အနာေတြ ျမန္ျမန္မက်က္ရင္
ေဒၚေသာင္းတင္ မနက္ခင္း ေဈးက အျပန္ လမ္းထိပ္တြင္ ေခ်ာ္လဲလာ၏။ ေျခမ ေခါက္လဲသျဖင့္ ေျခမတြင္ အနာျဖစ္သြားသည္။ ပ႐ုတ္ဆီေလးလိမ္းထားလိုက္သည္။ တစ္ပတ္ေက်ာ္တဲ့ အထိ အနာက မေကာင္းေသး။ ႏွစ္ပတ္ေက်ာ္တဲ့ အထိလည္း အနာက မေပ်ာက္ေသး။
“ေသာင္းတင္ နင့္အနာက မေပ်ာက္ဘူးေနာ္။ ေဆးခန္းေလးဘာေလး သြားျပလိုက္ဦး”
သူငယ္ခ်င္းျဖစ္သူ ေဒၚလုံးက စိုးရိမ္စိတ္ႏွင့္ သတိေပးသည္။
“အနာက ေသးေသးေလးပါဟာ။ သူ႔အလိုလို ေပ်ာက္သြားလိမ့္မယ္။”
ေဒၚေသာင္းတင္တို႔က ေဆးခန္းမသြားခ်င္။ ေဆးခန္းသြားလွ်င္ ပိုုက္ဆံကုန္သည္။ သူ႔တြင္ အပိုဝင္ေငြရွိသည္မဟုတ္။ ျမန္မာေဆးေလးလိမ္းထားလိုက္သည္။
မီးဖိုေခ်ာင္တြင္ အေညႇာ္ အၿမဲမိေနေသာေၾကာင့္လားမသိ။ အနာက တစ္လေက်ာ္သည္အထိ မေပ်ာက္ပဲေနသည္။ ဒီထက္ပိုဆိုးလာသည္က အနာက ႀကီးလာျခင္းပင္။ ေျခမကေန ေျခညိဳးေလးကိုေတာင္ ကူးခ်င္ေနၿပီ။ ေဒၚလုံးက ေတာ့ ထပ္သတိေပးသည္။
“ေသာင္းတင္ေနာ္. နင္ အခုခ်ိန္ထိ ေဆးခန္းသြားမျပေသးဘူး။ အနာက မေပ်ာက္တဲ့ အျပင္ ပိုလို႔ေတာင္ႀကီးလာၿပီ။ အပ္နဲ႔ထြင္းရမဲ့ ဟာ ပုဆိန္နဲ႔ေပါက္ရမလို ျဖစ္ေတာ့မယ္။ ငါလည္း အေဖာ္လိုက္ခဲ့ပါမယ္”
“ေအးပါဟယ္”
“ေအး…ဆိုၿပီးလုပ္မေနနဲ႔။ဘယ္ေတာ့သြားျပမွာလဲ”
ေဒၚလုံးတိုက္တြန္းေသာေၾကာင့္ ေဒၚလုံးႏွင့္ အတူတူ ေဆးခန္းသြားျပရန္ဆုံးျဖတ္လိုက္သည္။ သူ႔တို႔႐ြာတြင္က ေဆးခန္းမရွိ။ ဒါအျပင္ က်န္းမာေရးမႉးလည္း မရွိ။ တျခား႐ြာတြင္သာ က်န္းမာေရးမႉးရွိသည္။ က်န္းမာေရးမႉးက လည္း ၿမိဳ႕တြင္ သင္တန္းသြားတတ္ေန၍ သူ႔တို႔႐ြာမ်ားတြင္ ကိစၥႀကီးငယ္ရွိလွ်င္ ၿမိဳ႕ေပၚသို႔သာ တက္ရသည္။ ၿမိဳ႕သို႔လည္း တက္ရသည္မွာ လြယ္ကူသည္မဟုတ္။ ႐ြာမွထြက္ေသာ ေဈးဝယ္ကားႏွင့္ လိုက္ရသည္။ ကားက မနက္ေစာေစာထြက္သည္။ ၿမိဳ႕ကို ေရာက္ဖို႔ ႏွစ္နာရီေလာက္ေမာင္းရသည္။ ေန႔လည္ပိုင္းေလာက္ ကားက ႐ြာကိုျပန္သည္။ ၿမိဳ႕သြားမည့္ကားႏွင့္ပဲ ေဒၚေသာင္းတင္ႏွင့္ ေဒၚလုံးတို႔ ႏွစ္ေယာက္ လိုက္ခဲ့ရသည္။
ေဆးခန္းတြင္လူနာမ်ားေနသည္။ ကိုယ္လိုနာမက်န္းေသာ လူနာမ်ား မ်ားျပားလိုက္တာဟုထင္မိ သည္။
“ဆရာ ကြၽန္မ အနာေလး မေပ်ာက္လို႔ပါ။”
ေဒၚေသာင္းတင္ ထမီေလးမ၍ ဆရာဝန္ေလးအားျပလိုက္သည္။
“ဘယ္လိုစျဖစ္တာလဲ”
“ေဈးသြားရင္းေခ်ာ္လဲတာက စျဖစ္တာပဲ။ ျဖစ္စကေတာ့ အနာက ခပ္ေသးေသးပဲ။ မေပ်ာက္ပဲ ႀကီးႀကီးလာတယ္။ ေဆးေတြလည္း လိမ္းပါတယ္။ မေပ်ာက္ဘူး။ ”
“ျဖစ္တာဘယ္ေလာက္ၾကာၿပီလဲ။”
“တစ္လေလာက္ေတာ့ရွိၿပီဆရာ။”
ေဒၚေသာင္းတင္ကေလ်ာ့ေျပာလိုက္သည္။
“တစ္လ ဘယ္ကေတာ့မလဲ။ တစ္လေက်ာ္ေနၿပီဆရာ”
ေဒၚလုံးကဝင္ေျပာသည္။ ေဒၚေသာင္းတင္ သူငယ္ခ်င္းျဖစ္သူကို စိတ္ထဲမွ ဆဲမိသည္။
“ဆီးခ်ိဳုေရာဂါရွိလား” ဆရာဝန္ေလးမွ စိတ္ရွည္ရွည္ေမးသည္။
“မရွိပါဘူး”
“မရွိဘူးလို႔ေျပာေတာ့ ဆီးခ်ိဳရွိမရွိ စစ္ၾကည့္ဖူးလား”
ေဒၚေသာင္းတင္တစ္ေယာက္ေခါင္းေလးပု၍ေျဖလိုက္သည္။
“မစစ္ဖူးပါဘူးဆရာရယ္”
“မစစ္ဖူးရင္ ဆီးခ်ိဳရွိမရွိ စစ္ၾကည့္လိုက္ရေအာင္။ အနာမက်က္တာ ဆီးခ်ိဳေၾကာင့္လည္း ျဖစ္တတ္တယ္”
လက္ထိပ္ေလး ေဖာက္၍ ဆရာဝန္ေလးမွစစ္ေဆးေပးသည္။
“ဘယ္တုန္းက အစာစားလာတာလဲ”
“မနက္အေစာႀကီးကစားခဲ့တာပါ”
“ဘာစားခဲ့လဲ”
“ထမင္းစားခဲ့တယ္”
“ဆီးခ်ိဳေတြ အမ်ားႀကီးတက္ေနတယ္။ ”
“ဟုတ္လားဆရာ”
“ဆီးခ်ိဳေရာဂါရွိတဲ့သူေတြဟာ အနာျဖစ္ရင္ အနာမက်က္တတ္ဘူး”
“ဟုတ္ကဲ့ပါ”
“ဒါေၾကာင့္ အနာအတြက္ ပိုးသတ္ေဆးေတြ ေသာက္ေနရမဲ့အခ်ိန္မွာ ဆီးခ်ိဳအတြက္ ဆီးခ်ိဳက်ေဆးေတြ ေသာက္ေနရမယ္”
“ဟုတ္ကဲ့ပါ” ေဒၚေသာင္းတင္ စိတ္ထဲတြင္ေတာ့ ေဆးဖိုးေတြကုန္ေတာ့မည္ကို စိုးရိမ္ေနသည္။
“စိတ္ရွည္ရွည္ထားရမယ္။ ေဆးေတြကိုလည္းပုံမွန္ေသာက္ရမယ္။ ေဆးကို ေသာက္ခ်င္တဲ့ေန႔ေသာက္။ မေသာက္ခ်င္တဲ့ေန႔ မေသာက္ပဲလည္း မေနရဘူး။ ဆီးခ်ိဳေရာဂါဆိုတာ နာတာရွည္ေရာဂါ။ ျဖစ္ၿပီးရင္ မေပ်ာက္ေတာ့ဘူး.။ ေဆးကို တစ္သက္လုံးေသာက္ရေတာ့မယ္။”
“ဟုတ္ကဲ့ပါ”
ေဒၚေသာင္းတင္ တစ္ေယာက္ အားငယ္စြာ ျပန္ေျပာလိုက္သည္။ တူေတြတူမေတြဆီက ပိုက္ဆံေတာင္းရဦးမည္။ကိုယ့္တြင္အပိုဝင္ေငြရွိသည္မဟုတ္။ ေဒၚလုံးက သူငယ္ခ်င္းျဖစ္သူ၏ စိတ္ကို ဖတ္မိပုံရသည္။
“ဘာမွ စိတ္ညစ္မေနနဲ႔ နင့္ တူေတြတူမေတြကိုလည္း ငါကူေျပာေပးမယ္။ ပိုက္ဆံဆိုတာ ရွာလို႔ရပါတယ္။ ကိုယ့္ေရာဂါကိုသာ ကုဖို႔ စဥ္းစားရမယ္”
“ဆီးခ်ိဳေရာဂါက ေဆးတစ္မ်ိဳးတည္းနဲ႔ ဆီးခ်ိဳကို ထိန္းလို႔မရဘူး။ အစားအေသာက္ကိုလည္း ထိန္းရတယ္။ ထမင္းေတြ အမ်ားႀကီး မစားရဘူး။ ခ်ိဳတာေတြ မစားရဘူး။ စားရင္လည္း အသီးအ႐ြက္ကို ဦးစားေပးစားရမယ္။ ၿပီးရင္လည္း ေလ့က်င့္ခန္းပုံမွန္လုပ္ေပးရမယ္။”
“ဘယ္လို ေလ့က်င့္ခန္းမ်ိဳးလဲ”
ေဒၚလုံးတစ္ေယာက္ ဆရာဝန္ေလးအား ဝင္ေမးလိုက္သည္။ ဒီအသက္အ႐ြယ္ႀကီးေရာက္မွ ဘယ္လိုမ်ိဳး ေလ့က်င့္ခန္းေတြလုပ္ရမည္နည္း။
“ေလ့က်င့္ခန္းလုပ္ခိုင္းတယ္ဆိုတာ တစ္ေနကုန္ထိုင္ေနမွာ စိုးလို႔ေျပာတာပါ။ လႈပ္လႈပ္ရွားရွားေနရင္ ျဖစ္ပါတယ္။ မနက္ တစ္နာရီေလာက္ ညေနပိုင္းတစ္နာရီေလာက္ လမ္းျမန္ျမန္ေလးေလွ်ာက္ေပးရင္ရၿပီ။ ေခြၽးေတာ့ထြက္ရမယ္ေနာ္”
“ဟုတ္ကဲ့ပါ ဆရာေလးရယ္ ကြၽန္မတို႔ႏွစ္ေယာက္အတူတူလုပ္လိုက္ပါမယ္”
ေဒၚလုံးက ဝင္ၿပီးကတိေပးလိုက္သည္။ ေဒၚေသာင္းတင္ထက္ ေဒၚလုံးတို႔က ပိုတက္ႂကြေနသည္။
“ရက္ခ်ိန္းလည္း မွန္မွန္ျပန္လာျပေနာ္”
“ဟုတ္ကဲ့ပါဆရာ”
ေဒၚေသာင္းတင္ ေဆးခန္းထဲမွ ေလးလံေသာ ေျခလွမ္းမ်ားႏွင့္ ထြက္လာခဲ့သည္။ ေရာဂါ တစ္ခုျဖစ္ၿပီဆိုတာႏွင့္ ပိုက္ဆံက ကုန္ေတာ့မည္။ ကိုယ္ေတြက တူေတြ တူမေတြအိမ္မွာ ကပ္ေနရသည့္ ဘဝ။
“အို ဘာျဖစ္လဲ။ ငါက အိမ္မွာအလကားေနတာမွ မဟုတ္တာ။ အိမ္မႈကိစၥေတြ အားလုံးကို လုပ္ေပးေနတာပဲေလ။ ထမင္းခ်က္ အဝတ္ေလွ်ာ္ ဒါေတြအားလုံးငါလုပ္ေနတာပဲ။ ဒီအတြက္ေတာ့ ငါကို ဒင္းတို႔ ေဆးဖိုးေလးေတာ့ ေပးရမွာေပါ့”
ေဒၚေသာင္းတင္တစ္ေယာက္ အားတင္းရင္း ကားဂိတ္ဆီသို႔ ေျခလွမ္းမ်ားဦးတည္လိုက္သည္။ ရင္ထဲတြင္ေတာ့ မြန္းက်ပ္လွ်က္။
Author – ေဒါက္တာေအးခ်မ္းမိုး
(Unicode)
အနာတွေ မြန်မြန်မကျက်ရင်
ဒေါ်သောင်းတင် မနက်ခင်း ဈေးက အပြန် လမ်းထိပ်တွင် ချော်လဲလာ၏။ ခြေမ ခေါက်လဲသဖြင့် ခြေမတွင် အနာဖြစ်သွားသည်။ ပရုတ်ဆီလေးလိမ်းထားလိုက်သည်။ တစ်ပတ်ကျော်တဲ့ အထိ အနာက မကောင်းသေး။ နှစ်ပတ်ကျော်တဲ့ အထိလည်း အနာက မပျောက်သေး။
“သောင်းတင် နင့်အနာက မပျောက်ဘူးနော်။ ဆေးခန်းလေးဘာလေး သွားပြလိုက်ဦး”
သူငယ်ချင်းဖြစ်သူ ဒေါ်လုံးက စိုးရိမ်စိတ်နှင့် သတိပေးသည်။
“အနာက သေးသေးလေးပါဟာ။ သူ့အလိုလို ပျောက်သွားလိမ့်မယ်။”
ဒေါ်သောင်းတင်တို့က ဆေးခန်းမသွားချင်။ ဆေးခန်းသွားလျှင် ပိုုက်ဆံကုန်သည်။ သူ့တွင် အပိုဝင်ငွေရှိသည်မဟုတ်။ မြန်မာဆေးလေးလိမ်းထားလိုက်သည်။
မီးဖိုချောင်တွင် အညှော် အမြဲမိနေသောကြောင့်လားမသိ။ အနာက တစ်လကျော်သည်အထိ မပျောက်ပဲနေသည်။ ဒီထက်ပိုဆိုးလာသည်က အနာက ကြီးလာခြင်းပင်။ ခြေမကနေ ခြေညိုးလေးကိုတောင် ကူးချင်နေပြီ။ ဒေါ်လုံးက တော့ ထပ်သတိပေးသည်။
“သောင်းတင်နော်. နင် အခုချိန်ထိ ဆေးခန်းသွားမပြသေးဘူး။ အနာက မပျောက်တဲ့ အပြင် ပိုလို့တောင်ကြီးလာပြီ။ အပ်နဲ့ထွင်းရမဲ့ ဟာ ပုဆိန်နဲ့ပေါက်ရမလို ဖြစ်တော့မယ်။ ငါလည်း အဖော်လိုက်ခဲ့ပါမယ်”
“အေးပါဟယ်”
“အေး…ဆိုပြီးလုပ်မနေနဲ့။ဘယ်တော့သွားပြမှာလဲ”
ဒေါ်လုံးတိုက်တွန်းသောကြောင့် ဒေါ်လုံးနှင့် အတူတူ ဆေးခန်းသွားပြရန်ဆုံးဖြတ်လိုက်သည်။ သူ့တို့ရွာတွင်က ဆေးခန်းမရှိ။ ဒါအပြင် ကျန်းမာရေးမှူးလည်း မရှိ။ တခြားရွာတွင်သာ ကျန်းမာရေးမှူးရှိသည်။ ကျန်းမာရေးမှူးက လည်း မြို့တွင် သင်တန်းသွားတတ်နေ၍ သူ့တို့ရွာများတွင် ကိစ္စကြီးငယ်ရှိလျှင် မြို့ပေါ်သို့သာ တက်ရသည်။ မြို့သို့လည်း တက်ရသည်မှာ လွယ်ကူသည်မဟုတ်။ ရွာမှထွက်သော ဈေးဝယ်ကားနှင့် လိုက်ရသည်။ ကားက မနက်စောစောထွက်သည်။ မြို့ကို ရောက်ဖို့ နှစ်နာရီလောက်မောင်းရသည်။ နေ့လည်ပိုင်းလောက် ကားက ရွာကိုပြန်သည်။ မြို့သွားမည့်ကားနှင့်ပဲ ဒေါ်သောင်းတင်နှင့် ဒေါ်လုံးတို့ နှစ်ယောက် လိုက်ခဲ့ရသည်။
ဆေးခန်းတွင်လူနာများနေသည်။ ကိုယ်လိုနာမကျန်းသော လူနာများ များပြားလိုက်တာဟုထင်မိ သည်။
“ဆရာ ကျွန်မ အနာလေး မပျောက်လို့ပါ။”
ဒေါ်သောင်းတင် ထမီလေးမ၍ ဆရာဝန်လေးအားပြလိုက်သည်။
“ဘယ်လိုစဖြစ်တာလဲ”
“ဈေးသွားရင်းချော်လဲတာက စဖြစ်တာပဲ။ ဖြစ်စကတော့ အနာက ခပ်သေးသေးပဲ။ မပျောက်ပဲ ကြီးကြီးလာတယ်။ ဆေးတွေလည်း လိမ်းပါတယ်။ မပျောက်ဘူး။ ”
“ဖြစ်တာဘယ်လောက်ကြာပြီလဲ။”
“တစ်လလောက်တော့ရှိပြီဆရာ။”
ဒေါ်သောင်းတင်ကလျော့ပြောလိုက်သည်။
“တစ်လ ဘယ်ကတော့မလဲ။ တစ်လကျော်နေပြီဆရာ”
ဒေါ်လုံးကဝင်ပြောသည်။ ဒေါ်သောင်းတင် သူငယ်ချင်းဖြစ်သူကို စိတ်ထဲမှ ဆဲမိသည်။
“ဆီးချိုုရောဂါရှိလား” ဆရာဝန်လေးမှ စိတ်ရှည်ရှည်မေးသည်။
“မရှိပါဘူး”
“မရှိဘူးလို့ပြောတော့ ဆီးချိုရှိမရှိ စစ်ကြည့်ဖူးလား”
ဒေါ်သောင်းတင်တစ်ယောက်ခေါင်းလေးပု၍ဖြေလိုက်သည်။
“မစစ်ဖူးပါဘူးဆရာရယ်”
“မစစ်ဖူးရင် ဆီးချိုရှိမရှိ စစ်ကြည့်လိုက်ရအောင်။ အနာမကျက်တာ ဆီးချိုကြောင့်လည်း ဖြစ်တတ်တယ်”
လက်ထိပ်လေး ဖောက်၍ ဆရာဝန်လေးမှစစ်ဆေးပေးသည်။
“ဘယ်တုန်းက အစာစားလာတာလဲ”
“မနက်အစောကြီးကစားခဲ့တာပါ”
“ဘာစားခဲ့လဲ”
“ထမင်းစားခဲ့တယ်”
“ဆီးချိုတွေ အများကြီးတက်နေတယ်။ ”
“ဟုတ်လားဆရာ”
“ဆီးချိုရောဂါရှိတဲ့သူတွေဟာ အနာဖြစ်ရင် အနာမကျက်တတ်ဘူး”
“ဟုတ်ကဲ့ပါ”
“ဒါကြောင့် အနာအတွက် ပိုးသတ်ဆေးတွေ သောက်နေရမဲ့အချိန်မှာ ဆီးချိုအတွက် ဆီးချိုကျဆေးတွေ သောက်နေရမယ်”
“ဟုတ်ကဲ့ပါ” ဒေါ်သောင်းတင် စိတ်ထဲတွင်တော့ ဆေးဖိုးတွေကုန်တော့မည်ကို စိုးရိမ်နေသည်။
“စိတ်ရှည်ရှည်ထားရမယ်။ ဆေးတွေကိုလည်းပုံမှန်သောက်ရမယ်။ ဆေးကို သောက်ချင်တဲ့နေ့သောက်။ မသောက်ချင်တဲ့နေ့ မသောက်ပဲလည်း မနေရဘူး။ ဆီးချိုရောဂါဆိုတာ နာတာရှည်ရောဂါ။ ဖြစ်ပြီးရင် မပျောက်တော့ဘူး.။ ဆေးကို တစ်သက်လုံးသောက်ရတော့မယ်။”
“ဟုတ်ကဲ့ပါ”
ဒေါ်သောင်းတင် တစ်ယောက် အားငယ်စွာ ပြန်ပြောလိုက်သည်။ တူတွေတူမတွေဆီက ပိုက်ဆံတောင်းရဦးမည်။ကိုယ့်တွင်အပိုဝင်ငွေရှိသည်မဟုတ်။ ဒေါ်လုံးက သူငယ်ချင်းဖြစ်သူ၏ စိတ်ကို ဖတ်မိပုံရသည်။
“ဘာမှ စိတ်ညစ်မနေနဲ့ နင့် တူတွေတူမတွေကိုလည်း ငါကူပြောပေးမယ်။ ပိုက်ဆံဆိုတာ ရှာလို့ရပါတယ်။ ကိုယ့်ရောဂါကိုသာ ကုဖို့ စဉ်းစားရမယ်”
“ဆီးချိုရောဂါက ဆေးတစ်မျိုးတည်းနဲ့ ဆီးချိုကို ထိန်းလို့မရဘူး။ အစားအသောက်ကိုလည်း ထိန်းရတယ်။ ထမင်းတွေ အများကြီး မစားရဘူး။ ချိုတာတွေ မစားရဘူး။ စားရင်လည်း အသီးအရွက်ကို ဦးစားပေးစားရမယ်။ ပြီးရင်လည်း လေ့ကျင့်ခန်းပုံမှန်လုပ်ပေးရမယ်။”
“ဘယ်လို လေ့ကျင့်ခန်းမျိုးလဲ”
ဒေါ်လုံးတစ်ယောက် ဆရာဝန်လေးအား ဝင်မေးလိုက်သည်။ ဒီအသက်အရွယ်ကြီးရောက်မှ ဘယ်လိုမျိုး လေ့ကျင့်ခန်းတွေလုပ်ရမည်နည်း။
“လေ့ကျင့်ခန်းလုပ်ခိုင်းတယ်ဆိုတာ တစ်နေကုန်ထိုင်နေမှာ စိုးလို့ပြောတာပါ။ လှုပ်လှုပ်ရှားရှားနေရင် ဖြစ်ပါတယ်။ မနက် တစ်နာရီလောက် ညနေပိုင်းတစ်နာရီလောက် လမ်းမြန်မြန်လေးလျှောက်ပေးရင်ရပြီ။ ချွေးတော့ထွက်ရမယ်နော်”
“ဟုတ်ကဲ့ပါ ဆရာလေးရယ် ကျွန်မတို့နှစ်ယောက်အတူတူလုပ်လိုက်ပါမယ်”
ဒေါ်လုံးက ဝင်ပြီးကတိပေးလိုက်သည်။ ဒေါ်သောင်းတင်ထက် ဒေါ်လုံးတို့က ပိုတက်ကြွနေသည်။
“ရက်ချိန်းလည်း မှန်မှန်ပြန်လာပြနော်”
“ဟုတ်ကဲ့ပါဆရာ”
ဒေါ်သောင်းတင် ဆေးခန်းထဲမှ လေးလံသော ခြေလှမ်းများနှင့် ထွက်လာခဲ့သည်။ ရောဂါ တစ်ခုဖြစ်ပြီဆိုတာနှင့် ပိုက်ဆံက ကုန်တော့မည်။ ကိုယ်တွေက တူတွေ တူမတွေအိမ်မှာ ကပ်နေရသည့် ဘဝ။
“အို ဘာဖြစ်လဲ။ ငါက အိမ်မှာအလကားနေတာမှ မဟုတ်တာ။ အိမ်မှုကိစ္စတွေ အားလုံးကို လုပ်ပေးနေတာပဲလေ။ ထမင်းချက် အဝတ်လျှော် ဒါတွေအားလုံးငါလုပ်နေတာပဲ။ ဒီအတွက်တော့ ငါကို ဒင်းတို့ ဆေးဖိုးလေးတော့ ပေးရမှာပေါ့”
ဒေါ်သောင်းတင်တစ်ယောက် အားတင်းရင်း ကားဂိတ်ဆီသို့ ခြေလှမ်းများဦးတည်လိုက်သည်။ ရင်ထဲတွင်တော့ မွန်းကျပ်လျှက်။
Author – ဒေါက်တာအေးချမ်းမိုး