fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

နှလုံးသွေးပြန်ခန်းနှစ်ခုကြားရှိနံရံတွင် အပေါက်ပါခြင်း

121
VIEWS
Share on FacebookShare on TwitterShare on Linkedin
20/06/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

နှလုံးသွေးပြန်ခန်းနှစ်ခုကြားရှိနံရံတွင် အပေါက်ပါခြင်း

နှလုံးသွေးပြန်ခန်းနှစ်ခုကြားရှိ နံရံတွင်အပေါက်ပါခြင်းဆိုတာ ဘာလဲ မပြောမီ အရင်ဆုံး နှလုံးအကြောင်းလေး နည်းနည်းရှင်းပြချင်ပါတယ်။ဒါမှသာ စာဖတ်ပရိသတ်အများစုသဘောပေါက်လွယ်မှာပါ။

နှလုံး(Heart)ဆိုတာ ကျွန်တော်တို့အသက်ရှင်ဖို့အတွက် အရေးကြီးဆုံး ကိုယ်တွင်းအင်္ဂါဖြစ်ပါတယ်။နှလုံးကနေ ဦးနှောက်အပါအဝင် တကိုယ်လုံးမှာရှိတဲ့အင်္ဂါအစိတ်အပိုင်းမှန်သမျှကိုသွေးထောက်ပံ့မှုပေးနေတာပါ။

နှလုံးဟာ ပုံမှန်အားဖြင့် ရင်ဘတ်ရဲ့ ဘယ်ဘက်အခြမ်း(ဝဲဘက်ရင်အုံ)မှာတည်ရှိပါတယ်။ နှလုံးမှာစုစုပေါင်းအခန်းလေးခန်း(Four Chambers)ရှိပါတယ်။

နှလုံးရဲ့ ဘယ်ညာတဖက်စီမှာ သွေးပြန်ခန်း(Atrium) နဲ့ သွေးလွှတ်ခန်း(Ventricle)တစုံစီပါရှိပါတယ်။

ညာဘက်သွေးပြန်ခန်း(Right atrium)ထဲကို ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းအားလုံးကို လိုအပ်တဲ့အာဟာရနဲ့အောက်စီဂျင်တွေထောက်ပံ့ပြီး ပြန်လာတဲ့ အောက်စီဂျင်ဓါတ်နည်းပါတဲ့ သွေးတွေက သွေးပြန်ကြောမကြီးကနေတဆင့်ဝင်ပါတယ်။

ထိုဝင်လာတဲ့သွေးတွေက ညာဘက်သွေးပြန်ခန်းကနေတဆင့် သူ့အောက်မှာရှိတဲ့ ညာဘက်သွေးလွှတ်ခန်း(Right Ventricle)ထဲရောက်ကာ ထိုမှတဆင့် နောက်ဆုံး အဆုတ်(Lungs)ဆီကိုရောက်ပါတယ်။အဆုတ်မှာ အောက်စီဂျင်အလဲအလှယ်(Gaseous Exchange)လုပ်ပြီးနောက် အောက်စီဂျင်ပြည့်ဝတဲ့သွေးတွေဟာ ဘယ်ဘက်သွေးပြန်ခန်း(Left Atrium)ထဲရောက်ပါတယ်။ထိုမှတဆင့် ဘယ်ဘက်သွေးလွှတ်ခန်း(Left Ventricle)ထဲကိုရောက်ကာ အဲ့မှာရှိတဲ့ သွေးလွှတ်ကြောမကြီး(Aorta)ကနေတဆင့် တကိုယ်လုံးရှိ အင်္ဂါအစိတ်အပိုင်းတွေဆီကို အောက်စီဂျင်ပြည့်ဝတဲ့သွေးတွေထောက်ပံ့ပေးပါတယ်။

ခြုံပြောရရင်

နှလုံးရဲ့ညာဘက်ခြမ်းက အင်္ဂါအစိတ်အပိုင်းတွေဆီကပြန်လာတဲ့ အောက်စီဂျင်ဓါတ်နည်းပါးတဲ့သွေးတွေရှိကာ ဘယ်ဘက်အခြမ်းက အင်္ဂါအစိတ်အပိုင်းတွေဆီထောက်ပံ့မယ့် အောက်စီဂျင်ဓါတ်ကြွယ်ဝတဲ့သွေးတွေရှိပါတယ်။ ဒီလိုဘယ်ညာနှစ်ဖက်ကိုရောမသွားအောင် Septum ဆိုတဲ့ နံရံနဲ့ခြားထားပါတယ်။

နှလုံးသွေးပြန်ခန်းနှစ်ခုကြားရှိ နံရံတွင်အပေါက်ပါခြင်းဆိုတာက ဘယ်ဘက်သွေးပြန်ခန်းနဲ့ညာဘက်သွေးပြန်ခန်းနှစ်ခု ကို ခြားထားတဲ့နံရံဖြစ်တဲ့ Septum မှာအပေါက်ဖြစ်တာကိုပြောတာပါ။ဆေးပညာအရတော့ Atrial Septal Defect – ASD)လို့ခေါ်ပါတယ်။

ဒီလိုအပေါက်ပါတဲ့အတွက် အင်္ဂါအစိတ်အပိုင်းတွေဆီကနေပြန်လာပြီး အောက်စီဂျင်ဓါတ်နည်းပါးတဲ့ နှလုံးညာဘက် သွေးပြန်ခန်းမှာရှိတဲ့သွေးတွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေကိုထောက်ပံ့ပေးမယ့် အောက်စီဂျင်ဓါတ်ကြွယ်ဝတဲ့ နှလုံးဘယ်ဘက်သွေးပြန်ခန်းမှာရှိတဲ့ သွေးတွေဟာ ရောနှောသွားပါတယ်။

ဒါ့အပြင် အပေါက်ကိုဖြတ်သန်းပြီး သွေးတွေဟာ ဟိုဘက်ဒီဘက်ကူးသန်းခြင်းကြောင့် ဘယ်ဘက်သွေးလွှတ်ခန်းထဲကိုရောက်တဲ့သွေးပမာဏလည်းနည်းသွားပါတယ်။

ရလဒ်အနေနဲ့ကတော့ ဘယ်ဘက်သွေးလွှတ်ခန်းမှာရှိတဲ့ သွေးလွှတ်ကြောမကြီးကနေတဆင့် တကိုယ်လုံးကိုထောက်ပံ့မယ့်သွေးတွေရဲ့ပမာဏရော သွေးထဲမှာပါတဲ့အောက်စီဂျင်ရော နည်းသွားပါတယ်။

စစချင်းမှာတော့ ဘာရောဂါလက္ခဏာမှ မယ်မယ်ရရမရှိပါဘူး။

သို့သော် အချိန်အတိုင်းအတာတခုကြာလာတဲ့အခါမှာဆိုရင်

အသက်ရှုမဝတာ၊ရင်ပြည့်ရင်ကယ်ဖြစ်တာ၊နည်းနည်းလှုပ်ရှားတာနဲ့ မောပန်းနွမ်းနယ်တာ၊လမ်းဝေးဝေးမလျှောက်နိုင်တာ၊ခြေထောက်တွေဖောတာ၊ရောင်တာတွေဖြစ်လာနိုင်ပါတယ်။

မကုဘဲထားရင် နောက်ဆက်တွဲအနေနဲ့ လေဖြတ်တာ၊နှလုံးအားနည်းပြီးပန်းတာ(Heart failure)၊အဆုတ်ထိခိုက်ပျက်စီးတာ စသဖြင့်ဖြစ်ကာ အသက်အန္တရာယ်ဖြစ်တဲ့အထိ ဆိုးရွားတတ်ပါတယ်။

နှလုံးသွေးပြန်ခန်းနှစ်ခုကြား နံရံမှာအပေါက်(ASD)ပါရတဲ့အကြောင်းအတိအကျကိုတော့ ခုထိမသိရသေးပါ။

အမိဝမ်းတွင်းကတည်းကနေ မျိုးရိုးလိုက်ဖြစ်ပွားတဲ့မွေးရာပါနှလုံးရောဂါအမျိုးအစား(Congenital Heart Disease)အနေနဲ့ပဲ ယူဆကြပါတယ်။

မွေးရာပါနှလုံးရောဂါဆိုပေမယ့် သူကမွေးပြီးပြီးချင်းဘာလက္ခဏာမှပြလေ့မရှိပါဘူး။တချို့တွေမှာလည်း အပေါက်ကအရွယ်အစား သေးရင် သူ့ဘာသာသူပြန်ပိတ်သွားတာလည်းရှိပါတယ်။

သို့သော် အပေါက်ကလည်းအရွယ်အစားကြီးပြီး သူ့ဘာသူမပိတ်ရင်ကျ အချိန်အတိုင်းအတာတခုထိ(ဥပမာ ဆယ်နှစ်၊အနှစ်နှစ်ဆယ်ကြာသည်အထိ) ကြာရင် အပေါ်မှာပြောခဲ့တဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။

အဲ့လိုခံစားရပြီဆိုရင် ဆရာဝန်နဲ့ပြသစမ်းသပ်ပြီး သွေးဖောက်စစ်တာ၊ဓါတ်မှန်ရိုက်တာ၊အီးစီဂျီဆွဲတာ(ECG)၊အက်ခိုးရိုက်တာ(Echo)၊သံလိုက်ဓါတ်မှန်ရိုက်တာ (MRI scan)စတဲ့စမ်းသပ်မှုတွေလုပ်ကြည့်သင့်ပါတယ်။

လုပ်ကြည့်လို့ နှလုံးသွေးပြန်ခန်းနှစ်ခုကြားနံရံမှာအပေါက်ပါတာမျိုးတွေ့ခဲ့ရင်တော့ ကုသမှုခံယူရပါမယ်။

မကုသဘဲထားရင်ကျ နောက်ဆက်တွဲပြသာနာတွေအနေနဲ့ လေဖြတ်တာ၊နှလုံးအားနည်းပြီးပန်းတာ(Heart failure)၊အဆုတ်ထိခိုက်ပျက်စီးတာ စသဖြင့်ဖြစ်ကာ အသက်အန္တရာယ်ဖြစ်တဲ့အထိ ဆိုးရွားတတ်လို့ပါ။အပေါ်မှာလည်းတခါပြောထားပါတယ်။

ကုသမှုအနေနဲ့ကတော့ နှလုံးကိုခွဲစိတ်ကုသရလေ့ရှိပါတယ်။

သို့သော် အခုနောက်ပိုင်းမှာတော့ အရင်ကလို နှလုံးကို အကြီးစားခွဲစိတ်စရာမလိုဘဲ သွေးပြန်ကြောကနေတဆင့်နှလုံးထဲကိုသွားကာ ကိရိယာပစ္စည်းတခုခုသုံးပြီး အပေါက်ကိုပိတ်ဆိုတဲ့နည်းပညာ(Catheter occlusion devices e.g- ASD occluder)ကိုသုံးပြီး ကုသလာကြတာလည်းတွေ့ရပါတယ်။

Dr 528

Previous Post

အစာအိမ်အောင့်ခြင်းနှင့် ဆောင်ရန် ရှောင်ရန်များ

Next Post

အရက်စွဲခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
852
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အရက်စွဲခြင်း

ကလေးများနှင့် ပန်းနာရင်ကျပ်ရောဂါ

အိပ်ပျော်နေစဉ် သုက်ထွက်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.