ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းမွကင္းေဝးၿပီးက်န္းမာေစရန္ လိုက္နာရမည့္အခ်က္မ်ား
ဆီးက်ဥ္၊ဆီးေအာင့္တာေတြကိုလူတိုင္းနီးပါး တႀကိမ္မက ခံစားဖူးၾကပါလိမ့္မယ္။
ဆီးသြားၿပီးတိုင္း နာက်င္တာ၊ ဆီးသြားတုန္း ဆီးက်ဥ္တာ၊ ဆီးမထိန္းႏိုင္တာ၊ ဆီးသြားရင္နည္းနည္းပဲသြားၿပီး ေအာင့္တာ၊ ဆီးက်န္သလို ခံစားရတာ၊ ေရအမ်ားႀကီးလည္း မေသာက္ပဲနဲ႔ မၾကာခဏဆီးသြားခ်င္တာေတြဟာ ဆီးလမ္းေၾကာင္းပိုးဝင္တာ၊ ဆီးပိုးဝင္ၿပီး ဆီးအိမ္ေရာင္တာေတြရဲ႕ လကၡဏာေတြပါ။
အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ ဆီးလမ္းေၾကာင္းပိုတိုတာေၾကာင့္ ဆီးပိုးဝင္ျခင္း ျဖစ္ပြားႏိုင္ေျခ ပိုမ်ားပါတယ္။ ဒါေၾကာင့္ ဒီတပတ္မွာ ဆီးလမ္းေၾကာင္း ပိုးဝင္ျခင္းမျဖစ္ဘဲ ဆီးလမ္းေၾကာင္း က်န္းမာေအာင္ေ ဆာင္ရမည့္အခ်က္မ်ားကို ေရးသားတင္ျပလိုက္ရပါတယ္။
(၁)တေန႔ေရဖန္ခြက္ႀကီး ၈ ခြက္အနည္းဆုံးေသာက္ပါ။
ေရမ်ားမ်ားေသာက္ျခင္းျဖင့္ ဆီးမ်ားမ်ားသြားေစႏိုင္ပါတယ္။ ဆီးမ်ားမ်ားသြားတဲ့အခါမွာ စြန႔္ပစ္လိုက္တဲ့ဆီးနဲ႔အတူ ဆီးလမ္းေၾကာင္းတေလွ်ာက္မွာ ရွိတဲ့ကပ္ေနတဲ့ ဘက္တီးရီးယားပိုးေတြပါပါသြားႏိုင္ပါတယ္။
(၂)ဆီးသြားခ်င္တဲ့စိတ္ျဖစ္တိုင္း ဆီးသြားဖို႔မေမ့ပါနဲ႔။
ဆီးသြားခ်င္တာ မသြားဘဲ ေအာင့္ထားတာဟာ ဆီးအိမ္ေရာင္ရမ္းျခင္းကိုျဖစ္ေစႏိုင္ပါတယ္။
(၃)အပူစာ၊အစပ္စာ၊ေကာ္ဖီ၊အရက္ တို႔ဟာ ဆီးအိမ္နဲ႔ဆီးလမ္းေၾကာင္းကို ဒုကၡေပးႏိုင္တဲ့အရာေတြျဖစ္လို႔ ေရွာင္ပါ။
(၄)အေပါ့အေလးသြားၿပီးတိုင္း ေရနဲ႔စင္ၾကယ္စြာေဆးပါ။
အမ်ိဳးသမီးသန႔္စင္ေဆးရည္တို႔ ဆပ္ျပာတို႔နဲ႔ ေဆးေၾကာျခင္းကို တေန႔ႏွစ္ႀကိမ္ထက္ပိုမလုပ္ပါနဲ႔။ေရေဆးတဲ့အခါ အေရွ႕ဘက္မွ အေနာက္ဘက္သို႔ ဦးတည္ရာ တဘက္တည္းကိုပဲ ေဆးေၾကာပါ။ လက္က အေရွ႕ကအေနာက္သြားၿပီး အေနာက္ကေန အေရွ႕ျပန္တာမ်ိဴးမလုပ္ပါနဲ႔။
(ဆိုလိုတာက အမ်ိဳးသမီးေတြမွာဆိုရင္ လက္ရဲ႕ဦးတည္ရာကို မိန္းမကိုယ္ဘက္ကေန စအိုဘက္ကိုပဲ ထားၿပီးေဆးပါ။ စအိုဘက္ကေန မိန္းမကိုယ္ဘက္ကို လာတာမ်ိဳးမလုပ္ပါနဲ႔။)
(၅)အိမ္ေထာင္ရွင္မ်ား မိမိအိမ္ေထာင္ဘက္နဲ႔အတူမေနမီနဲ႔ ေနၿပီးတိုင္းမွာ ေရနဲ႔ေသခ်ာေဆးပါ။ဒါ့အျပင္ အတူမေနမီနဲ႔ ေနၿပီးတိုင္းမွာ ဆီးသြားတဲ့အေလ့အက်င့္လုပ္ေပးပါ။
(၆)ဗီတာမင္စီ ကိုလုံေလာက္စြာ မွီဝဲပါ။ ဘက္တီးရီးယားပိုးေတြဟာ အယ္ကာလိုင္းဓါတ္မ်ားတဲ့ ပတ္ဝန္းက်င္မွာ ပိုၿပီးရွင္သန္ေပါက္ပြားၾကပါတယ္။ ဗီတာမင္စီကေတာ့ အက္စစ္ဓါတ္ျဖစ္တဲ့အတြက္ ဘက္တီးရီးယားေပါက္ပြားမႈကို ဟန႔္တားႏိုင္တဲ့အစြမ္းသတၱိရွိပါတယ္။ ဒါ့အျပင္ ဗီတာမင္စီဟာ ကိုယ္ခံစြမ္းအားကိုပါ ျမင့္တက္ေစႏိုင္တဲ့အတြက္ ဖ်ားနာျခင္း၊ အေအးမိလြယ္ျခင္းေတြ မျဖစ္ေအာင္ပါ ကာကြယ္ေပးႏိုင္ပါတယ္။
(၇)အခ်ိဳဓါတ္ဟာ ဘက္တီးရီးယား ေပါက္ပြားမႈကို အားေပးတဲ့အတြက္ေၾကာင့္ ဆီးက်ဥ္တာ၊ေအာင့္တာ ျဖစ္ရင္ အခ်ိဳေရွာင္ပါ။ သၾကား သို႔မဟုတ္ အခ်ိဳမပါတဲ့ ျမင္းခြာ႐ြက္ေဖ်ာ္ရည္၊ဘယ္ရီသီးေဖ်ာ္ရည္၊ လိေမၼာ္ရည္စစ္စစ္တို႔ကို ေသာက္ေပးပါ။
Dr 528
ဆီးလမ်းကြောင်းပိုးဝင်ခြင်းမှကင်းဝေးပြီးကျန်းမာစေရန် လိုက်နာရမည့်အချက်များ
ဆီးကျဉ်၊ဆီးအောင့်တာတွေကိုလူတိုင်းနီးပါး တကြိမ်မက ခံစားဖူးကြပါလိမ့်မယ်။
ဆီးသွားပြီးတိုင်း နာကျင်တာ၊ ဆီးသွားတုန်း ဆီးကျဉ်တာ၊ ဆီးမထိန်းနိုင်တာ၊ ဆီးသွားရင်နည်းနည်းပဲသွားပြီး အောင့်တာ၊ ဆီးကျန်သလို ခံစားရတာ၊ ရေအများကြီးလည်း မသောက်ပဲနဲ့ မကြာခဏဆီးသွားချင်တာတွေဟာ ဆီးလမ်းကြောင်းပိုးဝင်တာ၊ ဆီးပိုးဝင်ပြီး ဆီးအိမ်ရောင်တာတွေရဲ့ လက္ခဏာတွေပါ။
အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဆီးလမ်းကြောင်းပိုတိုတာကြောင့် ဆီးပိုးဝင်ခြင်း ဖြစ်ပွားနိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် ဒီတပတ်မှာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းမဖြစ်ဘဲ ဆီးလမ်းကြောင်း ကျန်းမာအောင်ေ ဆာင်ရမည့်အချက်များကို ရေးသားတင်ပြလိုက်ရပါတယ်။
(၁)တနေ့ရေဖန်ခွက်ကြီး ၈ ခွက်အနည်းဆုံးသောက်ပါ။
ရေများများသောက်ခြင်းဖြင့် ဆီးများများသွားစေနိုင်ပါတယ်။ ဆီးများများသွားတဲ့အခါမှာ စွန့်ပစ်လိုက်တဲ့ဆီးနဲ့အတူ ဆီးလမ်းကြောင်းတလျှောက်မှာ ရှိတဲ့ကပ်နေတဲ့ ဘက်တီးရီးယားပိုးတွေပါပါသွားနိုင်ပါတယ်။
(၂)ဆီးသွားချင်တဲ့စိတ်ဖြစ်တိုင်း ဆီးသွားဖို့မမေ့ပါနဲ့။
ဆီးသွားချင်တာ မသွားဘဲ အောင့်ထားတာဟာ ဆီးအိမ်ရောင်ရမ်းခြင်းကိုဖြစ်စေနိုင်ပါတယ်။
(၃)အပူစာ၊အစပ်စာ၊ကော်ဖီ၊အရက် တို့ဟာ ဆီးအိမ်နဲ့ဆီးလမ်းကြောင်းကို ဒုက္ခပေးနိုင်တဲ့အရာတွေဖြစ်လို့ ရှောင်ပါ။
(၄)အပေါ့အလေးသွားပြီးတိုင်း ရေနဲ့စင်ကြယ်စွာဆေးပါ။
အမျိုးသမီးသန့်စင်ဆေးရည်တို့ ဆပ်ပြာတို့နဲ့ ဆေးကြောခြင်းကို တနေ့နှစ်ကြိမ်ထက်ပိုမလုပ်ပါနဲ့။ရေဆေးတဲ့အခါ အရှေ့ဘက်မှ အနောက်ဘက်သို့ ဦးတည်ရာ တဘက်တည်းကိုပဲ ဆေးကြောပါ။ လက်က အရှေ့ကအနောက်သွားပြီး အနောက်ကနေ အရှေ့ပြန်တာမျိူးမလုပ်ပါနဲ့။
(ဆိုလိုတာက အမျိုးသမီးတွေမှာဆိုရင် လက်ရဲ့ဦးတည်ရာကို မိန်းမကိုယ်ဘက်ကနေ စအိုဘက်ကိုပဲ ထားပြီးဆေးပါ။ စအိုဘက်ကနေ မိန်းမကိုယ်ဘက်ကို လာတာမျိုးမလုပ်ပါနဲ့။)
(၅)အိမ်ထောင်ရှင်များ မိမိအိမ်ထောင်ဘက်နဲ့အတူမနေမီနဲ့ နေပြီးတိုင်းမှာ ရေနဲ့သေချာဆေးပါ။ဒါ့အပြင် အတူမနေမီနဲ့ နေပြီးတိုင်းမှာ ဆီးသွားတဲ့အလေ့အကျင့်လုပ်ပေးပါ။
(၆)ဗီတာမင်စီ ကိုလုံလောက်စွာ မှီဝဲပါ။ ဘက်တီးရီးယားပိုးတွေဟာ အယ်ကာလိုင်းဓါတ်များတဲ့ ပတ်ဝန်းကျင်မှာ ပိုပြီးရှင်သန်ပေါက်ပွားကြပါတယ်။ ဗီတာမင်စီကတော့ အက်စစ်ဓါတ်ဖြစ်တဲ့အတွက် ဘက်တီးရီးယားပေါက်ပွားမှုကို ဟန့်တားနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။ ဒါ့အပြင် ဗီတာမင်စီဟာ ကိုယ်ခံစွမ်းအားကိုပါ မြင့်တက်စေနိုင်တဲ့အတွက် ဖျားနာခြင်း၊ အအေးမိလွယ်ခြင်းတွေ မဖြစ်အောင်ပါ ကာကွယ်ပေးနိုင်ပါတယ်။
(၇)အချိုဓါတ်ဟာ ဘက်တီးရီးယား ပေါက်ပွားမှုကို အားပေးတဲ့အတွက်ကြောင့် ဆီးကျဉ်တာ၊အောင့်တာ ဖြစ်ရင် အချိုရှောင်ပါ။ သကြား သို့မဟုတ် အချိုမပါတဲ့ မြင်းခွာရွက်ဖျော်ရည်၊ဘယ်ရီသီးဖျော်ရည်၊ လိမ္မော်ရည်စစ်စစ်တို့ကို သောက်ပေးပါ။
Dr 528