fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အို ခရု

73
VIEWS
Share on FacebookShare on TwitterShare on Linkedin
10/04/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A



(1)ကူးစက်ပုံ


(2)ရောဂါလက္ခဏာများ




Author : Dr. ပြည့်ရှင်း

`ရေကူးမယ် ရေကူးမယ် နွေရာသီပူအိုက်လွန်းလို့ ရေကူးမယ် ကြုံးဝါးပျော်ရွှင်တက်ကြွသူများလည်း Ondr ပရိသတ်ကြီးထဲမှာ ရှိကြမှာပါ။ မြန်မာနိုင်ငံအနှံ့ မြစ်ချောင်းအင်းအိုင်များဆီသို့ ခရီးထွက်ရင်း ဗဟုသုတရှာဖွေသူများလည်း ရှိကြမှာပါ။ ဒါကြောင့် လက်တို့ပြီးတော့ ပြောပြလိုက်ပါမယ်။

ယခုလက်ရှိ ကမ်းရိုးတန်မြို့တွေမှာ လက်ရှိအဖြစ်များတဲ့ ရောဂါအကြောင်းပါ။ ချစ်ဖို့ကောင်းတဲ့ စားကောင်းတဲ့ဆိုတဲ ခရုလေးတွေကြောင့် ကူးစက်ရောဂါ စဖြစ်ပါတယ်။ Schistosomes လို့ခေါ်တဲ့ ကပ်ပါးကောင်ကြောင့် ဖြစ်တဲ့ရောဂါ(schistomiasis) ဖြစ်ပါတယ်။

(1)ကူးစက်ပုံ
ခရုလေးတွေမှ ကပ်ပါးကောင်သားလောင်းသည် ရေထဲမှတဆင့် လူအရေပြားမှတဆင့် တိုက်ရိုက်ကူးစက်ခြင်း ဖြစ်ပါတယ်။ ရေထဲတွင် ၄၈နာရီခန့် အသက်ရှင်နေနိုင်ပါတယ်။အဆိုပါ ရောဂါရှိသူရဲ့ မစင်/ဆီးတို့ရှိ ကပ်ပါးဥများကြောင့်လည်း ရေထဲတွင် ရှိနေနိုင်ပါတယ်။Schistosoma အကောင်သည် မသန့်ရှင်းသောရေချိုးသူများ၊ လျော်ဖွတ်သူများနှင့် ရေကူးသူများရဲ့ အရေပြားကို ထိုးဖောက်ဝင်ရောက်ကူးစက်လေ့ရှိပါတယ်။

သင့်ကိုယ်ထဲတွင် သားလောင်းသည် အကောင်ကြီးလာပြီ သွေးကြောထဲရောက်ကာ ရောဂါလက္ခဏာများဖြစ်စေပါတယ်။ အချို့မှာ မစင်၊ဆီးမှတဆင့် အခြားသူများကို ကူးတတ်ပါတယ်။ လူရဲ့အသားထဲတွင် ကပ်ပါးကောင်သည် ကပ်ညှိကာ ကိုယ်ခံအားစနစ်နှင့် ကိုယ်အင်္ဂါများကို ရောဂါ ဖြစ်စေပါတယ်။

(2)ရောဂါလက္ခဏာများ
ကပ်ပါးကောင်ရဲ့ ဥများကြောင့် ခံစားရနိုင်သော လက္ခဏာများမှာ
-ကူးစက်ပြီးနောက် အစပိုင်းတွင် ယားယံ၊ အဖုအဖိန့်ထ၊ ချမ်းတုန်ဖျား၊ ချောင်းဆိုး၊ကြွက်သားနာကျင် ကိုက်ခဲတတ်ပါတယ်။
ကူးစက်မှု ထပ်တလဲလဲ ခံစားရသော လူနာများတွင်
-အူလမ်းကြောင်းအတွင်း ကပ်ညှိပါက ဗိုက်နာခြင်း၊ ဝမ်းလျောခြင်းနှင့် ဝမ်းထဲသွေးပါခြင်းစသည်တို့ကို ခံစားရနိုင်ပါတယ်။
-အသည်းကြီးခြင်းနှင့် ဘေလုံးကြီးကာ ရေဖျဉ်းစွဲခြင်း ဖြစ်နိုင်ပါတယ်။
-ဆီးထဲသွေးပါခြင်းနှင့် ကျောက်ကပ်ပျက်ဆီးခြင်းထိ ဖြစ်နိုင်ပါတယ်။
-နောက်ဆုံးတွင် ဆီးအိမ်ကင်ဆာထိ နောက်ဆက်တွဲဆိုးရွားနိုင်ပါတယ်။
-အမျိုးသမီးများအနေဖြင့် မိန်းမကိုယ်အနာဖြစ်ခြင်၊ သွေးထွက်ခြင်း၊ လိင်ဆက်ဆံလျှင်နာကျင်ခြင်း အဖုပေါက်ခြင်း စသည်တို့ ခံစားရနိုင်ပါတယ်။
အဆိုပါ ကပ်ပါးကောင်ကြောင့် ဖြစ်သောရောဂါသည် နာတာရှည်အသွင်ဖြစ်ကာ ကလေးမရသည်အထိ ဆိုးရွားနိုင်ပါတယ်။

အဆိုပါရောဂါ ကူးစက်ခံရပါက လူတယောက်အတွက် ကျန်းမာရေးရော စီးပွားရေးပါ ထိခိုက်နိုင်ပါတယ်။ နာတာရှည်အဖြစ် ကူးပြောင်းနိုင်သောကြောင့် လူတစ်ယောက်ရဲ့ လုပ်ကိုင်စွမ်းထိခိုက်တတ်ပါတယ်။ ကလေးငယ်များတွင် သေချာကုသပါက ပျောက်ကင်းနိုင်သော်လည်း လူကြီးများတွင်မူ အဆိုပါ ကပ်ပါးကူးစက်ခံရမှန်း သေချာရှာဖွေနိုင်စွမ်းမရှိသော အသည်း၊ ကျောက်ကပ်ပျက်ဆီးသူများ၊ ဆီးအိမ်ကင်ဆာဖြစ်သူများ၊ သားအိမ်ပြင်ပသန္ဓေတည်သူများ ရှိနိုင်ပါတယ်။

(3)ရောဂါရှာဖွေမှု အနေဖြင့် ကပ်ပါးဥများကို မစင်နှင့်ဆီးထဲတွင် ရှာဖွေနိုင်ပါတယ်။ သွေးနှင့်ဆီးထဲတွင် ကပ်ပါးကောင်ရဲ့ Antibodies နှင့် antigen ကို ရှာဖွေနိုင်ပါတယ်။

ကာကွယ်ခြင်းနှင့် ကုသခြင်း
ကူးစက်မှုကို ကာကွယ်ရန် ဖြစ်ပွားနိုင်သောသူများကို ကုသခြင်း၊ အိမ်သာ၊ ရေနှင့် တကိုယ်ရေသန့်ရှင်းမှုအလေးထားခြင်း၊ ပညာပေးခြင်းနှင့် ခရုများကို ထိန်းချုပ်ခြင်း စသည့်နည်းမျာဖြင့် ကာကွယ်နိုင်ပါတယ်။ မသန့်ရှင်းသောရေ သောက်သုံးခြင်း၊ သုံးစွဲ ခြင်း၊ ရေကူးခြင်း ရှောင်ကြဉ်ပါ။

အဆိုပါ ဖြစ်ပွားနိုင်သောဒေသတွင် နေထိုင်သူများကို နှစ်စဉ်စောင့်ကြည့်ကုသခြင်း ပြုလုပ်သင့်ပါတယ်။ ကူးစက်မှု ခံယူရပါက အမြန်ဆုံးထိရောက်သော ဆေးဝါးနည်းလမ်းများဖြင့် ကုသမှု ခံယူသင့်ပါတယ်။
Author : Dr. ပြည့်ရှင်း

Previous Post

မိတ်ဖု ဘာလို့ ထွက်ရတယ်

Next Post

အဖြူမဆင်းဘဲ မိန်းမကိုယ်ယားခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
866
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အဖြူမဆင်းဘဲ မိန်းမကိုယ်ယားခြင်း

ကျန်းမာရေးအတွက် အကျိုးရှိစေသော ရေသောက်နည်း

မီးတွင်းကာလ ကလေးအတက်ရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.