fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း
လူတစ်ယောက် ရုတ်တရတ် နှလုံးခုန်ရပ် အသက်ရှူရပ်သွားရင် ဘာတွေလုပ်ရမလဲ?
109
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/03/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A
Auhor : Dr. Lynn
လူတစ်ယောက် ရုတ်တရတ် နှလုံးခုန်ရပ် အသက်ရှူရပ်သွားရင် ဘာတွေလုပ်ရမလဲ?
ခေါင်းစဉ်ကို ဖတ်လိုက်ရင် တွေးမိပါလိမ့်မယ် ကိုယ်က ဆရာဝန် သူနာပြုမှ မဟုတ်တာ ဘာလုပ်ပေးလို့ရမှာလဲ ပေါ့ နော်
ဟုတ်ပါတယ် ဆရာဝန် သူနာပြုမှ လုပ်ရမှာ မဟုတ်ပါဘူး ။ လူတိုင်းလုပ်ပေးနိုင်ပါတယ် ။ အထူးသဖြင့် အရေးပေါ် ကုသမှု သင်တန်းများတတ်မြောက်ထားသူတွေ ၊ ရှေးဦးသူနာပြုနည်းတွေ တတ်မြောက်ထားသူတွေ ကပိုပြီး ရင်းနှီးပါလိမ့်မယ်။
အဲဒီတော့ ပထမဆုံး လုပ်ရမှာက လဲကျသွားတဲ့ လူရဲ့ ဘေးပတ်ဝန်းကျင်ကို ကြည့်ရပါမယ် အန္တရာယ်ကျရောက်နိုင်မယ့် လက္ခဏာ တွေရှိမရှိ စစ်ဆေးရပါမယ် ဥပမာ ဓာတ်လိုက်ပြီးလဲသွားတာလား၊ ကားလမ်းမပေါ်မှာဖြစ်တာလား ဆိုတာကို ကြည့်ရပါမယ် ။ မဟုတ်ရင် ကယ်ချင်ဇောနဲ့ ပြေးကယ်ရင် ကိုယ်တိုင်ပါ အန္တရာယ်ရှိပါတယ် ။ မိမိဘေးကို အရင်ကြည့်ရှောင်ပါ ။ အဲဒါတွေမရှိဘူး ဆိုရင် လူနာကို လှုပ်နှိုးကြည့်ပါ နေကောင်းရဲ့လား ဘာဖြစ်တာလဲ စသဖြင့် မေးရင်းနဲ့ အသက်ရှူ မရှူ ကြည့်ပါ။ ရင်ဘတ်ဖောင်းရဲ့လား ။ လေဝင်ရဲ့လား။ မရှူဘူးဆိုရင်တော့ နောက်တစ်ဆင့်က  သွေးခုန်နှုန်းကို စမ်းသပ်တာပါ ။ လည်ပင်းမှ သွေးခုန်နှုန်း ရှိမရှိ စမ်းသပ်ရပါမယ်။ မရှိဘူး ဆိုရင်တော့ ဒီလူဟာ အသက်မရှု နှလုံးမခုန်တော့ပါဘူး အမြန်ဆုံး ကယ်ရပါတော့မယ်။ ဘေးပတ်ဝန်းကျင်ကလူတွေကို အကူအညီတောင်းရမယ် ကားခေါ်တာ (ဆေးရုံကား) ဖုန်းဆက်အကြောင်းကြားတာတွေ လုပ်ခိုင်းရပါမယ်။ အနီးနားမှာ AED ခေါ် အရေးပေါ်အလိုအလျောက်နှလုံးနှိုးစက်ရှိရင် ချက်ချင်း ယူပြီးတပ်ဆင် အသုံးပြုနိုင်လျင် အကောင်းဆုံးပါ။ ရင်ဘတ်ကိုဖိမယ်ဆိုင် နေရာက အလယ်တည့်တည့် ရင်ညွန့်ရိုးပေါ်လက်ဖနောင့် နှစ်ခုကို အပေါ်အောက်ဆင့်ပြီးဖိရပါမယ်။ အချက် ၃၀ ဖိပြီး ပါးစပ်ထဲကို ၂ချက် လေမှုတ်သွင်းရပါမယ် ။ တကယ်လို့ ကယ်တင်သူက လေမှုတ်သွင်းပေးဖို့ အဆင်မပြေဘူးဆိုရင်လည်း မသွင်းပေးလို့ရပါတယ် ။ ရင်ဘတ်ကိုသာ ဖိပေးနေပါ ကားခေါ်ပြီး နီးစပ်ရာဆေးရုံကို အမြန်ဆုံးသွားရပါမယ်။ AHA (American Heart Association)အရ နှလုံးမခုန်တော့တဲ့လူနာကို ကယ်တင်ရာမှာ အမြန်ဆုံးလုပ်ရမှာက နှလုံးကို ပြင်ပမှဖိနှိပ်ပေးခြင်း (ရင်ဘတ်ပေါ်မှဖိနှိပ်ပေးခြင်း) ကိုလုပ်နိုင် ရင် ပိုကောင်းတဲ့ result တွေရလာတာကို တွေ့ရှိရတယ်လို့ပြောကြပါတယ် ။ AED ရှိတယ် (သို့) ဆေးရုံမှာ ဆိုရင်တော့ နှလုံးခုန်ပုံကို စမ်းသပ်ပြီး လိုအပ်တဲ့ ရှော့ရိုက်တာ ဆေးထိုးတာတွေက်ုပါ လုပ်ပေးမနိုင်ပါတယ် ။ ဒီဆောင်းပါရဲ့ ရည်ရွယ်ချက်က လူတိုင်း အသက်ကယ်ပေးနိုင်တဲ့ လုပ်ဆောင်ချက်လေးတွေ လုပ်နိုင်အောင်ရယ်  ၊ နောက်ပိုင်းမှာပိုပြီးလုပ်နိုင်လာရင် BLS (basic life support) လို သင်တန်းမျိုးတွေကို သင်ကြားပေးလာနိုင်မယ်ဆိုရင် ပြည်သူတွေကိုယ်တိုင် ပြည်သူတွေရဲ့ အသက်ကို ကယ်နိုင်လာမှာပါ ။
Author : Dr. Lynn
Previous Post
ကလေးများနဲ့ အိပ်ချိန်
Next Post
မိခင်လောင်းများနှင့် အာဟာရ
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
Vitamin B12 Deficiency and Neuropathy
ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း
1 year ago
2.2k
An eye cloud that should not be neglected
မပေါ့ဆသင့်သော မျက်စိတိမ်
1 year ago
861
UV rays and eye health
ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး
1 year ago
845
Why is memory weak at a young age?
ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?
1 year ago
1.3k
The consequences of a weak immune system
ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ
1 year ago
1.3k
နွေရာသီနှင့်မိတ်ပြဿနာ
1 year ago
1.4k
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
မိခင်လောင်းများနှင့် အာဟာရ
သိပ်ရခက်တဲ့ ကလေးများ
ဆက်ဆံပြီးသည့်နောက်
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.