ေလျဖတ္ျခင္းအေၾကာင္း
လူတိုင္းဟာ ေလျဖတ္မွာကို ေၾကာက္ၾကပါတယ္။ ေလျဖတ္ရင္ ကိုယ္တပိုင္းေသတာ၊ တျခမ္းေသတာ၊ အသိဉာဏ္ေတြ ခြၽတ္ယြင္းတာ စတာေတြျဖစ္တယ္ဆိုတာ ၾကားဖူး ျမင္ဖူးၾကလို႔ပါ။
ေလျဖတ္တာကို ေဆးပညာအရ Stroke လို႔ေခၚပါတယ္။ ေလျဖတ္တာဟာ ဘယ္အခ်ိန္မွာျဖစ္လဲဆိုရင္ အေၾကာင္းတခုခုေၾကာင့္ ဦးေႏွာက္ကို ေသြးသြားလာေထာက္ပံ့မႈ ရပ္ဆိုင္းသြားတဲ့အခ်ိန္မွာျဖစ္ပါတယ္။
ကြၽန္ေတာ္တို႔ပါးစပ္လႈပ္တာ၊ လက္ေတြ ေျခေထာက္ေတြ လႈပ္တာ စတာေတြရဲ႕ လႈပ္ရွားတုံျပန္မႈေတြကို ေခါင္းထဲမွာရွိတဲ့ ဦးေႏွာက္ကေန ထိန္းထားပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ဦးေႏွာက္ဟာ သူ႔လုပ္ငန္းေဆာင္တာေတြ ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ သူ႔အစိတ္အပိုင္း အားလုံးဆီကို လုံေလာက္တဲ့ ေသြးေထာက္ပံ့မႈ ပုံမွန္ရေနဖို႔လိုပါတယ္။ အေၾကာင္းတခုခုေၾကာင့္ ဦးေႏွာက္အစိတ္အပိုင္းတခုခုကို ေသြးမေရာက္ပါက ယင္းအစိတ္အပိုင္းက ထိန္းထားေသာ ခႏၶာကိုယ္အစိတ္အပိုင္းရဲ႕ လႈပ္ရွားမႈေတြ ရပ္တန႔္သြားပါတယ္။
ဒါကို ေလျဖတ္တာလို႔ ေခၚေဝၚၾကပါတယ္။ ေလျဖတ္ျခင္းကို အဓိကအားျဖင့္ ႏွစ္မ်ိဳးခြဲထားပါတယ္။
၁။ ဦးေႏွာက္အတြင္း ေသြးေၾကာပိတ္လို႔ ေလျဖတ္ျခင္း (ဦးေႏွာက္ထဲမွာရွိတဲ့ ေသြးေၾကာငယ္ေလးေတြ က်ဥ္းၿပီးပိတ္တာေၾကာင့္၊ သို႔မဟုတ္ တျခားေသြးေၾကာႀကီးေတြထဲက ေသြးခဲက လာပိတ္တာေၾကာင့္ ျဖစ္တဲ့ေလျဖတ္ျခင္း)
၂။ဦးေႏွာက္အတြင္းေသြးေၾကာ ေပါက္လို႔ ေလျဖတ္ျခင္း(ဦးေႏွာက္အတြင္း ေသြးေၾကာေလးမ်ား ေသြးေပါင္ခ်ိန္တက္လို႔ ေပါက္ထြက္တာေၾကာင့္ ျဖစ္တဲ့ေလျဖတ္ျခင္း)
ေလျဖတ္ျခင္းကို ျဖစ္ေစႏိုင္တဲ့ အေၾကာင္းရင္းေတြကေတာ့ အမ်ားႀကီးပါ။
အသက္ႀကီးလာတာ
မိဘမ်ိဳး႐ိုးရွိတာ
ေဆးလိပ္ေသာက္တာ
အရက္အလြန္အကြၽံေသာက္တာ
အဆီအဆိမ့္အငန္အစားမ်ားတာ
ေသြးတိုး၊ႏွလုံး၊ဆီးခ်ိဳစတဲ့ေရာဂါအခံတခုခုရွိတာ
ကိုယ္လက္လႈပ္ရွားမႈအားနည္းတာ စသျဖင့္ အေၾကာင္းေတြ အမ်ားႀကီးရွိပါတယ္။
ေလျဖတ္ျခင္းရဲ႕ ေရာဂါလကၡဏာေတြ အေနနဲ႔ကေတာ့ ပိတ္လို႔ သို႔မဟုတ္ ေပါက္လို႔ ေသြးေထာက္ပံ့မႈ ရပ္ဆိုင္းသြားတဲ့ ဦးေႏွာက္အစိတ္အပိုင္းေပၚ မူတည္ၿပီး တေယာက္နဲ႔တေယာက္ အမ်ိဳးမ်ိဳးကြဲျပားႏိုင္ပါတယ္။
အမ်ားအားျဖင့္ျဖစ္တဲ့ လကၡဏာေတြကေတာ့ ႐ုတ္တရက္ သတိလစ္သြားတာ၊ ခႏၶာကိုယ္အေပၚတပိုင္း သို႔မဟုတ္ တျခမ္း ေလးလံတာ၊ လုံးဝလႈပ္မရတာ၊ စကားမပီတာ၊ အစာေရ မ်ိဳရခက္တာ၊ မွတ္ဉာဏ္ခ်ိဳ႕ယြင္းတာ စသျဖင့္ပါ။ ေလျဖတ္ျခင္းရဲ႕ ေရွ႕ေျပးလကၡဏာေတြကေတာ့ မ်က္ႏွာ၊လက္၊ေျခတဖက္ ႐ုတ္တရက္ထုံတာ၊ေလးလံတာ၊႐ုတ္တရက္ အျမင္အာ႐ုံ ေဝဝါးတာ၊မူးေဝတာ၊ စသျဖင့္ပါ။
ေလျဖတ္ျခင္းအျပင္ Transient Ischemic Attack (TIA)လို႔ေခၚတဲ့ ေလျဖန္းတာလည္းရွိပါေသးတယ္။ ေလျဖန္းတာကေတာ့ ေလျဖတ္ရင္ ျဖစ္တဲ့ထုံတာ၊လႈပ္မရတာ စသျဖင့္႐ုတ္တရက္ ျဖစ္ၿပီး ခဏအၾကာမွာေတာ့ လူေကာင္းအတိုင္း ျပန္ျဖစ္သြားပါတယ္။ ဒါကိုေလျဖန္းျခင္းလို႔ေခၚပါတယ္။
အဆုံးသတ္အေနနဲ႔ကေတာ့ ေလျဖတ္ျခင္း ေလျဖန္းျခင္း ျဖစ္ပြားႏိုင္ေျခနည္းေအာင္ အဆီအဆိမ့္အငန္ေလွ်ာ့စားပါ ကိုယ္လက္ေလ့က်င့္ခန္းပုံမွန္လုပ္ပါ ေဆးလိပ္မေသာက္ပါနဲ႔ လို႔အႀကံေပးခ်င္ပါတယ္။
Dr 528
လေဖြတ်ခြင်းအကြောင်း
လူတိုင်းဟာ လေဖြတ်မှာကို ကြောက်ကြပါတယ်။ လေဖြတ်ရင် ကိုယ်တပိုင်းသေတာ၊ တခြမ်းသေတာ၊ အသိဉာဏ်တွေ ချွတ်ယွင်းတာ စတာတွေဖြစ်တယ်ဆိုတာ ကြားဖူး မြင်ဖူးကြလို့ပါ။
လေဖြတ်တာကို ဆေးပညာအရ Stroke လို့ခေါ်ပါတယ်။ လေဖြတ်တာဟာ ဘယ်အချိန်မှာဖြစ်လဲဆိုရင် အကြောင်းတခုခုကြောင့် ဦးနှောက်ကို သွေးသွားလာထောက်ပံ့မှု ရပ်ဆိုင်းသွားတဲ့အချိန်မှာဖြစ်ပါတယ်။
ကျွန်တော်တို့ပါးစပ်လှုပ်တာ၊ လက်တွေ ခြေထောက်တွေ လှုပ်တာ စတာတွေရဲ့ လှုပ်ရှားတုံပြန်မှုတွေကို ခေါင်းထဲမှာရှိတဲ့ ဦးနှောက်ကနေ ထိန်းထားပါတယ်။ ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ သူ့လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်နိုင်ဖို့အတွက် သူ့အစိတ်အပိုင်း အားလုံးဆီကို လုံလောက်တဲ့ သွေးထောက်ပံ့မှု ပုံမှန်ရနေဖို့လိုပါတယ်။ အကြောင်းတခုခုကြောင့် ဦးနှောက်အစိတ်အပိုင်းတခုခုကို သွေးမရောက်ပါက ယင်းအစိတ်အပိုင်းက ထိန်းထားသော ခန္ဓာကိုယ်အစိတ်အပိုင်းရဲ့ လှုပ်ရှားမှုတွေ ရပ်တန့်သွားပါတယ်။
ဒါကို လေဖြတ်တာလို့ ခေါ်ဝေါ်ကြပါတယ်။ လေဖြတ်ခြင်းကို အဓိကအားဖြင့် နှစ်မျိုးခွဲထားပါတယ်။
၁။ ဦးနှောက်အတွင်း သွေးကြောပိတ်လို့ လေဖြတ်ခြင်း (ဦးနှောက်ထဲမှာရှိတဲ့ သွေးကြောငယ်လေးတွေ ကျဉ်းပြီးပိတ်တာကြောင့်၊ သို့မဟုတ် တခြားသွေးကြောကြီးတွေထဲက သွေးခဲက လာပိတ်တာကြောင့် ဖြစ်တဲ့လေဖြတ်ခြင်း)
၂။ဦးနှောက်အတွင်းသွေးကြော ပေါက်လို့ လေဖြတ်ခြင်း(ဦးနှောက်အတွင်း သွေးကြောလေးများ သွေးပေါင်ချိန်တက်လို့ ပေါက်ထွက်တာကြောင့် ဖြစ်တဲ့လေဖြတ်ခြင်း)
လေဖြတ်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကတော့ အများကြီးပါ။
အသက်ကြီးလာတာ
မိဘမျိုးရိုးရှိတာ
ဆေးလိပ်သောက်တာ
အရက်အလွန်အကျွံသောက်တာ
အဆီအဆိမ့်အငန်အစားများတာ
သွေးတိုး၊နှလုံး၊ဆီးချိုစတဲ့ရောဂါအခံတခုခုရှိတာ
ကိုယ်လက်လှုပ်ရှားမှုအားနည်းတာ စသဖြင့် အကြောင်းတွေ အများကြီးရှိပါတယ်။
လေဖြတ်ခြင်းရဲ့ ရောဂါလက္ခဏာတွေ အနေနဲ့ကတော့ ပိတ်လို့ သို့မဟုတ် ပေါက်လို့ သွေးထောက်ပံ့မှု ရပ်ဆိုင်းသွားတဲ့ ဦးနှောက်အစိတ်အပိုင်းပေါ် မူတည်ပြီး တယောက်နဲ့တယောက် အမျိုးမျိုးကွဲပြားနိုင်ပါတယ်။
အများအားဖြင့်ဖြစ်တဲ့ လက္ခဏာတွေကတော့ ရုတ်တရက် သတိလစ်သွားတာ၊ ခန္ဓာကိုယ်အပေါ်တပိုင်း သို့မဟုတ် တခြမ်း လေးလံတာ၊ လုံးဝလှုပ်မရတာ၊ စကားမပီတာ၊ အစာရေ မျိုရခက်တာ၊ မှတ်ဉာဏ်ချို့ယွင်းတာ စသဖြင့်ပါ။ လေဖြတ်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာတွေကတော့ မျက်နှာ၊လက်၊ခြေတဖက် ရုတ်တရက်ထုံတာ၊လေးလံတာ၊ရုတ်တရက် အမြင်အာရုံ ဝေဝါးတာ၊မူးဝေတာ၊ စသဖြင့်ပါ။
လေဖြတ်ခြင်းအပြင် Transient Ischemic Attack (TIA)လို့ခေါ်တဲ့ လေဖြန်းတာလည်းရှိပါသေးတယ်။ လေဖြန်းတာကတော့ လေဖြတ်ရင် ဖြစ်တဲ့ထုံတာ၊လှုပ်မရတာ စသဖြင့်ရုတ်တရက် ဖြစ်ပြီး ခဏအကြာမှာတော့ လူကောင်းအတိုင်း ပြန်ဖြစ်သွားပါတယ်။ ဒါကိုလေဖြန်းခြင်းလို့ခေါ်ပါတယ်။
အဆုံးသတ်အနေနဲ့ကတော့ လေဖြတ်ခြင်း လေဖြန်းခြင်း ဖြစ်ပွားနိုင်ခြေနည်းအောင် အဆီအဆိမ့်အငန်လျှော့စားပါ ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ပါ ဆေးလိပ်မသောက်ပါနဲ့ လို့အကြံပေးချင်ပါတယ်။
Dr 528