fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အသည်းခြောက်ရောဂါအကြောင်းသိကောင်းစရာ အပိုင်း(၁)

174
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/06/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

 

အသည္းေျခာက္တယ္။အသည္းေျခာက္တယ္ နဲ႔ ရပ္ကြက္ထဲမွာ မၾကာခဏေျပာတာၾကားဖူးမွာပါ။ သို႔ေသာ္ အသည္းေျခာက္တယ္ဆိုတာ ဘာလဲ လို႔ ေမးလိုက္ရင္ ေသခ်ာဂဃဏန မသိၾကတာမ်ားပါတယ္။ဒါေၾကာင္႔ဒီတပတ္မွာ အသည္းေျခာက္တာနဲ႔ပတ္သက္ျပီး သိသေလာက္ေရးသားတင္ျပခ်င္ပါတယ္။ အသည္းေျခာက္တာကို ရွင္းမျပခင္မွာ အသည္းအေၾကာင္းနည္းနည္းေျပာျပဖို႔လိုပါတယ္။ အသည္းဆိုတာဟာ ၀မ္းဗိုက္ပိုင္းရဲ႕ညာဘက္အေပၚျခမ္းမွာတည္ရွိပါတယ္။အသည္းကို Hepatocytes ဆိုတဲ႔အသည္းဆဲလ္ေပါင္းမ်ားစြာနဲ႔ဖြဲ႔စည္းထားပါတယ္။

အသည္းရဲ႕အဓိကလုပ္ငန္းေတြအေနနဲ႔ကေတာ႔

ေသြးထြက္ရင္ ေသြးတိတ္ဖို႔နဲ႔ ခႏၶာကိုယ္ရဲ႕တျခားျဖစ္စဥ္ေတြမွာ လိုအပ္တဲ႔ ပရိုတင္းေတြထုတ္လုပ္ေပးတာ၊ အဆီမ်ားတဲ႔အစာေတြကိုေခ်ဖ်က္ရာမွာ အေထာက္အကူျပဳတဲ႔သည္းေျခရည္ကို သည္းေျချပြန္ကတဆင္႔ အူသိမ္ထဲကို ထုတ္လုပ္ေပးတာ၊ စားေသာက္လိုက္တဲ႔အစားအေသာက္ေတြထဲမွာပါတဲ႔လူကိုဒုကၡေပးနိုင္ေသာ ဓါတုပစၥည္းေတြ၊ခႏၶာကိုယ္ကေနမလိုအပ္ေတာ႔တဲ႔စြန္႔ပစ္ပစၥည္းေတြ ေဟာ္မုန္းေတြကို ေခ်ဖ်က္စြန္႔ထုတ္ေပးတာ ၊ Portal Vein ကေနတဆင္႔ အစာအိမ္နဲ႔အူလမ္းေၾကာင္းကေန သူ႔ဆီလာတဲ႔ေသြးေတြကို သန္႔စင္စစ္ထုတ္ေပးတာ စသျဖင္႔အမ်ားၾကီးပါ။

အသည္းေျခာက္ေရာဂါ ျဖစ္ျပီ ဆိုရင္ အသည္း ဆဲလ္အမ်ားစု ပ်က္စီး ျပီး အနာ ႐ြတ္ တသွ်ဴးမ်ားနဲ႔ အစားထိုး လာမႈ ေၾကာင့္ အသည္း ပံုသဏၭာန္ ပ်က္စီးလာပါတယ္။အရြယ္အစားၾကီးလာတာလည္းျဖစ္နိုင္သလို အရြယ္အစားေသးတာလည္းျဖစ္နိုင္ပါတယ္။အမ်ားအားျဖင္႔ေတာ႔ အရြယ္အစားေသးသြားတာအျဖစ္မ်ားပါတယ္။ အသည္းေျခာက္လို႔ရႈံ႕တြလာတဲ႔အခါမွာ သူ႔ထဲကိုစီးတဲ႔ Portal vein အစရွိတဲ႔ ေသြးျပန္ေၾကာငယ္ မ်ားကိုလည္း က်ဥ္းေျမာင္း ပိတ္ဆို႔မႈျဖစ္ေပၚေစကာ ေသြးေၾကာေတြထဲက ဖိအားကိုျမွင္႔တက္လာေစပါတယ္။

အသည္းေျခာက္ျခင္းဟာ

အသည္းေရာင္အသား၀ါ (ဘီ) ပိုး၊ (စီ) ပိုး၀င္ရာကေနေနာက္ဆက္တြဲအေနနဲ႕လည္းျဖစ္နိုင္သလို အရက္ကိုေရရွည္ေသာက္တာကေနေနာက္ဆက္တြဲအေနနဲ႔လည္းျဖစ္နိုင္ပါတယ္။ အရက္ေသာက္တာ ပိုး၀င္တာေတြနဲ႔မဆိုင္ဘဲ တအား၀လို႔အသည္းအဆီဖံုးလာရာကေနေနာက္ဆက္တြဲအေနနဲ႔ျဖစ္တာလဲရွိတယ္။

ဒါ႔အျပင္

Haemochromatosis ေခၚ ခႏၶာကိုယ္တြင္း သံဓာတ္စုပ္ယူမႈမ်ားတဲ႔ေရာဂါေတြ

Wilson’s disease,Alpha 1 anti- trypsin deficiency စေသာမ်ိဳးရိုးဗီဇနဲ႔ဆိုင္တဲ႔ေရာဂါေတြ

မိမိ ခႏၶာကိုယ္ ခုခံမႈစနစ္မွ အသည္းဆဲလ္မ်ားအား မွားယြင္းတိုက္ခိုက္တဲ႔ Autoimmune chronic active hepatitis ဆိုတဲ႔ေရာဂါေတြ

အဆိပ္အေတာက္ေတြ၊ေဆး၀ါးေတြ

စတဲ႔အေၾကာင္းေတြေၾကာင္႔လည္း အသည္းေျခာက္ျခင္းျဖစ္နိုင္ပါတယ္။

အသည္းေျခာက္တာျဖစ္လာရင္ ျဖစ္နိုင္တဲ႔လကၡဏာေတြကေတာ႔

(၁)စားလိုက္တဲ႔အစားအစာေတြထဲမွာပါတဲ႔ ဓါတုပစၥည္းအဆိပ္အေတာက္ေတြကို အသည္းကပံုမွန္သန္႔စင္အဆိပ္ေျဖတာေတြမလုပ္နိုင္တဲ႔အတြက္ အေၾကာင္းမဲ႔ဖ်ားနာတာ၊ပ်ိဳ႕ခ်င္အန္ခ်င္သလိုျဖစ္တာ၊အစာမေၾကသလိုျဖစ္တာ စတဲ႔အေထြေထြက်န္းမာေရးခ်ိဳ႕တဲ႔တာေတြျဖစ္နိုင္ပါတယ္။

(၂)သည္းေျခရည္စီးဆင္းတဲ႔လမ္းေၾကာင္းပိတ္ဆို႔မႈျဖစ္ျပီး အ၀ါဓါတ္(Billirubin)ေတြကို မစြန္႔ထုတ္နိုင္တဲ႔အတြက္ အသား၀ါတာ မ်က္လံုး၀ါတာ၊ယားယံတာေတြလည္းျဖစ္လာပါတယ္။

(၃)ေျခာက္ေနေသာအသည္းဆဲလ္ မ်ားမွ ေသြးခဲရာမွာ လိုအပ္တဲ့ ပရိုတိန္းေတြကို မထုတ္လုပ္ႏိုင္မႈ ေၾကာင့္ ေသြးထြက္လြယ္ကာ နွာေခါင္းေသြးယိုတာ၊သြားဖံုးေသြးယိုတာ၊အေရျပားေပၚမွာ ေသြးေျခဥသလိုအညိဳကြက္ေတြျဖစ္တာေတြျဖစ္နိုင္ပါတယ္။

(၄) အသည္း ဆဲလ္မ်ားမွ အီစထ႐ို ဂ်င္ဓါတ္ ကို မေခ်ဖ်က္ မစြန္႔ထုတ္ ႏိုင္တဲ႔အတြက္ ေသြးတြင္း စုပံုလာျပီး အေရျပားေပၚမွာဆိုရင္ Spider naevi ဟုေခၚေသာ ပင္ကူကဲ႔သို႔ အလယ္တြင္ေဖာင္းျပီး ေဘးဘက္တြင္ေျခေထာက္မ်ားထြက္ေနတာနဲ႔တူတဲ႔ အနီေရာင္အကြက္မ်ားထြက္လာတာ လက္ဖ၀ါးေတြနီရဲေနတာေတြျဖစ္နိုင္ပါတယ္။

အမ်ဳိးသားမ်ားတြင္

ရင္သား ၾကီးလာျခင္း (Gynaecomastia)၊ ကာမဂုဏ္စိတ္ နည္းလာျခင္း(Loss of sexual drive)၊ ျမံဳတတ္ျခင္း (Infertility)၊ေ၀ွးေစ့ မ်ားက်ဳံလွီ လာျခင္း (Testicular atrophy) တို႔ ျဖစ္ေပၚနိုင္ပါတယ္။

အမ်ိဳးသမီးေတြအေနနဲ႕ကေတာ႔ ရင္သားေသးငယ္လာတာ၊ရာသီမေပၚတာေတြလည္းျဖစ္နိုင္ပါတယ္။

(၅) အသည္းေျခာက္လို႔ရႈံ႕တြလာတဲ႔အခါမွာ သူ႔ထဲကိုအစာလမ္းေၾကာင္းကေနစီးတဲ႔ Portal vein အစရွိတဲ႔ ေသြးျပန္ေၾကာငယ္ မ်ားကိုလည္း က်ဥ္းေျမာင္း ပိတ္ဆို႔မႈျဖစ္ေပၚေစကာ ေသြးေၾကာေတြထဲက ဖိအားကိုျမွင္႔တက္လာေစတဲ႔အခါမွာ ေရဖ်ဥ္းစြဲတာ၊ေဘလံုးၾကီးတာ၊ကိုယ္တြင္းရွိေသြးေၾကာထံုးမ်ား(အထူးသျဖင္႔အစာေရမ်ိဳျပြန္ရွိေသြးေၾကာထံုးေတြ)မွာဖိအားေတြတက္လာတာေတြျဖစ္နိုင္ပါတယ္။ေသြးေၾကာထံုးေတြမွာဖိအားတအားမ်ားလာတဲ႔အခါက် ေပါက္ထြက္ျပီး ေသြးအန္နိုင္ပါတယ္။အဲ႔လိုျဖစ္ရင္ အသက္အႏၱရာယ္အရမ္းစိုးရိမ္ရပါတယ္။

(၆)ကြ်န္ေတာ္တို႔ေန႔စဥ္စားတဲ႔အထဲမွာပါေသာ ပရိုတင္းဓါတ္မ်ားကို အူမၾကီးအတြင္းရွိဘက္တီးရီးယားမ်ားကေခ်ဖ်က္တဲ႔အခါမွာ အမိုးနီးယားဆိုတဲ႔အဆိပ္ဓါတ္ထြက္လာပါတယ္။ထိုအမိုးနီးယားဓါတ္ကို အသည္းက ယူရီးယားအျဖစ္ေျပာင္းေပးျပီး ဆီးကေနတဆင္႔စြန္႔ထုတ္ပါတယ္။

အသည္းမေကာင္းတဲ႔အခါအမိုးနီးယားဓါတ္မ်ားကို ယူရီးယားအျဖစ္မေျပာင္းနိုင္ေတာ႔တဲ႔အတြက္ဆီးထဲကေနတဆင္႔လည္းမစြန္႔နိုင္ေတာ႔ပါ။အဲ႔အခါမွာ အမိုးနီးယားဓါတ္ေတြက ေသြးျပန္ေၾကာမ်ားမွတဆင္႔ ဦးေႏွာက္ဆီကိုေရာက္ရွိသြားကာ ဦးေနွာက္ဆဲလ္မ်ားကို အဆိပ္အေတာက္ျဖစ္ေစတဲ႔အတြက္ လူနာဟာ Hepatic encephalopathy လို႔ေခၚတဲ႔ ေန႔မွန္းညမွန္းမသိတာ ဘယ္ေနရာေရာက္ေနမွန္းမသိတာ စတဲ႔ စိတ္ကေယာက္ကယက္ျဖစ္တာေတြျဖစ္လာနိုင္ပါတယ္။

ဒါေတြကေတာ႔ အသည္းေျခာက္ရင္ျဖစ္လာနိုင္တဲ႔ လကၡဏာေတြပါ။ဒီလိုလကၡဏာေတြရွိေနရင္ မေပါ႔ဆပဲ ဘာမွန္းသိေအာင္ ဆရာ၀န္နဲ႔ျပသျပီး စမ္းသပ္စစ္ေဆးမႈေတြလုပ္သင္႔ပါတယ္။အသည္းေျခာက္ရာကေနတဆင္႔ အသည္းကင္ဆာလည္းျဖစ္သြားနိုင္လို႔ပါ။ဘယ္လိုစမ္းသပ္စစ္ေဆးရမလဲ။စမ္းသပ္စစ္ေဆးလို႔အသည္းေျခာက္ေရာဂါရွိေနရင္ေကာ ဘယ္လိုလုပ္ရမလဲဆိုတာေတြကို အပိုင္း ၂ မွာဆက္လက္တင္ျပပါမယ္။

Dr 528

(Unicode)

အသည်းခြောက်တယ်။အသည်းခြောက်တယ် နဲ့ ရပ်ကွက်ထဲမှာ မကြာခဏပြောတာကြားဖူးမှာပါ။ သို့သော် အသည်းခြောက်တယ်ဆိုတာ ဘာလဲ လို့ မေးလိုက်ရင် သေချာဂဃဏန မသိကြတာများပါတယ်။ဒါကြောင့်ဒီတပတ်မှာ အသည်းခြောက်တာနဲ့ပတ်သက်ပြီး သိသလောက်ရေးသားတင်ပြချင်ပါတယ်။ အသည်းခြောက်တာကို ရှင်းမပြခင်မှာ အသည်းအကြောင်းနည်းနည်းပြောပြဖို့လိုပါတယ်။ အသည်းဆိုတာဟာ ဝမ်းဗိုက်ပိုင်းရဲ့ညာဘက်အပေါ်ခြမ်းမှာတည်ရှိပါတယ်။အသည်းကို Hepatocytes ဆိုတဲ့အသည်းဆဲလ်ပေါင်းများစွာနဲ့ဖွဲ့စည်းထားပါတယ်။

အသည်းရဲ့အဓိကလုပ်ငန်းတွေအနေနဲ့ကတော့

သွေးထွက်ရင် သွေးတိတ်ဖို့နဲ့ ခန္ဓာကိုယ်ရဲ့တခြားဖြစ်စဉ်တွေမှာ လိုအပ်တဲ့ ပရိုတင်းတွေထုတ်လုပ်ပေးတာ၊ အဆီများတဲ့အစာတွေကိုချေဖျက်ရာမှာ အထောက်အကူပြုတဲ့သည်းခြေရည်ကို သည်းခြေပြွန်ကတဆင့် အူသိမ်ထဲကို ထုတ်လုပ်ပေးတာ၊ စားသောက်လိုက်တဲ့အစားအသောက်တွေထဲမှာပါတဲ့လူကိုဒုက္ခပေးနိုင်သော ဓါတုပစ္စည်းတွေ၊ခန္ဓာကိုယ်ကနေမလိုအပ်တော့တဲ့စွန့်ပစ်ပစ္စည်းတွေ ဟော်မုန်းတွေကို ချေဖျက်စွန့်ထုတ်ပေးတာ ၊ Portal Vein ကနေတဆင့် အစာအိမ်နဲ့အူလမ်းကြောင်းကနေ သူ့ဆီလာတဲ့သွေးတွေကို သန့်စင်စစ်ထုတ်ပေးတာ စသဖြင့်အများကြီးပါ။

အသည်းခြောက်ရောဂါ ဖြစ်ပြီ ဆိုရင် အသည်း ဆဲလ်အများစု ပျက်စီး ပြီး အနာ ရွတ် တသျှူးများနဲ့ အစားထိုး လာမှု ကြောင့် အသည်း ပုံသဏ္ဌာန် ပျက်စီးလာပါတယ်။အရွယ်အစားကြီးလာတာလည်းဖြစ်နိုင်သလို အရွယ်အစားသေးတာလည်းဖြစ်နိုင်ပါတယ်။အများအားဖြင့်တော့ အရွယ်အစားသေးသွားတာအဖြစ်များပါတယ်။ အသည်းခြောက်လို့ရှုံ့တွလာတဲ့အခါမှာ သူ့ထဲကိုစီးတဲ့ Portal vein အစရှိတဲ့ သွေးပြန်ကြောငယ် များကိုလည်း ကျဉ်းမြောင်း ပိတ်ဆို့မှုဖြစ်ပေါ်စေကာ သွေးကြောတွေထဲက ဖိအားကိုမြှင့်တက်လာစေပါတယ်။

အသည်းခြောက်ခြင်းဟာ

အသည်းရောင်အသားဝါ (ဘီ) ပိုး၊ (စီ) ပိုးဝင်ရာကနေနောက်ဆက်တွဲအနေနဲ့လည်းဖြစ်နိုင်သလို အရက်ကိုရေရှည်သောက်တာကနေနောက်ဆက်တွဲအနေနဲ့လည်းဖြစ်နိုင်ပါတယ်။ အရက်သောက်တာ ပိုးဝင်တာတွေနဲ့မဆိုင်ဘဲ တအားဝလို့အသည်းအဆီဖုံးလာရာကနေနောက်ဆက်တွဲအနေနဲ့ဖြစ်တာလဲရှိတယ်။

ဒါ့အပြင်

Haemochromatosis ခေါ် ခန္ဓာကိုယ်တွင်း သံဓာတ်စုပ်ယူမှုများတဲ့ရောဂါတွေ

Wilson’s disease,Alpha 1 anti- trypsin deficiency စသောမျိုးရိုးဗီဇနဲ့ဆိုင်တဲ့ရောဂါတွေ

မိမိ ခန္ဓာကိုယ် ခုခံမှုစနစ်မှ အသည်းဆဲလ်များအား မှားယွင်းတိုက်ခိုက်တဲ့ Autoimmune chronic active hepatitis ဆိုတဲ့ရောဂါတွေ

အဆိပ်အတောက်တွေ၊ဆေးဝါးတွေ

စတဲ့အကြောင်းတွေကြောင့်လည်း အသည်းခြောက်ခြင်းဖြစ်နိုင်ပါတယ်။

အသည်းခြောက်တာဖြစ်လာရင် ဖြစ်နိုင်တဲ့လက္ခဏာတွေကတော့

(၁)စားလိုက်တဲ့အစားအစာတွေထဲမှာပါတဲ့ ဓါတုပစ္စည်းအဆိပ်အတောက်တွေကို အသည်းကပုံမှန်သန့်စင်အဆိပ်ဖြေတာတွေမလုပ်နိုင်တဲ့အတွက် အကြောင်းမဲ့ဖျားနာတာ၊ပျို့ချင်အန်ချင်သလိုဖြစ်တာ၊အစာမကြေသလိုဖြစ်တာ စတဲ့အထွေထွေကျန်းမာရေးချို့တဲ့တာတွေဖြစ်နိုင်ပါတယ်။

(၂)သည်းခြေရည်စီးဆင်းတဲ့လမ်းကြောင်းပိတ်ဆို့မှုဖြစ်ပြီး အဝါဓါတ်(Billirubin)တွေကို မစွန့်ထုတ်နိုင်တဲ့အတွက် အသားဝါတာ မျက်လုံးဝါတာ၊ယားယံတာတွေလည်းဖြစ်လာပါတယ်။

(၃)ခြောက်နေသောအသည်းဆဲလ် များမှ သွေးခဲရာမှာ လိုအပ်တဲ့ ပရိုတိန်းတွေကို မထုတ်လုပ်နိုင်မှု ကြောင့် သွေးထွက်လွယ်ကာ နှာခေါင်းသွေးယိုတာ၊သွားဖုံးသွေးယိုတာ၊အရေပြားပေါ်မှာ သွေးခြေဥသလိုအညိုကွက်တွေဖြစ်တာတွေဖြစ်နိုင်ပါတယ်။

(၄) အသည်း ဆဲလ်များမှ အီစထရို ဂျင်ဓါတ် ကို မချေဖျက် မစွန့်ထုတ် နိုင်တဲ့အတွက် သွေးတွင်း စုပုံလာပြီး အရေပြားပေါ်မှာဆိုရင် Spider naevi ဟုခေါ်သော ပင်ကူကဲ့သို့ အလယ်တွင်ဖောင်းပြီး ဘေးဘက်တွင်ခြေထောက်များထွက်နေတာနဲ့တူတဲ့ အနီရောင်အကွက်များထွက်လာတာ လက်ဖဝါးတွေနီရဲနေတာတွေဖြစ်နိုင်ပါတယ်။

အမျိုးသားများတွင်

ရင်သား ကြီးလာခြင်း (Gynaecomastia)၊ ကာမဂုဏ်စိတ် နည်းလာခြင်း(Loss of sexual drive)၊ မြုံတတ်ခြင်း (Infertility)၊ဝှေးစေ့ များကျုံလှီ လာခြင်း (Testicular atrophy) တို့ ဖြစ်ပေါ်နိုင်ပါတယ်။

အမျိုးသမီးတွေအနေနဲ့ကတော့ ရင်သားသေးငယ်လာတာ၊ရာသီမပေါ်တာတွေလည်းဖြစ်နိုင်ပါတယ်။

(၅) အသည်းခြောက်လို့ရှုံ့တွလာတဲ့အခါမှာ သူ့ထဲကိုအစာလမ်းကြောင်းကနေစီးတဲ့ Portal vein အစရှိတဲ့ သွေးပြန်ကြောငယ် များကိုလည်း ကျဉ်းမြောင်း ပိတ်ဆို့မှုဖြစ်ပေါ်စေကာ သွေးကြောတွေထဲက ဖိအားကိုမြှင့်တက်လာစေတဲ့အခါမှာ ရေဖျဉ်းစွဲတာ၊ဘေလုံးကြီးတာ၊ကိုယ်တွင်းရှိသွေးကြောထုံးများ(အထူးသဖြင့်အစာရေမျိုပြွန်ရှိသွေးကြောထုံးတွေ)မှာဖိအားတွေတက်လာတာတွေဖြစ်နိုင်ပါတယ်။သွေးကြောထုံးတွေမှာဖိအားတအားများလာတဲ့အခါကျ ပေါက်ထွက်ပြီး သွေးအန်နိုင်ပါတယ်။အဲ့လိုဖြစ်ရင် အသက်အန္တရာယ်အရမ်းစိုးရိမ်ရပါတယ်။

(၆)ကျွန်တော်တို့နေ့စဉ်စားတဲ့အထဲမှာပါသော ပရိုတင်းဓါတ်များကို အူမကြီးအတွင်းရှိဘက်တီးရီးယားများကချေဖျက်တဲ့အခါမှာ အမိုးနီးယားဆိုတဲ့အဆိပ်ဓါတ်ထွက်လာပါတယ်။ထိုအမိုးနီးယားဓါတ်ကို အသည်းက ယူရီးယားအဖြစ်ပြောင်းပေးပြီး ဆီးကနေတဆင့်စွန့်ထုတ်ပါတယ်။

အသည်းမကောင်းတဲ့အခါအမိုးနီးယားဓါတ်များကို ယူရီးယားအဖြစ်မပြောင်းနိုင်တော့တဲ့အတွက်ဆီးထဲကနေတဆင့်လည်းမစွန့်နိုင်တော့ပါ။အဲ့အခါမှာ အမိုးနီးယားဓါတ်တွေက သွေးပြန်ကြောများမှတဆင့် ဦးနှောက်ဆီကိုရောက်ရှိသွားကာ ဦးနှောက်ဆဲလ်များကို အဆိပ်အတောက်ဖြစ်စေတဲ့အတွက် လူနာဟာ Hepatic encephalopathy လို့ခေါ်တဲ့ နေ့မှန်းညမှန်းမသိတာ ဘယ်နေရာရောက်နေမှန်းမသိတာ စတဲ့ စိတ်ကယောက်ကယက်ဖြစ်တာတွေဖြစ်လာနိုင်ပါတယ်။

ဒါတွေကတော့ အသည်းခြောက်ရင်ဖြစ်လာနိုင်တဲ့ လက္ခဏာတွေပါ။ဒီလိုလက္ခဏာတွေရှိနေရင် မပေါ့ဆပဲ ဘာမှန်းသိအောင် ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးမှုတွေလုပ်သင့်ပါတယ်။အသည်းခြောက်ရာကနေတဆင့် အသည်းကင်ဆာလည်းဖြစ်သွားနိုင်လို့ပါ။ဘယ်လိုစမ်းသပ်စစ်ဆေးရမလဲ။စမ်းသပ်စစ်ဆေးလို့အသည်းခြောက်ရောဂါရှိနေရင်ကော ဘယ်လိုလုပ်ရမလဲဆိုတာတွေကို အပိုင်း ၂ မှာဆက်လက်တင်ပြပါမယ်။

Dr 528

Previous Post

ထူးခြားဆန်းပြား ရှေးရှေးတုန်းက  ကိုယ်ဝန်တားနည်းများ

Next Post

တားဆေးသုံးခြင်းကြောင့် ကလေးမရဖြစ်တတ်ပါသလား?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
849
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

တားဆေးသုံးခြင်းကြောင့် ကလေးမရဖြစ်တတ်ပါသလား?

တုပ်ကွေး ဖြစ်ရင် ဘယ်လို ကာကွယ်ကြမလဲ?

ကျောင်းဖွင့်ချိန်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.