fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

လေထိုးလေအောင့်နဲ့ရင်ပူခြင်း

390
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/02/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

ေလထိုးေလေအာင့္ ေ၀ဒနာကို ခံစားေနရတာ နွစ္လ သံုးလ ေလာက္ရွိပါျပီ။ အလုပ္မအားလို႔ရယ္ ျဖစ္လိုက္ သက္သာလိုက္မို႔ရယ္ဆိုေတာ႔ ေဆးခန္းလည္း မျပျဖစ္ပါဘူး။ အရင္တစ္ပတ္ေလာက္ကစျပီး ရင္ပူတာပါ ထပ္ျဖစ္လာတယ္။ ေရမ်ားမ်ားေသာက္ရင္ေတာ့ ရင္ပူတာ ေပ်ာက္မွာပဲဆိုျပီး ေရမ်ားမ်ားေသာက္ပါတယ္။ ဒါေပမယ့္ မသက္သာပါဘူး။ ပိုဆိုးတာက ညဘက္မွာရင္ပူလို႔ အိပ္မရတာပါပဲ။

တစ္ေနကုန္ အလုပ္ပင္ပန္းလို႔ အားပါးတရ အိပ္လိုက္မယ္လို႔ အားခဲထားေပမယ့္ ရင္ပူလို႔ အိပ္မရပါဘူး။ ဒီေတာ႔ ညၾကီးသန္းေခါင္ သက္သာလိုသက္သာျငား အိပ္ရာကေနထျပီး ေပါင္မုန္႔တို႔ ကြတ္ကီးတို႔ စားရပါတယ္။
ရင္ပူတဲ႔ေ၀ဒနာက မသက္သာတဲ႔အျပင္ ညအိပ္ေရးပ်က္တာလည္း မ်ားလာတာေၾကာင္႔ ေဆးခန္းျပမွ ျဖစ္ေတာ႔မယ္ဆိုျပီး ကြ်န္မနဲ႔ အစ္မတ၀မ္းကြဲေတာ္တဲ႔ အစ္မ ေက ေခၚ ေဒါက္တာေကသီ ရဲ႕ ေဆး ခန္းကို ေရာက္ခဲ႔ပါတယ္။

ေဆးခန္းေရာက္ေတာ႔ အစ္မ ေက ကို ရင္ပူလို႔ အိပ္ေရးပ်က္ရတဲ႔အေၾကာင္း ေျပာျပပါတယ္။
အစ္မ ေက က စမ္းသပ္ၾကည့္ၿပီး အစာအိမ္ေရာင္ေနတာျဖစ္ဖို႔မ်ားတယ္လို႔ ေျပာပါတယ္။
ထို႔ေနာက္
“စိုးစိုး အစားအေသာက္ေရာ အခ်ိန္မွန္စားရဲ႕လား။ ဆီေၾကာ္ေတြ၊ အပူအစပ္၊ အခ်ဥ္ေတြေကာ အရင္ကလိုပဲ အမ်ားၾကီးစားလား” လို႔ေမးပါတယ္။
ဒါနဲ႔ ကြ်န္မက

“အလုပ္မ်ားတဲ႔အခါ အခ်ိန္မွန္မစားျဖစ္ဘူး အစ္မေက တစ္ခါတစ္ေလ ထမင္းစားခ်ိန္ အရမ္းေနာက္က်သြားရင္ အဆာလြန္ျပီး ဗိုက္ဆာရဲ႕သားနဲ႔ စားလို႔မ၀င္ေတာ႔ဘူး။ အပူအစပ္ေတာ႔ အရင္ကေလာက္မစားပါဘူး။ ေလွ်ာ႔စားပါတယ္။”
“အပူအစပ္ ေလွ်ာ႔စားတာေတာ႔ ေကာင္းတယ္။ ဒါေပမယ္႔ အခ်ိန္မွန္ေအာင္ စားဖို႔လိုတယ္။ အစာကို အခ်ိန္မွန္မွန္ မစားရင္ အစာအိမ္ထဲမွာ အက္စစ္အထြက္မ်ားျပီး အစာအိမ္ေရာင္တာ ျဖစ္တတ္တယ္ စိုးစိုးရဲ႕”

“အက္စစ္က တျခားဘယ္လိုအခ်ိန္ေတြမွာ အထြက္မ်ားတတ္ေသးလဲ အစ္မေက။ ေျပာျပပါအံုး” လို႔ သိခ်င္ေဇာနဲ႔ ထပ္ေမးမိပါတယ္။
“အစားအစာကို ဆင္ဆင္ျခင္ မစားဘဲ ေတြ႕ရာစားတဲ႔အခါ၊ စိတ္ပူပင္လြန္းတဲ႔အခါ၊ စိတ္ဖိစီးစရာမ်ားတဲ့ အခါေတြမွာ အက္စစ္အထြက ္မ်ားတတ္ပါတယ္။
အဲ႔လိုလိုတာထက္ပိုျပီး အစာအိမ္ထဲမွာ အက္စစ္ေတြ အထြက္မ်ားလာတဲ႔အခါ အစာအိမ္နံရံကို အတြင္းထဲကေန ဖံုးအုပ္ထားေပးတဲ႔ အက်ိအခြ်ဲလႊာ ပါးလာျပီး အစာအိမ္ေရာင္တာ ျဖစ္လာနိုင္တယ္။ အစာအိမ္ေရာင္တဲ႔အခါ ရင္ညြန္႔ေနရာမွာ ပူပူၾကီးနဲ႔ ေနရခက္တာ၊ တင္းက်ပ္ေနတာ၊ ေနရထိုင္ရတာ မအီမသာျဖစ္တာ၊ အစာမေၾကသလိုျဖစ္တာေတြ ခံစားရေရာ”

“ေၾသာ္ ဒါနဲ႔ ဒီလိုမျဖစ္ခင္ ဗိုက္ကယ္ျပီး ေလထိုးေလေအာင္႔လည္း ျဖစ္လိုက္ေပ်ာက္လိုက္ ျဖစ္ေသးတယ္။ အဲ႔ဒါေရာ ဘာေၾကာင္႔လည္း အစ္မေက အေမးအျမန္းထူတယ္လို႔ မထင္ပါနဲ႔။ သိခ်င္လို႔ပါ။”
“ရပါတယ္ ညီမရယ္။ ဗိုက္ကယ္ၿပီး ေလထိုးေလေအာင့္ျဖစ္တာက အစာအိမ္နဲ႔ အူလမ္းေၾကာင္းထဲမွာ ေလေတြ မလိုအပ္ဘဲ စုပံုလာလို႔ပါ။ အစာစားတာမ်ားသြားတဲ့အခါ မေက်ညက္လြယ္တဲ့ အစာေတြစားမိတဲ့အခါ အစာစားရင္းနဲ႔ စကားေျပာတဲ႔အခါ အစာကို အလ်င္စလို စားတဲ႔အခါေတြမွာ ေလေတြ ဗိုက္ထဲကို ဝင္လာျပီး အစာအိမ္နဲ႔ အူလမ္းေၾကာင္းထဲမွာ စုပံုလာပါတယ္။
ေနာက္အစာစားခ်ိန္မမွန္ရင္လည္း ဗိုက္ထဲမွာေလခံျပီး ဗိုက္ေအာင္႔တာမ်ိဳးျဖစ္နိုင္တယ္။”

“ဟုတ္မယ္အစ္မေက ညီမက အစာစားရင္း ဖုန္းေျပာတာ၊ စကားေျပာတာ အစာကို အလ်င္စလို စားတာေတြရွိတယ္။ ညီမအခုျဖစ္ေနတဲ႔ ရင္ပူတာနဲ႔ ေလပြလို႔ေလထိုးေလေအာင္႔ျဖစ္တာအတြက္ ဘာေဆးေတြေသာက္မရလဲ။ အစ္မေက
၂မ်ိဳးျဖစ္တာဆိုေတာ႔ ေဆးကအမ်ားၾကီးေသာက္ရမွာလား ညီမက ေဆးအမ်ားၾကီးဆို ေသာက္ရမွာေၾကာက္လို႔ပါ။”

“အစာအိမ္ေရာင္တာ၊ ေလထိုးေလေအာင္႔ ေလပြတာေတြနဲ႔ ပတ္သက္ျပီး ေဆးေတြကေတာ႔ အမ်ိဳးမ်ိဳး ရွိတာပဲ။ တခ်ိဳ႕ ေဆးေတြကက် Aluminum Hydroxide နဲ႔ Magnesium Hydroxide တစ္ခုခုပဲပါျပီး အစာအိမ္ထဲမွာ အက္စစ္အထြက္နည္းေအာင္ပဲ လုပ္ေပးနိုင္တယ္။ တခ်ဳိ႕ေဆးေတြကက် Semithicone တစ္ခုပဲပါလို႔ ေလပြျပီး ေလထိုးေလေအာင္႔တာကိုပဲ သက္သာေအာင္ လုပ္ေပးနိုင္တယ္။
အဲ႔လိုေဆးေတြထဲမွာမွ တခ်ဳိ႔ေဆးကေတာ႔ ေဆးတစ္လံုးထဲမွာ Aluminum Hydroxide, Magnesium Hydroxide နဲ႔ Semithicone သံုးမ်ိဳးလံုး ပါ၀င္တဲ႔အတြက္ အက္စစ္အထြက္မ်ားျပီး ရင္ပူတာေကာ ေလပြျပီး ေလထိုးေလေအာင္႔ျဖစ္တာေကာ နွစ္မ်ိဳးလံုးကို ေဆးတစ္လံုးထဲနဲ႔ သက္သာေပ်ာက္ကင္းေစနိုင္တယ္။ ေဆးကိုမ်ိဳမခ်ပဲ ၀ါးစားရတယ္” လို႔ အစ္မေက က ေျပာလည္းေျပာ ေဆးထည္႔ထားတဲ႔ဗီရိုထဲက ေဆးလံုးေလးလံုးပါတဲ႔ ပန္းေရာင္ေလးေထာင္႔ေဆးကဒ္ေလး ထုတ္ေပးပါတယ္။

“ဒီေဆးကိုက် ကုန္သြားရင္ ကိုယ္႔ဘာသာကိုယ္ေရာ ၀ယ္ေသာက္လို႔ရလား။ အစ္မေက တို႔လို ဆရာ၀န္ေတြနဲ႔ျပသျပီး ညြန္ၾကားမွ ေသာက္ရမွာလား။”
“ဆရာ၀န္နဲ႔ျပသျပီး ေသာက္ေတာ႔ ကိုယ္ဘာျဖစ္လဲဆိုတာ စမ္းသပ္စစ္ေဆးလို႔ရတဲ႔အျပင္ ကိုယ္ျဖစ္ေနတဲ႔အေျခအေနေပၚမႈတည္ျပီး ေဆးကို ခ်င္႔ခ်ိန္ေပးနိုင္ေတာ႔ ပိုေကာင္းတာေပါ႔။
ဒါေပမယ္႔ ကိုယ္႔ဘာသာ၀ယ္ေသာက္မယ္ဆိုရင္လည္း အၾကမ္းအားျဖင္႔ အစာအိမ္မွာ အက္စစ္အထြက္မ်ားလို႔ ရင္ပူတာ၊ ေလခ်ဥ္တက္တာ၊ ေလထိုးေလေအာင္႔တာေတြအတြက္ တစ္ေန႔ကို ေဆး ၁လံုး ဒါမွမဟုတ္ ေဆး၂လံုးကို အစာစားျပီး ၀ါးစားလို႔ရတယ္။”

“ေဆးလည္းရျပီ။ သိခ်င္တာေတြလည္း ေမးျပီးျပီဆိုေတာ႔ ျပန္လိုက္အံုးမယ္ေနာ္ အစ္မေက”
“ေဆးခ်ည္းပဲအားကိုးလို႔မရဘူးေနာ္ စိုးစိုး။ အစားေသာက္ အေနထိုင္လည္း ဆင္ျခင္ဖို႔လိုတယ္။ အပူအစပ္အခ်ဥ္ေတြ ေလွ်ာ႔ျပီး အစာစားခ်ိန္မွန္ေအာင္ ဂရုစိုက္ေနာ္စိုးစိုး” လို႔ အစ္မေက က ေအာ္ က်န္ခဲ႔ပါတယ္။

Dr 528
(Unicode)

လေထိုးလေအောင့် ဝေဒနာကို ခံစားနေရတာ နှစ်လ သုံးလ လောက်ရှိပါပြီ။ အလုပ်မအားလို့ရယ် ဖြစ်လိုက် သက်သာလိုက်မို့ရယ်ဆိုတော့ ဆေးခန်းလည်း မပြဖြစ်ပါဘူး။ အရင်တစ်ပတ်လောက်ကစပြီး ရင်ပူတာပါ ထပ်ဖြစ်လာတယ်။ ရေများများသောက်ရင်တော့ ရင်ပူတာ ပျောက်မှာပဲဆိုပြီး ရေများများသောက်ပါတယ်။ ဒါပေမယ့် မသက်သာပါဘူး။ ပိုဆိုးတာက ညဘက်မှာရင်ပူလို့ အိပ်မရတာပါပဲ။
တစ်နေကုန် အလုပ်ပင်ပန်းလို့ အားပါးတရ အိပ်လိုက်မယ်လို့ အားခဲထားပေမယ့် ရင်ပူလို့ အိပ်မရပါဘူး။ ဒီတော့ ညကြီးသန်းခေါင် သက်သာလိုသက်သာငြား အိပ်ရာကနေထပြီး ပေါင်မုန့်တို့ ကွတ်ကီးတို့ စားရပါတယ်။

ရင်ပူတဲ့ဝေဒနာက မသက်သာတဲ့အပြင် ညအိပ်ရေးပျက်တာလည်း များလာတာကြောင့် ဆေးခန်းပြမှ ဖြစ်တော့မယ်ဆိုပြီး ကျွန်မနဲ့ အစ်မတဝမ်းကွဲတော်တဲ့ အစ်မ ကေ ခေါ် ဒေါက်တာကေသီ ရဲ့ ဆေး ခန်းကို ရောက်ခဲ့ပါတယ်။
ဆေးခန်းရောက်တော့ အစ်မ ကေ ကို ရင်ပူလို့ အိပ်ရေးပျက်ရတဲ့အကြောင်း ပြောပြပါတယ်။
အစ်မ ကေ က စမ်းသပ်ကြည့်ပြီး အစာအိမ်ရောင်နေတာဖြစ်ဖို့များတယ်လို့ ပြောပါတယ်။
ထို့နောက်
“စိုးစိုး အစားအသောက်ရော အချိန်မှန်စားရဲ့လား။ ဆီကြော်တွေ၊ အပူအစပ်၊ အချဉ်တွေကော အရင်ကလိုပဲ အများကြီးစားလား” လို့မေးပါတယ်။
ဒါနဲ့ ကျွန်မက
“အလုပ်များတဲ့အခါ အချိန်မှန်မစားဖြစ်ဘူး အစ်မကေ တစ်ခါတစ်လေ ထမင်းစားချိန် အရမ်းနောက်ကျသွားရင် အဆာလွန်ပြီး ဗိုက်ဆာရဲ့သားနဲ့ စားလို့မဝင်တော့ဘူး။ အပူအစပ်တော့ အရင်ကလောက်မစားပါဘူး။ လျှော့စားပါတယ်။”
“အပူအစပ် လျှော့စားတာတော့ ကောင်းတယ်။ ဒါပေမယ့် အချိန်မှန်အောင် စားဖို့လိုတယ်။ အစာကို အချိန်မှန်မှန် မစားရင် အစာအိမ်ထဲမှာ အက်စစ်အထွက်များပြီး အစာအိမ်ရောင်တာ ဖြစ်တတ်တယ် စိုးစိုးရဲ့”

“အက်စစ်က တခြားဘယ်လိုအချိန်တွေမှာ အထွက်များတတ်သေးလဲ အစ်မကေ။ ပြောပြပါအုံး” လို့ သိချင်ဇောနဲ့ ထပ်မေးမိပါတယ်။
“အစားအစာကို ဆင်ဆင်ခြင် မစားဘဲ တွေ့ရာစားတဲ့အခါ၊ စိတ်ပူပင်လွန်းတဲ့အခါ၊ စိတ်ဖိစီးစရာများတဲ့ အခါတွေမှာ အက်စစ်အထွက ်များတတ်ပါတယ်။
အဲ့လိုလိုတာထက်ပိုပြီး အစာအိမ်ထဲမှာ အက်စစ်တွေ အထွက်များလာတဲ့အခါ အစာအိမ်နံရံကို အတွင်းထဲကနေ ဖုံးအုပ်ထားပေးတဲ့ အကျိအချွဲလွှာ ပါးလာပြီး အစာအိမ်ရောင်တာ ဖြစ်လာနိုင်တယ်။ အစာအိမ်ရောင်တဲ့အခါ ရင်ညွန့်နေရာမှာ ပူပူကြီးနဲ့ နေရခက်တာ၊ တင်းကျပ်နေတာ၊ နေရထိုင်ရတာ မအီမသာဖြစ်တာ၊ အစာမကြေသလိုဖြစ်တာတွေ ခံစားရရော”
“သြော် ဒါနဲ့ ဒီလိုမဖြစ်ခင် ဗိုက်ကယ်ပြီး လေထိုးလေအောင့်လည်း ဖြစ်လိုက်ပျောက်လိုက် ဖြစ်သေးတယ်။ အဲ့ဒါရော ဘာကြောင့်လည်း အစ်မကေ အမေးအမြန်းထူတယ်လို့ မထင်ပါနဲ့။ သိချင်လို့ပါ။”

“ရပါတယ် ညီမရယ်။ ဗိုက်ကယ်ပြီး လေထိုးလေအောင့်ဖြစ်တာက အစာအိမ်နဲ့ အူလမ်းကြောင်းထဲမှာ လေတွေ မလိုအပ်ဘဲ စုပုံလာလို့ပါ။ အစာစားတာများသွားတဲ့အခါ မကျေညက်လွယ်တဲ့ အစာတွေစားမိတဲ့အခါ အစာစားရင်းနဲ့ စကားပြောတဲ့အခါ အစာကို အလျင်စလို စားတဲ့အခါတွေမှာ လေတွေ ဗိုက်ထဲကို ဝင်လာပြီး အစာအိမ်နဲ့ အူလမ်းကြောင်းထဲမှာ စုပုံလာပါတယ်။
နောက်အစာစားချိန်မမှန်ရင်လည်း ဗိုက်ထဲမှာလေခံပြီး ဗိုက်အောင့်တာမျိုးဖြစ်နိုင်တယ်။”
“ဟုတ်မယ်အစ်မကေ ညီမက အစာစားရင်း ဖုန်းပြောတာ၊ စကားပြောတာ အစာကို အလျင်စလို စားတာတွေရှိတယ်။ ညီမအခုဖြစ်နေတဲ့ ရင်ပူတာနဲ့ လေပွလို့လေထိုးလေအောင့်ဖြစ်တာအတွက် ဘာဆေးတွေသောက်မရလဲ။ အစ်မကေ
၂မျိုးဖြစ်တာဆိုတော့ ဆေးကအများကြီးသောက်ရမှာလား ညီမက ဆေးအများကြီးဆို သောက်ရမှာကြောက်လို့ပါ။”

“အစာအိမ်ရောင်တာ၊ လေထိုးလေအောင့် လေပွတာတွေနဲ့ ပတ်သက်ပြီး ဆေးတွေကတော့ အမျိုးမျိုး ရှိတာပဲ။ တချို့ ဆေးတွေကကျ Aluminum Hydroxide နဲ့ Magnesium Hydroxide တစ်ခုခုပဲပါပြီး အစာအိမ်ထဲမှာ အက်စစ်အထွက်နည်းအောင်ပဲ လုပ်ပေးနိုင်တယ်။ တချို့ဆေးတွေကကျ Semithicone တစ်ခုပဲပါလို့ လေပွပြီး လေထိုးလေအောင့်တာကိုပဲ သက်သာအောင် လုပ်ပေးနိုင်တယ်။
အဲ့လိုဆေးတွေထဲမှာမှ တချို့ဆေးကတော့ ဆေးတစ်လုံးထဲမှာ Aluminum Hydroxide, Magnesium Hydroxide နဲ့ Semithicone သုံးမျိုးလုံး ပါဝင်တဲ့အတွက် အက်စစ်အထွက်များပြီး ရင်ပူတာကော လေပွပြီး လေထိုးလေအောင့်ဖြစ်တာကော နှစ်မျိုးလုံးကို ဆေးတစ်လုံးထဲနဲ့ သက်သာပျောက်ကင်းစေနိုင်တယ်။ ဆေးကိုမျိုမချပဲ ဝါးစားရတယ်” လို့ အစ်မကေ က ပြောလည်းပြော ဆေးထည့်ထားတဲ့ဗီရိုထဲက ဆေးလုံးလေးလုံးပါတဲ့ ပန်းရောင်လေးထောင့်ဆေးကဒ်လေး ထုတ်ပေးပါတယ်။

“ဒီဆေးကိုကျ ကုန်သွားရင် ကိုယ့်ဘာသာကိုယ်ရော ဝယ်သောက်လို့ရလား။ အစ်မကေ တို့လို ဆရာဝန်တွေနဲ့ပြသပြီး ညွန်ကြားမှ သောက်ရမှာလား။”
“ဆရာဝန်နဲ့ပြသပြီး သောက်တော့ ကိုယ်ဘာဖြစ်လဲဆိုတာ စမ်းသပ်စစ်ဆေးလို့ရတဲ့အပြင် ကိုယ်ဖြစ်နေတဲ့အခြေအနေပေါ်မှုတည်ပြီး ဆေးကို ချင့်ချိန်ပေးနိုင်တော့ ပိုကောင်းတာပေါ့။
ဒါပေမယ့် ကိုယ့်ဘာသာဝယ်သောက်မယ်ဆိုရင်လည်း အကြမ်းအားဖြင့် အစာအိမ်မှာ အက်စစ်အထွက်များလို့ ရင်ပူတာ၊ လေချဉ်တက်တာ၊ လေထိုးလေအောင့်တာတွေအတွက် တစ်နေ့ကို ဆေး ၁လုံး ဒါမှမဟုတ် ဆေး၂လုံးကို အစာစားပြီး ဝါးစားလို့ရတယ်။”
“ဆေးလည်းရပြီ။ သိချင်တာတွေလည်း မေးပြီးပြီဆိုတော့ ပြန်လိုက်အုံးမယ်နော် အစ်မကေ”
“ဆေးချည်းပဲအားကိုးလို့မရဘူးနော် စိုးစိုး။ အစားသောက် အနေထိုင်လည်း ဆင်ခြင်ဖို့လိုတယ်။ အပူအစပ်အချဉ်တွေ လျှော့ပြီး အစာစားချိန်မှန်အောင် ဂရုစိုက်နော်စိုးစိုး” လို့ အစ်မကေ က အော် ကျန်ခဲ့ပါတယ်။

Dr 528

Previous Post

ဦးနှောက်သွေးယိုခြင်း

Next Post

မီးဖွားပြီး စိတ်ဓာတ်ကျနေလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.6k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
966
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
871
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.4k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.5k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.5k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မီးဖွားပြီး စိတ်ဓာတ်ကျနေလား

ခံရခက်သော မျက်စိယားယံခြင်းဝေဒနာ

သခွားသီးအကြောင်း သိကောင်းစရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.