fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ရေဖျဉ်း

94
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/04/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

လူတစ္ေယာက္ ေရဖ်ဥ္းစြဲတယ္ဆိုရင္ အမ်ားစုက ဒီလူေတာ့ အသည္းေျခာက္ေနၿပီ၊ အသည္းမေကာင္းဘူး စသျဖင့္ ထင္တတ္ၾကတယ္။ ေရဖ်ဥ္းစြဲတယ္ဆိုတိုင္း အသည္းတစ္ခုထဲနဲ႔ေတာ့မဆိုင္ပါဘူး။ အသည္းေျခာက္တာကေတာ့ အမ်ားဆုံးႀကဳံေနရတဲ့ က်န္းမာေရး ျပႆနာတစ္ခုေပါ့။ ဒါေပမယ့္ တျခားေသာ ေရာဂါေတြမွာလည္း ေရဖ်ဥ္းစြဲႏိုင္ပါတယ္။ အနည္းအမ်ားေတာ့ ကြာႏိုင္ပါတယ္။

ဘယ္လိုေရာဂါမ်ိဳးေတြလဲ

တစ္ကိုယ္လုံးေဖာတတ္တဲ့ ေက်ာက္ကပ္ေယာင္ေရာဂါမွာလည္းျဖစ္တတ္တယ္။ မ်က္ႏွာေရာ ေျခေထာင္ေရာ ေဖာတဲ့အျပင္ ဗိုက္ထဲမွာပါ ေရဖ်ဥ္းစြဲတတ္ပါတယ္။ ေက်ာက္ကပ္ေရာဂါတိုင္းေတာ့ တစ္ကိုယ္လုံးမေဖာတတ္ပါဘူး။

သားဥအိမ္ ကင္ဆာ ေတြမွာလည္း ဗိုက္ႀကီးေဖာင္းေနတတ္တယ္။ သားဥအိမ္အလုံးကိုက ႀကီးေနတာေၾကာင့္လည္း ေဖာင္းတတ္တယ္။ ကင္ဆာေၾကာင့္ ဗိုက္ထဲမွာလည္း ေရဖ်ဥ္းဆြဲႏိုင္ပါတယ္။ တျခားေသာကင္ဆာေတြမွာလည္း ေရဖ်ဥ္းစြဲတတ္ပါတယ္။ မုန႔္ခ်ိဳအိတ္ကင္ဆာ၊ သားအိမ္ကင္ဆာ၊ အူမႀကီးကင္ဆာ စတာေတြမွာ ပိုျဖစ္တတ္ပါတယ္။

အူတီဘီမွာလည္း ေရဖ်ဥ္းစြဲႏိုင္ပါတယ္။ ပမာဏကေတာ့ နည္းတတ္တယ္။ ႏွလုံးမေကာင္းတာေၾကာင့္လည္း ျဖစ္တတ္တယ္။ မုန႔္ခ်ိဳအိတ္ ေရာင္ရမ္းတဲ့ေရာဂါ ေတြမွာလည္း ေရဖ်ဥ္းစြဲႏိုင္ပါတယ္။

ေရဖ်ဥ္း ျဖစ္လာၿပီဆို ပမာဏ အနည္းအမ်ားေပၚမူတည္ၿပီး လူနာခံစားရတာ ကြာပါတယ္။ ပမာဏနည္းေနတုန္းမွာေတာ့ လူနာက ဗိုက္နည္းနည္းတင္း႐ုံေလာက္ကလြဲၿပီး သိပ္မခံစားရတတ္ဘူး။ ပမာဏမ်ားတဲ့အခါမွာေတာ့ ဗိုက္တင္းတာကို ဆိုးဆိုး႐ြား႐ြား ခံစားရတတ္ပါတယ္။ ပက္လက္အိပ္လည္းမရ၊ ထိုင္လို႔လည္းမရ ဗိုက္ထဲ အင့္ၿပီး တင္းေနတတ္တယ္။ လူနာလည္း ေမာေနတတ္တယ္။

ေရဖ်ဥ္း တင္းလြန္းတဲ့အခါ ဗိုက္ႀကီးတစ္ခုလုံး ေျပာင္တင္းၿပီး အေရျပားေပၚမွာ ေသြးေၾကာေတြလည္း သိသိသာသာ ျမင္ေတြ႕ရတတ္ပါတယ္။ ေရဖ်ဥ္းအျပင္ နဂိုေရာဂါအခံရဲ႕ လကၡဏာေတြလည္း ေတြ႕ရတတ္ပါတယ္။

ေရဖ်ဥ္းျဖစ္တဲ့အခါ ေရေတြစုေနတာဆိုၿပီး ဆီးေဆးေပးတာလည္းရွိသလို ေဖာက္ထုတ္ေပးလည္းရွိပါတယ္။ အဓိကကေတာ့ အသည္းေျခာက္လို႔ျဖစ္လာတဲ့ ေရဖ်ဥ္းစြဲျခင္းေတြမွာ ေဖာက္ထုတ္ေပးဖို႔ လိုတတ္ပါတယ္။ ေရဖ်ဥ္း တင္းေနလြန္းလို႔တစ္ရက္ထဲ အကုန္ထုတ္မယ္လို႔လည္း လုပ္လို႔ မရပါဘူး။ ဘယ္ေလာက္ပဲတင္းေနပါေစ၊ တစ္ခါထုတ္ရင္ ႏွစ္ပုလင္း သုံးပုလင္းထက္ မပိုပါဘူး။ ေရဖ်ဥ္း ေဖာက္ထုတ္ၿပီးရင္ လူနာအေျခအေနကိုလည္း ျပန္ၾကည့္ရပါတယ္။

ေဖာက္ထုတ္ၿပီးတဲ့ ေရေတြကို ဓာတ္ခြဲခန္းပို႔ စစ္ေပးဖို႔လည္း လိုတတ္တယ္။ ေရာဂါသိၿပီးသားလိုမ်ိဳး ျဖစ္တဲ့ အသည္းေျခာက္တာေၾကာင့္ ျဖစ္တဲ့ ေရဖ်ဥ္းဆို ေဖာက္ထုတ္ရင္ေတာင္ ရလာတဲ့ ေရေတြကို ဓာတ္ခြဲခန္းပို႔ စစ္ေပးရပါတယ္။

ေရဖ်ဥ္းျဖစ္လာရင္ ဒါတစ္ခုတည္း ကုေနလို႔လည္းမရပါဘူး။ ေရဖ်ဥ္းကိုျဖစ္ေစတဲ့ ေရာဂါအခံကိုလည္း ေသခ်ာကုသဖို႔လိုပါတယ္။ မဟုတ္ရင္ ေရဖ်ဥ္း ထုတ္လိုက္ျပန္ျဖစ္လိုက္နဲ႔ သံသရာလည္ေနမွာပါပဲ။ ကုလို႔ေပ်ာက္တာရွိသလို မေပ်ာက္ႏိုင္တာေတြမွာေတာ့ ခဏခဏ ေရဖ်ဥ္းျပန္စြဲတတ္ၾကတာလည္းရွိေတာ့ ေဆး႐ုံလည္း ခဏခဏ ျပန္တက္ေနရတတ္ပါတယ္။

Author : Dr. CST

(Unicode)

လူတစ်ယောက် ရေဖျဉ်းစွဲတယ်ဆိုရင် အများစုက ဒီလူတော့ အသည်းခြောက်နေပြီ၊ အသည်းမကောင်းဘူး စသဖြင့် ထင်တတ်ကြတယ်။ ရေဖျဉ်းစွဲတယ်ဆိုတိုင်း အသည်းတစ်ခုထဲနဲ့တော့မဆိုင်ပါဘူး။ အသည်းခြောက်တာကတော့ အများဆုံးကြုံနေရတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပေါ့။ ဒါပေမယ့် တခြားသော ရောဂါတွေမှာလည်း ရေဖျဉ်းစွဲနိုင်ပါတယ်။ အနည်းအများတော့ ကွာနိုင်ပါတယ်။

ဘယ်လိုရောဂါမျိုးတွေလဲ

တစ်ကိုယ်လုံးဖောတတ်တဲ့ ကျောက်ကပ်ယောင်ရောဂါမှာလည်းဖြစ်တတ်တယ်။ မျက်နှာရော ခြေထောင်ရော ဖောတဲ့အပြင် ဗိုက်ထဲမှာပါ ရေဖျဉ်းစွဲတတ်ပါတယ်။ ကျောက်ကပ်ရောဂါတိုင်းတော့ တစ်ကိုယ်လုံးမဖောတတ်ပါဘူး။

သားဥအိမ် ကင်ဆာ တွေမှာလည်း ဗိုက်ကြီးဖောင်းနေတတ်တယ်။ သားဥအိမ်အလုံးကိုက ကြီးနေတာကြောင့်လည်း ဖောင်းတတ်တယ်။ ကင်ဆာကြောင့် ဗိုက်ထဲမှာလည်း ရေဖျဉ်းဆွဲနိုင်ပါတယ်။ တခြားသောကင်ဆာတွေမှာလည်း ရေဖျဉ်းစွဲတတ်ပါတယ်။ မုန့်ချိုအိတ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ စတာတွေမှာ ပိုဖြစ်တတ်ပါတယ်။

အူတီဘီမှာလည်း ရေဖျဉ်းစွဲနိုင်ပါတယ်။ ပမာဏကတော့ နည်းတတ်တယ်။ နှလုံးမကောင်းတာကြောင့်လည်း ဖြစ်တတ်တယ်။ မုန့်ချိုအိတ် ရောင်ရမ်းတဲ့ရောဂါ တွေမှာလည်း ရေဖျဉ်းစွဲနိုင်ပါတယ်။

ရေဖျဉ်း ဖြစ်လာပြီဆို ပမာဏ အနည်းအများပေါ်မူတည်ပြီး လူနာခံစားရတာ ကွာပါတယ်။ ပမာဏနည်းနေတုန်းမှာတော့ လူနာက ဗိုက်နည်းနည်းတင်းရုံလောက်ကလွဲပြီး သိပ်မခံစားရတတ်ဘူး။ ပမာဏများတဲ့အခါမှာတော့ ဗိုက်တင်းတာကို ဆိုးဆိုးရွားရွား ခံစားရတတ်ပါတယ်။ ပက်လက်အိပ်လည်းမရ၊ ထိုင်လို့လည်းမရ ဗိုက်ထဲ အင့်ပြီး တင်းနေတတ်တယ်။ လူနာလည်း မောနေတတ်တယ်။

ရေဖျဉ်း တင်းလွန်းတဲ့အခါ ဗိုက်ကြီးတစ်ခုလုံး ပြောင်တင်းပြီး အရေပြားပေါ်မှာ သွေးကြောတွေလည်း သိသိသာသာ မြင်တွေ့ရတတ်ပါတယ်။ ရေဖျဉ်းအပြင် နဂိုရောဂါအခံရဲ့ လက္ခဏာတွေလည်း တွေ့ရတတ်ပါတယ်။

ရေဖျဉ်းဖြစ်တဲ့အခါ ရေတွေစုနေတာဆိုပြီး ဆီးဆေးပေးတာလည်းရှိသလို ဖောက်ထုတ်ပေးလည်းရှိပါတယ်။ အဓိကကတော့ အသည်းခြောက်လို့ဖြစ်လာတဲ့ ရေဖျဉ်းစွဲခြင်းတွေမှာ ဖောက်ထုတ်ပေးဖို့ လိုတတ်ပါတယ်။ ရေဖျဉ်း တင်းနေလွန်းလို့တစ်ရက်ထဲ အကုန်ထုတ်မယ်လို့လည်း လုပ်လို့ မရပါဘူး။ ဘယ်လောက်ပဲတင်းနေပါစေ၊ တစ်ခါထုတ်ရင် နှစ်ပုလင်း သုံးပုလင်းထက် မပိုပါဘူး။ ရေဖျဉ်း ဖောက်ထုတ်ပြီးရင် လူနာအခြေအနေကိုလည်း ပြန်ကြည့်ရပါတယ်။

ဖောက်ထုတ်ပြီးတဲ့ ရေတွေကို ဓာတ်ခွဲခန်းပို့ စစ်ပေးဖို့လည်း လိုတတ်တယ်။ ရောဂါသိပြီးသားလိုမျိုး ဖြစ်တဲ့ အသည်းခြောက်တာကြောင့် ဖြစ်တဲ့ ရေဖျဉ်းဆို ဖောက်ထုတ်ရင်တောင် ရလာတဲ့ ရေတွေကို ဓာတ်ခွဲခန်းပို့ စစ်ပေးရပါတယ်။

ရေဖျဉ်းဖြစ်လာရင် ဒါတစ်ခုတည်း ကုနေလို့လည်းမရပါဘူး။ ရေဖျဉ်းကိုဖြစ်စေတဲ့ ရောဂါအခံကိုလည်း သေချာကုသဖို့လိုပါတယ်။ မဟုတ်ရင် ရေဖျဉ်း ထုတ်လိုက်ပြန်ဖြစ်လိုက်နဲ့ သံသရာလည်နေမှာပါပဲ။ ကုလို့ပျောက်တာရှိသလို မပျောက်နိုင်တာတွေမှာတော့ ခဏခဏ ရေဖျဉ်းပြန်စွဲတတ်ကြတာလည်းရှိတော့ ဆေးရုံလည်း ခဏခဏ ပြန်တက်နေရတတ်ပါတယ်။

Author : Dr. CST

Previous Post

အမေးများတဲ့ရေအိတ်

Next Post

ဆီးချိုသွေးချိုဖြစ်ရင် သောက်ဆေးထိုးဆေးနဲ့တင် လုံလောက်ပြီလား။

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.6k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
967
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
871
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.4k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.5k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.5k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆီးချိုသွေးချိုဖြစ်ရင် သောက်ဆေးထိုးဆေးနဲ့တင် လုံလောက်ပြီလား။

အသားတွေယားတာ ဘာလို့လဲ

ဘယ်တားဆေးရွေးရပါ့မလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.