားၿပီးမွ ျပန္ေကာင္းလာတာလည္းရွိတတ္တယ္။ အေကာင္းပကတိေတာ့မဟုတ္ဘဲ အာ႐ုံေၾကာတစ္ေနရာရာခ်ိဳ႕တဲ့ ထားတာမ်ိဳးေတာ့ က်န္ေနတတ္ပါတယ္။
Coma ကိုမာအေၾကာင္းေလးပါ

Author : Dr. CST

Unicode

Coma ကိုမာ ဝင်တယ်ဆိုတာ နီးစပ်ရာဆွေမျိုးတွေမှာ ကြားဖူးတာလည်း ဖြစ်နိုင်တယ်။ ရုပ်ရှင်တွေထဲမှာ မြင်ဖူးတာလည်းဖြစ်နိုင်တယ်။

Coma ကိုမာ ဝင်တယ်ဆိုတာ သတိလစ်နေတဲ့ အခြေအနေတစ်ခုကို ရောက်သွားတာပါ။ သတိလစ်နေတာက အချိန်ကြာနိုင်တယ်။ အပြင်ကကြည့်ရင်အိပ်နေသလိုပဲ။ ဒါပေမယ့် ပြန်နှိုးလို့မရဘူး။ ဘယ်လိုလှုပ်နှိုးနှိုး ခံစားလို့ရတဲ့ အသိခံစားမှုတွေ မရှိတော့ဘူး။ နာကျင်အောင်လုပ်လည်း မသိနိုင်တော့တဲ့ အခြေအနေမျိုးပါ။

Coma ကိုမာ ဘာကြောင့်ဖြစ်တာလဲ ဦးနှောက်ကို တစ်နည်းနည်းနဲ့ထိခိုက်စေတာတွေကြောင့်ပါ။ ခေါင်းထိခိုက်ဒဏ်ရာရတာ သွေးဖိအားများတာ အောက်ဆီဂျင်နည်းတာ သကြားဓာတ် နဲ့ တစ်ခြားသော ဓာတ်တွေမညီမျှတာ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ Coma ဝင်တယ်ဆိုရင် ဖြစ်တဲ့အကြောင်းပေါ်မူတည်ပြီး ခဏတဖြုတ်လည်းဖြစ်နိုင်တယ်။ တစ်သက်လုံးတောက်လျှောက်ဖြစ်သွားတာလည်း ရှိတတ်ပါတယ်။

အဓိကကတော့ ဦးနှောက်ထဲမှာရှိတဲ့ RAS လို့ခေါ်တဲ့ Reticular Activating System ဆိုတဲ့နေရာကိုထိခိုက်သွားတာပါ။ ဒီနေရာကလူတစ်ယောက်ကို အပြင်လောကနဲ့ချိတ်ဆက်ပေးတဲ့ အာရုံခံစားမှုတွေကိုထိန်းချုပ်ပေးထားတဲ့ အသိရှိစေတဲ့ နေရာအစိတ်အပိုင်းဖြစ်ပါတယ်။

ခေါင်းထိခိုက်ဒဏ်ရာရတဲ့အခါတွေမှာ ဦးနှောက်ထဲမှာ သွေးယိုစီးမှုတွေဖြစ်လာတာကနေတစ်ဆင့် သွေးတွေက ဦးနှောက်ကို ဖြည်းဖြည်းချင်းဖိလာပြီး အောက်ဘက်ကို တွန်းလိုက်တာကနေ Brainstem ထဲမှာရှိတဲ့ RAS မှာသွားဖိနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာမဟုတ်ဘဲ သွေးကြောပေါက်တာတို့ဦးနှောက်ထဲသွေးယိုစီးတာတွေကနေလည်း Coma ကိုမာဝင်နိုင်ပါတယ်။ သွေးကဖိတာမဟုတ်ဘဲ ဦးနှောက်ရောင်စေတဲ့ အကြောင်းတစ်ခုခုကြောင့်လည်း Coma ကိုမာရစေနိုင်ပါတယ်။

ဦးနှောက်ကို အောက်ဆီဂျင်ကောင်းကောင်းမရတော့ဘူးဆိုရင် ဦးနှောက်တစ်သျှူးတွေ ပျက်စီးလာပါတယ်။ ဦးနှောက်ထဲသွားနေတဲ့ သွေးစီးဆင်းမှုတွေရပ်သွားတဲ့အခြေအနေဖြစ်တဲ့ ရုတ်တရက်နှလုံးသွေးကြောပိတ်တာတွေ မှာဖြစ်တတ်တယ်။ အသက်ရှူလမ်းကြောင်းကနေ အောက်ဆီဂျင်မရတဲ့ အခြအနေတွေမှာ ဖြစ်တတ်တယ်။ ရေနစ်တာတို့ အစာလမ်းကြောင်းမှားပြီးအဆုတ်ထဲဝင်တာတို့ ကာဗွန်မိုနောဆိုဒ် အဆိပ်သင့်တာတို့မှာ ဖြစ်တတ်ပါတယ်။

ဦးနှောက်ထိစေတဲ့ ရောဂါပိုးတွေကြောင့်လည်း ဦးနှောက်ရောင်စေပါတယ်။ ဗိုင်းရပ်စ်ပိုးတွေ ဘက်တီးရီးယားတွေ ငှက်ဖျားပိုးတွေ မှိုရောဂါပိုးတွေကြောင့်လည်း ဖြစ်နိုင်တယ်။ ဒီလိုရောဂါပိုးတွေကြောင့်ဆို Coma မဝင်ခင်မှာ ခေါင်းကိုက်တာ ဖျားတာ အန်တာ ဇက်တောင့်တာတွေ ခံစားရတတ်ပါတယ်။

အပြင်ကအဆိပ်သင့်တာမျိုးမဟုတ်ဘဲ ကိုယ်ခန္ဓာထဲမှာဖြစ်နေတဲ့ ရောဂါအခံတစ်ခုခုကြောင့်လည်း ဓာတ်တစ်ခုခုလိုအပ်တာထက်ပိုများပြီးအဆိပ်သင့်သလိုဖြစ်လာစေတတ်တာကနေတစ်ဆင့်လည်း Coma ကိုမာရတတ်ပါတယ်။ အသည်းမကောင်းတာကနေတစ်ဆင့် ammonia များတာ ပန်းနာရင်ကျပ်သမားတွေမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ များလာတာနဲ့ ကျောက်ကပ်မကောင်းတာကနေ urea များတာတွေမှာလည်းဖြစ်တတ်ပါတယ်။

ဆီးချိုရောဂါသည်တွေမှာ သကြားဓာတ်ပမာဏ လိုတာထက်အဆမတန်များနေတာရော သကြားဓာတ် နည်းလွန်းနေတာရောမှာ Coma ကိုမာ ရသွားစေနိုင်ပါတယ်။ မကြာခဏတက်တတ်တဲ့ လူနာတွေမှာလည်း Coma ကိုမာဝင်တာမျိုးဖြစ်နိုင်တယ်။ တစ်ကြိမ်နှစ်ကြိမ်တက်တာက သိပ်မဖြစ်တတ်ပေမယ့် အချိန်အကြာကြီးတောက်လျှောက်တက်နေတယ်ဆိုရင် ဦးနှောက်ကိုထိခိုက်စေနိုင်တတ်ပါတယ်။

Coma ကိုမာဝင်ပြီဆို စဖြစ်ကာစအချိန်ဟာ အရေးပေါ်အခြေအနေပါပဲ။ အဲ့ဒီအချိန်မှာ ဘာကြောင့်ဖြစ်တယ်ဆိုတာသိတာနဲ့ ချက်ချင်းပြန်လည်ကုသလို့ရလိုက်တာတွေရှိပါတယ်။ ဥပမာ သကြားဓာတ်နည်းသွားတာ ကာဗွန်မိုနောဆိုဒ် အဆိပ်သင့်တာ ခေါင်းထိခိုက်ထားတာတွေ ဆို လိုအပ်တာကိုချက်ချင်းကုနိုင်ပါတယ်။ လတ်တလောလူနာကိုအသက်ကယ်နိုင်ဖို့ကိစ္စကို စဉ်းစားရပါတယ်။ အောက်ဆီဂျင်ပေးထားဖို့လိုတတ်ပါတယ်။

Coma ကိုမာစဖြစ်ပြီးဆိုတာနဲ့ ဒီလူနာ ဘာလုပ်နေရင်း ဖြစ်သွားတာလဲ ဘာရောဂါအခံရှိလဲ ဘာကြောင့်ဖြစ်တာလဲ ဆိုတာ သိဖို့ အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် လိုအပ်တဲ့ သွေးဆီးဓာတ်မှန်တွေ လုပ်ဖို့လိုပါတယ်။

တစ်ချို့ coma ဝင်တဲ့သူတွေမှာ သတိလစ်နေတာကလွဲလို့အကုန်ပုံမှန်ပဲ။ လူနာကိုယ်တိုင်အသက်ရှှူနိုင်တယ်။ တစ်ချို့ကျတော့ အသက်တောင်ကိုယ်တိုင်ရှူလို့မရတော့လို့ စက်တွေတပ်ပြီးအသက်ဆက်ရှင်နေရတယ်။ ဒါမျိုးဆို ပြန်ကောင်းဖို့တော်တော်ခက်ပါတယ်။

Coma ကိုမာဝင်ပြီးပြန်ကောင်းနိုင်လားဆိုတာလည်း သိချင်တတ်ကြတယ်။ ဖြစ်စေတဲ့အကြောင်းတရားပေါ်အများကြီးမူတည်ပါတယ်။ များသောအားဖြင့်ဖြစ်ဖြစ်ချင်းအကြောင်းကိုရှာသိလိုက်တယ်ဆို ကုလိုက်လို့ပြန်ကောင်းပါတယ်။ Coma ကိုမာဝင်ထားတဲ့အချိန်ကြာလာတာနဲ့အမျှတော့ ပြန်ကောင်းဖို့ အခွင့်အရေး နည်းလာတတ်ပါတယ်။ ဒါပေမယ့်လည်း တစ်ချို့တွေတော့အကြာကြီး Coma ကိုမာဝင်ထားပြီးမှ ပြန်ကောင်းလာတာလည်းရှိတတ်တယ်။ အကောင်းပကတိတော့မဟုတ်ဘဲ အာရုံကြောတစ်နေရာရာချို့တဲ့ ထားတာမျိုးတော့ ကျန်နေတတ်ပါတယ်။
Coma ကိုမာအကြောင်းလေးပါ

Author : Dr. CST

Previous Post

ကလေးငယ်များနှင့် ဝမ်းပျက်ဝမ်းလျှောခြင်း အန္တရာယ်

Next Post

မိတ်ဖု ဘာလို့ ထွက်ရတယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
821
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မိတ်ဖု ဘာလို့ ထွက်ရတယ်

အို ခရု

အဖြူမဆင်းဘဲ မိန်းမကိုယ်ယားခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.