fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ကျောက်ကပ်ဆေးတယ်ဆိုတာ ဘာလဲ

399
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/05/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A


(1)ကျောက်ကပ်ဆေးခြင်း
-Hamodialysis
-Peritoneal dialysis
-လည်ပင်းသွေးကြောမအတွင်း သို့မဟုတ် ပေါင်သွေးကြောအတွင်းပိုက်catheter ထည့်ခြင်းဖြင့် အရေးပေါ်ကျောက်ကပ်ဆေးရန် အသုံးပြုနိုင်ပါတယ်။
(4)ဆေးကြောနည်း

Author : Dr. ပြည့်ရှင်း

Unicode Version

ကျောက်ကပ်ဆေးတယ်ဆိုတာ ဘာလဲ

ယနေ့ခေတ် ကျောက်ကပ်ဝေဒနာရှင်များ စိုးရိမ်ကြသည်မှာ မိမိကျောက်ကပ်သည် စက်အကူအညီနှင့် ဆေးရန်လိုအပ်ပါသလားဟူ၍ စိုးရိမ်နေကြပါတယ်။
သင့်ကျောက်ကပ်နှစ်လုံးသည ်ခါးတဘက်တချက် နံရိုးအောက်တွင် တည်ရှိပါသည်။ ကျောက်ကပ်သည်မကောင်းသော အညစ်အကြေးများစွန့်ထုတ်ခြင်း၊ သွေးပေါင်ချိန် ထိန်းညှိပေးခြင်းနှင့် အရိုးများသန်မာစေရန် အထောက်အကူပြုပါတယ်။ ကိုယ်တွင်း ပိုတက်စီယမ်ဓာတ်နှင့် ဆိုဒီယမ်ဓာတ် ပမာဏာကို ထိန်းပေးပါတယ်။သွေးနီဥဆဲလ်များ ထုတ်လုပ်ရန် ဟော်မုန်း ထုတ်လွှတ်ပေးပါတယ်။
(1)ကျောက်ကပ်ဆေးခြင်း
ကျောက်ကပ်ဆေးခြင်း ဆိုသည်မှာ ကျောက်ကပ် လုပ်ဆောင်မှုကို အစားထိုး လုပ်ဆောင်ကုသခြင်း ဖြစ်ပါတယ်။ အမျိုးအစား (၂)မျိုး ရှိပါတယ်။
-Hamodialysis
အဆိုပါနည်းသည် ကိုယ်တွင်းမှ သွေးများကို ပြင်ပသို့ ထုတ်လွှတ်စစ်ဆေးသန့်စင်ကာ ကိုယ်တွင်းပြန်လည်ပတ်စေနည်း ဖြစ်ပါတယ်။ ကျောက်ကပ်စက်ရှိသော နေရာတိုင်းတွင် ပြုလုပ်နိုင်ပါတယ်။
-Peritoneal dialysis
ကိုယ်တွင်းသွေးကို ပြင်ပထုတ်မဆေးပဲ ကိုယ်တွင်းအရည်တမျိုးသွင်းကာ သွေးတွင်းမှ မကောင်းသော အညစ်အကြေးများစုပ်ယူ၍ ဝမ်းဗိုက်သွေးကြောများအတွင်း ဖြတ်သန်းစေခြင်း ဖြစ်ပါတယ်။ အဆိုပါ အရည်အားအပြင်သို့ ပြန်လည်စွန့်ထုတ်ပါတယ်။
(2)ကျောက်ကပ် ဘယ်အခါ ဆေးရမလဲ
သင့်တွင ်နာတာရှည် ကျောက်ကပ်ရောဂါကြောင့် ကျောက်ကပ် လုပ်ဆောင်နိုင်စွမ်းများ ပျက်ဆီးခဲ့လျှင် ကျောက်ကပ်ဆေးရန်သို့မဟုတ် ကျောက်ကပ်အစားထိုးရန ်လိုအပ်ပါလိမ့်မယ်။ အချို့လူနာများသည် ကျောက်ကပ်မကောင်းသော လက္ခဏာများဖြစ်သည့် ပျို့အန်၊ နုံးချိ၊ ဖောစသော လက္ခဏာများ မခံစားရဘဲ ကျောက်ကပ်ဆေး ကုသမှုခံယူရနိုင်ချေ ရှိပါတယ်။ အဘယ်ကြောင့်ဆိုသော် သွေးစစ်ချက်များအရ ကျောက်ကပ်အဆိပ်တက်မှု ပမာဏများကြောင့် ဖြစ်ပါတယ်။
ကျောက်ကပ်ဆေးရန် စတင်မှုသည် လူနာရဲ့အသက်၊ တခြားကျန်းမာရေးအခြေအနေနှင့် ကုသမှုအပေါ် လိုက်နာဆောင်ရွက်နိုင်မှုအပေါ် မှုတည်ပါတယ်။ ကျောက်ကပ်ဆေးခြင်းသည် လူနာအတွက် အသက်ရှည်နေနိုင်မှုကို ကြာရှည်စေနိုင်သော်လည်း ရေရှည်ဆေးနိုင်ရန် အချိန်နှင့်ငွေအင်အား အဓိကလိုအပ်ပါတယ်။
(3)ကျောက်ကပ် ဘယ်လိုဆေးရမလဲ
ကျောက်ကပ်မဆေးခင် သွေးကြောမွေးခြင်း အသေးစား ခွဲစိတ်မှု ပြုလုပ်ရပါတယ်။
-သွေးလွှတ်ကြောနှင့် သွေးပြန်ကြောအကြား ဆက်သွယ်မှု fistula ကို လက်မောင်းအရေပြားအောက် ပြုလုပ်ရပါတယ်။ အဆိုပါ fistula ကို ၆ပတ်ခန်းအကြာတွင် ကျောက်ကပ်ဆေးရန် အသုံးပြုနိုင်ပါတယ်။ နှစ်ပေါင်းများစွာ အသုံးပြုနိုင်ပါတယ်။
-သွေးပြန်ကြောနှင့် သွေးလွှတ်ကြောအကြား ပလစ်စတစ်ပိုက်ဖြင့်Graft အစားထိုးထည့်ခြင်းသည် ၂ပတ်အကြာတွင် ကျောက်ကပ်ဆေးရန် အသုံးပြုနိုင်ပါတယ်။ အဆိုပါပိုက်ကို နှစ်အနည်းငယ်အကြာတွင် ပြန်လည်တပ်ဆင်ပေးဖို လိုအပ်ပါတယ်။
-လည်ပင်းသွေးကြောမအတွင်း သို့မဟုတ် ပေါင်သွေးကြောအတွင်းပိုက catheter ထည့်ခြင်းဖြင့် အရေးပေါ်ကျောက်ကပ်ဆေးရန် အသုံးပြုနိုင်ပါတယ်။
(4)ဆေးကြောနည်း
အဆိုပါ fistula သို့မဟုတ် graft တွင် အပ်၂ချောင်းသွယ်တန်းကာ ပထမအပ်မှတဆင့် ကိုယ်ခန္ဓာအတွင်းမှသွေးများကို ကျောက်ကပ်သန်ု့စင်စက်ဆီ ပို့ဆောင်ကာ ကျောက်ကပ်ကဲ့သို့ဆား၊ ရေနှင့် အဆိပ်အတောက်များ ဖယ်ရှားခြင်း ပြုလုပ်ပါတယ်။ အဆိုပါ သန့်စင်ထားသော သွေးများကို ဒုတိယအပ်ဖြင့် ကိုယ်တွင်းပြန်လည် သွင်းယူစေပါတယ်။
အဆိုပါ ကျောက်ကပ်ဆေးခြင်းကို ဆေးရုံနှင့် ကျောက်ကပ်သန့်စင်ဌာနများတွင် ပြုလုပ်နိုင်ပါတယ်။ တစ်ကြိမ်ဆေးလျှင် အချိန်အားဖြင့်၃နာရီမှ ၅နာရီ ကြာမြင့်တတ်ပြီး တပတ်လျှင် လူနာရောဂါအခြေအနေ ပေါ်မှုတည်၍ ၂ ကြိမ်မှ ၅ ကြိမ်ထိ လိုအပ်ပါတယ်။ ကျောက်ကပ်အထူးကု ပါရဂူရဲ့ လမ်းညွန်ချက်အတိုင်း ကုသမှုခံယူရန်လိုအပ်ပါတယ်။
(5)နောက်ဆက်တွဲ အကျိုးဆက်
ကျောက်ကပ်ဆေးပြီးနောက် သွေးပေါင်ကျခြင်း ဖြစ်စေနိုင်ပါတယ်။ ပျို့အန်ခြင်း၊ အသားအရည်ယားခြင်း ၊ကြွက်သားနာကျင်ခြင်းနှင့် မောပန်းလွယ်ခြင်း စသည့်တို့က ခံစားရနိုင်ပါတယ်။ ကျောက်ကပ်ဆေးရသော ဝေဒနာရှင်များသည် အစားအသောက် နေထိုင်မှုကို ဂရုစိုက်သင့်ပါတယ်။ ဆရာဝန်ရဲ့ လမ်းညွန်မှုအတိုင်းသာ နေထိုင်သင့်ပါတယ်။

Author : Dr. ပြည့်ရှင်း

Previous Post

ကလေးများတွင် တွေ့ရတတ်သော လက်-ခြေ-ပါးစပ်ရောဂါ

Next Post

အာလူးက အမဲစက် ပျောက်တယ်ဆိုတာ တကယ်လား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အာလူးက အမဲစက် ပျောက်တယ်ဆိုတာ တကယ်လား

ကာကွယ်ဆေးများ

အဖြူဆင်းခြင်းနှင့် အမျိုးသမီးကျန်းမာရေး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.