`ထသွား ပြန်ကြည့် သွေးပါတာသိ´ဆိုပြီး အိမ်သာသွားပြီးနောက် သွေးပါခြင်းမှာလည်း ကြောက်လန့်စရာ ပြဿနာတစ်ရပ်ဖြစ်လို့ Ondr မှာအမေးများပါတယ်။ ဝမ်းထဲသွေးပါခြင်းသည် အမြဲတစေစိုးရိမ်စရာကိစ္စတစ်ရပ်ဟုယူဆစရာတော့မလိုပါ။သို့သော် သွေးပါရခြင်းအကြောင်းရင်းကိုတော့ သေချာရှာဖွေကုသသင့်ပါတယ်။
ဝမ်းထဲသွေးပါရခြင်းမှာ အစာအိမ်နဲ့အူလမ်းကြောင်းလမ်းကြောင်းမှာသွေးထွက်သောကြောင့်ဖြစ်ရခြင်းဖြစ်ပါတယ်။တခါတရံသွေးပါခြင်းအနည်းငယ်သာဖြစ်သောကြောင့် ဝမ်းကိုဓာတ်ခွဲစစ်ဆေးမှသာ တွေ့ရှိရခြင်းလည်းရှိတတ်ပါတယ်။အိမ်သာတက်ပြီးနောက်ထွက်သောသွေးများသည် နီရဲနေတတ်ပါတယ်။အစာအိမ်လမ်းကြောင်းအပေါ်ပိုင်းတွင်သွေးထွက်လျှင် ဝမ်းထဲတွင်သွေးရောကာ အမဲရောင်စေးကပ်ကပ်ဖြစ်နေတတ်ပါတယ်။ဝမ်းထဲသွေးပါရသောအကြောင်းရင်းများမှာ
– စအိုကွဲနာ
စအိုဝတွင်သေးငယ်သောအက်ကွဲကြောင်းတခုရှိနေလျှင် အဆိုပါအက်ကွဲကြောင်းသည် ဝမ်းမာသွားသောအခါ အက်ကွဲနာကျင်နေတတ်ပါတယ်။သွေးထွက်တတ်ပါတယ်။
– အူမကြီးရောင်ရမ်းခြင်း
အူမကြီးရောင်ရမ်းမူကြောင့်ပိုးကူစက်မူဖြစ်ပါက ဝမ်းသွားလျှင်သွေးထွက်တတ်ပါတယ်။
– သွေးကြောပျက်ဆီခြင်း
စအိုဝသွေးကြောများမူမမှန်ပါက ပေါက်လွယ်ပြီးဝမ်းသွားလျှင်သွေးပါတတ်ပါတယ်။
– အစာအိမ်အနာဖြစ်ခြင်း
အစာအိမ်အဝသို့မဟုတ်အူသိမ်တွင်အနာဖြစ်ပါကပိုးကူစက်ပြီးဝမ်းသွားလျှင်သွေးပါတတ်ပါတယ်။အကိုက်အခဲပျောက်ဆေးများကြောင့်လည်းအနာဖြစ်ကာသွေးပါတတ်ပါတယ်။
– အသားပိုသို့မဟုတ်ကင်ဆာ
အသားပိုများကြီးလာပြီးသွေးထွက်လာကာကင်ဆာအဖြစ်သို့ရောက်ရှိကာသွေးပါခြင်းဖြစ်နိုင်ပါတယ်။အူမကြီးကင်ဆာတွင်သွေးပါတတ်သော်လည်းတခါတရံမျက်စိဖြင့်မမြင်နိုင်ပါ။
– အူသိမ်ပြဿနာများ
အူသိမ်တွင်သွေးကြေထုံးကာ သွေးထွက်ခြင်းသွေးပါခြင်းဖြစ်နိုင်ပါတယ်။
ဝမ်းသွားလျှင်သွေးပါခြင်းသည် ဆရာဝန်နှင့်သေချာပြသရျ် အကြောင်းရင်းကိုရှာဖွေသင့်ပါတယ်။ဝမ်းအမဲအစေးသွားခြင်းသည်အစာအိမ်နှင့်အူလမ်းကြောင်းအပေါ်ပိုင်းသွေးထွက်ခြင်းဟုယူဆရျ်ရသကဲ့သို့သွေးနီပါက အောက်ပိုင်းမှထွက်သည်ဟုယူဆရျ်ရနိုင်ပါတယ်။လိုအပ်ပါက မှန်ပြောင်းကြည့်ခြင်း၊စအိုမှ မှန်ပြောင်းကြည့်ခြင်း၊ဘေရီယန်ဓာတ်မှန်ရိုက်ခြင်း ၊ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်းစသည်ဖြင့်ရှာဖွေမူပြုလုပ်သင့်ပါတယ်။
ဝမ်းသွားသွေးပါခြင်းသည်တခါတရံသတိမထားမိတဲ့အခြေအနေဖြစ်နိုင်ပါတယ်။သိုသော် ဝမ်းသွားသွေးပါခြင်းပမာဏပေါ်မူတည်ရျ် သွားသောအချိန်အတိုင်းအတာပေါ်မူတည်ရျ် ဗိုက်နာခြင်း၊အန်ခြင်း၊အားနည်းခြင်း၊မူးဝေခြင်း၊အသက်ရူရခက်ခြင်း၊ဝမ်းသွားခြင်း၊သတိလစ်ခြင်းနှင့် ကိုယ်အလေးချိန်ကျခြင်းစသည့်လက္ခဏာများခံစားရနိုင်ပါတယ်။
ကုသနည်းကတော့ သွေးပါရသောအကြောင်းရင်းကိုအမြန်ဆုံးရှာဖွေရျ်သွေးတိတ်အောင်ပြုလုပ်ရပါမယ်။အကြောင်းရင်းပေါ်မူတည်ရျ် ဆေးဝါးဖြင့်ကုသခြင်း၊မှန်ပြောင်းဖြင့်ကုသခြင်းနှင့်ခွဲစိတ်ကုသခြင်းသသည်တို့ပင်ဖြစ်ပါတယ်။
Dr.ပြည့်ရှင်း