(Unicode)
ကြပ်တယ်ဆိုရင် ဘာတွေ ဖြစ်နိုင်လည်း
ကြပ်တယ် ကြပ်တယ်ဆိုပီး သတိလစ် လဲတာက ရော နှလုံးရပ်တာပါပဲလား?
ဖြစ်နိုင်ပါတယ် ရုပ်တရတ်ကြပ်တယ် ချက်ချင်းသတိလစ်သွားတယ် နှလုံး သွေးကြောပိတ်ပြီး နှလုံးခုန်ရပ်တာဖြစ်နိုင်ချေများပါတယ် ။ အထူးသဖြင့် အသက် 50 ကျော်၊ ဆေးလိပ်သောက်၊ သွေးတိုးရောဂါရှိသူ၊ ဆီးချိုရောဂါရှိသူ၊ နဂို နှလုံးသွေးကြောပိတ်ဖူးသူ တွေဆိုရင် ပိုပြီးဖြစ်နိုင်ပါတယ် ။
ရင်ဘတ်အောင့်တယ်လို့ အဓိက ပြောကြပေမယ့် တော်တော်များများက မပြောတတ်ကြပါဘူး။ ကြပ်တယ် (pressure like sensation), သက်ရှူကြပ် (tightness of chest) ၊ တစ်ခါတစ်လေ ရင်ခေါင်းအောင့်တယ်ဆိုပြီးလည်း လာတတ်ပါတယ် အဲဒီ အခါ အစာအိမ်အောင့် တာနဲ့ မှားနိုင်ပါတယ် သေချာမေးဖို့လိုပါတယ် လူနာရဲ့ တစ်ခြား ဆက်နွယ်နေတဲ့ ရောဂါလက္ခဏာတွေကို မောလာတာရှိလား၊ အန်လား ၊ ခြေဖျားလက်ဖျားတွေ အေးစက်လာလား ၊ သတိလစ်ချင်သလိုဖြစ်သလား ၊ လုံးဝ သတိလစ်သွားလား။ နှလုံးအောင့်တဲ့ ပုံစံမျိုးပြောလာပြီဆိုရင် ECG ဆွဲကည့်ပြီး တူမတူ ကြည့်ရပါတယ် ။
ECG မှာနှလုံးသွေးကြောပိတ်တဲ့ပုံပေါ်ရင် ချက်ချင်း ဆေးရုံတင်ပြီး ကုသရပါတယ်။ မတူရင် လူနာရဲ့ ရောဂါလက္ခဏာပေါ်မူတည်ပြီး ခဏစောင့်ကြည့်ပြီး ECG ပြန်ဆွဲတာ၊ နှလုံးကြွက်သားဓာတ် ဖောက်စစ်တာ တွေလုပ်ရပါတယ်။ တစ်ခါတစ်လေ ECG မှာမပေါ်တာတွေလည်း ရှိနိုင်လို့ပါ။ အဓိက ဒီလိုမဖြစ်အောင် အပေါ်က အရာတွေကိုမဖြစ်အောင် နေထိုင်ပြုမူရပါမယ်၊ သွက်လက်တက်ကြွတဲ့လူနေမှုပုံစံနဲ့နေရပါတယ်။ အဆီအစိမ့် အချို အငန် အားလုံး တန်ဆေး လွန်ဘေးပါ။
ကြပ်တယ်ဆိုတာ တစ်ခြား အကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ပန်းနာရင်ကြပ်ခြင်း၊ အဆုတ်အအေးမိ၍ကြပ်ခြင်း၊ အဆုတ်လေပြွန်ရောင်၍ကြပ်ခြင်း ၊ အဆုတ် သွေးကြောသွေးခဲပိတ်ခြင်း စသည် ဖြစ်နိုင်တာတွေ အများကြီးရှိပါတယ် ။ ဆရာဝန်နဲ့ ပြသရပါမယ် ၊ လိုအပ်တဲ့ စမ်းသပ်မှုတွေလုပ်ဖို့လိုအပ်ပါတယ်။
Author : Dr. Lynn
(Zawgyi)
Author : Dr. Lynn