အသည္းက်န္းမာေရး
လူေတြအိပ္ေမာက်ေနတဲ႔အခ်ိန္မွာ ကိုယ္တြင္းအဂၤါအစိတ္အပိုင္းေတြကမအိပ္နိုင္ပါဘူး။ ကိုယ္လုပ္စရာရွိတဲ႔ အလုပ္ေတြကို အခ်ိန္ျပည့္လုပ္ေနျကရပါတယ္ ။ ဒီထဲမွာအသည္းလည္း တစ္ခုအပါအဝင္ပါ အသည္းဆိုတာ ကိုယ္အဂၤါအစိတ္အပိုင္းေတြမွာ အျကီးဆံုးအဂၤါအစိတ္အပိုင္းတစ္ခုပါ။
အသည္းကအလုပ္တာဝန္မ်ားပါတယ္။ အသည္းက ဇီဝကမၼျဖစ္စဥ္ေတာ္ေတာ္မ်ားမ်ားအတြက္အေရးပါပၿပီး ပရိုတင္းဓာတ္ အဆီဓာတ္ ကဆီဓာတ္တို့ရဲ႔ ဇီဝကမၼျဖစ္စဥ္ေတြက အသည္းမွာျဖစ္ျကပါတယ္။ ကိုယ္ခႏၶာမွာလိုအပ္ေနတဲ႔ အင္ဇိုင္းေတြ ပရိုတင္းေတြ ဂလူးကို့စ္ေတြ ကို ထုတ္ေပးတဲ႔အျပင္ ကိုယ္ခႏၶာအတြက္ အဆိပ္အေတာက္ျဖစ္ေစမယ့္ ပစၥည္းေတြကိုလည္း ေခ်ဖ်က္ေပးပါတယ္။
Vitamin K နဲ့ ပူးေပါင္းျပီး ေသြးခဲေစနိုင္တဲ႔ ပရိုတင္းေတြ ထုတ္ေပးပါတယ္။ လူေတြစားသံုးလိုက္တဲ႔ အစားအစားေတြက အဆီေတြကိုလည္း လိုအပ္တဲ႔ စြမ္းအင္အျဖစ္အသြင္ေျပာင္းျပီး ကိုယ္ခႏၶာထဲမွာသိုေလွာင္ထားေပးပါတယ္။ ခႏၶာကိုယ္အတြက္ အေရးပါတဲ႕ ဂလူးကို့စ္ကိုလည္း ထုတ္ေပးၿပီး အစာအိမ္တစ္ေလ်ွာက္ျဖတ္လာျပီးအသည္းကိုေရာက္လာတဲ႔ ေသြးေတြကိုလည္း တစ္ျခားအဂၤါအစိတ္အပိုင္းေတြ မေရာက္ခင္မွာ အဆိပ္အေတာက္ေတြ ဖယ္ေပးပါတယ္။ ေသြးနီဥေတြ သက္တမ္းျပည့္လို့ ျပိုကြဲလာတဲ႔အခါ ထြက္လာတဲ႔ bilirubin လို့ေခၚတဲ႔ အဝါဓာတ္ကိုျဖစ္ေစတဲ႔ဓာတ္ကိုလည္း အသည္းကေန ဖယ္ရွားေပးပါတယ္။
တစ္ခ်ို့ေသာ အင္ဇိုင္းေတြကိုအသည္းက အားျဖစ္ေစတယ္၊ Vitamin ဗီတာမင္တစ္ခ်ို့ကိုလည္း အသည္းမွာ သိမ္းဆည္းသိုေလွာင္ထားနိုင္ပါတယ္၊ Bile လို့ေခၚတဲ႔ သည္းေျခရည္ကိုလည္း သည္းေျခအိတ္ကေန ထုတ္ေပးပါတယ္၊ တစ္ခ်ို့ေသာေသာက္ေဆးေတြကို ခႏၶာကိုယ္ထဲကေန ျပန္ဖယ္ရွားေပးပါတယ္။ ေဆးေတြကိုယ္ထဲမွာမလိုဘဲအျကာျကီးရွိမေနေအာင္ အဆိပ္အေတာက္ေတြကို ဖယ္ရွာေပးပါတယ္။ ဒီလိုမ်ိုးလုပ္ငန္းေဆာင္တာေတြမ်ားျပားလွတဲ႔ အသည္းကို က်န္းမာေရးေကာင္းမေကာင္းဆိုတာ စစ္ေဆးေပးဖို့လိုအပ္ပါတယ္။ အသည္းကိုစစ္ေဆးတဲ႔အခါ အာထရာေဆာင္းရိုက္ျပီး အသည္းျကီးမျကီး စစ္ေဆးျခင္း အသည္းအဆီဖံုးတာရွိမရွိစစ္ေဆးျခင္းေတြ လိုတတ္တယ္။
ေသြးစစ္ျပီးေတာ့အသည္းအင္ဇိုင္းေတြေကာင္းမေကာင္းစစ္ေဆးဖို့လိုတတ္ပါတယ္ ဒါေတြကေနျကည့္ျပီးမွ လိုအပ္တယ္ဆိျ တစ္ျခားေသာစစ္ေဆးမႈေတြ ျပုလုပ္ရပါတယ္။ ပင္ကိုယ္သဘာဝအရ အသည္းကို ထိခိုက္ေစနိုင္တဲ့ ေရာဂါေတြရွိသလို အရက္ေသာက္ျခင္း အသည္းေရာင္အသားဝါ ဘီပိုး စီပိုးစတာေတြကလည္း အသည္းကို ထိခိုက္ပ်က္စီးေစပါတယ္။ အသည္းထိခိုက္လာတဲ႔အခါ မ်က္သားေတြအသားေတြ ဝါျခင္း ပ်ို့အန္တာေတြျဖစ္ျခင္း ဗိုက္တင္းျပီး ဗိုက္ေအာင့္ျခင္း အသားယားျခင္း ဆီးအေရာင္ရင့္ျခင္း ဝမ္းအေရာင္ေဖ်ာ့ျခင္း ဝမ္းမည္းမည္းေတြသြားတတ္ျခင္း အေျကာင္းမဲ႔ နုန္းေနတတ္ျခင္းေတြ ျဖစ္တတ္ပါတယ္။
အသည္းပ်က္စီးလာတာနဲ႔အမ်ွ အသည္းရဲ႔လုပ္ငန္းေတြအားလံုးထိခိုက္လာပါတယ္။ ဇီဝကမၼျဖစ္စဥ္ေတြလည္း ကေမာက္ကမျဖစ္လာပါမယ္ ေသြးခဲေစတဲ႕ အစြမ္းလည္းနည္းလာမယ္။ အဆိပ္အေတာက္ေတြဖယ္ရွားေပးနုိင္စြမ္းနည္းလာပါမယ္။ ခႏၶကိုယ္အတြက္လိုအပ္တဲ႔ vitamins ဗီတာမင္ ပရိုတင္း နဲ႔ ဂလူးကိုစ့္ထုတ္တာေတြ နည္းလာပါမယ္။ ဒါေျကာင့္ အသည္းကို ဂရုစိုက္ဖို့လိုပါတယ္။ အသည္းနဲ႕သင့္တင့္မ်ွတတဲ႔အစားအေသာက္ကို စားေပးရပါမယ္။ အရက္ေသစာေသာက္စားျခင္း၊ အဆီအဆိမ့္အပူအစပ္ေတြစားျခင္း၊ အကိုက္အခဲေပ်ာက္ေဆးနဲက တစ္ျခားေဆးဝါးမ်ားမလိုအပ္ဘဲ ေသာက္ျခင္း စတာေတြကို ေရွာင္ျကဥ္ရပါမယ္ စိတ္ဖိစီးမႈေတြေလ်ွာ့ခ်ျပီး အဝလြန္ေနတာေတြကိုလည္း ေလ်ွာ့ခ်ရပါမယ္။
အသည္းအတြက္ သင့္ေတာ္တဲ႔ ဗီတာမင္သတၱဳဓာတ္ေတြကိုလည္း အခါအားေလ်ာ္စြာစားသံုးေပးဖို့လိုပါတယ္။ Antioxident vitamins ေတြျဖစ္တဲ ဗီတာမင္ စီး အီး နဲ႔ ဘီတာကယ္ရိုတင္း ေတြရယ္ သတၱဳဓာတ္ေတြျဖစ္တဲ႕ ဇင့္ နဲ့ ဆလီနီယမ္ဓာတ္ေတြရယ္က အသည္းကို အေထာက္အကူျပုပါတယ္။ ဇီတာမင္ ဘီ အုပ္စုကလည္း အသည္းကေန အယ္လ္ပိုေဟာေခ်ဖ်က္မႈမွာ တစ္တပ္တစ္အားပါဝင္ေဆာင္ရြက္ေပးပါတယ္။ အသည္းက်န္းမာမွ လူက်န္းမာပါမယ္ အသည္းက်န္းမာေအာင္ အစားအေသာက္အေနအထိုင္ကအစျပုလို့ အစစအရာရာ ျပုျပင္ေနထိုင္သြားျကပါစို့။
Dr. CST
(Unicode)
အသည်းကျန်းမာရေး
လူတွေအိပ်မောကျနေတဲ့အချိန်မှာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကမအိပ်နိုင်ပါဘူး။ ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေကို အချိန်ပြည့်လုပ်နေကြရပါတယ် ။ ဒီထဲမှာအသည်းလည်း တစ်ခုအပါအဝင်ပါ အသည်းဆိုတာ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာ အကြီးဆုံးအင်္ဂါအစိတ်အပိုင်းတစ်ခုပါ။
အသည်းကအလုပ်တာဝန်များပါတယ်။ အသည်းက ဇီဝကမ္မဖြစ်စဉ်တော်တော်များများအတွက်အရေးပါပပြီး ပရိုတင်းဓာတ် အဆီဓာတ် ကဆီဓာတ်တို့ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေက အသည်းမှာဖြစ်ကြပါတယ်။ ကိုယ်ခန္ဓာမှာလိုအပ်နေတဲ့ အင်ဇိုင်းတွေ ပရိုတင်းတွေ ဂလူးကို့စ်တွေ ကို ထုတ်ပေးတဲ့အပြင် ကိုယ်ခန္ဓာအတွက် အဆိပ်အတောက်ဖြစ်စေမယ့် ပစ္စည်းတွေကိုလည်း ချေဖျက်ပေးပါတယ်။
Vitamin K နဲ့ ပူးပေါင်းပြီး သွေးခဲစေနိုင်တဲ့ ပရိုတင်းတွေ ထုတ်ပေးပါတယ်။ လူတွေစားသုံးလိုက်တဲ့ အစားအစားတွေက အဆီတွေကိုလည်း လိုအပ်တဲ့ စွမ်းအင်အဖြစ်အသွင်ပြောင်းပြီး ကိုယ်ခန္ဓာထဲမှာသိုလှောင်ထားပေးပါတယ်။ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဂလူးကို့စ်ကိုလည်း ထုတ်ပေးပြီး အစာအိမ်တစ်လျှောက်ဖြတ်လာပြီးအသည်းကိုရောက်လာတဲ့ သွေးတွေကိုလည်း တစ်ခြားအင်္ဂါအစိတ်အပိုင်းတွေ မရောက်ခင်မှာ အဆိပ်အတောက်တွေ ဖယ်ပေးပါတယ်။ သွေးနီဥတွေ သက်တမ်းပြည့်လို့ ပြိုကွဲလာတဲ့အခါ ထွက်လာတဲ့ bilirubin လို့ခေါ်တဲ့ အဝါဓာတ်ကိုဖြစ်စေတဲ့ဓာတ်ကိုလည်း အသည်းကနေ ဖယ်ရှားပေးပါတယ်။
တစ်ချို့သော အင်ဇိုင်းတွေကိုအသည်းက အားဖြစ်စေတယ်၊ Vitamin ဗီတာမင်တစ်ချို့ကိုလည်း အသည်းမှာ သိမ်းဆည်းသိုလှောင်ထားနိုင်ပါတယ်၊ Bile လို့ခေါ်တဲ့ သည်းခြေရည်ကိုလည်း သည်းခြေအိတ်ကနေ ထုတ်ပေးပါတယ်၊ တစ်ချို့သောသောက်ဆေးတွေကို ခန္ဓာကိုယ်ထဲကနေ ပြန်ဖယ်ရှားပေးပါတယ်။ ဆေးတွေကိုယ်ထဲမှာမလိုဘဲအကြာကြီးရှိမနေအောင် အဆိပ်အတောက်တွေကို ဖယ်ရှာပေးပါတယ်။ ဒီလိုမျိုးလုပ်ငန်းဆောင်တာတွေများပြားလှတဲ့ အသည်းကို ကျန်းမာရေးကောင်းမကောင်းဆိုတာ စစ်ဆေးပေးဖို့လိုအပ်ပါတယ်။ အသည်းကိုစစ်ဆေးတဲ့အခါ အာထရာဆောင်းရိုက်ပြီး အသည်းကြီးမကြီး စစ်ဆေးခြင်း အသည်းအဆီဖုံးတာရှိမရှိစစ်ဆေးခြင်းတွေ လိုတတ်တယ်။
သွေးစစ်ပြီးတော့အသည်းအင်ဇိုင်းတွေကောင်းမကောင်းစစ်ဆေးဖို့လိုတတ်ပါတယ် ဒါတွေကနေကြည့်ပြီးမှ လိုအပ်တယ်ဆိြ တစ်ခြားသောစစ်ဆေးမှုတွေ ပြုလုပ်ရပါတယ်။ ပင်ကိုယ်သဘာဝအရ အသည်းကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေရှိသလို အရက်သောက်ခြင်း အသည်းရောင်အသားဝါ ဘီပိုး စီပိုးစတာတွေကလည်း အသည်းကို ထိခိုက်ပျက်စီးစေပါတယ်။ အသည်းထိခိုက်လာတဲ့အခါ မျက်သားတွေအသားတွေ ဝါခြင်း ပျို့အန်တာတွေဖြစ်ခြင်း ဗိုက်တင်းပြီး ဗိုက်အောင့်ခြင်း အသားယားခြင်း ဆီးအရောင်ရင့်ခြင်း ဝမ်းအရောင်ဖျော့ခြင်း ဝမ်းမည်းမည်းတွေသွားတတ်ခြင်း အကြောင်းမဲ့ နုန်းနေတတ်ခြင်းတွေ ဖြစ်တတ်ပါတယ်။
အသည်းပျက်စီးလာတာနဲ့အမျှ အသည်းရဲ့လုပ်ငန်းတွေအားလုံးထိခိုက်လာပါတယ်။ ဇီဝကမ္မဖြစ်စဉ်တွေလည်း ကမောက်ကမဖြစ်လာပါမယ် သွေးခဲစေတဲ့ အစွမ်းလည်းနည်းလာမယ်။ အဆိပ်အတောက်တွေဖယ်ရှားပေးနိုင်စွမ်းနည်းလာပါမယ်။ ခန္ဓကိုယ်အတွက်လိုအပ်တဲ့ vitamins ဗီတာမင် ပရိုတင်း နဲ့ ဂလူးကိုစ့်ထုတ်တာတွေ နည်းလာပါမယ်။ ဒါကြောင့် အသည်းကို ဂရုစိုက်ဖို့လိုပါတယ်။ အသည်းနဲ့သင့်တင့်မျှတတဲ့အစားအသောက်ကို စားပေးရပါမယ်။ အရက်သေစာသောက်စားခြင်း၊ အဆီအဆိမ့်အပူအစပ်တွေစားခြင်း၊ အကိုက်အခဲပျောက်ဆေးနဲက တစ်ခြားဆေးဝါးများမလိုအပ်ဘဲ သောက်ခြင်း စတာတွေကို ရှောင်ကြဉ်ရပါမယ် စိတ်ဖိစီးမှုတွေလျှော့ချပြီး အဝလွန်နေတာတွေကိုလည်း လျှော့ချရပါမယ်။
အသည်းအတွက် သင့်တော်တဲ့ ဗီတာမင်သတ္တုဓာတ်တွေကိုလည်း အခါအားလျော်စွာစားသုံးပေးဖို့လိုပါတယ်။ Antioxident vitamins တွေဖြစ်တဲ ဗီတာမင် စီး အီး နဲ့ ဘီတာကယ်ရိုတင်း တွေရယ် သတ္တုဓာတ်တွေဖြစ်တဲ့ ဇင့် နဲ့ ဆလီနီယမ်ဓာတ်တွေရယ်က အသည်းကို အထောက်အကူပြုပါတယ်။ ဇီတာမင် ဘီ အုပ်စုကလည်း အသည်းကနေ အယ်လ်ပိုဟောချေဖျက်မှုမှာ တစ်တပ်တစ်အားပါဝင်ဆောင်ရွက်ပေးပါတယ်။ အသည်းကျန်းမာမှ လူကျန်းမာပါမယ် အသည်းကျန်းမာအောင် အစားအသောက်အနေအထိုင်ကအစပြုလို့ အစစအရာရာ ပြုပြင်နေထိုင်သွားကြပါစို့။
Dr. CST