(Zawgyi)
ေငြစကၠဴစတင္ေပၚေပါက္လာကတည္းက ၾကားခံေရာင္းဝယ္ေရးကိရိယာအျဖစ္ အသုံးျပဳၾကတယ္။ ဆင္းရဲခ်မ္းသာ၊ ကေလးလူ ႀကီးမေ႐ြး ေနရာအႏွံ႔တြင္က်ယ္စြာ သုံးစြဲလာၾကတယ္။ ေငြစကၠဴတစ္႐ြက္ရဲ႕ ေမွ်ာ္မွန္းသက္တမ္း ဘယ္ႏွစ္ႏွစ္လဲ။ အခ်ိဳ႕က ၁၀ ႏွစ္၊ အခ်ိဳ႕က ၅ ႏွစ္သက္မွတ္ၾကတယ္။ အေမရိကန္ေဒၚလာတစ္႐ြက္ကို ကမာၻအႏွံ႔သယ္ေဆာင္ ျဖန႔္ခ်ီရာမွာ အခ်ိဳ႕ေရစို၊ အေရာင္စြန္းထင္းလို႔ ေငြလဲေကာင္တာက ေငြျပန္မလဲေပးတဲ့အခ်ိန္ သက္တမ္းကုန္ၿပီလို႔ ယူဆမွာလား။ ေနာက္ဆုံးတီထြင္ ထားတဲ့ ေငြစကၠဴေတြမွာ ပလပ္စတစ္ပါဝင္ၾကလို႔ ေငြ စကၠဴရဲ႕သက္တမ္းပိုမိုၾကာရွည္သုံးလာၾကတယ္။ ပိုၿပီးကိုင္ေဆာင္တဲ့လက္ ေတြမ်ားလာေလ၊ ေရာဂါပိုးဝင္ေရာက္ ႏိုင္မႈမ်ားေလပါပဲ။ အထူးသျဖင့္ ဘဏ္ဝန္ထမ္းေငြေရစက္တာဝန္က်သူေတြအေနနဲ႔ မိနစ္ စကၠန႔္တိုင္းစက္က ေရတြက္ေနစဥ္ ေငြစကၠဴထဲမွာပါဝင္လာတဲ့ အသက္ရႈသြင္းရာမွ ကူးစက္ႏိုင္တဲ့ေရာဂါေတြ ပ်ံ႕လြင့္ေနတာဆင္ ျခင္ၾကဖို႔လိုပါတယ္။
အခ်ိဳ႕က ေအတီအမ္အလိုအေလ်ာက္ေငြထုတ္စက္စနစ္က ေရာဂါပိုၿပီးကင္းႏိုင္မွန္းသိလို႔ ATM စက္ကိုအစားထိုးၾကတယ္။ ဘယ္ လိုပဲေျပာင္းေျပာင္း ဆာလာအိတ္နဲ႔ထုပ္ပိုးၿပီး တစ္ေနရာမွတစ္ေနရာတင္ပို႔ေနသမွ် ေငြသယ္ယူလာတဲ့လမ္းေၾကာင္းတစ္ေလ်ာက္ ေရာဂါမကူးစက္ႏိုင္တဲ့တိုင္ အအုပ္အစည္းထဲမွာပါတဲ့ ေငြစကၠဴအေရအတြက္ ေရတြက္တဲ့အခါ၊ ယင္းေရာဂါပိုးေတြက အသက္ရႈ သြင္းမိရာမွကူးစက္ႏိုင္တယ္။ “ေဒါင့္သန္း”ေရာဂါကူးစက္ခံေနရတဲ့သူက ေငြကိုဘဏ္မွလႊဲေျပာင္းဖို႔လာရင္၊ ယင္းေငြစကၠဴေရတြက္ ေနစဥ္အတြင္း “ေဒါင့္သန္း” ပိုးမႊားပါဝင္လို႔ ကူးစက္ဖို႔လြယ္တယ္။
အေမရိကန္ႏိုင္ငံသား မစၥတာဝီလွ်ံဆမ္တစ္ေယာက္ “လုပ္ငန္းခြင္ရင္က်ပ္” ေရာဂါခံစားေနရတယ္။ သူကေငြစကၠဴေရတြက္တဲ့ စက္ကိုင္တစ္ေယာက္ေပါ့။ ေငြစကၠဴေရတြက္ရင္း ႏွာေခါင္းစည္းမအုပ္မိတဲ့အခ်ိန္ေတြမ်ားေလ၊ ေဆးခန္းသြားၿပီးရင္က်ပ္ေရာဂါကုသရေလျဖစ္ေနတယ္။ဆရာဝန္ရဲ႕အႀကံေပးခ်က္အရႏွာေခါင္းစည္းစည္းၿပီးေရတြက္ျခင္း၊ ေငြေရတြက္ၿပီးလက္ကိုဆပ္ျပာ၊ ေရတို႔နဲ႔စကၠန႔္ ၂၀ ၾကာ ေဆးေၾကာျခင္း လုပ္ေဆာင္ႏိုင္ခဲ့လို႔ အခုဆိုရင္ ေဆးခန္းသြားရတာနည္းသြားတယ္။ ေရာဂါသက္သာလာ တယ္။ ေငြစကၠဴထဲေရာေႏွာပါလာတဲ့ ဖုန္မႈန႔္မ်ား၊ ညစ္ႏြမ္းအမႈန္ေတြက ပတ္ဝန္းက်င္ကို လႊင့္ထြက္သြားၿပီး အျခားရင္က်ပ္ေရာဂါ ရွိသူေတြ ရႈရႈိက္မိမွာစိုးရိမ္စရာပဲျဖစ္တယ္။ သူ႔လိုရင္က်ပ္ေဖာက္လို႔ ေဆးခန္းသြားရဦးမွာ။
စက္နဲ႔ေရတြက္ျခင္းဟာ ဘဏ္တိုင္းမွာေန႔တဓူ၀ နာရီမိနစ္တိုင္းေရတြက္ေနၾကေတာ့ ေလေအးစက္တပ္ထားတဲ့ အခန္းထဲမွာ လြင့္ ေမ်ာလို႔ေနတယ္။ ျဖစ္ႏိုင္ရင္ အဲဒီေလကို မရႈရႈိက္မိေစဖို႔ လူတိုင္းႏွာ ေခါင္းစည္းတပ္ထားသင့္တယ္။ ေျပာရရင္ဘဏ္ထဲမွာ ေရာဂါ ေတြပ်ံ႕လြင့္ၿပီးေနတယ္။ ဒါကို ယေန႔ဘဏ္ဝန္ထမ္းမ်ား ဘဏ္နဲ႔မကင္းတဲ့ျပည္သူမ်ား အေလးထားဂ႐ုျပဳမိသူနည္းပါးလွပါတယ္။
စက္ေတြမေပၚခင္လက္နဲ႔ ေရတြက္စဥ္ကသည္ေလာက္ျပႆနာမရွိေပမယ့္ စက္ေပၚလာၿပီး ေငြကိုလႈပ္ခါလို႔ေရတြက္ေနစဥ္မွာ ပိုး မႊားေတြပ်ံ႕လြင့္ေနေတာ့တယ္။ ေလေအးစက္မတပ္ထားရင္ေတာ္ေသးတယ္။ ေလေအးစက္ပါတပ္ထားတဲ့အခါ ယင္းပိုးမႊားေတြ ကအခန္းထဲ၊ ေခ်ာင္ႀကိဳေခ်ာင္ၾကားမက်န္ ပ်ံ႕ႏွံ႔ကာ လူေတြအသက္ရႈမိရင္ကူးစက္သြားတယ္။ တစ္နည္းဆိုရရင္ တုပ္ေကြးခံစားေနရတဲ့ ေဖာက္သည္တစ္ေယာက္ ေလေအးစက္တပ္ဆင္ထားတဲ့ ဘဏ္တစ္ခုထဲဝင္လာၿပီး ေခ်ာင္းဆိုး၊ ႏွာေခ်လုပ္လိုက္႐ုံနဲ႔ ပတ္ဝန္းက်င္ပ်ံ႕ႏွံ႔သြားၿပီး တုပ္ေကြးျဖစ္ၾကရတယ္။ သည္ေတာ့ ေလေအးစက္တပ္ထားတာ မွားသလား၊ မွန္သလား ျပန္စီစစ္ဖို႔ လိုလာတယ္။ ပတ္ဝန္းက်င္ အပူ၊ အေအးရာသီအေျပာင္းမွာ ဘယ္သူမဆိုသက္ေတာင့္သက္သာေနခ်င္တာ မွန္ပါတယ္။ ေန႔စဥ္ ဝင္ထြက္မႈမ်ားတဲ့ ဘဏ္ျဖစ္ေလ၊ ေလကတစ္ဆင့္ကူးစက္တဲ့ႏႈန္းပိုမ်ားေလေလ ပဲျဖစ္တယ္။
အမႈန္ေတြ၊ မျမင္ရတဲ့ပိုးမႊားေတြက အေရျပားယားယံျခင္း၊ ႏွာေခ်ျခင္း၊ လည္ေခ်ာင္းယားျခင္းျဖစ္ေစတယ္။ “ေဒါင့္သန္း” (Antrex) ပိုးမႊားက အသက္ရႈလမ္းေၾကာင္းကတစ္ဆင့္ ကူးႏိုင္သလို၊ ရာသီေပၚတုပ္ေကြးဖ်ားနာမႈက ဘဏ္ထဲရွိလူေတြအသက္ ရႈတိုင္း၊ ေခ်ာင္းဆိုးႏွာေခ်တိုင္း ကူးစက္ႏိုင္ပါတယ္။
ဘဏ္ထဲမွာေငြေရစက္မသုံးဘဲ (ယခင္ေခတ္ကလို လက္နဲ႔ေရတြက္ရင္ ဘယ္သူမွေစာင့္ႏိုင္မွာ) စိတ္ရွည္မွာမဟုတ္လို႔ လက္ ေလ်ာ့လိုက္ရတယ္။ သည္လိုဆိုရင္ ေငြေရစက္ေတြကို ေရာဂါမပ်ံ႕လြင့္ဘဲ ေရတြက္ႏိုင္မယ့္အခန္းပုံစုံျပဳလုပ္ထားၿပီး ေရတြက္ၿပီးမွ တစ္ဖက္က အလိုအေလ်ာက္ထြက္လာတဲ့စနစ္သုံးႏိုင္ရင္ ေရာဂါပ်ံ႕ႏွံ႔မႈ၊ ျဖစ္ပြားမႈ (၇၅%)ေလ်ာ့က်သြားႏိုင္တယ္။ ေနာက္တစ္ ခ်က္က ဘဏ္ကိုလာတဲ့သူတိုင္းဘဏ္ဝန္ထမ္းတိုင္း ႏွာေခါင္းစည္းစည္းထားရင္ဒါဟာလည္း ေဖာက္သည္ကိုဆြဲေဆာင္ရာမေရာက္ႏိုင္တဲ့နည္းလမ္းျဖစ္ေနေတာ့ ဘဏ္မန္ေနဂ်ာေတြ သေဘာမတူႏိုင္ၾကဘူး။ သည္ ေတာ့ေန႔စဥ္ေလေအးစက္ပိတ္ၿပီးရင္ အခန္းထဲကပ္က်န္ရစ္ေနႏိုင္တဲ့ တုပ္ေကြးလိုဗိုင္းရပ္စ္ပိုးမႊားေတြကင္းစင္ႏိုင္တဲ့ နည္းလမ္းေန႔စဥ္ေလထုသန႔္ရွင္းေရးလုပ္တဲ့ နည္း လမ္းေတြရွာဖို႔လိုလာတယ္။
ေရရွည္အားျဖင့္ ကြန္ျပဴတာအမိန႔္ေပးေစခိုင္းတဲ့ စနစ္အစားထိုးၿပီး ေနာက္ပိုင္းမွာ အမွားအယြင္းနည္းပါးလာတာနဲ႔အမွ် စက္အ သုံးစရိတ္ (မီတာ၊ စက္ပစၥည္းနဲ႔၊ ကြန္ျပဴတာစနစ္အတြက္) ဘဏ္ေတြေငြအကုန္အက်မ်ားလာတာပဲျဖစ္တယ္။ ကြန္ျပဴတာစနစ္ ေတာက္ေလ်ာက္သုံးသူေတြအေနနဲ႔ တစ္နာရီ (၁၀)မိနစ္နားစနစ္ (သို႔) စက္တစ္လုံးကို ႏွစ္ေယာက္တာဝန္ခ်ေပးတဲ့စနစ္က်င့္သုံးႏိုင္ပါမွ လည္ပင္းက်ီးေပါင္းေရာဂါ၊ မ်က္စိမႈန္၊ မ်က္စိနဲ႔ဆိုင္တဲ့ေရာဂါမ်ားမွ ကင္းေဝးႏိုင္မယ္။ အေအးခန္းမွာေတာက္ေလ်ာက္ ေနလာေတာ့အေအးနဲ႔ မတည့္သူမ်ား၊ရင္က်ပ္ေရာဂါ၊ဓာတ္မတည့္ျခင္း၊ ယားနာအင္ျပင္ထြက္ ျခင္းျဖစ္ႏိုင္တယ္။
Author – ေဒါက္တာလြင္သန႔္
(Unicode)
ငွေစက္ကူစတင်ပေါ်ပေါက်လာကတည်းက ကြားခံရောင်းဝယ်ရေးကိရိယာအဖြစ် အသုံးပြုကြတယ်။ ဆင်းရဲချမ်းသာ၊ ကလေးလူ ကြီးမရွေး နေရာအနှံ့တွင်ကျယ်စွာ သုံးစွဲလာကြတယ်။ ငွေစက္ကူတစ်ရွက်ရဲ့ မျှော်မှန်းသက်တမ်း ဘယ်နှစ်နှစ်လဲ။ အချို့က ၁၀ နှစ်၊ အချို့က ၅ နှစ်သက်မှတ်ကြတယ်။ အမေရိကန်ဒေါ်လာတစ်ရွက်ကို ကမ္ဘာအနှံ့သယ်ဆောင် ဖြန့်ချီရာမှာ အချို့ရေစို၊ အရောင်စွန်းထင်းလို့ ငွေလဲကောင်တာက ငွေပြန်မလဲပေးတဲ့အချိန် သက်တမ်းကုန်ပြီလို့ ယူဆမှာလား။ နောက်ဆုံးတီထွင် ထားတဲ့ ငွေစက္ကူတွေမှာ ပလပ်စတစ်ပါဝင်ကြလို့ ငွေ စက္ကူရဲ့သက်တမ်းပိုမိုကြာရှည်သုံးလာကြတယ်။ ပိုပြီးကိုင်ဆောင်တဲ့လက် တွေများလာလေ၊ ရောဂါပိုးဝင်ရောက် နိုင်မှုများလေပါပဲ။ အထူးသဖြင့် ဘဏ်ဝန်ထမ်းငွေရေစက်တာဝန်ကျသူတွေအနေနဲ့ မိနစ် စက္ကန့်တိုင်းစက်က ရေတွက်နေစဉ် ငွေစက္ကူထဲမှာပါဝင်လာတဲ့ အသက်ရှုသွင်းရာမှ ကူးစက်နိုင်တဲ့ရောဂါတွေ ပျံ့လွင့်နေတာဆင် ခြင်ကြဖို့လိုပါတယ်။
အချို့က အေတီအမ်အလိုအလျောက်ငွေထုတ်စက်စနစ်က ရောဂါပိုပြီးကင်းနိုင်မှန်းသိလို့ ATM စက်ကိုအစားထိုးကြတယ်။ ဘယ် လိုပဲပြောင်းပြောင်း ဆာလာအိတ်နဲ့ထုပ်ပိုးပြီး တစ်နေရာမှတစ်နေရာတင်ပို့နေသမျှ ငွေသယ်ယူလာတဲ့လမ်းကြောင်းတစ်လျောက် ရောဂါမကူးစက်နိုင်တဲ့တိုင် အအုပ်အစည်းထဲမှာပါတဲ့ ငွေစက္ကူအရေအတွက် ရေတွက်တဲ့အခါ၊ ယင်းရောဂါပိုးတွေက အသက်ရှု သွင်းမိရာမှကူးစက်နိုင်တယ်။ “ဒေါင့်သန်း”ရောဂါကူးစက်ခံနေရတဲ့သူက ငွေကိုဘဏ်မှလွှဲပြောင်းဖို့လာရင်၊ ယင်းငွေစက္ကူရေတွက် နေစဉ်အတွင်း “ဒေါင့်သန်း” ပိုးမွှားပါဝင်လို့ ကူးစက်ဖို့လွယ်တယ်။
အမေရိကန်နိုင်ငံသား မစ္စတာဝီလျှံဆမ်တစ်ယောက် “လုပ်ငန်းခွင်ရင်ကျပ်” ရောဂါခံစားနေရတယ်။ သူကငွေစက္ကူရေတွက်တဲ့ စက်ကိုင်တစ်ယောက်ပေါ့။ ငွေစက္ကူရေတွက်ရင်း နှာခေါင်းစည်းမအုပ်မိတဲ့အချိန်တွေများလေ၊ ဆေးခန်းသွားပြီးရင်ကျပ်ရောဂါကုသရလေဖြစ်နေတယ်။ဆရာဝန်ရဲ့အကြံပေးချက်အရနှာခေါင်းစည်းစည်းပြီးရေတွက်ခြင်း၊ ငွေရေတွက်ပြီးလက်ကိုဆပ်ပြာ၊ ရေတို့နဲ့စက္ကန့် ၂၀ ကြာ ဆေးကြောခြင်း လုပ်ဆောင်နိုင်ခဲ့လို့ အခုဆိုရင် ဆေးခန်းသွားရတာနည်းသွားတယ်။ ရောဂါသက်သာလာ တယ်။ ငွေစက္ကူထဲရောနှောပါလာတဲ့ ဖုန်မှုန့်များ၊ ညစ်နွမ်းအမှုန်တွေက ပတ်ဝန်းကျင်ကို လွှင့်ထွက်သွားပြီး အခြားရင်ကျပ်ရောဂါ ရှိသူတွေ ရှုရှိုက်မိမှာစိုးရိမ်စရာပဲဖြစ်တယ်။ သူ့လိုရင်ကျပ်ဖောက်လို့ ဆေးခန်းသွားရဦးမှာ။
စက်နဲ့ရေတွက်ခြင်းဟာ ဘဏ်တိုင်းမှာနေ့တဓူ၀ နာရီမိနစ်တိုင်းရေတွက်နေကြတော့ လေအေးစက်တပ်ထားတဲ့ အခန်းထဲမှာ လွင့် မျောလို့နေတယ်။ ဖြစ်နိုင်ရင် အဲဒီလေကို မရှုရှိုက်မိစေဖို့ လူတိုင်းနှာ ခေါင်းစည်းတပ်ထားသင့်တယ်။ ပြောရရင်ဘဏ်ထဲမှာ ရောဂါ တွေပျံ့လွင့်ပြီးနေတယ်။ ဒါကို ယနေ့ဘဏ်ဝန်ထမ်းများ ဘဏ်နဲ့မကင်းတဲ့ပြည်သူများ အလေးထားဂရုပြုမိသူနည်းပါးလှပါတယ်။
စက်တွေမပေါ်ခင်လက်နဲ့ ရေတွက်စဉ်ကသည်လောက်ပြဿနာမရှိပေမယ့် စက်ပေါ်လာပြီး ငွေကိုလှုပ်ခါလို့ရေတွက်နေစဉ်မှာ ပိုး မွှားတွေပျံ့လွင့်နေတော့တယ်။ လေအေးစက်မတပ်ထားရင်တော်သေးတယ်။ လေအေးစက်ပါတပ်ထားတဲ့အခါ ယင်းပိုးမွှားတွေ ကအခန်းထဲ၊ ချောင်ကြိုချောင်ကြားမကျန် ပျံ့နှံ့ကာ လူတွေအသက်ရှုမိရင်ကူးစက်သွားတယ်။ တစ်နည်းဆိုရရင် တုပ်ကွေးခံစားနေရတဲ့ ဖောက်သည်တစ်ယောက် လေအေးစက်တပ်ဆင်ထားတဲ့ ဘဏ်တစ်ခုထဲဝင်လာပြီး ချောင်းဆိုး၊ နှာချေလုပ်လိုက်ရုံနဲ့ ပတ်ဝန်းကျင်ပျံ့နှံ့သွားပြီး တုပ်ကွေးဖြစ်ကြရတယ်။ သည်တော့ လေအေးစက်တပ်ထားတာ မှားသလား၊ မှန်သလား ပြန်စီစစ်ဖို့ လိုလာတယ်။ ပတ်ဝန်းကျင် အပူ၊ အအေးရာသီအပြောင်းမှာ ဘယ်သူမဆိုသက်တောင့်သက်သာနေချင်တာ မှန်ပါတယ်။ နေ့စဉ် ဝင်ထွက်မှုများတဲ့ ဘဏ်ဖြစ်လေ၊ လေကတစ်ဆင့်ကူးစက်တဲ့နှုန်းပိုများလေလေ ပဲဖြစ်တယ်။
အမှုန်တွေ၊ မမြင်ရတဲ့ပိုးမွှားတွေက အရေပြားယားယံခြင်း၊ နှာချေခြင်း၊ လည်ချောင်းယားခြင်းဖြစ်စေတယ်။ “ဒေါင့်သန်း” (Antrex) ပိုးမွှားက အသက်ရှုလမ်းကြောင်းကတစ်ဆင့် ကူးနိုင်သလို၊ ရာသီပေါ်တုပ်ကွေးဖျားနာမှုက ဘဏ်ထဲရှိလူတွေအသက် ရှုတိုင်း၊ ချောင်းဆိုးနှာချေတိုင်း ကူးစက်နိုင်ပါတယ်။
ဘဏ်ထဲမှာငွေရေစက်မသုံးဘဲ (ယခင်ခေတ်ကလို လက်နဲ့ရေတွက်ရင် ဘယ်သူမှစောင့်နိုင်မှာ) စိတ်ရှည်မှာမဟုတ်လို့ လက် လျော့လိုက်ရတယ်။ သည်လိုဆိုရင် ငွေရေစက်တွေကို ရောဂါမပျံ့လွင့်ဘဲ ရေတွက်နိုင်မယ့်အခန်းပုံစုံပြုလုပ်ထားပြီး ရေတွက်ပြီးမှ တစ်ဖက်က အလိုအလျောက်ထွက်လာတဲ့စနစ်သုံးနိုင်ရင် ရောဂါပျံ့နှံ့မှု၊ ဖြစ်ပွားမှု (၇၅%)လျော့ကျသွားနိုင်တယ်။ နောက်တစ် ချက်က ဘဏ်ကိုလာတဲ့သူတိုင်းဘဏ်ဝန်ထမ်းတိုင်း နှာခေါင်းစည်းစည်းထားရင်ဒါဟာလည်း ဖောက်သည်ကိုဆွဲဆောင်ရာမရောက်နိုင်တဲ့နည်းလမ်းဖြစ်နေတော့ ဘဏ်မန်နေဂျာတွေ သဘောမတူနိုင်ကြဘူး။ သည် တော့နေ့စဉ်လေအေးစက်ပိတ်ပြီးရင် အခန်းထဲကပ်ကျန်ရစ်နေနိုင်တဲ့ တုပ်ကွေးလိုဗိုင်းရပ်စ်ပိုးမွှားတွေကင်းစင်နိုင်တဲ့ နည်းလမ်းနေ့စဉ်လေထုသန့်ရှင်းရေးလုပ်တဲ့ နည်း လမ်းတွေရှာဖို့လိုလာတယ်။
ရေရှည်အားဖြင့် ကွန်ပြူတာအမိန့်ပေးစေခိုင်းတဲ့ စနစ်အစားထိုးပြီး နောက်ပိုင်းမှာ အမှားအယွင်းနည်းပါးလာတာနဲ့အမျှ စက်အ သုံးစရိတ် (မီတာ၊ စက်ပစ္စည်းနဲ့၊ ကွန်ပြူတာစနစ်အတွက်) ဘဏ်တွေငွေအကုန်အကျများလာတာပဲဖြစ်တယ်။ ကွန်ပြူတာစနစ် တောက်လျောက်သုံးသူတွေအနေနဲ့ တစ်နာရီ (၁၀)မိနစ်နားစနစ် (သို့) စက်တစ်လုံးကို နှစ်ယောက်တာဝန်ချပေးတဲ့စနစ်ကျင့်သုံးနိုင်ပါမှ လည်ပင်းကျီးပေါင်းရောဂါ၊ မျက်စိမှုန်၊ မျက်စိနဲ့ဆိုင်တဲ့ရောဂါများမှ ကင်းဝေးနိုင်မယ်။ အအေးခန်းမှာတောက်လျောက် နေလာတော့အအေးနဲ့ မတည့်သူများ၊ရင်ကျပ်ရောဂါ၊ဓာတ်မတည့်ခြင်း၊ ယားနာအင်ပြင်ထွက် ခြင်းဖြစ်နိုင်တယ်။
Author – ဒေါက်တာလွင်သန့်