fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ဘဏ်လုပ်သားတွေရဲ့ လုပ်ငန်းခွင်ကျန်းမာရေး

22
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/01/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ယနေ့စီးပွားရေးစနစ်မှာ ပြိုင်ဆိုင်မှု (Competition) တွေများလာလို့ ဘဏ်လုပ်ငန်းမှာလည်း ပုဂ္ဂလိကဘဏ်ဝန် ဆောင်မှုတွေ ပိုမိုကောင်းမွန်တဲ့စနစ်၊ အေတီအမ်ကတ်စနစ်တွေ အသုံးပြုလာလို့ လူတွေ (Customers) စိတ် ကျေနပ်ကြရပါတယ်။ သည်အချိန်မှာ နိုင်ငံတော်ဘဏ်နဲ့ပုဂ္ဂလိကဘဏ်လုပ်သားတွေရဲ့ စိတ်ဖိစီးမှုကွာခြားနေပါ တယ်။ နိုင်ငံတော်ဘဏ်က ဘဏ်ဖွင့်ချိန်(၉) နာရီမှ ဘဏ်ပိတ်ချိန်ညနေ(၃) နာရီအထိ ကိုယ်ကလုပ်ပေးမှုသာ ပြည်သူတွေရနိုင်တယ်။ မလုပ်နိုင်ရင် နောက်နေ့ချိန်းဆိုကြတယ်။ ပုဂ္ဂလိကဘဏ်တွေက ဖောက်သည်တွေ ဘယ်လိုဆွဲဆောင်ရမလဲအမြဲ စဉ်းစားနေရတယ်။ ဝန်ထမ်းတွေမှာ စိတ်ဖိစီးမှုပိုများတယ်။ တစ်နေ့တာ ငွေသွင်း ငွေထုတ်ပြီးလို့ စာရင်းချုပ်တဲ့အခါ အဝင်နဲ့အထွက်စာရင်းမှန်၊ မမှန်ဘဏ်ဝန်ထမ်းအားလုံး စောင့်ကြည့်ပြီးမှ ဘဏ်ကပေးတဲ့ဖယ်ရီနဲ့ အိမ်ပြန်ကြရပါတယ်။ လခထုတ်ရက်တွေ၊ သောကြာနေ့လိုနေ့မျိုးတွေမှာ အနားမရ တတ်သလို၊ အိမ်ပြန်နောက်ကျကြပါတယ်။

ငွေစက္ကူမျိုးစုံက ကပ်ပါလာတဲ့မှိုရောဂါ အနံ့အသက်မျိုးစုံခံစားကြရပြီး ယင်းမှရောဂါကူးစက်နိုင်တယ်။ အများဆုံး ကူးစက်နိုင်တာက စထရပ်တိုကော့ကပ် (Streptococcus) ၊ သန်လုံးကောင်ဥများ၊ အသည်းရောင်အသားဝါ ‘အေ’ စတဲ့ကူးစက်ရောဂါများ ကပ်ပြီးပါလာနိုင်ပါတယ်။ ရာသီဥတုကြောင့် စက္ကူမှိုတက်တဲ့အခါ၊ ယင်းမှိုတွေက နေ အသက်ရှုလမ်းကြောင်းဆိုင်ရာနဲ့ အရေပြားယားနာတွေအထိဖြစ်တတ်ပါတယ်။ ကြိုတင်ကာကွယ်ပြီး နှာခေါင်းစည်းတပ်ခြင်း၊ ငွေရေတွက်ပြီး လက်ကိုရေ၊ ဆပ်ပြာနဲ့ အနည်းဆုံးစက္ကန့် (၂၀)ကြာဆေးကြောဖို့ လိုအပ် မယ်။ လက်ကိုသန့်စင်အောင်ဆေးကြောပြီးမှ အစားစားသင့်တယ်။ အိမ်ပြန်သင့်တယ်။

ဘဏ်လုပ်ငန်းမှာ ကာလရှည်လုပ်ကိုင်နေသူတွေမှာ သွိုင်းရွိုက်ဂလင်းပုံမမှန်မှုရောဂါများ၊ ဂဂရုန်းရောဂါစု၊ ဆိုလေယေးစစ် ခေါ်ကြမ်းတမ်းတဲ့ အနီအပိန့်တွေထတဲ့ အရေပြားရောဂါတစ်မျိုး၊ ရူးမတွိုင်း (Rheumatic) အဆစ်ရောင်ရောဂါ၊ ဆီးချိုအမျိုးစား (၂) ရောဂါ၊ သွေးတိုးနှင့်ကျောက်ကပ်အားနည်းရောဂါ၊ အလိုလိုမောပန်း ရောဂါ၊ စိတ်ဖိစီးမှုကြောင့် စိတ်ကျန်းမာရေးရောဂါတချို့၊ ဆေးညွှန်းပေးပြီးဆေးစာနဲ့ဝယ်ရတဲ့ အိပ်ဆေးစွဲလန်းမှု နဲ့စိတ်ကျရောဂါနဲ့ တစ်ချိန်လုံးနပန်းလုံးနေနိုင်ပါတယ်။

ဘဏ်ရဲ့ပင်မသဘောကိုက တန်ဖိုးအကြီးဆုံးစက္ကူကိုင်ဆောင်ရေတွက်ရ၊ သယ်ယူပို့ဆောင်ထုပ်ပိုးပေးရ၊ အဆင့်ဆင့်မှန်ကန်အောင် စစ်ဆေးပေးရတာဆိုတော့ ရေရှည်မှာစိတ်ဖိစီးမှုတွေက ရောဂါပေါင်းစုံဝင်လာနိုင်တာ ပဲဖြစ်ပါတယ်။ ကိုယ့်ဖောက်သည်ကို အခြားဘက်မရောက်သွားအောင် ဆွဲဆောင်နိုင်ဖို့ဆိုတာ ဝန်ဆောင်မှုအ ပြင်ဘဏ်ဝန်ထမ်းတွေ ချောမောလှပတင့်တယ်ဖို့ ခြယ်သဖီးလိမ်းလာကြရပါတယ်။ ဘဏ်အလုပ်က ကာလပေါ် အလုပ်တစ်ခုလို မြန်မာနိုင်ငံအတွက်ဖြစ်နေရာ ရုပ်ရည်ချောမောတဲ့မိန်းကလေး ဘွဲ့ရတွေတစ်ပန်းသာနေတယ်။ ချောမောလှပသူတွေဟာ ကိုယ့်ဖောက်သည်ဆွဲဆောင်နိုင်ရည် အမြင့်ဆုံးဝန်ဆောင်မှုပေးကြရပါတယ်။

တချို့ဘဏ်တွေမှာ နေ့လည်စာ’အခမဲ့’ ကျွေးမွေးကြပါတယ်။ ဘဏ်မှာလူများနေလို့ အလှည့်ကျထမင်းစားတဲ့စ နစ်ကျင့်သုံးကြပါတယ်။ အချို့ဝန်ထမ်းနည်းတဲ့ဘဏ်တွေမှာ နေ့လည်စာထမင်းငတ်ပေါင်းများတဲ့ ဘဏ်ဝန်ထမ်း တွေရှိနေတယ်။ ဘဏ်ဝန်ထမ်းတွေဟာ ယေဘူယျ ‘အထိုင်’လုပ်ငန်းဖြစ်တာနဲ့အညီ စားသောက်လိုက်တဲ့ ကယ်လိုရီတွေလောင်ကျွမ်းစေဖို့ နေ့စဉ်နာရီဝက်မှ တစ်နာရီအပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးလုပ်ပေး သင့်ပါတယ်။ တစ်နေ့တာ စိတ်ဖိစီးမှုတွေ ဖြေလျော့ပေးနိုင်ရုံသာမက အဝလွန်ခြင်း၊ နှလုံးသွေးကြောရောဂါတွေ မှကြိုတင်ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ဇီဝကမ္မဆိုင်ရာအနားမရခြင်းက ရေရှည်မှာစိတ်ဖိစီးမှုများစေပါတယ်။ ဘဏ်လုပ်ငန်းမှာ နှစ်ပေါင်း များစွာလုပ်ကိုင်လာတဲ့ ဘဏ်ဝန်ထမ်းတွေဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ရှိနေနိုင်ပါ တယ်။ တစ်နေ့ထက်တစ်နေ့ ကြုံတွေ့ရမှုများလာတဲ့အခါ ကျန်းမာရေးပြဿနာတွေ လုံးလုံးထိခိုက်ရတာတွေရှိ လာပါတယ်။ ဘဏ်လုပ်ငန်းမှ အနားယူသွားတဲ့တိုင် ဒဏ်ရာဝေဒနာများ ရောဂါများကျန်ရစ်ခဲ့မှာဖြစ်တယ်။

စိတ်ဖိစီးမှုက ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာရောဂါများ ဖိတ်ခေါ်တဲ့ လူရဲ့ကျန်းမာရေးပိုမိုဆိုးရွားစေတဲ့ အမူအရာပဲဖြစ် တယ်။ ခန္ဓာကိုယ်ရဲ့ပြင်ပဝင်ရောက်လာနိုင်တဲ့ ရောဂါတွေ စောစောစီးစီးဝင်လာနိုင်တာ စိတ်ဖိစီးမှုကြောင့်ပဲဖြစ် တယ်။ လူ့ခန္ဓာကိုယ်မှာ စိတ်ဖိစီးမှုများလာရင် ရောဂါအမျိုးမျိုးဝင်လာဖို့ ဖိတ်ခေါ်သလိုဖြစ်စေပါတယ်။ စိတ်ဖိစီးမှု သက်သာစေဖို့ လေအေးပေးစက်တပ်ဆင်ထားတဲ့အခန်းနဲ့ (၂၄)နာရီထုတ်လွှင့်ပြသနေတဲ့ တီဗွီအစီအစဉ်တွေ ကအနည်းငယ်သက်သာမှု၊ ဖြေဖျောက်မှုရနိုင်ပါတယ်။ ထို့ကြောင့် ငွေရေတွက်မှု၊ ငွေပေးငွေယူမှု၊ စိတ်ပူပင်မှု တွေဖြေဖျောက်စေဖို့ ရုံးပိတ်ရက်တွေမှာ ပြည့်ပြည့်၀၀အနားယူဖို့လိုအပ်တယ်။ အထူးသဖြင့် ခန္ဓာကိုယ်လှုပ်ရှား မှုနည်းတတ်လို့ ရုံးပိတ်ရက်တွေမှာ တစ်နာရီမှ နှစ်နာရီခန့် အားကစားတစ်ခုခု (ရွရွပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း) လုပ်ပေးသင့်ပါတယ်။ မိသားစုနဲ့ ရုပ်ရှင်အတူကြည့်ခြင်း၊ ပွဲလန်းသဘင်သွားခြင်းမျိုး တွေဟာ စိတ်ဖိစီးမှုတွေဖြေဖျောက်နိုင်ဖို့ နည်းလမ်းကောင်းတွေပါပဲ။

စိတ်ပူပင်သောကတွေ တစ်ချိန်လုံးဝင်မနေနိုင်ဖို့ စားချိန်တန်စား၊ လုပ်ချိန်တန်လုပ်၊ အိပ်ချိန်တန်အိပ် လုပ်ရပါ မယ်။ ကျန်းမာရေးထိခိုက်လောက်အောင် မသောက်မစား၊ မအိပ်စက်ပဲလုပ်ဆိုတဲ့ အလုပ်မျိုးလည်းမဟုတ်ဘူး။ အမှားနည်းနိုင်သမျှနည်းအောင် လုပ်ဆောင်နိုင်ဖို့ဟာ၊ တကယ်တော့စိတ်ပင်ပန်းမှု ရှိနေမှာပဲဖြစ်တယ်။ ကျန်းမာ ကြံ့ခိုင်ဖို့ဟာ ပထမဦးစားပေးလုပ်ဆောင်ရမယ့် အရာဖြစ်ပြီး သည့်နောက်မှာ အလုပ်အကိုင်အတွင်းသက် ရောက်မှု၊ အလုပ်ပေါ်စိတ်ဝင်စားမှု၊ တာဝန်ကျေမှုတို့က ဒုတိယဦးစားပေးရမယ့်အရာ ဖြစ်တယ်။ အလုပ်နဲ့ပတ် သက်ပြီးရာထူးတိုးမြှင့်ခံစားခွင့်ရရှိနိုင်ရေးဆိုတဲ့ “အနာဂတ်မျှော်လင့်ချက်” လည်းကိုယ်စီရှိနေသင့်ပါတယ်။ သည်လိုမှပဲ အလုပ်ကိုခင်တွယ်လာမှာဖြစ်တယ်။

ဘဏ်လုပ်ငန်းဟာ စိတ်ဖိစီးမှုအတော်အသင့်ရှိတဲ့ လုပ်ငန်းဖြစ်လို့ စိတ်ဖိစီးမှုမခံလိုသူတွေ ဝင်မလုပ်သင့်ပါဘူး။ ပင်ပန်းနွမ်းနယ်ခြင်း၊ ယင်းနှင့်ဆိုင်တဲ့ရောဂါတွေ ဥပမာ (Fatigue Migraine) ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ ပင် ပန်းနွမ်းနယ်ခြင်းတို့ လျော့ချရမှာပဲဖြစ်တယ်။ သည်လိုမဖြေလျော့နိုင်ရင် သွေးတိုး၊ သွေးပေါင်မြင့်ခြင်းရောဂါ၊ နှလုံးသွေးကြောရောဂါတွေ၊ အဆစ်အရိုးကိုက်ခဲဝေဒနာတွေ၊ ဒူးဆစ်၊ ပေါင်ဆစ်၊ လက်ကောက်ဝတ်အဆစ်နာ ကျင်မှု၊ ရောင်ရမ်းမှုတွေ ရှိနေနိုင်ပါတယ်။

လှုပ်ရှားမှုနည်းရင်၊ အားကစားလုပ်မှုနည်းရင် ဆီးချိုအမျိုးအစား (၂)ရောဂါနှင့် နောက်ဆက်တွဲရောဂါများ၊ ကင်ဆာရောဂါအမျိုးမျိုးတို့ဖြစ်နိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာနည်းပါးပေမယ့် စိတ်ကြောင့်ကြမှုကြောင့် ကိုယ်ကာယ ထိခိုက်မှုလည်းလျော့နည်းအောင် နေ့စဉ်နာရီဝက်မှ တစ်နာရီအားကစား (လမ်းလျှောက်၊ အပြေး၊ စက်ဘီးစီး၊ ရေကူး) တစ်ခုခုကစားပေးသင့်တယ်။

စည်းမျဉ်းဘောင်အတွင်းနေရတဲ့ အကျပ်အတည်းတွေ ဥပမာ -စားသောက်ချိန်မမှန်တာ၊ ရေသောက်နည်းတာ၊ ဆီးဝမ်းပုံမှန်စွန့်တာ၊ ငွေကိုင်ပြီး လက်ကို ရေ၊ ဆပ်ပြာတို့နဲ့ စက္ကန့် (၂၀)ကျော်ကြာဆေးပေးဖို့လိုမယ်။ စိတ်ပိုင်း ထိခိုက်မှုနည်းအောင် ကွန်ပြူတာကြည့်ရှုမှု၊ ငွေရေတွက်မှုစတဲ့ အာရုံစူးစိုက်ရမယ့် အချိန်ကာလလျော့ချရမယ်။ ကွန်ပြူတာတစ်လုံးကို တစ်ယောက်တည်းတာဝန်ချပေးမယ့်အစား နှစ်ယောက်ချပေးသင့်တယ်။ ညဖက်အထိ အလုပ်တွေခေါ်ယူမသွားဘဲ အစားစားချိန်စား၊ အနားယူချိန်ယူ၊ အိပ်ချိန်အိပ်ပေးသင့်တယ်။ စိတ်တိုက်ရိုက်ရိုက် ခတ်မှုမခံရအောင် စိတ်ဖိစီးမှုလျော့ချရမယ်။ ကိုယ်ပိုင်အချိန်မှာ လေ့ကျင့်ခန်းယူခြင်း၊ အပြည့်အဝနားခြင်း၊ အိပ် စက်ခြင်းရှိရမယ်။ အစားအသောက်ဂရုစိုက်ရမယ်။ ပုံမှန်စားသောက်ရမယ်။

လုပ်ငန်းအာမခံချက်ပေးဖို့က ဘဏ်ဝန်ထမ်းတွေ အလိုချင်ဆုံးဆုဖြစ်နေတယ်။ ပုဂ္ဂလိကဘဏ်တွေအနေနဲ့ အ စမ်းခန့်ပြီး၊ အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်အပ်ခံထားရရင်ပဲ၊ ဝန်ထမ်းတွေရဲ့စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရရှိထားပြီး ဖြစ် လို့ “စိတ်ဖိစီးမှု”အထိုက်သင့်ပြေလျော့စေပါတယ်။ ဘတ်ဂျတ်အခြေအနေကြောင့် နေ့စား၊ လရှင်းခန့်ထားခံရရင် စိတ်လုံခြုံမှုမရှိဘဲ၊ လုပ်ငန်းမှာပျော်ရွှင်မှုမရဖြစ်ကာ စိတ်ဖိစီးမှုနဲ့ အလုပ်မှားယွင်းမှုတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် ဘဏ်ပိုင်ရှင်တွေအနေနဲ့ ကိုယ်ခန့်အပ်ထားတဲ့ ဝန်ထမ်းတွေအပေါ် နားလည်ပေးရမယ်။

ငွေစက္ကူမှပိုးမွှားများ လူတကာကိုင်တွယ်သုံးစွဲနေတဲ့ စက္ကူအမျိုးအစားအလိုက် ခံနိုင်ရည်အနည်းအများ ကွာခြား သလို၊ ဟောင်းနွမ်းလေလေ ရောဂါရလေလေပဲ ဖြစ်တယ်။ ဖြစ်နိုင်ရင် နှာခေါင်းစည်းစည်းထားသင့်တယ်။ ငွေရေ တွက်ပြီးချိန် လက်ကိုဆပ်ပြာ၊ ရေတို့နဲ့ စက္ကန့် (၂၀)ကြာဆေးကြောသင့်ပါတယ်။

Author – ဒေါက်တာလွင်သန့်

Previous Post

ပန်းသေပန်းညှိုးရောဂါ

Next Post

ဘဏ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဘဏ်

ငွေစက္ကူမှဘဏ်ဝန်ထမ်းများနှင့် ပြည်သူများရနိုင်တဲ့ရောဂါအန္တရာယ်

နှင်းခူဘေးဘယာ ဝေးဖို့ရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.