(Zawgyi)
တုပ္ေကြး ျဖစ္ရင္ ဘယ္လို ကာကြယ္ၾကမလဲ?
အခုလို မိုး႐ြာလိုက္ ေနပူလိုက္ျဖစ္ေနတဲ့ ရာသီဥတု အေျခအေန ေတြ မွာ အျဖစ္မ်ားတာ ကေတာ့ တုပ္ေကြးပါပဲ။ လူက ညည္းစိစိ နဲ႔ ကိုယ္ခႏၶာ ဟိုနား နာသလို ဒီနား ကိုက္သလို နဲ႔ ေနရထိုင္ရ ခက္ခဲတတ္ပါတယ္။
တုပ္ေကြး ျဖစ္တာ ကေတာ့ ဘတ္တီးရီးယား နဲ႔ ဗိုင္းရပ္စ္ ေရာဂါပိုးေတြေၾကာင့္ပါ။ ဒါေပမယ့္ အဲ့ ဒီ ဘတ္တီးရီးယား၊ ဗိုင္းရပ္စ္ ေရာဂါပိုးေတြ ကို အလြယ္တကူ ဝင္ေရာက္ေစတဲ့ အေၾကာင္းအရာ ကေတာ့
- အရက္အလြန္အကြၽံ ေသာက္ျခင္း
- အိပ္ေရး မဝျခင္း (တေန႔ကို အနည္းဆုံး၈ နာရီ အိပ္ေပးသင့္ပါတယ္)
- ေလ့က်င့္ခန္း အျပင္းအထန္ လုပ္ျခင္း – ေလ့က်င့္ခန္း အျပင္းအထန္ လုပ္ျခင္းေၾကာင့္ ခႏၶာကိုယ္ က ေခြၽး ႏွင့္ သတၱဳ ဓါတ္ေတြ ဆုံးရႈံးသြားအတြက္ ပိုၿပီး ႏုံးလာၿပီး။ တုပ္ေကြးကို ပိုဆိုးေစပါတယ္။
- အဝလြန္တဲ့ သူေတြ မွာ ဆိုရင္လည္း ေတာ္႐ုံတန္႐ုံ တုပ္ေကြး ျဖစ္ေစတဲ့ပိုးမႊားေတြ ကို ခုခံႏိုင္စြမ္း မရွိတတ္ပါဘူး။
- အဆီအဆိမ့္ေတြ အမ်ားႀကီးစားတဲ့ သူမ်ား
- ေဆးလိပ္ေသာက္တတ္တဲ့ သူမ်ား။
- စိတ္ဖိစီးမႈ႕ မ်ားတဲ့ သူေတြ မွာ ဆိုရင္ တုပ္ေကြးျဖစ္ပြားဖို႔ အခြင့္ အလန္း ပိုမ်ားပါတယ္။
ဒါဆို တုပ္ေကြးမျဖစ္ေအာင္ ဘယ္လို စားေသာက္ေနထိုင္ၾကမလဲ????
အဆီကိုေလွ်ာ့စားၿပီး အသားဓါတ္ႏွင့္ ကစီဓါတ္ ကို မွ်တ စြာစားပါ။
ဗီတာမင္စီ အားေဆး ဒါမွ မဟုတ္ ဗီတာမင္စီ ႂကြယ္ဝတဲ့ အစားအစာ ေတြ မ်ားမ်ား စားပါ။
ဗီတာမင္ ဒီ ႂကြယ္ဝတဲ့ အစားအစာ ေတြ မ်ားမ်ားစားပါ။ လိုအပ္ရင္ ဗီတာမင္ဂဒီ အားေဆးေသာက္ပါ။ ဆရာဝန္ႏွင့္ ေသခ်ာ တိုင္ပင္ၿပီးမွ ေသာက္ပါ။
ဇင့္ ဓါတ္ႂကြယ္ဝတဲ့ အေစ့အဆန္မ်ား၊ ႏွံစားအမ်ိဳးမ်ိဳး စားေပးပါ။
သံဓါတ္ ႂကြယ္ဝ တဲ့ဘအစားအစာ မ်ားျဖစ္တဲ့ ကန္ဇြန္း႐ြက္၊ ဟာင္းႏုႏြယ္၊ အနီေရာင္ အသားမ်ား။ ၾကက္ အသည္း၊ အမဲ အသည္း၊ ဝက္အသည္း စားေပးပါ။
စီလီနီယမ္ ႂကြယ္ဝတဲ့ ႏွံစားမ်ားႏွင့္ မႈိ အမ်ိဳးမ်ိဳး ကိုစားေပးပါ။
Phytonutrients ႂကြယ္ဝတဲ့ အစားအစာေတြ ျဖစ္တဲ့ ပဲပုပ္ေစ့၊ ကန္ဇြန္းဥ၊ မုန္လာဥနီ၊ တိုဟူး စတာေတြ မ်ားမ်ားစားေပးပါ။
အမွ်င္ဓါတ္ ႂကြယ္ဝေအာင္ အသီးအ႐ြက္မ်ားမ်ား စားေပးပါ။
သင့္တင့္ေလ်ာက္ပတ္ေသာ ေလ့က်င့္ခန္းဂတစ္ခုခု (အျပင္းအထန္ မဟုတ္) ေန႔စဥ္လုပ္ေပးပါ။
တုပ္ေကြးအျဖစ္မ်ားတဲ့ အခုလိုအခ်ိန္မွာ လိုက္လုပ္ၿပီး တုပ္ေကြးေရာဂါ ကိုဂတဖက္တလမ္း ကေန ကာကြယ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ မိုးရာသီမေရာက္ခင္ တုပ္ေကြးကာကြယ္ေဆးလည္း ႀကိဳတင္ထိုးထားႏိုင္ၿပီး ကာကြယ္ႏိုင္ပါတယ္။
ေလးစားစြာျဖင့္
ေဒါက္တာ ညီညီေက်ာ္
(Unicode)
တုပ်ကွေး ဖြစ်ရင် ဘယ်လို ကာကွယ်ကြမလဲ????
အခုလို မိုးရွာလိုက် နေပူလိုက်ဖြစ်နေတဲ့ ရာသီဥတု အခြေအနေ တွေ မှာ အဖြစ်များတာ ကတော့ တုပ်ကွေးပါပဲ။ လူက ညည်းစိစိ နဲ့ ကိုယ်ခန္ဓာ ဟိုနား နာသလို ဒီနား ကိုက်သလို နဲ့ နေရထိုင်ရ ခက်ခဲတတ်ပါတယ်။
တုပ်ကွေး ဖြစ်တာ ကတော့ ဘတ်တီးရီးယား နဲ့ ဗိုင်းရပ်စ် ရောဂါပိုးတွေကြောင့်ပါ။ ဒါပေမယ့် အဲ့ ဒီ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ် ရောဂါပိုးတွေ ကို အလွယ်တကူ ဝင်ရောက်စေတဲ့ အကြောင်းအရာ ကတော့
အရက်အလွန်အကျွံ သောက်ခြင်း
အိပ်ရေး မဝခြင်း (တနေ့ကို အနည်းဆုံး၈ နာရီ အိပ်ပေးသင့်ပါတယ်)
လေ့ကျင့်ခန်း အပြင်းအထန် လုပ်ခြင်း – လေ့ကျင့်ခန်း အပြင်းအထန် လုပ်ခြင်းကြောင့် ခန္ဓာကိုယ် က ချွေး နှင့် သတ္တု ဓါတ်တွေ ဆုံးရှုံးသွားအတွက် ပိုပြီး နုံးလာပြီး။ တုပ်ကွေးကို ပိုဆိုးစေပါတယ်။
အဝလွန်တဲ့ သူတွေ မှာ ဆိုရင်လည်း တော်ရုံတန်ရုံ တုပ်ကွေး ဖြစ်စေတဲ့ပိုးမွှားတွေ ကို ခုခံနိုင်စွမ်း မရှိတတ်ပါဘူး။
အဆီအဆိမ့်တွေ အများကြီးစားတဲ့ သူများ
ဆေးလိပ်သောက်တတ်တဲ့ သူမျာ။
စိတ်ဖိစီးမှု့ များတဲ့ သူတွေ မှာ ဆိုရင် တုပ်ကွေးဖြစ်ပွားဖို့ အခွင့် အလန်း ပိုများပါတယ်။
ဒါဆို တုပ်ကွေးမဖြစ်အောင် ဘယ်လို စားသောက်နေထိုင်ကြမလဲ????
အဆီကိုလျှော့စားပြီး အသားဓါတ်နှင့် ကစီဓါတ် ကို မျှတ စွာစားပါ။
ဗီတာမင်စီ အားဆေး ဒါမှ မဟုတ် ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာ တွေ များများ စားပါ။
ဗီတာမင် ဒီ ကြွယ်ဝတဲ့ အစားအစာ တွေ များများစားပါ။ လိုအပ်ရင် ဗီတာမင်ဂဒီ အားဆေးသောက်ပါ။ ဆရာဝန်နှင့် သေချာ တိုင်ပင်ပြီးမှ သောက်ပါ။
ဇင့် ဓါတ်ကြွယ်ဝတဲ့ အစေ့အဆန်များ၊ နှံစားအမျိုးမျိုး စားပေးပါ။
သံဓါတ် ကြွယ်ဝ တဲ့ဘအစားအစာ များဖြစ်တဲ့ ကန်ဇွန်းရွက်၊ ဟာင်းနုနွယ်၊ အနီရောင် အသားများ။ ကြက် အသည်း၊ အမဲ အသည်း၊ ဝက်အသည်း စားပေးပါ။
စီလီနီယမ် ကြွယ်ဝတဲ့ နှံစားများနှင့် မှို အမျိုးမျိုး ကိုစားပေးပါ။
Phytonutrients ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်တဲ့ ပဲပုပ်စေ့၊ ကန်ဇွန်းဥ၊ မုန်လာဥနီ၊ တိုဟူး စတာတွေ များများစားပေးပါ။
အမျှင်ဓါတ် ကြွယ်ဝအောင် အသီးအရွက်များများ စားပေးပါ။
သင့်တင့်လျောက်ပတ်သော လေ့ကျင့်ခန်းဂတစ်ခုခု (အပြင်းအထန် မဟုတ်) နေ့စဉ်လုပ်ပေးပါ။
တုပ်ကွေးအဖြစ်များတဲ့ အခုလိုအချိန်မှာ လိုက်လုပ်ပြီး တုပ်ကွေးရောဂါ ကိုဂတဖက်တလမ်း ကနေ ကာကွယ်ပေးနိုင်ပါတယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်