fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း
ယားယံစေတဲ့ အရေပြားပေါ်က အဖုအပိမ့်တွေ
440
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/05/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A
Author : Dr. မေ
ယားယံစေတဲ့ အရေပြားပေါ်က အဖုအပိမ့်တွေ
ရုတ်တရက် အရေပြားမှာ အနီကွက်တွေ အဖုအပိမ့်လိုက်ထွက်ပြီး ယားယံတာမျိုး ခံစားဖူးပါသလား။ ယားလို့ ကုတ်ရင်းကုတ်ရင်းကနေ ရဲပြီး အဖုအပိမ့်တွေ ထွက်လာဖူးပါသလား။ လူတော်တော်များများက အင်ပျဉ်လို့ သိထားကြပါတယ်။ အင်ပျဉ်ဆိုတာ ယားယံပြီး နီရဲနေတဲ့ အပိမ့်တွေ ပြင်လိုက် ထွက်လာတာမျိုးကို ခေါ်တာပါ။ ကိုင်ကြည့်ရင်လည်း ပုံမှန်ထက်စာရင် ပူနေတတ်ပါတယ်။
ဘာလို့ အပိမ့်အကြီးကြီးတွေ ပြင်လိုက်ထွက်တာလဲဆိုတော့ ကိုယ်ခန္ဓာရဲ့ ဖြစ်ရိုးဖြစ်စဉ် တစ်ခုကြောင့်ပါ။ ဓာတ်မတည့်တာ တစ်ခုခုနဲ့ တွေ့တဲ့အခါ ခန္ဓာကိုယ်က histamine လို့ခေါ်တဲ့ ဓာတ်တစ်မျိုး ထွက်ပါတယ်။ အဲဒီဓာတ်ကြောင့် ဆံချည်မျှင်သွေးကြောတွေထဲကနေ အရည်တွေ စိမ့်ထွက်လာပါတယ်။ စိမ့်ထွက်လာတဲ့ အရည်တွေဟာ အရေပြားအောက်မှာ စုပြီး အပိမ့်အကြီးကြီးတွေကို ဖြစ်ပေါ်စေပါတယ်။
ဘာကြောင့်ဖြစ်တာလဲဆိုရင် အဓိက ကတော့ ဓာတ်မတည့်တာကြောင့်ပါ။ လူတစ်ယောက်နဲ့ တစ်ယောက် ဓာတ်မတည့်ဖြစ်စေတဲ့ အရာတွေ မတူတာမို့ ဘာကြောင့်ဖြစ်တယ်ဆိုတာ သေချာပြောဖို့ ခက်ခဲပါတယ်။ များသောအားဖြင့် လူတော်တော်များများ ဓာတ်မတည့်ဖြစ်တတ်ကြတာကတော့
• ဆေးဝါးတွေ ( အဓိကအားဖြင့် အကိုက်အခဲပျောက်ဆေးတွေ ၊ ပိုးသတ်ဆေးတွေ၊ သွေးပေါင်ကျဆေးတွေထဲက တချို့သော အမျိုးအစားတွေကို ဓာတ်မတည့်တာ များပါတယ်။)
• အစားအစာတွေထဲမှာဆို ပင်လယ်စာလိုမျိုး ၊ မြေပဲလို အစေ့အဆန်မျိုးတွေကို ဓာတ်မတည့်တာ များပါတယ်။
• တချို့တွေကျ တိရစ္ဆာန်တွေရဲ့ အမွှေးအမျှင်တွေကို ဓာတ်မတည့်တတ်ကြဘူး
• ပြီးတော့ အဖြစ်များသေးတာက အမွှေးနံသာ ပါတဲ့ အလှကုန်ပစ္စည်း ၊ ဆပ်ပြာလိုမျိုးတွေကလည်း ဓာတ်မတည့်မှုတွေကို ဖြစ်စေတတ်ပါတယ်။
• ပူပြင်းတဲ့ ရာသီလိုမျိုးမှာဆို ထွက်တဲ့ချွေးတွေကို ဓာတ်မတည့်တာမျိုးလည်း ရှိပါတယ်။ ချွေးထွက်ပြီး အပိမ့်တွေ ထွက်လာတာမျိုးတွေပေါ့။
• နောက်တစ်ခုက အမှိုက်တွေ အမှုန်အမွှားတွေကို ဓာတ်မတည့်တာ (ဖုန်ထူတဲ့နေရာမျိုးကို သွားပြီးမှ အင်ပျဉ်တွေ ထွက်လာတာမျိုး)
• ပြီးတော့ ပန်းဝတ်မှုန်တွေကို ဓာတ်မတည့်တဲ့သူတွေလည်း ရှိသေးတယ်။
ဒီနိုင်ငံအနေနဲ့ဆို အင်ပျဉ်ထပြီဆို မမေ့မလျော့ ထည့်စဉ်းစားရမှာ တစ်ခုက သန်ကောင် တုတ်ကောင်တွေ ကြောင့်။ သန်ကောင် တုတ်ကောင်တွေ ရှိနေတယ်ဆိုလည်း အင်ပျဉ်ထတတ်ပါသေးတယ်။ ပြီးတော့ ကိုယ်ခန္ဓာအတွင်းပိုးဝင်တာမျိုး (ဥပမာ တုပ်ကွေးပိုးလိုမျိုး ၊ အသည်းရောင်အသားဝါ ဘီပိုးလိုမျိုးတွေ ဝင်လို့ရှိရင်လည်း အင်ပျဉ်ထွက်ပြီး ယားယံတာမျိုး ဖြစ်တတ်ပါတယ်)။ ပြီးတော့ တချို့နာတာရှည်ရောဂါတွေ ဥပမာပြောရရင် လည်ပင်းကြီးရောဂါတွေ အရေပြားလေးဖက်နာရောဂါ ခံစားနေရသူတွေမှာဆိုလည်း အကြောင်းအရင်း သေချာမရှိဘဲ အင်ပျဉ်ထွက်တာမျိုး ကြုံတွေ့ရတတ်ပါတယ်။
တချို့ကျ လေ့ကျင့်ခန်းလုပ်ပြီး အင်ပျဉ်ထွက်တာမျိုး ဖြစ်တတ်သလို တချို့ကျလည်း အရေပြားကို ပွတ်နေရင်း ကုတ်နေရင်းကနေ အင်ပျဉ်တွေ ပြင်လိုက်ကြီးထွက်လာတာမျိုး ဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှုတွေကလည်း အင်ပျဉ်ထွက်တာကို ပိုဆိုးစေပါသေးတယ်။
အင်ပျဉ်ထွက်တာကို ဘယ်လိုကာကွယ်ကြမလဲ။ အဓိကကတော့ ဖြစ်စေတဲ့ အကြောင်းအရာတွေကို ရှောင်ရမှာပါ။ ဒါကြောင့် အင်ပျဉ်ထွက်တဲ့သူတွေကို အကြံပေးချင်တာ တစ်ခုကတော့ ဒိုင်ယာရီလို စာအုပ်မျိုးနဲ့ ရေးမှတ်ထားဖို့ပါ။ ဘာတွေကို စားမိတယ် ဘာတွေသုံးမိတယ်ဆိုတာကို ရေးမှတ်ထားခြင်းဖြင့် ကိုယ်ဘာကို မတည့်လဲဆိုတာကို အလွယ်တကူ သိနိုင်ပါလိ့မ်မယ်။
အဝတ်အစားဆိုလည်း ပေါ့ပေါ့ပါးပါးနဲ့ သက်တော့င်သက်သာ ရှိတာမျိုးကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ အနံ့ပြင်းတဲ့ အလှပြင်ပစ္စည်းတွေကို ရှောင်ကြဉ်သင့်ပါတယ်။ အကြောင်းတစ်ခုခုကြောင့် အရေပြား ယားယံတဲ့အခါမှာလည်း ပွတ်တာမျိုး ကုတ်တာမျိုး မလုပ်ဘဲ ရေခဲဝတ်လေး ကပ်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်။ အယားသက်သာစေတဲ့ ဘာမီတွန်လိုမျိုး စီထရီစင်းလိုမျိုးဆေးတွေကို ဆောင်ထားသင့်ပါတယ်။ ၆ လတစ်ခါ ပုံမှန်သန်ချပေးပါ။
ဘယ်လိုအချိန်မှာ ဆရာဝန်ပြသင့်သလဲဆိုရင် အင်ပျဉ်ထွက်တာ ၂ ရက်ထက် ပိုကြာလာရင် ၊ မတည့်တာတွေကို ရှောင်နေရက်နဲ့ကို မကြာခဏ ဖြစ်နေရင် ၊ အင်ပျဉ်တွေက အများကြီး ပျံ့သွားရင် ၊ အသက်ရှူကြပ်လာတာမျိုးပါ ဖြစ်လာခဲ့ရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။
Author : Dr. မေ
Previous Post
အဆီပြန်သော သင့်အသားအရေကို ဘယ်လိုဂရုစိုက်ရမလဲ။
Next Post
ခုမှ သိတော့
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
Vitamin B12 Deficiency and Neuropathy
ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း
1 year ago
2.8k
An eye cloud that should not be neglected
မပေါ့ဆသင့်သော မျက်စိတိမ်
1 year ago
1.1k
UV rays and eye health
ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး
1 year ago
886
Why is memory weak at a young age?
ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?
1 year ago
1.5k
The consequences of a weak immune system
ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ
1 year ago
1.6k
နွေရာသီနှင့်မိတ်ပြဿနာ
1 year ago
1.5k
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
ခုမှ သိတော့
ဘယ်လိုလာလာ အေးဆေးပါ
ဆံပင်ဆေးမဆိုးခင် စဉ်းစားစေချင်
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.