fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ခေါင်းကိုက်စေသောအကြောင်းများ

262
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/02/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ခေါင်းကိုက်စေသောအကြောင်းများ

ခေါင်းကိုက်တယ်ဆိုတာ လူတိုင်းကြုံဖူးကြတဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတစ်ခုပါပဲ။ ခေါင်းကိုက်လာပြီဆိုရင် ဖြစ်တဲ့သူပဲ ခံစားရတာသိပါတယ်။ ဘေးလူတွေအနေနဲ့ အပိုတွေလုပ်ပြနေတယ် ဆိုပြီး ထင်နေတတ်တဲ့အထိကို တစ်ခါတစ်လေ ပြင်းပြင်းထန်ထန်းဆိုးဆိုးရွားရွားကိုက်လေ့ရှိပါတယ်။
ခေါင်းကိုက်တာဘာတွေကြောင့်ဖြစ်နိုင်လဲ စဉ်းစားကြည့်ကြရအောင်ပါ။

ခေါင်းကိုက်တာအများစုမှာ အခုမှပထမဆုံးကိုက်တာလား၊ ခဏခဏ ဖြစ်နေတတ်တာလားပေါ်မူတည်ပြီး ဘာကြောင့်ဆိုပြီး ပြောတတ်ကြပါတယ်။ ခေါင်းကိုက်တာနဲ့အတူခံစားရတတ်တဲ့ အခြားသောရောဂါလက္ခဏာတွေကိုလည်း ထည့်စဉ်းစားတတ်ကြပါတယ်။
ခေါင်းကိုက်ခြင်းတွေမှာ ရုတ်တရက်ပြင်းထန်စွာကိုက်စေတတ်တာနဲ့ တမျှင်းမျှင်းနဲ့ ခေါင်းကိုက်တာရှည်နေတာဆိုပြီး အဓိက ခွဲခြားနိုင်ပါတယ်။ ရုတ်တရက် ခေါင်းကိုက်တတ်တဲ့ အကြောင်းတွေမှာ ပထမဆုံးအကြိမ်ဖြစ်တာလား၊ ခဏခဏဖြစ်နေလားနဲ့ ပြန်ခွဲပါတယ်။ ပထမဆုံးအကြိမ်အဖြစ် ရုတ်တရက် ခေါင်းကိုက်လာတာတွေကတော့ ခေါင်းကိုထိခိုက်ဒဏ်ရာရခြင်း၊ ထိပ်ခတ်နာဖြစ်ခြင်း၊ ရေတိမ်ဖြစ်ခြင်း၊ ဦးနှောက်ထဲကသွေးပြန်ကြောတွေမှာသွေးခဲခြင်း၊ ရောဂါပိုးတွေကြောင့်ခေါင်းကိုက်ခြင်း နဲ့ ဦးနှောက်ထဲက CSF လို့ခေါ်တဲ့ အရည်စိမ့်ထွက်ခြင်းကြောင့် ဖြစ်တဲ့ ခေါင်းကိုက်ခြင်းတွေပါ။

ခေါင်းထိခိုက်မိတာကနေဖြစ်တာကတော့ အစပိုင်းမှာ ထိတဲ့နေရာကပဲ ဖြစ်ပေမယ့် နောက်ပိုင်း တစ်ခေါင်းလုံးကိုက်လာတတ်ပါတယ်။ အထဲမှာ သွေးယိုစီးတာ ဖြစ်မဖြစ်ကိုတော့ လိုအပ်ရင် စစ်ဆေးရပါမယ်။ ခေါင်းထိခိုက်ပြီး ၂၄နာရီအတွင်း လူနာမှိန်းတယ်တက်တယ် ထိုးအန်တယ် အမြင်ဝါးတယ် သတိမေ့တယ်ဆို အရေးကြီးပါတယ်။ ထိပ်ခတ်နာလို့ ပြောလိုက်ရင်တော်တော်များများသိကြတယ်။  ထိပ်ခတ်နာက နှာစေးနေတာ တစ်ခုတည်း မဟုတ်ပါဘူး။ ခေါင်းတွေရော ပါးရိုးနဲ့နဖူးတွေပါ ကိုက်တာပါ။ နှာခေါင်းအရင်းနေရာလည်း ကိုက်တတ်ပါတယ်။ ရှေ့ကိုင်းလိုက်ရင် ပိုဆိုးပါတယ်။
ရေတိမ်ကတော့ အသက်ကြီးပိုင်းတွေမှာ ပိုဖြစ်ပါတယ။် အနီးမှုန်တွေလည်း ဖြစ်နိုင်ပါတယ်။ မျက်စိတစ်ဖက်ထဲမှာပဲ ကိုက်နေတတ်ပြီး အမြင်အာရုံကျလာမယ်။ ပျို့အန်တာတွေ မျက်စိနီတာတွေ ဖြစ်လာတတ်ပါတယ်။

ဦးနှောက်ထဲကသွေးပြန်ကြောထဲသွေးခဲတာတွေက အများစုမှာ ရုတ်တရက်ဖြစ်နိုင်ပေမယ့် တစ်ခါတစ်လေတော့ တမျှင်းမျှင်းကိုက်နေတာလည်းဖြစ်နိုင်တယ်။ အမျိုးသမီးတွေမှာပိုဖြစ်နိုင်တယ် ။ ဝိတ်များတာ၊ တားဆေးသောက်တာတွေ၊ Steroid ဆေးတွေသောက်တာလည်း ဆိုင်ပါတယ်။ ဒါကနေ လေဖြတ်တာအထိ ဖြစ်နိုင်ပါတယ်။ ရောဂါပိုးလို့ပြောတာတွေမှာ ဦးနှောက်ကိုတိုက်ရိုက်ထိတဲ့ ဦးနှောက်ရောင်တာ ဦးနှောက်အမြှေးပါး ရောင်တာတွေလည်းဖြစ်နိုင်သလို ငှက်ဖျား နဲ့ typhus လို့ခေါ်တဲ့ ဒေါင့်သန်းရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ခေါင်းငိုက်တာအပြင် အဖျားရှိမယ်၊ ဇက်တောင့်မယ်။  တခြားရောဂါလက္ခဏာတွေပါ တွဲရှိနိုင်ပါတယ်။

ဦးနှောက်ထဲက CSF အရည်စိမ့်ထွက်တာကြောင့်ဖြစ်တာကတော့ အများစုက ခါးဆစ်ထုံဆေး ထိုးတာတွေကြောင့် ဖြစ်ပါတယ်။ တစ်ခြားကတော့ဦးခေါင်းခွံ ကွဲဖူးတာတွေမှာ ဖြစ်နိုင်ပါတယ်။ခဏခဏဆိုသလို ခေါင်းကိုက်တတ်နေတာမျိုးလည်း ရှိတတ်ပါတယ်။ တစ်ခေါင်းလုံး ထက်စာရင် ခေါင်းတစ်ခြမ်းပဲ ကိုက်တတ်လေ့ရှိပါတယ်။ဒီထဲမှာတော့ အများသိပြီးသားဖြစ်တဲ့ migraine လည်းအပါအဝင်ပါ။ Migraine က အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ အထဲကနေထိုးနေတတ်ပြီး အလင်းစူးစူးမှာပိုဆိုးတယ်။ ပျို့အန်ချင်တတ်တယ်။ တစ်ခြားအာရုံကြောဆိုင်ရာ ခံစားမှုလေးတွေလည်း ရှိတတ်ပါတယ်။

နောက်တစ်ခုကတော့ ခေါင်းကိုက်တာအပြင် ပါးတွေထိပါကျင်သလိုဖြစ်လာတတ်တဲ့ Trigeminal neuralgia လို့ခေါ်တဲ့ ခေါင်းကိုက်ရောဂါပါ။ အာရုံကြော ပိမိနေတာလည်း ဆိုင်တတ်ပါတယ်။ နောက်တစ်ခုကတော့ အမျိုးသားတွေမှာ ပိုအဖြစ်များတတ်တဲ့ cluster headache ပါ ။ မျိုးရိုးလိုက်ပြီး ဖြစ်တတ်တယ်။ ခေါင်းကိုက်တာ အရမ်းစိပ်ပါတယ် ။ မျက်စိနီပြီး မျက်ရည်ကျ နှာရည်ကျ တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့သူတွေ ပိုဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာလည်း တစ်ရက်ထဲကို ခေါင်းခဏလေးနဲ့ အကြိမ်စိပ်စိပ်ကိုက်တာဖြစ်တတ်ပါတယ်။ မျက်စိကလည်း မျက်ရည်ကျတာနီတာ နှာစေးတာဖြစ်နိုင်ပါတယ်။ Paroxymal hemicrania လို့ခေါ်ပါတယ်။ ဒါတွေမှာ စစ်ဆေးစမ်းသပ်ရင် အကုန်လုံးကောင်းနေတတ်ပါတယ်။

ခဏခဏ ခေါင်းကိုက်တာ ဖြစ်တိုင်း ဖျားတာဇက်တောင့်တာတွေတွဲဖြစ်နေတတ်ရင်တော့ herpes ဗိုင်းရပ်စ်ကြောင့်ဖြစ်တတ်တဲ့ ဦးနှောက်အမြှေးရောင်ကိုလည်းထည့်စဉ်းစားရပါလိမ့်မယ်။ တမျှင်းမျှင်းနဲ့  ရက်ကြာရှည် ခေါင်းကိုက်နေတာတွေမှာ စိတ်ဖိစီးမှုများလို့ ခေါင်းကိုက်တာလည်းတစ်ခု အပါအဝင်ပါ။ စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်တာက နားထင်နှစ်ဖက်လုံးမှာ ထိုးပြီးကိုက်နေတတ်တယ်။ အချိန်အခါ မရွေးဖြစ်နိုင်တယ်။ အကိုက်အခဲပျောက်ဆေးတွေ တောက်လျှောက်သောက်နေတတ်တဲ့သူတွေမှာလည်း ခေါင်းကိုက်ရောဂါ မပျောက်ဘဲ ရက်ရှည်ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အကိုက်အခဲပျောက်ဆေး သောက်ရင် တစ်လကို ၆ရက်ထက် မပိုသင့်ပါဘူး။

ကြာရှည်ခေါင်းကိုက်နေတတ်သူတွေမှာ မနက်စောစောပိုဆိုးတယ်။ အိပ်ယာအထမှာပိုဆိုးတယ်။ ရှေ့ကုန်းလိုက်တာတွေ ချောင်းဆိုးတာတွေမှာပိုဆိုးတယ။် အန်တယ် တက်တယ် အမြင်ဝါးတယ် တစ်ခြားအာရုံကြောအားနည်းတာတွေပါ တွဲဖြစ်လာရင်တော့ ဦးနှောက်ထဲမှာ သွေးဖိအား တက်စေနိုင်တဲ့ အကြောင်းတစ်ခုခုကို ထည့်စဉ်းစားရပါတယ်။ အလုံးအကျိတ်တွေကိုလည်း စစ်ဆေးရှာဖွေဖို့လိုတတ်ပါတယ်။ နောက်ဆုံးတစ်ခုအနေနဲ့ အသက်ကြီးပိုင်းတွေမှာ တမျှင်းမျှင်းနဲ့ ရက်ရှည်ခေါင်းကိုက်ပြီး မေးရိုးတွေပါ နာသလိုကျင်သလိုဖြစ်တာတွေ နားထင်မှာ သွေးကြောပိုပြီးထင်းလာတာတွေဆို သိတာနဲ့ချက်ချင်း ဆေးရုံဆေးခန်းပြဖို့ လိုအပ်ပါတယ်။ GCA လို့အတိုကောက်ပြောနေကြတဲ့ သွေးကြောကြီးတွေ ရောင်တဲ့ ခေါင်းကိုက်ခြင်းတစ်မျိုးပါ။ ချက်ချင်းမကုရင် အမြင်အာရုံပျက်စီးသွားစေတတ်ပါတယ်။

ဒါတွေကတော့ ခေါင်းကိုက်ရခြင်း အကြောင်းတွေပါ။ အာရုံကြောတွေက အဆက်အစပ်ရှိ နေတာကြောင့် တစ်ခါတစ်လေမှာ သွားနာတာ မျက်စိအားနည်းတာတွေကြောင့်လည်း ခေါင်းပါကိုက်လာစေတတ်တာလည်းရှိပါတယ်။ခေါင်းကိုက်တဲ့အခါမှာ အနားယူပေးဖို့ လိုပါတယ်။ အိပ်ရေး ဝဝ အိပ်ဖို့လိုပါတယ်။ ရေများများ သောက်ပေးဖို့လည်း လိုပါတယ်။ ခေါင်းကိုက်ဝေဒနာ အရမ်းဆိုးလာခဲ့ရင်တော့ ပါရာစီတမောလို အကိုက်အခဲ ပျောက်ဆေးတွေ သောက်ဖို့ လိုပါတယ်။ တစ်ခါသောက်တစ်လုံးနဲ့ ၆ နာရီခြားပြီး သောက်လို့ ရပါတယ်။ အစာစားပြီးမှ သောက်တာပိုကောင်းပါတယ်။

ဒါပေမယ့် ခေါင်းကိုက်ဝေဒနာဟာ ဆေးသောက်ရက်နဲ့ မသက်သာခဲ့ရင် ဒါမှမဟုတ် တခြား လက္ခဏာ တစ်ခုခုနဲ့ တွဲနေခဲ့ရင်တော့ ဆရာဝန် ဆရာမ များနဲ့ ပြသသင့်ပါတယ်လို့ တိုက်တွန်းလိုက်ပါရစေ။

Author : Dr. CST

 

Previous Post

ပထမတခါခွဲမွေးထားခဲ့ရင် ဒုတိယကလေး ဘယ်လိုမွေးမလဲ

Next Post

ဂနို ခေါ် ဆီးပူညောင်းကျရောဂါအကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
830
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
841
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဂနို ခေါ် ဆီးပူညောင်းကျရောဂါအကြောင်း

အလွှာခြားမလား ကမ္ဘာခြားမလား

လက်သည်းကိုက်တာ ဘာကောင်းလဲ ??

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.