fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အသည်းရောင်အသားဝါရောဂါများ

304
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/05/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အသည်းရောင် အသားဝါရောဂါများ

အသည်းရောင်အသားဝါဆိုတာ ဒီဘက်ခေတ်မှာ အဖြစ်များလာတဲ့ရောဂါအုပ်စုပါ။ အသည်းရောင်အသားဝါလို့ပြောလိုက်တာနဲ့  ဘီလား စီလား စသဖြင့်စဉ်းစားကြပေမယ့် တကယ်ပြန်ပြောရမယ်ဆိုရင် အသည်းရောင်အသားဝါမှာ အမျိုးကွဲတွေရှိပါတယ်။အသည်းရောင် အသားဝါပိုးက ဗိုင်းရပ်စ်တွေကြောင့်ဖြစ်တာပါ ဖြစ်တဲ့အသည်းရောင်အသားဝါပေါ်မူတည်ပြီး ဖြစ်စေတဲ့အကောင်လည်းမတူပါဘူး အသည်းရောင်အသားဝါရောဂါမှာ အေ ဘီ စီ ဒီ အီး စသဖြင့်ရှိပါတယ်။ ရောဂါလက္ခဏာနဲ့ ကူးစက်ပုံတွေမှာ တစ်ချို့ကမတူကွဲပြားခြားနားပါတယ်။

အသည်းရောင်အသားဝါ အေ နဲ့ အီး ပိုးတွေက အစာလမ်းကြောင်းကနေကူးပါတယ်။ အစာမသန့်တာ၊ ရေမသန့်တာ၊ လက်မသန့်တာ စတာတွေကနေတဆင့် ပါးစပ်ထဲရောက်ရှိပြီး ပိုးကူးပါတယ်။ ပိုးဝင်ပြီး လေးပတ်အတွင်း ရောဂါလက္ခဏာတွေပြတတ်ပါတယ်။ အဖျားကြီးပြီး အသားဝါမယ် မျက်လုံးအဖြူခံတွေဝါလာမယ်၊ အန်မယ်၊ ဗိုက်အောင့်မယ်၊ ဝမ်းပျက်မယ်၊ ကိုယ်လက်ကိုက်ခဲမယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာကြောင့် ပိုးသတ်ဆေး တိတိကျကျတော့ မရှိပါဘူး။ ဒါပေမယ့် ဖြစ်တဲ့လက္ခဏာအလိုက်ဆေးကုပေးရပါတယ်။ တစ်ပတ်ကနေ နှစ်ပတ်အတွင်းပြန်ကောင်းပါတယ်။ အသားဝါတာနဲနဲ ကျန်တတ်တယ်။

အသည်းရောင်အသားဝါ ဘီ စီ ဒီ စတာတွေကတော့ အစာလမ်းကြောင်းကတစ်ဆင့် ကူးတာမဟုတ်ဘဲ ရောဂါပိုးရှိသူရဲ့ သွေးကနေတစ်ဆင့်သော်လည်းကောင်း ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံခြင်းကနေသော်လည်းကောင်း ကူးစက်နိုင်ပါတယ်။ သွေးကတစ်ဆင့်လို့ဆိုရာမှာ ရောဂါပိုးရှိသူရဲ့ သွေးကို မသိဘဲ သွင်းမိတဲ့ အခါသော်လည်းကောင်း ရောဂါပိုးရှိသူအသုံးပြုထားသော အပ်၊ မုတ်ဆိတ်ရိတ်ဓား လက်သည်းညှပ် သွားပွတ်တံ စသည့်အသုံးအဆောင်ပစ္စည်းတွေကို မသိဘဲသုံးမိတဲ့အခါသော်လည်းကောင်း ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိသူ မိခင်ကိုယ်ဝန်ဆောင်ကနေတစ်ဆင့်လည်း သန္ဓေသားကို ကူးနိုင်ချေရှိပါတယ်။

အသည်းရောင်အသားဝါ ဘီ စီ ဒီ စတဲ့ရောဂါတွေကတော့ရောဂါပိုးကူးစက်ခံရပြီး လေးပတ်ကနေ ခြောက်ပတ်အတွင်း ရောဂါလက္ခဏာ ပြတတ်ကြပါတယ်။ ရောဂါလက္ခဏာအားဖြင့်တော့ အဖျားကြီးခြင်း နုန်းခြင်း အသားဝါခြင်း မျက်စိဝါခြင်း ဗိုက်အောင့်ခြင်း အန်ခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။

အသည်းရောင်အသားဝါဘီပိုးက ပိုးကူးစက်ခံရပြီးတဲ့အခါ အများစု အလိုလို ပြန်ပျောက်တတ်ပါတယ်။ မပျောက်တဲ့သူတွေမှာသာ နာတာရှည် အသည်းရောဂါဖြစ်စေတာပါ။ ဘီပိုးကူးစက်ခံရပြီး ပြန်ပျောက်သွားတဲ့သူတွေမှာ ကာကွယ်ဆေးထိုးစရာမလိုဘဲ ရောဂါပိုးကို ကာကွယ်နိုင်စွမ်းရှိတဲ့ antibody ပေါ်နေတတ်ပါတယ်။ ဘီပိုးနဲ့ထိတွေ့မှုမရှိသေးတဲ့သူတွေကတော့ အသည်းရောင်အသားဝါဘီပိုးကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကာကွယ်ဆေးတွေထိုးလို့ရပါတယ်။ ဆေးထိုးပြီးပေမယ့်လည်းဆေးအောင်မအောင်ကိုတော့ ပြန်စစ်ပေးဖို့လိုပါတယ်။ ပိုးကောင်ရေ အနည်းအများနဲ့ အသည်းပုံမှန်လုပ်ဆောင်နိုင်မှုကောင်းမကောင်း စတာတွေပေါ်မူတည်ပြီး ကုလို့ရတာလည်းရှိပါတယ်။ ကုလို့မရရင်လည်း ဆေးနဲ့ထိန်းထားပေးလို့ရပါတယ်။

အသည်းရောင်အသားဝါစီပိုးကတော့ ကူးစက်ခံရပြီးတဲ့အခါ အမျာစုက နာတာရှည် အသည်းရောဂါဖြစ်စေတာပါ။ စီပိုးက ကြိုတင်ကာကွယ်လို့မရပါဘူး။ ကာကွယ်ဆေးမရှိပါဘူး။ ဒါပေမယ့် စီပိုးဖြစ်ပြီဆိုရင် ကုလို့ရပါတယ်။ ကုသရတဲ့ အချိန်ပမာဏကတော့ စီပိုးအမျိုးအစားခွဲတွေအပေါ် မူတည်ပါတယ်။ တချို့တွေက ၆ လလောက်သောက်ရတာလည်း ရှိတယ်။ တချို့တွေကျ တနှစ်လောက်သောက်ရပါတယ်။ ဆေးသောက်လို့ပျောက်ပြီဆိုရင်တော့ သေချာအောင် ပိုးကောင်ရေ စစ်ဆေးပေးဖို့လိုပါလိမ့်မယ်။

နာတာရှည် အသည်းရောဂါလို့ဆိုတဲ့အခါမှာ တစ်ချို့ကျတော့လည်း ပိုးသယ်ဆောင်သူအနေနဲ့ပဲ အသည်းမှာ ကြီးကြီးမားမားထိခိုက်ပျက်စီးတာ မရှိဘဲလည်းဖြစ်နိုင်တယ်။ တစ်ချို့ကျတော့ အသည်းကို ထိခိုက်ပျက်စီးစေပြီး အသည်းက ပုံမှန်လုပ်ဆောင်နိုင်ခြင်းမရှိဘဲ အသည်းခြောက်တာတွေ အသည်းကင်ဆာတွေအထိ ဖြစ်စေနိုင်ပါတယ်။

Dr. CST

Previous Post

သာယာပျော်ရွှင်ဖွယ်ကောင်းသော နာကျင်မှုတစ်ခုဆီသို့ ချဉ်းကပ်ခြင်း

Next Post

ယောကျာ်းနဲ့ မိန်းမ ဘယ်သူ့ဦးနှောက် ပိုသာသလဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
822
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ယောကျာ်းနဲ့ မိန်းမ ဘယ်သူ့ဦးနှောက် ပိုသာသလဲ?

သားဥကြွေမကြွေစစ်ဆေးကြမယ်

စိတ်ကုန်နေပြီလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.