ယခုအချိန်အခါတွင် အမျိုးသားအချို့သည် အရက်ကို လောကဓံပြဿနာများဖြေရှင်းနိုင်ရန် သောက် လာကြပါသည်။ အရက်ကို ညနေပိုင်းတွင်သာမက၊ နေ့လည်များတွင်လည်း အပြိုင်အဆိုင်သောက်ကြပါသည်။ အရက်ကို ရည်ရွယ်ချက်မျိုးစုံဖြင့် ဆင်ခြေပေးသောက် ကြပါသည်။ အပန်းပြေခြင်း၊ စိုးရိမ်ပူပန်စိတ်များ လျှော့ချ ခြင်းနှင့် စိတ်ဖိစီးမှုများလျော့ချခြင်းတို့အတွက် သောက်ကြပါသည်။ ဆိုးကျိုးအနေဖြင့် အရက်ကို စွဲလာပြီး အရက်ကြောင့်ဖြစ်သော စိတ်ရောဂါများကို ခံစားလာပါသည်။ ထို့နောက် အခြားသူများကို သတ်ခြင်းနှင့် မိမိ ကိုယ်မိမိ သတ်သေခြင်းများ ဖြစ်ပေါ်တတ်ပါသည်။
အရက်ကြောင့် ဦးနှောက်ပျက်စီးခြင်း
အရက်ကို လွန်ကဲစွာသောက်ခြင်းကြောင့် ဦးနှောက်ထိခိုက်ပျက်စီးခြင်း၊ မှတ်ဉာဏ်များဆုံးရှုံတတ်ပါ သည်။ ယုံမှားသံသယများ ဝင်တတ်ပါသည်။ ပညာရေး၊ လူမှုရေး၊ ဘာသာရေး၊ စီးပွားရေးနှင့် အခြားကိစ္စများ တွင် အနှောင့်အယှက်ဖြစ်စေပါသည်။ အရက်ကြောင့် အရူးတစ်ပိုင်းဖြစ်တတ်ပါသည်။ အရှက်၊ အကြောက်ကင်း မဲ့ပြီး ခန္ဓာကိုယ်တွင် အဝတ်အစားဝတ်ဆင်မှုမရှိဘဲ သွားတတ်ပါသည်။ အရက်၏ ဆိုးကျိုးကြောင့် မိမိ၏ မိသား စုနှင့် ဆွေမျိုးအသိုင်းအဝိုင်းများကို ရန်ရှာတတ်ပါသည်။ မိမိကိုယ်တိုင် ကြိုးဆွဲချသေခြင်း၊ ဓားနှင့် ထိုးခြင်း၊ အမြင့်မှ ခုန်ချခြင်းများ ပြုလုပ်ကာ အသက်သေဆုံးနိုင်ပါသည်။
အရက်ကြောင့် အိပ်စက်ခြင်းကိုအနှောင့်အယှက်ပြုခြင်း
လူတစ်ဦးသည် အိပ်စက်ခြင်းလုံလောက်ပါက စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်များ စွာအထောက်အကူပြုပါသည်။ နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းမရှိပါက လန်းဆန်းမှုအရှိဘဲ အချိန်တိုင်းတွင်မောပန်း နေတတ်ပါသည်။ စိတ်ဖိစီးမှုများလည်း ခံစားရနိုင်ပါသည်။
အချို့သောသူများသည် အိပ်မပျော်ခြင်းကို အကြောင်းပြုပြီး အရက်ကို ညအိပ်ရာမဝင်ခင် သောက် တတ် ကြပါသည်။ မူးပြီးအိပ်ပျော်သွားသော်လည်း ဦးနှောက်၏ လှုပ်ရှားမှုများကို အနှောင့်အယှက်ဖြစ်စေပါ သည်။ အရက်မသောက်ဘဲနေပါက အိပ်မပျော်ဘဲဖြစ်တတ်၍ နေ့စဉ်ရက်ဆက်၊ ညစဉ်ညတိုင်းသောက်မိကာ အရက်၏ ကျေးကျွန်ဖြစ်လာပါသည်။ အရက်ကြောင့် ခန္ဓာကိုယ်၏ရေဓာတ်များ ဆုံးရှုံးကာ သွေးထွက်လွန်ခြင်း၊ အော့အန်ခြင်း၊ ခြေဖျားလက်ဖျားအေးစက်ခြင်းများ ခံစားရနိုင်ပါသည်။ အိပ်မပျော်သော ရက်များကြာရှည်လာ ခြင်းကြောင့် စိတ်ကစဥ့်ကလျားရောဂါဖြစ်ကာ မိမိကိုယ်ကိုသတ်သေသည်အထိ ဆိုးဝါးလာတတ်ပါသည်။
အရက်ကြောင့် စိုးရိမ်ပူပန်စေခြင်းနှင့် စိတ်ဓာတ်ကျခြင်း
လူတချို့သည် အရက်ကို ပျော်ရွှင်၍သောက်ခြင်း၊ စိတ်ညစ်၍သောက်ခြင်း၊ အသည်းကွဲခြင်း၊ ဝမ်းနည်းပူ ဆွေးခြင်းနှင့် အခြားအကြောင်းအရာမျိုးစုံတို့ဖြင့် သောက်ကြပါသည်။ အရက်သည် စိုးရိမ်ပူပန်ခြင်းနှင့် စိတ်ဓာတ် ကျခြင်းကိုဖြစ်စေရန် အားပေးပါသည်။ စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျဆင်းမှုကို သက်သာစေရန် အရက်ကို ထပ် တလဲလဲသောက်ခြင်းကြောင့် အရက်၏ ဆိုးကျိုးများခံစားရနိုင်ပါသည်။ နောက်ဆက်တွဲအဖြစ် အန္တရာယ်မျိုးစုံ ကြုံတွေ့ရနိုင်ပါသည်။ အသက်သေသည်အထိ ဒုက္ခ္ခ္ခများရရှိနိုင်ပါသည်။
အရက်နှင့်ဆေးဝါးများဆက်နွယ်မှု
အရက်သောက်များပါက အိပ်မပျော်ခြင်းရောဂါများ ဖြစ်ပေါ်တတ်ပါသည်။ အိပ်မပျော်ခြင်းကြောင့် အိပ် ဆေးများကိုသောက်တတ်ကြပါသည်။ အရက်နှင့် ထိုဆေးများကိုတွဲ၍ သောက်ခြင်းကို ထိန်းချုပ်နိုင်စွမ်းမရှိခြင်း ကြောင့်ထိခိုက်ဒဏ်ရာများ ရရှိနိုင်ပါသည်။
စိတ်ပိုင်းဆိုင်ရာများကိုလည်း အနှောင့်အယှက်ပေးပါသည်။ အရက်သောက်လွန်ခြင်းအပြင်၊ ဆေးဝါးအ သောက်လွန်ခြင်းကြောင့် သေဆုံးသည်အထိ အန္တရာယ်ဖြစ်စေပါသည်။
အရက်ကြောင့်မိမိကိုယ်ကိုသတ်သေခြင်း
အရက်ကို ဆေးဖြစ်၊ ဝါးဖြစ်အနည်းငယ် (သို့မဟုတ်) အသင့်အတင့်သောက်ပါက ပျော်ရွှင်မှုကိုရရှိစေပါ သည်။ သို့ရာတွင် နေ့စဉ်၊ ရက်ဆက်မသောက်သင့်ပါ။ အချို့သောသူများသည် အရက်နည်းနည်းဝင်သည်နှင့် တစ်ပြိုင်နက် ဒေါသထွက်ခြင်း၊ စိတ်ဓာတ်ကျခြင်းများ ဖြစ်တတ်ပါသည်။ အရက်ကို အလွန်အကျွံသောက်ခြင်း ကြောင့် စိုးရိမ်ပူပန်ခြင်းနှင့် စိတ်ဓာတ်ကျဆင်းခြင်းများ ပို၍ဖြစ်ကာ မိမိကိုယ်ကိုသတ်သေခြင်းများ ဖြစ်ပေါ်စေပါ သည်။
အကြံပြုချက်
အရက်ကြောင့် အသည်းရောဂါ အသည်းကင်ဆာ၊ ရေဖျဉ်းစွဲခြင်း၊ အသည်းပျက်စီးခြင်း၊ ဆီးချိုသွေးချို ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အစာအိမ်ရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း၊ ဦးနှောက်ထိခိုက်ခြင်း၊ မုန့်ချို အိတ် (ပန်ကရိယ) ရောင်ခြင်းနှင့် အရေပြားရောဂါစသည်တို့ ဖြစ်တတ်ပါသည်။ ထို့အပြင် စိတ်ကျန်းမာရေးအား ထိခိုက်စေသောကြောင့် အရက်ကို မသောက်သင့်ကြောင်း အကြံပြုအပ်ပါသည်။
Author – ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး) – Healthcare