fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အသံဝင်ခြင်း

826
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/06/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

အသံဝင္ျခင္း

အသံတစ္ခုျဖစ္ဖို႔ဆိုတာ လွ်ာတစ္ခုတည္းရဲ႕တာဝန္မဟုတ္ပါဘူး လွ်ာရယ္ အာေခါင္ရယ္ လွ်ာခင္ရယ္ အတူတူပူးေပါင္းလႈပ္ရွားရပါတယ္။ ဒီလႈပ္ရွားမႈကို ဦးေဆာင္တဲ့ အာ႐ုံေၾကာအစိတ္အပိုင္းေတြလည္းရွိပါေသးတယ္။ ဒါေၾကာင့္အသံတစ္ခုျဖစ္ဖို႔မလြယ္ပါဘူး။
အသံ ပုံမွန္အတိုင္းထြက္ေနတယ္ဆို လူေတြသိပ္ဂ႐ုမစိုက္မိတတ္ၾကဘူး။ အသံဝင္ေနတဲ့အခါဆိုရင္ေတာ့ ကိုယ့္အသံကိုယ္ဂ႐ုစိုက္တတ္ၾကပါတယ္။
အသံဝင္တယ္ဆိုတာ အတိုင္းအဆမ်ိဳးစုံရွိပါတယ္ အသံနည္းနည္းပဲဝင္တာလား အသံလုံးဝမထြက္ႏိုင္တာလား ဆိုၿပီးေတာ့ပါ အသံ ဝင္ၿပီဆို ႐ိုး႐ိုး အေအးမိ လည္ေခ်ာင္းနာကေန ကင္ဆာေရာဂါအထိ စဥ္းစားၾကရပါတယ္ ျဖစ္ပြားပုံ ၾကာခ်ိန္စတာေတြေပၚမူတည္ပါတယ္။

အခ်ိဳရည္ေတြ ဆီေၾကာ္မုန႔္ေတြ ေသာက္တာစားတာမ်ားတယ္ဆို ေခ်ာင္းဆိုးခြၽဲက်ပ္တတ္ကေန အသံပါဝင္တတ္ပါတယ္။ အသံအသုံးျပဳတာမ်ားတယ္ဆိုလည္း အသံဝင္တတ္တယ္။ အသံကို အက်ယ္ႀကီးေအာ္ေျပာရတဲ့သူေတြ အဆိုေတာ္ေတြမွာ ျဖစ္တတ္ပါတယ္။ ဒါမ်ိဳးေတြမွာက သဘာဝနည္းနဲ႔ အသံဝင္တာကို သက္သာေအာင္ကုသလို႔ရတယ္။ ေရေႏြးအျဖဴထည္ပဲခဏခဏေသာက္ေပးလို႔ရတယ္ အေအးစာေတြ ဆီမ်ားတာေတြေရွာင္တယ္။ အသံကို အရမ္းမသုံးဘဲ ထားမယ္ ေဆးမလိုတတ္ေသးဘူး ငုံေဆးေလာက္ပဲသုံးတယ္ဆိုလည္း ရတယ္။ အသံလြယ္လြယ္ျပန္ထြက္တယ္ တစ္ခ်ိဳ႕ေတြမွာေတာ့ အသံအိုးအထိ ထိခိုက္ပ်က္စီးတတ္တယ္ ဒါဆို နဂိုအသံျပန္ရဖို႔ခက္ပါတယ္။

ႏွာေစးေခ်ာင္းဆိုးျဖစ္ၿပီး အသံဝင္တယ္ဆိုရင္ေတာ့ တစ္ခါတစ္ေလ ပိုးသတ္ေဆးလည္းလိုတတ္တယ္။ ႏွာေစးေခ်ာင္းဆိုးေပ်ာက္ေဆးေတြပါ တြဲေသာက္ရတတ္တယ္ သဘာဝနည္းလမ္းေတြနဲ႔ပဲ မသက္သာတတ္ဘူး ဒီလိုအေအးမိတာကလည္းအသံလြယ္လြယ္ ျပန္ထြက္ပါတယ္။
အသံဝင္ေစတဲ့ တစ္ျခားေရာဂါေတြကေတာ့ သိုက္႐ြက္ေဟာ္မုန္းနည္းတဲ့ hypothyroid, အသံထြက္တာမွာ ထိန္းေပးတဲ့ အာ႐ုံေၾကာ ျဖစ္တဲ့ recurrent layrngeal nerve ထိထားတဲ့ေရာဂါေတြပါ အာ႐ုံေၾကာထိတာက အေၾကာင္းအမ်ားႀကီးရွိပါတယ္။ သိုက္႐ြက္ဂလင္းခြဲတာမွာလည္းထိတတ္တယ္။ အျပင္ကအလုံးအက်ိတ္ေတြ ဖိတာမွာလည္း ထိတတ္တယ္။ သိုက္႐ြက္အက်ိတ္ေတြ တစ္ျခားေသာလည္ပင္းအက်ိတ္ေတြ လည္ေခ်ာင္းကင္ဆာ အစာေရၿမိဳကင္ဆာစတဲ့ေရာဂါေတြမွာ အျပင္ကေန အာ႐ုံေၾကာကိုဖိထားတတ္ၾကတယ္။ အာ႐ုံေၾကာမွာပဲ ေလျဖန္းသလိုမ်ိဳး အလုပ္ေကာင္းေကာင္းမလုပ္ႏိုင္ေတာ့ရင္လည္း ျဖစ္တတ္ပါတယ္။

Hypothyroid လို႔ေခၚတဲ့ သိုက္႐ြက္ေဟာ္မုန္းနည္းတဲ့ေရာဂါကေရာဂါေၾကာင့္အသံဝင္တာပါ အသံဝင္တာလို႔ေျပာမယ့္အစားအသံေျပာင္းလာတာလို႔ေျပာလို႔ရတယ္ hoarseness of voice လို႔ ေခၚပါတယ္။ သိုက္႐ြက္ေဟာ္မုန္းနည္းတယ္ဆိုရင္ ဒီတစ္ခုအျပင္ တစ္ျခားေသာေရာဂါလကၡဏာေတြပါရွိေနတတ္ပါတယ္ ကိုယ္အေလးခ်ိန္တိုးလာတာ အသားအေရ ေျခာက္ေသြ႕တာ ဝမ္းခ်ဳပ္လာတာ အေၾကာင္းမဲ့ ႏုန္းေနတတ္တာ ေသြးအားနည္းတာ အမ်ိဳးသမီးေတြ ရာသီေသြးမ်ားလာတတ္တာေတြ ျဖစ္တတ္ပါတယ္။ သိုက္႐ြက္ေဟာ္မုန္းနည္းတယ္ဆို ေဟာ္မုန္းေဆးနဲ႔ျပန္ျဖည့္ေပးဖို႔လိုပါတယ္။ ေဟာ္မုန္း ျပန္ျပည့္လာတာနဲ႔အမွ်ခံစားရတာေတြ သက္သာတတ္ပါတယ္။

သိုက္႐ြက္ေဟာ္မုန္းမ်ားတာျဖစ္ေစ နည္းတာျဖစ္ေစ ေဟာ္မုန္းေကာင္းေနတာျဖစ္ေစ သိုက္႐ြက္အက်ိတ္ႀကီးတာေတြကို လိုအပ္လာတယ္ဆို ခြဲရတတ္တယ္။ ခြဲတာရဲ႕ေနာက္ဆက္တြဲ ျဖစ္တတ္တာကေတာ့ recurrent laryngeal nerve လို႔ေခၚတဲ့ အာ႐ုံေၾကာထိႏိုင္တာပါပဲ ဒီအာ႐ုံေၾကာပါထိမိထားရင္ေတာ့အသံဝင္တာ ဘယ္ေတာ့မွျပန္မေကာင္းပါဘူး။

လည္ေခ်ာင္းကင္ဆာ အစာေရၿမိဳကင္ဆာေတြမွာ ကင္ဆာအလုံးအက်ိတ္ေတြက အာ႐ုံေၾကာကို ေဘးကေနဖိထားတာေၾကာင့္ အသံဝင္တတ္တယ္။ အသံဝင္တာတင္မကဘဲ ကင္ဆာရဲ႕ တစ္ျခားေသာလကၡဏာေတြကိုပါ ေတြ႕ရတတ္ပါတယ္။ အစာေတြၿမိဳခ်လို႔ခက္တာ နင္တာ အစာေတြအလိုလိုအေပၚျပန္တက္လာတာ ေခ်ာင္းဆိုးတာ အသက္ရွဴခက္လာတာ အစားအေသာက္ပ်က္လာတာ ပိန္လာတာေတြပါခံစားရတတ္တယ္။ ဒီကင္ဆာေရာဂါမွာေတာ့ ကင္ဆာအလုံးအက်ိတ္က ဓာတ္ကင္တာေဆးသြင္းတာခြဲတာစသျဖင့္လိုအပ္တဲ့ကုသမႈေတြ လုပ္ရင္း အသံဝင္တာျပန္ေကာင္းမေကာင္းေစာင့္ၾကည့္ရမွာပါ။
အာ႐ုံေၾကာပဲသီးသန႔္ထိတဲ့ ေလျဖန္းတာေလျဖတ္တာမ်ိဳးကေတာ့ ေရာဂါအေၾကာင္းအရင္းကိုလည္း ရွာေဖြကုသရပါတယ္။ အသံျပန္ထြက္ဖို႔လည္း အာ႐ုံေၾကာအားေဆးေတြ ျပန္ေပးဖို႔လိုတတ္ပါတယ္။ အာ႐ုံေၾကာထိတာက တစ္ေခ်ာင္းတည္းကြက္ထိထားတာလည္းျဖစ္ႏိုင္သလို အမ်ားနဲ႔လည္းျဖစ္ႏိုင္ပါတယ္။ အၿပီးျပန္ေကာင္းဖို႔ကေတာ့ ေရာဂါအတိမ္အနက္ေပၚမူတည္ပါတယ္
အသံတစ္ခုျဖစ္ဖို႔ဆိုတာ အမ်ားစုေပါင္းလုပ္ရတာပါ ဒါေၾကာင့္အသံကိုလည္း ပုံမွန္ ဂ႐ုစိုက္ေနဖို႔ လိုပါတယ္။

Dr. CST

(Unicode)

အသံဝင်ခြင်း

အသံတစ်ခုဖြစ်ဖို့ဆိုတာ လျှာတစ်ခုတည်းရဲ့တာဝန်မဟုတ်ပါဘူး လျှာရယ် အာခေါင်ရယ် လျှာခင်ရယ် အတူတူပူးပေါင်းလှုပ်ရှားရပါတယ်။ ဒီလှုပ်ရှားမှုကို ဦးဆောင်တဲ့ အာရုံကြောအစိတ်အပိုင်းတွေလည်းရှိပါသေးတယ်။ ဒါကြောင့်အသံတစ်ခုဖြစ်ဖို့မလွယ်ပါဘူး။
အသံ ပုံမှန်အတိုင်းထွက်နေတယ်ဆို လူတွေသိပ်ဂရုမစိုက်မိတတ်ကြဘူး။ အသံဝင်နေတဲ့အခါဆိုရင်တော့ ကိုယ့်အသံကိုယ်ဂရုစိုက်တတ်ကြပါတယ်။
အသံဝင်တယ်ဆိုတာ အတိုင်းအဆမျိုးစုံရှိပါတယ် အသံနည်းနည်းပဲဝင်တာလား အသံလုံးဝမထွက်နိုင်တာလား ဆိုပြီးတော့ပါ အသံ ဝင်ပြီဆို ရိုးရိုး အအေးမိ လည်ချောင်းနာကနေ ကင်ဆာရောဂါအထိ စဉ်းစားကြရပါတယ် ဖြစ်ပွားပုံ ကြာချိန်စတာတွေပေါ်မူတည်ပါတယ်။

အချိုရည်တွေ ဆီကြော်မုန့်တွေ သောက်တာစားတာများတယ်ဆို ချောင်းဆိုးချွဲကျပ်တတ်ကနေ အသံပါဝင်တတ်ပါတယ်။ အသံအသုံးပြုတာများတယ်ဆိုလည်း အသံဝင်တတ်တယ်။ အသံကို အကျယ်ကြီးအော်ပြောရတဲ့သူတွေ အဆိုတော်တွေမှာ ဖြစ်တတ်ပါတယ်။ ဒါမျိုးတွေမှာက သဘာဝနည်းနဲ့ အသံဝင်တာကို သက်သာအောင်ကုသလို့ရတယ်။ ရေနွေးအဖြူထည်ပဲခဏခဏသောက်ပေးလို့ရတယ် အအေးစာတွေ ဆီများတာတွေရှောင်တယ်။ အသံကို အရမ်းမသုံးဘဲ ထားမယ် ဆေးမလိုတတ်သေးဘူး ငုံဆေးလောက်ပဲသုံးတယ်ဆိုလည်း ရတယ်။ အသံလွယ်လွယ်ပြန်ထွက်တယ် တစ်ချို့တွေမှာတော့ အသံအိုးအထိ ထိခိုက်ပျက်စီးတတ်တယ် ဒါဆို နဂိုအသံပြန်ရဖို့ခက်ပါတယ်။

နှာစေးချောင်းဆိုးဖြစ်ပြီး အသံဝင်တယ်ဆိုရင်တော့ တစ်ခါတစ်လေ ပိုးသတ်ဆေးလည်းလိုတတ်တယ်။ နှာစေးချောင်းဆိုးပျောက်ဆေးတွေပါ တွဲသောက်ရတတ်တယ် သဘာဝနည်းလမ်းတွေနဲ့ပဲ မသက်သာတတ်ဘူး ဒီလိုအအေးမိတာကလည်းအသံလွယ်လွယ် ပြန်ထွက်ပါတယ်။
အသံဝင်စေတဲ့ တစ်ခြားရောဂါတွေကတော့ သိုက်ရွက်ဟော်မုန်းနည်းတဲ့ hypothyroid, အသံထွက်တာမှာ ထိန်းပေးတဲ့ အာရုံကြော ဖြစ်တဲ့ recurrent layrngeal nerve ထိထားတဲ့ရောဂါတွေပါ အာရုံကြောထိတာက အကြောင်းအများကြီးရှိပါတယ်။ သိုက်ရွက်ဂလင်းခွဲတာမှာလည်းထိတတ်တယ်။ အပြင်ကအလုံးအကျိတ်တွေ ဖိတာမှာလည်း ထိတတ်တယ်။ သိုက်ရွက်အကျိတ်တွေ တစ်ခြားသောလည်ပင်းအကျိတ်တွေ လည်ချောင်းကင်ဆာ အစာရေမြိုကင်ဆာစတဲ့ရောဂါတွေမှာ အပြင်ကနေ အာရုံကြောကိုဖိထားတတ်ကြတယ်။ အာရုံကြောမှာပဲ လေဖြန်းသလိုမျိုး အလုပ်ကောင်းကောင်းမလုပ်နိုင်တော့ရင်လည်း ဖြစ်တတ်ပါတယ်။

Hypothyroid လို့ခေါ်တဲ့ သိုက်ရွက်ဟော်မုန်းနည်းတဲ့ရောဂါကရောဂါကြောင့်အသံဝင်တာပါ အသံဝင်တာလို့ပြောမယ့်အစားအသံပြောင်းလာတာလို့ပြောလို့ရတယ် hoarseness of voice လို့ ခေါ်ပါတယ်။ သိုက်ရွက်ဟော်မုန်းနည်းတယ်ဆိုရင် ဒီတစ်ခုအပြင် တစ်ခြားသောရောဂါလက္ခဏာတွေပါရှိနေတတ်ပါတယ် ကိုယ်အလေးချိန်တိုးလာတာ အသားအရေ ခြောက်သွေ့တာ ဝမ်းချုပ်လာတာ အကြောင်းမဲ့ နုန်းနေတတ်တာ သွေးအားနည်းတာ အမျိုးသမီးတွေ ရာသီသွေးများလာတတ်တာတွေ ဖြစ်တတ်ပါတယ်။ သိုက်ရွက်ဟော်မုန်းနည်းတယ်ဆို ဟော်မုန်းဆေးနဲ့ပြန်ဖြည့်ပေးဖို့လိုပါတယ်။ ဟော်မုန်း ပြန်ပြည့်လာတာနဲ့အမျှခံစားရတာတွေ သက်သာတတ်ပါတယ်။

သိုက်ရွက်ဟော်မုန်းများတာဖြစ်စေ နည်းတာဖြစ်စေ ဟော်မုန်းကောင်းနေတာဖြစ်စေ သိုက်ရွက်အကျိတ်ကြီးတာတွေကို လိုအပ်လာတယ်ဆို ခွဲရတတ်တယ်။ ခွဲတာရဲ့နောက်ဆက်တွဲ ဖြစ်တတ်တာကတော့ recurrent laryngeal nerve လို့ခေါ်တဲ့ အာရုံကြောထိနိုင်တာပါပဲ ဒီအာရုံကြောပါထိမိထားရင်တော့အသံဝင်တာ ဘယ်တော့မှပြန်မကောင်းပါဘူး။

လည်ချောင်းကင်ဆာ အစာရေမြိုကင်ဆာတွေမှာ ကင်ဆာအလုံးအကျိတ်တွေက အာရုံကြောကို ဘေးကနေဖိထားတာကြောင့် အသံဝင်တတ်တယ်။ အသံဝင်တာတင်မကဘဲ ကင်ဆာရဲ့ တစ်ခြားသောလက္ခဏာတွေကိုပါ တွေ့ရတတ်ပါတယ်။ အစာတွေမြိုချလို့ခက်တာ နင်တာ အစာတွေအလိုလိုအပေါ်ပြန်တက်လာတာ ချောင်းဆိုးတာ အသက်ရှူခက်လာတာ အစားအသောက်ပျက်လာတာ ပိန်လာတာတွေပါခံစားရတတ်တယ်။ ဒီကင်ဆာရောဂါမှာတော့ ကင်ဆာအလုံးအကျိတ်က ဓာတ်ကင်တာဆေးသွင်းတာခွဲတာစသဖြင့်လိုအပ်တဲ့ကုသမှုတွေ လုပ်ရင်း အသံဝင်တာပြန်ကောင်းမကောင်းစောင့်ကြည့်ရမှာပါ။
အာရုံကြောပဲသီးသန့်ထိတဲ့ လေဖြန်းတာလေဖြတ်တာမျိုးကတော့ ရောဂါအကြောင်းအရင်းကိုလည်း ရှာဖွေကုသရပါတယ်။ အသံပြန်ထွက်ဖို့လည်း အာရုံကြောအားဆေးတွေ ပြန်ပေးဖို့လိုတတ်ပါတယ်။ အာရုံကြောထိတာက တစ်ချောင်းတည်းကွက်ထိထားတာလည်းဖြစ်နိုင်သလို အများနဲ့လည်းဖြစ်နိုင်ပါတယ်။ အပြီးပြန်ကောင်းဖို့ကတော့ ရောဂါအတိမ်အနက်ပေါ်မူတည်ပါတယ်
အသံတစ်ခုဖြစ်ဖို့ဆိုတာ အများစုပေါင်းလုပ်ရတာပါ ဒါကြောင့်အသံကိုလည်း ပုံမှန် ဂရုစိုက်နေဖို့ လိုပါတယ်။

Dr. CST

Previous Post

သားအိမ်အလုံးများ စိုးရိမ်ရသလား

Next Post

မွေးကင်းစ ကလေးငယ်များနဲ့ပတ်သတ်ပြီးသိထားသင့်သည်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မွေးကင်းစ ကလေးငယ်များနဲ့ပတ်သတ်ပြီးသိထားသင့်သည်များ

ကော်ဖီ

ရယ်ဒီမိတ် ခေါက်ဆွဲ ပြုတ် တွေ စားရင်ဘာတွေ ဖြစ်လာမလဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.