ရေဖျဉ်းစွဲခြင်းဟာ ဝမ်းဗိုက်တစ်ခုလုံးအတွင်းပိုင်းမှာ သဘာဝမဟုတ်တဲ့ အရည်ကြည်များ အများအပြားဖြစ်ပေါ်စု ဝင်နေခြင်းဖြစ်တယ်။ ယင်းအရည်ကြည်မှာ ကြက်ဥအကာ၊ ပရိုတိန်းဓာတ်တစ်မျိုး (Albumin) နဲ့ဆဲလ်အချို့ လင်ဖိုဆိုက်သွေးဖြူဥများ (Lymphocytes) ပါဝင်နေတယ်။
ရေဖျဉ်းစွဲခြင်းဟာ ရောဂါမဟုတ်ပါ။ အသက်အန္တရာယ်ပေးတတ်တဲ့ ရောဂါမျိုးစုံရဲ့ လက္ခဏာတစ်ရပ်ဖြစ်တယ်။ ဝမ်းဗိုက်အတွင်းမှာ အရည်ကြည်ဟာ အနည်းဆုံးငှက်ပျောဖူးပုလင်း(၃)ပုလင်း (၁၅၀၀)စီစီရှိမှသာ ဝမ်းဗိုက်ပြင် ပမှရေဖျဉ်းစွဲမစွဲ သိသာနိုင်တယ်။ ဆရာဝန်တွေအနေနဲ့ လူနာတစ်ယောက်ရဲ့ဝမ်းဗိုက်မှာ ရေဖျဉ်းစွဲမစွဲကို ဝမ်းဗိုက်ပေါ်မှာ လက်ခလယ်တစ်ချောင်းပေါ် အခြားတစ်ချောင်းနဲ့နေရာပြောင်းပြီး တီးခေါက်လို့ကြားတဲ့အသံကို နားထောင်ပြီးခွဲခြားနိုင်တယ်။ ဝမ်းဗိုက်အတွင်းအရည်များရင် ဝမ်းဗိုက်တစ်ဖက်တစ်ချက်လက်နဲ့ ပုတ်ကြည့်ရင် ရေဖျဉ်းသိနိုင်တယ်။
ရေဖျဉ်းစွဲခြင်းဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတို့မှာ များပြားလှတယ်။ နှလုံးအဆို့ရှင်ချွတ်ယွင်းမှု (နာတာရှည်) အဆုတ်ရောဂါများနဲ့ နှလုံးကြွက်သားချွတ်ယွင်းမှုတို့ကြောင့်ဖြစ်တဲ့ ညာဘက်နှလုံးသားပျက်စီးခြင်း (Heart Failure) နဲ့ အဆုတ်တီဘီကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ နှလုံးကာအမြှေးရောင်ခြင်း (Constrictive Perivarditis) စတဲ့နှလုံးရောဂါများမှာ နှလုံးကောင်းကောင်းအလုပ်မလုပ်နိုင်လို့ နှလုံးအတွင်းသွေးပြန်ကြောများမှ သွေးဝင် ရောက်မှုကိုအနှောင့်အယှက်ဖြစ်စေလို့ သွေးများ နောက်ပြန်တွန်းသလို ဖိအားဖြစ်ပေါ်စေပြီး ဝမ်းဗိုက်တွင်းအ ရည်များစုလာရတယ်။
နှလုံးတွင်းဝင်တဲ့ အောက်သွေးပြန်ကြောမကြီးနဲ့ အစာလမ်းကြောင်းမျအသည်းကိုဝင်တဲ့ သွေးပြန်ကြော (Protal Vein) အတွင်းသွေးခဲခြင်းနဲ့ ယင်းတလျောက်သားငန်ရည်ကျိတ်များ၊ အခြားအင်္ဂါအစိတ်အပိုင်းများမှ အသားပို လုံး (Tumours) များကြောင့် ယင်းသွေးပြန်ကြောများ ပိတ်ဆို့ပြီးဝမ်းဗိုက်အတွင်း အရည်မျာစုလာရတယ်။ အသားပိုများ၊ အကျိတ်များနဲ့ ဆင်ခြေထောက်ရောဂါတို့ကြောင့် သားငန်ရည်ကြောတလျောက်ပိတ်ဆို့ပြီး ရေ ဖျဉ်းစွဲတတ်တယ်။
အသည်းကျွတ်ဆတ်ရောဂါ (အသည်းကျွမ်းရောဂါ၊ အသည်းကင်ဆာရောဂါ၊ ဝမ်းဗိုက်တွင်းမြှေးကင်ဆာ၊ ဝမ်း ဗိုက်တွင်းကင်ဆာအမျိုးမျိုး၊ အဆုတ်တီဘီနဲ့အဆုတ်ရောင်ရောဂါပိုးတို့ကြောင့် ဖြစ်တဲ့ ဝမ်းဗိုက်မြှေးရောင်ခြင်း၊ ကျောက်ကပ်လုပ်ငန်းချွတ်ယွင်းတဲ့ ရောဂါတချို့၊ အလွန်အကျွံအာဟာရချို့တဲ့ခြင်း၊ သွေးအားအလွန်နည်းခြင်းနဲ့ သွေးအတွင်းအသားဓာတ်နည်းခြင်းစတဲ့ ရောဂါအမျိုးမျိုးမှာ ရေဖျဉ်းစွဲခြင်းဖြစ်ပေးနိုင်ပါတယ်။
အချို့အမျိုးသမီးတွေမှာ သားအိမ်ကင်ဆာမဟုတ်တဲ့ အသားပိုအရွတ်လုံး (Fibroids) နဲ့တွဲပြီးရေဖျဉ်းစွဲခြင်း ဖြစ် တတ်တယ်။ ရေဖျဉ်းစွဲခြင်းအမျိုးမျိုးမှာ အရောင်မရှိတဲ့အရည်ကြည်များဖြစ်ပေမယ့် ကင်ဆာရောဂါကြောင့်ဖြစ်ရ တဲ့ရေဖျဉ်းမှာ အဝါရင့်ရောင်မှသွေးရောင်၊ သားငန်ရည်(အဖြူရောင်) ဖြစ်တယ်။ အစာအိမ်အလွန်ပြည့်တင်းခြင်း၊ အလွန်ဝပြီးဗိုက်ရွဲခြင်း၊ ဆီးအိမ်အလွန်တင်းခြင်း၊ အသည်းမှာပြည်တည်ခြင်း၊ အစာလမ်းကြောင်းမှာ အစာ ဟောင်းနဲ့လေတို့များများစုဝေးနေခြင်း၊ သွေးလွှတ်ကြောမကြီးတစ်နေရာမှာ စုဖောင်းနေခြင်း (Aortic Aneurysm) နဲ့အမျိုးသမီးများမှာ ကိုယ်ဝန်ရှိခြင်း၊ သန္ဓေအိမ်အတွင်းအရည်ပိုများခြင်း (Hydramnios)၊ အမမျိုး ဥအိမ်နဲ့ ယင်းရဲ့ပတ်လည်မှာအရည်ကြည်အလုံး (Cyst) ဖြစ်ပေါ်ခြင်း၊ သားအိမ်မှာကင်ဆာမဟုတ်တဲ့ အသားပို၊ အရွတ်လုံးဖြစ်ပေါ်တို့မှာ ဝမ်းဗိုက်ပြည့်တင်းနေတတ်လို့ ရံဖန်ရံခါရေဖျဉ်းစွဲခြင်းနဲ့မှား တတ်တယ်။
ရေဖျဉ်းစွဲရင်ယာယီအားဖြင့် ဝမ်းဗိုက်ကိုဖောက်ပြီး အရည်များထုတ်ပစ်ခြင်းက ရေဖျဉ်းစွဲခြင်းမှသက်သာစေနိုင် တယ်။ ဆီးရွှင်ဆေး (Diuretics)သောက်စေခြင်း၊ ဆားလျော့စားခြင်းတို့ကလည်း ရေဖျဉ်းကိုသက်သာစေပါ တယ်။ ရေဖျဉ်းစွဲခြင်းမှ လုံးဝပျောက်ကင်းစေဖို့ ဖြစ်ပေါ်စေတဲ့အကြောင်းရင်းကိုရှာဖွေပြီး ကုသရမယ်။ ရေဖျဉ်း အရည်အချို့ကို ဝမ်းဗိုက်အတွင်းမှစုပ်ယူပြီး ယင်းရဲ့အရောင်ပါဝင်တဲ့အရာများ (ဆဲလ်များ) ပိုးမွှားများကိုစစ် ဆေးခြင်း၊ အခြားလိုအပ်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းများကို စမ်းသပ်ခြင်းကရေဖျဉ်းစွဲရခြင်း အကြောင်းရင်းကိုခွဲ ခြားသိနိုင်ပါတယ်။
ထမင်းစားပြီးရင် စားပြီးချင်းရေချိုးခြင်းကြောင့် ရေဖျဉ်းစွဲခြင်းမဖြစ်ပါ။ အခြားရောဂါကြောင့်သာရေဖျဉ်းစွဲခြင်းဖြစ် တယ်။ ရေဖျဉ်းစွဲစေတဲ့အကြောင်းရင်းများဟာ အသက်အန္တရာယ်ပြုတတ်တဲ့ကြောက်မက်ဖွယ်ရာ ရောဂါဆိုးများ ဖြစ်နိုင်လို့ လူတို့အနေနဲ့ (အရက်သမား)များအနေနဲ့ ရေဖျဉ်းစွဲရင်ပေါ့ပေါ့ဆဆမနေဘဲ မိသားစုဆရာဝန်နဲ့ လျှင် မြန်ထိရောက်အောင်စမ်းသပ်စစ်ဆေးမှု ကုသမှုခံယူသင့်တယ်။
အရက်စွဲသူများအနေနဲ့ အသည်းအဆီဖုံးခြင်း၊ အသည်းရောင်ခြင်း၊ အသည်းမှနာတာရှည်ရောင်ခြင်း၊ အသည်း အမာရွတ်ထင်ခြင်း၊ အသည်းကျွတ်ဆတ်ခြင်း (Cirrhosis)၊ အသည်းကင်ဆာ (Hu-hepato Cellular Carcinoma) အဆင့်ဆင့်ဖြစ်တဲ့နေရာမှာ၊ အရက်စံနှုန်းပြည့်ဝမှုမရှိခြင်း၊ ဓာတုပစ္စည်းများ (အင်ဒရင်း)၊ ဓာတ်မြေ သြဇာ၊ ရာဘာစေ့သုံးခြင်းကြောင့် အသည်းအမာရွတ်ထင်ခြင်း၊ အသည်းကျွတ်ဆတ်ခြင်းမြန်မြန်ဖြစ်ပြီး ရေဖျဉ်းစွဲ လာကာအသည်းကင်ဆာမပြောင်းခင်မှာ သေဆုံးသွားရပါတယ်။ အရက်သမားအချင်းချင်း “မအိုဆေး” လို့တင် စားခေါ်ဝေါ်တာဟာ အချိန်မတိုင်မီသေဆုံးသွားမယ့်သူများကို အချင်းချင်းနောက်ပြောင်ခေါ်နေကြတာပဲဖြစ်ပါ တယ်။
သတိရှိသင့်ရာမှာ ကင်ဆာကြောင့်ဖြစ်တဲ့ ရေဖျဉ်းမှာအဝါရင့်ရောင်မှ သွေးရောင်လွှမ်းတဲ့အရည်၊ သားငန်ရည် ကြောပိတ်ပြီးဖြစ်တဲ့ရေဖျဉ်းမှာ အဖြူရောင်အရည်ဖြစ်ပြီး ကျန်တာအရောင်မရှိအရည်ကြည်ဖြစ်တယ်။
Author – ဒေါက်တာလွင်သန့်