fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

မိတ်ဖု ဘာလို့ ထွက်ရတယ်

2.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/04/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

မိတ္ဖု ဘာလုိ႔ ထြက္ရတယ္

နည္းနည္းေလး ပူတာနဲ႔ စပါျပီ။ အယားဒုကၡ။ ဟုိနားကုတ္ ဒီနားကုတ္လုိက္နဲ႔။ ကုတ္လုိက္ေတာ့လည္း အရသာ ရွိေနသလုိလုိ။ ျပီးရင္ နီရဲစပ္ဖ်င္းျပီးက်န္ခဲ့ျပန္ေရာ။ လူတုိင္းနီးပါး ေႏြလုိပူျပင္းတဲ့ ရာသီေရာက္ျပီဆုိ ခံစားရပါျပီ။ ယားတဲ့နာတဲ့ မိတ္ထြက္တဲ့ ျပႆနာေတြ။

မိတ္ထြက္တာကုိ အဂၤလိပ္လုိ heat rash လုိ႔ေခၚပါတယ္။ အဓိက ကေတာ့ ပူလုိ႔ ျဖစ္တာပါ။ ပူတဲ့အခါမွာ ခႏၶာကုိယ္က ျပင္ပအပူခ်ိန္နဲ႔ သဟဇာရျဖစ္ဖုိ႔အတြက္ ေခၽြးထြက္ေစပါတယ္။ ထြက္လာတဲ့ေခၽြးေတြက အေငြ႔ပ်ံျပီး လူကုိ ေအးသြားေစပါတယ္။ ပုံမွန္ထက္ပုိျပီး ေခၽြးထြက္လာတဲ့အခါမွာ ေခၽြးထြက္တဲ့ျပြန္ေလးေတြဟာ ပိတ္ဆုိ႔သြားတတ္ပါတယ္။ အဲဒီအခါမွာေတာ့ မိတ္ဖုလုိ အနီစက္ေတြ ထြက္လာတတ္ပါတယ္။ ရာသီမေရြးျဖစ္ႏုိင္ေပမယ့္ ပူအုိက္တဲ့ ေခၽြးထြက္မ်ားတဲ့ ရာသီေတြမွာ ပုိအျဖစ္မ်ားပါတယ္။ ဘယ္အသက္အရြယ္မေရြး ျဖစ္ႏုိင္ေပမယ့္ ကေလးေတြမွာဆုိ ပုိအျဖစ္မ်ားပါတယ္။ ဘာလုိ႔လဲဆုိေတာ့ ကေလးေတြရဲ႔ ေခၽြးျပြန္ေလးေတြဟာ ေကာင္းေကာင္းမဖြံျဖဳိးေသးလုိ႔ပါ။

 

လူတုိင္းသိၾကတဲ့အတုိင္း မိတ္ထြက္ျပီဆုိ ထြက္တဲ့ေနရာမွာ နီရဲေနမယ္ ၊ ကုိင္ၾကည့္ရင္ ၾကမ္းၾကမ္းၾကီးလုိ ျဖစ္ေနမယ္။ အဖုအဖုေလးေတြ အမ်ားၾကီးနဲ႔ ျဖစ္ေနမယ္။ မ်ားေသာအားျဖင့္ မိတ္ထြက္တတ္တဲ့ေနရာေတကေတာ့ လည္ပင္းေတြ ၊ လက္ေမာင္းေတြနဲ႔ ရင္ဘတ္လုိေနရာမ်ဳိးေတြ ျဖစ္ပါတယ္။ ျပီးေတာ့ ဝတဲ့လူၾကီးေတြမွာဆုိ အသားတစ္ခုနဲ႔ တစ္ခု ေခါက္ေနတဲ့ ေနရာမ်ဳိး (ဥပမာ ဗုိက္ေခါက္လုိ) ေနရာမ်ဳိးေတြမွာ ထြက္တတ္ပါတယ္။ ဝတဲ့ကေလးငယ္ေတြမွာဆုိ ေမးက ရင္ဘတ္နဲ႔ ထိသလုိ ျဖစ္ေနတဲ့အတြက္ လည္ပင္းေအာက္လုိေနရာမ်ဳိးေတြမွာ ေခၽြးေတြေအာင္းျပီး မိတ္ထြက္တတ္ပါတယ္။

ျပီးေတာ့ ေပါင္ျခံလုိ ေနရာမ်ဳိးေတြမွာလည္း မိတ္ထြက္ေလ့ ရွိပါတယ္။ အသက္အႏၱရာယ္ မေပးေပမယ့္ ယားယံတာ အနည္းငယ္ ေရာင္ရမ္းတာ နီရဲေနတာမ်ဳိးေတြ ျဖစ္ေလ့ရွိပါတယ္။ စပ္ဖ်င္းဖ်င္းျဖစ္တာမ်ဳိးေတြလည္း ျဖစ္ေလ့ရွိသလုိ ကုတ္ဖန္မ်ားလို႔ ပုိးဝင္တာမ်ဳိး ျပည္တည္တာမ်ဳိးေတြအထိ ျဖစ္ႏုိင္ပါတယ္။

ဒီေတာ့ မိတ္မထြက္ေအာင္ ဘယ္လုိလုပ္ၾကမလဲ။ မ်ားေသာအားျဖင့္ မိတ္ဆုိတာ ပူလုိ႔ ေခၽြးထြက္လုိ႔ ျဖစ္တာဆုိေတာ့ အသားအရည္ကုိ မပူေအာင္ ေခၽြးမထြက္ေအာင္ ဒါမွမဟုတ္ ေခၽြးေပါက္ေတြမပိတ္ေအာင္ လုပ္ရင္မိတ္ကုိ ကာကြယ္ျပီးသား ျဖစ္ပါတယ္။ သက္ေတာင့္သက္သာ ရွိတဲ့ ေအးတဲ့ အဝတ္အစားေတြ ဝတ္ဆင္ပါ။ အရမ္းပူျပင္းလြန္းတဲ့ ေန႔လည္ခင္းလုိ အခ်ိန္ေတြဆုိ အရိပ္ထဲမွာ ေနပါ။ မျဖစ္မေန ေနပူထဲထြက္တဲ့အခါ ထီးေတြ ဦးထုပ္ ေတြ ဝတ္ဆင္ျပီးမွ ထြက္ပါ။ ေရမွန္မွန္ခ်ဳိးပါ။ အရမ္းပ်စ္တဲ့ လုိးရွင္းေတြ လူးျခင္းမွ ေရွာင္ၾကဥ္ပါ။ ေနပူထဲက ျပန္လာရင္ ေခၽြးစုိေနတဲ့ အဝတ္ေတြကုိ လဲေပးပါ။ အပူဒဏ္မွ ေလ်ာ့ပါးရန္ ေလေအးေပးစက္ေတြ ပန္ကာေတြ အသုံးျပဳလုိ႔လည္း ရပါတယ္။ ေရဓာတ္ခမ္းေျခာက္ျခင္းမွ ကင္းေဝးေစရန္ အရည္မ်ားမ်ားေသာက္ေပးပါ။

တကယ္လုိ႔ မိတ္ထြက္လာတယ္ဆုိရင္လည္း စိတ္မပူပါနဲ႔။ ယားတဲ့အခါမွာ မကုတ္ပါနဲ႔။ အဝတ္တစ္ခုကုိ ေရခဲေရ စြတ္ျပီး ယားယံတဲ့ ေနရာကို ကပ္ေပးပါ။ မိနစ္ ၂၀ ထက္ေတာ့ မပုိပါေစနဲ႔။ ဒီလုိဆုိ ယားယံတာနဲ႔ ေရာင္ရမ္းတာေတြကုိ အတုိင္းအတာတစ္ခုအထိ သက္သာေစမွာပါ။ ေခၽြးထြက္မ်ားျပီး နံမွာစုိးလုိ႔ဆုိျပီး အေမႊးနံေတြ အမ်ားၾကီးပါတဲ့ ေရခ်ဳိးဆီေတြ လုိးရွင္းေတြ မသုံးပါနဲ႔။ တခ်ဳိ႔ အနံပါတဲ့ ပစၥည္းေတြက အေရျပားကုိ ယားယံေစတာမ်ဳိးေတြ ျဖစ္ေစတတ္လုိ႔ပါ။ ေဆးအေနနဲ႔ calamine လုိမ်ဳိးေတြကုိ လူးလုိ႔ရပါတယ္။

ဘယ္လုိအေျခအေနေတြမွာ ဆရာဝန္ ျပသင့္လဲဆုိရင္ မိတ္ဖုေတြက ျပည္ေတြတည္လာတယ္ ၊ဖ်ားလာတယ္ဆုိရင္ေတာ့ ပုိးသတ္ေဆး ေသာက္ဖုိ႔လုိတာမ်ဳိး ရွိႏုိင္တဲ့အတြက္ ဆရာဝန္နဲ႔ ေဆြးေႏြးတုိင္ပင္သင့္ပါတယ္။

Author : Dr. ေမ

(Unicode version)

မိတ်ဖု ဘာလို့ ထွက်ရတယ်

နည်းနည်းလေး ပူတာနဲ့ စပါပြီ။ အယားဒုက္ခ။ ဟိုနားကုတ် ဒီနားကုတ်လိုက်နဲ့။ ကုတ်လိုက်တော့လည်း အရသာ ရှိနေသလိုလို။ ပြီးရင် နီရဲစပ်ဖျင်းပြီးကျန်ခဲ့ပြန်ရော။ လူတိုင်းနီးပါး နွေလိုပူပြင်းတဲ့ ရာသီရောက်ပြီဆို ခံစားရပါပြီ။ ယားတဲ့နာတဲ့ မိတ်ထွက်တဲ့ ပြဿနာတွေ။

မိတ်ထွက်တာကို အင်္ဂလိပ်လို heat rash လို့ခေါ်ပါတယ်။ အဓိက ကတော့ ပူလို့ ဖြစ်တာပါ။ ပူတဲ့အခါမှာ ခန္ဓာကိုယ်က ပြင်ပအပူချိန်နဲ့ သဟဇာရဖြစ်ဖို့အတွက် ချွေးထွက်စေပါတယ်။ ထွက်လာတဲ့ချွေးတွေက အငွေ့ပျံပြီး လူကို အေးသွားစေပါတယ်။ ပုံမှန်ထက်ပိုပြီး ချွေးထွက်လာတဲ့အခါမှာ ချွေးထွက်တဲ့ပြွန်လေးတွေဟာ ပိတ်ဆို့သွားတတ်ပါတယ်။ အဲဒီအခါမှာတော့ မိတ်ဖုလို အနီစက်တွေ ထွက်လာတတ်ပါတယ်။ ရာသီမရွေးဖြစ်နိုင်ပေမယ့် ပူအိုက်တဲ့ ချွေးထွက်များတဲ့ ရာသီတွေမှာ ပိုအဖြစ်များပါတယ်။ ဘယ်အသက်အရွယ်မရွေး ဖြစ်နိုင်ပေမယ့် ကလေးတွေမှာဆို ပိုအဖြစ်များပါတယ်။ ဘာလို့လဲဆိုတော့ ကလေးတွေရဲ့ ချွေးပြွန်လေးတွေဟာ ကောင်းကောင်းမဖွံဖြိုးသေးလို့ပါ။

 

လူတိုင်းသိကြတဲ့အတိုင်း မိတ်ထွက်ပြီဆို ထွက်တဲ့နေရာမှာ နီရဲနေမယ် ၊ ကိုင်ကြည့်ရင် ကြမ်းကြမ်းကြီးလို ဖြစ်နေမယ်။ အဖုအဖုလေးတွေ အများကြီးနဲ့ ဖြစ်နေမယ်။ များသောအားဖြင့် မိတ်ထွက်တတ်တဲ့နေရာတေကတော့ လည်ပင်းတွေ ၊ လက်မောင်းတွေနဲ့ ရင်ဘတ်လိုနေရာမျိုးတွေ ဖြစ်ပါတယ်။ ပြီးတော့ ဝတဲ့လူကြီးတွေမှာဆို အသားတစ်ခုနဲ့ တစ်ခု ခေါက်နေတဲ့ နေရာမျိုး (ဥပမာ ဗိုက်ခေါက်လို) နေရာမျိုးတွေမှာ ထွက်တတ်ပါတယ်။ ဝတဲ့ကလေးငယ်တွေမှာဆို မေးက ရင်ဘတ်နဲ့ ထိသလို ဖြစ်နေတဲ့အတွက် လည်ပင်းအောက်လိုနေရာမျိုးတွေမှာ ချွေးတွေအောင်းပြီး မိတ်ထွက်တတ်ပါတယ်။

ပြီးတော့ ပေါင်ခြံလို နေရာမျိုးတွေမှာလည်း မိတ်ထွက်လေ့ ရှိပါတယ်။ အသက်အန္တရာယ် မပေးပေမယ့် ယားယံတာ အနည်းငယ် ရောင်ရမ်းတာ နီရဲနေတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ စပ်ဖျင်းဖျင်းဖြစ်တာမျိုးတွေလည်း ဖြစ်လေ့ရှိသလို ကုတ်ဖန်များလို့ ပိုးဝင်တာမျိုး ပြည်တည်တာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။

ဒီတော့ မိတ်မထွက်အောင် ဘယ်လိုလုပ်ကြမလဲ။ များသောအားဖြင့် မိတ်ဆိုတာ ပူလို့ ချွေးထွက်လို့ ဖြစ်တာဆိုတော့ အသားအရည်ကို မပူအောင် ချွေးမထွက်အောင် ဒါမှမဟုတ် ချွေးပေါက်တွေမပိတ်အောင် လုပ်ရင်မိတ်ကို ကာကွယ်ပြီးသား ဖြစ်ပါတယ်။ သက်တောင့်သက်သာ ရှိတဲ့ အေးတဲ့ အဝတ်အစားတွေ ဝတ်ဆင်ပါ။ အရမ်းပူပြင်းလွန်းတဲ့ နေ့လည်ခင်းလို အချိန်တွေဆို အရိပ်ထဲမှာ နေပါ။ မဖြစ်မနေ နေပူထဲထွက်တဲ့အခါ ထီးတွေ ဦးထုပ် တွေ ဝတ်ဆင်ပြီးမှ ထွက်ပါ။ ရေမှန်မှန်ချိုးပါ။ အရမ်းပျစ်တဲ့ လိုးရှင်းတွေ လူးခြင်းမှ ရှောင်ကြဉ်ပါ။ နေပူထဲက ပြန်လာရင် ချွေးစိုနေတဲ့ အဝတ်တွေကို လဲပေးပါ။ အပူဒဏ်မှ လျော့ပါးရန် လေအေးပေးစက်တွေ ပန်ကာတွေ အသုံးပြုလို့လည်း ရပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းမှ ကင်းဝေးစေရန် အရည်များများသောက်ပေးပါ။

တကယ်လို့ မိတ်ထွက်လာတယ်ဆိုရင်လည်း စိတ်မပူပါနဲ့။ ယားတဲ့အခါမှာ မကုတ်ပါနဲ့။ အဝတ်တစ်ခုကို ရေခဲရေ စွတ်ပြီး ယားယံတဲ့ နေရာကို ကပ်ပေးပါ။ မိနစ် ၂၀ ထက်တော့ မပိုပါစေနဲ့။ ဒီလိုဆို ယားယံတာနဲ့ ရောင်ရမ်းတာတွေကို အတိုင်းအတာတစ်ခုအထိ သက်သာစေမှာပါ။ ချွေးထွက်များပြီး နံမှာစိုးလို့ဆိုပြီး အမွှေးနံတွေ အများကြီးပါတဲ့ ရေချိုးဆီတွေ လိုးရှင်းတွေ မသုံးပါနဲ့။ တချို့ အနံပါတဲ့ ပစ္စည်းတွေက အရေပြားကို ယားယံစေတာမျိုးတွေ ဖြစ်စေတတ်လို့ပါ။ ဆေးအနေနဲ့ calamine လိုမျိုးတွေကို လူးလို့ရပါတယ်။

ဘယ်လိုအခြေအနေတွေမှာ ဆရာဝန် ပြသင့်လဲဆိုရင် မိတ်ဖုတွေက ပြည်တွေတည်လာတယ် ၊ဖျားလာတယ်ဆိုရင်တော့ ပိုးသတ်ဆေး သောက်ဖို့လိုတာမျိုး ရှိနိုင်တဲ့အတွက် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Author : Dr. မေ

Previous Post

Coma

Next Post

အို ခရု

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
821
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အို ခရု

အဖြူမဆင်းဘဲ မိန်းမကိုယ်ယားခြင်း

ကျန်းမာရေးအတွက် အကျိုးရှိစေသော ရေသောက်နည်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.