fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

သင်္ကြန်ရေနဲ့ အရေပြား

44
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/04/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

 

သင်္ကြန်ရောက်တော့မယ် အတာကူးတဲ့နှစ်ကူးအခါသမယမှာ နှစ်ဟောင်းကအညစ်အကြေးတွေကို ဆေးကြောပြီး နှစ်သစ်ကိုစိတ်သစ်လူသစ်နဲ့ကြိုဖို့ စိတ်ကူးထားတဲ့သူတွေ အများကြီးပါ။

သင်္ကြန်ဆိုတာ ပျော်ရွှင်စရာပွဲတော့တစ်ခုပါ။ လေးရက်ကနေ ငါးရက်အထိရှိတတ်တယ်။ မနက်ကနေ ညနေအထိ အားရပါးရ ရေကစားဖို့ စိုင်းပြင်းနေတဲ့ လူငယ်လူရွယ်မောင်မယ်တွေလည်း ဒုနဲ့ဒေးပါ။

သင်္ကြန်လည်တာဟာ ပျော်စရာကောင်းပေမယ့် သင်္ကြန်ပြီးနောက်ရက်တွေမှာ ကျန်းမာရေးဆိုင်ရာပြဿနာတွေ ဖြစ်လာတတ်ကြပါတယ်။ အဲ့ဒီအထဲမှာ အရေပြားဆိုင်ရာပြဿနာတွေလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

သင်္ကြန်မှာ အရေပြားထိခိုက်နိုင်တာ နှစ်မျိုးရှိပါတယ်။ တစ်မျိုးကတော့ နေပူကြီးထဲမှာ တစ်နေကုန်လည်ထားတာကြောင့် နေလောင်ဒဏ်တွေဖြစ်တယ်။ အသားတွေ နီရဲနေတတ်တယ်။ နောက်ပိုင်းတွေမှာတော့ အသားအရည်က နဂိုထက် ပိုမည်းသွားတတ်ပါတယ်။ နောက်တစ်မျိုးကတော့ ရေမှာပါတာတွေကို မတည့်တာကြောင့်ဖြစ်ဖြစ် ရေမသန့်တာကြောင့်ဖြစ်ဖြစ် အရေပြားမှာ ယားနာမျိုးစုံ ဖြစ်လာတတ်တာပါ။

သင်္ကြန်မှာ အရေပြားနေလောင်တာကတော့ ကြိုတင်ကာကွယ်တာတွေ လုပ်လို့ရပါတယ်။ SPF 15 ပါ တဲ့ နေလောင်ဒဏ်ကာကွယ်စေတဲ့ လိမ်းဆေး cream တွေကို ခဏခဏလိမ်းပေးပါ။ နှစ်နာရီခြားလိမ်းပေးပါ။ အင်္ကျီလက်ရှည် ဘောင်းဘီရှည်တွေဝတ်ပါ။ အရောင်နုလေပိုကောင်းလေပါ။ နေပူလွန်းတဲ့ အချိန် နေ့လည်၁၂နာရီကနေ ၂နာရီအထိကို အရိပ်ထဲမှာနေပေးပါ။ ပြန်ရောက်လာတာနဲ့ ရေချိုးသန့်စင်ပြီး အရေပြားကိုပြန်လည်းထိန်းသိမ်းပါ။ ပေါင်းတင်တာတွေ လုပ်ပါ။ သနပ်ခါးလိမ်းပါ။ ဒါဆို နေလောင်တာတွေ သက်သာနိုင်ပါတယ်။

သင်္ကြန်ပြီးတဲ့အခါလည်း အသားအရောင် ပိုမည်းသွားတာတွေ မဖြစ်စေတော့ပါဘူး။

နောက်ပြဿနာတစ်ခုကတော့ ယားနာတွေပါပဲ။ တစ်ချို့လူတွေက သင်္ကြန်ရေကို မွှေးမွှေးလေးဖြစ်စေချင်တာကြောင့် ရေထဲ ရေမွှေးထည့်တာတွေ တစ်ခြားသော အမွှေးအကြိုင်ထည့်တာတွေ လုပ်တတ်ကြတယ်။ တစ်ချို့သောလူနည်းစုတွေကျတော့ ရေအသန့်မသုံးကြတော့ဘဲ တွေ့ရာရေနဲ့ ပက်တတ်ကြတာတွေကြောင့်လည်းပါတတ်တယ်။ တစ်ချို့ကျတော့ ကန်ရေထဲ ရေဆင်းဆော့တာတွေကြောင့်လည်းဖြစ်တတ်ပါတယ်။

ယားနာရယ်လို့ပြောတဲ့အခါ ဝဲပေါက်တာလည်းပါတယ်။ ပွေးတို့ညှင်းတို့လည်းဖြစ်တတ်တယ်။ တစ်ခါတစ်လေကျတော့ အနီစက်တွေတစ်ကိုယ်လုံးထွက်ပြီး ယားလာတာလည်းဖြစ်တတ်တယ်။ အရည်ကြည်ဖုတွေလည်းဖြစ်တတ်တယ်။ အနီကွက်တွေလည်းဖြစ်တတ်တယ်။ အစုံဖြစ်တတ်ပါတယ်။

ဓာတ်မတည့်တာ တစ်ခုခုဖြစ်လာပြီဆိုရင်တော့ ယားနေတာအပြင် တစ်ခါတစ်လေမှာ အင်ပြင်တွေထွက်ပြီး အသားတွေပါယောင်လာတတ်ပါတယ်။ ပိုဆိုးတယ်ဆိုရင် အသက်ရှူခက်တာတွေပါ ဖြစ်လာတတ်တယ်။ ဓာတ်မတည့်တာတွေကတော့ ဖြစ်လာတာနဲ့ ရေအေးဖတ်အမြန်ကပ်ပါ။ ဘာမီတွန်တစ်လုံးလောက်သောက်ပြီး လိုအပ်တယ်ဆိုရင် နီးစပ်ရာဆေးခန်းကို အမြန်ပြရပါလိမ့်မယ်။

ယားနာတွေကတော့ လိမ်းဆေးတွေလိမ်းလို့ရတယ်။ ဘယ်လိုယားနာပုံစံဖြစ်တာလဲတော့ သိဖို့လိုပါတယ်။ ယားနာအလိုက်လိမ်းရတဲ့ ဆေးလည်း ကွာတတ်ပါတယ်။ ရေတွေသေချာဆေးပြီးတိုင်း ခြောက်အောင်ပြန်သုတ်ပေးဖို့လိုပါတယ်။ ပြီးမှဆေးသေချာလိမ်းပါ ဆေးလိမ်းတဲ့အခါ ယားနာပေါ်ကိုပါးပါးပဲလိမ်းပါ ပျောက်ချင်ဇောနဲ့ အများကြီးလိမ်းမယ်လုပ်လို့မရပါဘူး။ ကောင်းနေတဲ့ အရေပြားတွေကို မလိမ်းမိဖို့လည်းလိုပါတယ်။

အရောင်ပြောင်းနိုင်လို့ပါ။ မနက် နေ့ ည ပုံမှန်လိမ်းပေးရတယ်။ အရေပြားလိမ်းဆေးတွေက အနည်းဆုံးတော့ နှစ်ပတ်စောင့်ကြည့်ရပါတယ်။ ချက်ချင်းလိမ်း ချင်ချင်းသက်သာဖို့ကတော့ ရှားပါတယ်။ စိတ်ရှည်ရပါမယ်။ ယားတာတွေကိုမကုတ်မိဖို့လိုပါတယ်။ ကုတ်လေပွားလေပါ။ အစားလည်းရှောင်ရပါမယ်။ ယားလွန်းတယ်ဆိုရင်တော့ အယားသက်သာစေဖို့ သောက်ဆေးတွေ သောက်လို့ရပါတယ်။ တစ်ချို့တွေမှာတော့ ဆေးခန်းပြဖို့လိုတဲ့အထိ ဖြစ်တတ်ပါတယ်။

သင်္ကြန်လည်တာက ပျော်စရာကောင်းပါတယ်။ သင်္ကြန်လည်းပြီးရော အရေပြားကြောင့်စိတ်ညစ်ရရော မဖြစ်ရအောင် ကြိုတင်ဂရုစိုက်ကြဖို့လိုပါတယ်။ သင်္ကြန်ရေထဲ ဘာမှထည့်မရောဖို့ တွေ့ရာရေနဲ့ မပက်ဖို့လည်းလိုပါတယ်။ သင်္ကြန်ပြီးတဲ့အခါပုံမှန်အတိုင်းလှပနိုင်ကြပါစေ။

Dr. CST

Previous Post

မီးတွင်းကာလ ကလေးအတက်ရောဂါ

Next Post

သွား ၂ချောင်းကြားက အနက်ရောင်တြိဂံများ (Black Triangles Between Teeth)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
865
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သွား ၂ချောင်းကြားက အနက်ရောင်တြိဂံများ (Black Triangles Between Teeth)

သာယာမှု နောက်ဆက်တွဲ

ကလေးများနှင့် အပူလွန်ကဲခြင်းအန္တရာယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.